Channel Myanmar

Zhu Yilong

Lost in the Stars ( 2023 ) 6.5
Lost in the Stars ( 2023 ) မနှစ်ကထွက်ရှိထားတဲ့ တရုတ်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ရှားရှားပါးပါးဇာတ်လမ်းကောင်းလေးမို့ လက်မလွှတ်တမ်းကြည့်သင့်တယ်လို့ပြောရမယ်ဆိုရင်လဲမမှားပါဘူး ဒီဇာတ်ကားလေးဟာဆိုရင်တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံယူထားပြီးရိုက်ကူး တင်ဆက်ထားတဲ့ဇာတ်ကားလေးတပုဒ်ပဲဖြစ်ပါတယ်. ထိုင်းနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ တရုတ်စုံတွဲရဲ့ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီးတော့ တကယ့်လက်တွေ့လောကမှာလည်း ဒီအမှုဟာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါသေးတယ် ၂၀၁၉ ကနေ ၂၀၂၃ ထိ အမှုရင်ဆိုင်ခဲ့ရပြီး ဒီဇာတ်ကားထွက်လာတဲ့အချိန်မှာလည်း ကာယကံရှင်ဟာ အကြိမ်ကြိမ် ဒီဇာတ်ကားအကြောင်းကို ပြောပြီး Promote လုပ်ခဲ့ပါသေးတယ် စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ်အညွန်းလေးကတော့မင်္ဂလာနှစ်ပတ်လည်နေ့မှာ ပျောက်ဆုံးသွားတဲ့ဇနီးသည်လေးကို ဟယ်ဖေးတစ်ယောက်အပြင်းအထန်လိုက်ရှာနေပါတယ်။ ဖြစ်စဉ်ကတော့ ဟယ်ဖေးနဲ့ လီမုကျစ်တို့ဇနီးမောင်နှံလေးဟာ မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်အနေနဲ့ အရှေ့တောင်အာရှကျွန်းလေးတစ်ကျွန်းကို အပန်းဖြေခရီးထွက်လာခဲ့ပါတယ်။အဲဒီအချိန်မှမထင်မှတ်ပဲ လီမုကျစ်ဟာရုတ်တရက်ပျောက်သွားခဲ့တယ်။ (၁၅)ရက်ပျောက်နေတာတောင် ဒေသခံရဲတွေက လင်မယားပြဿနာဆိုပြီးအရေးတယူမရှိခဲ့ပါဘူး။ နောက်နေ့မနက်မှာတော့ သူစိမ်းမိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူဟယ်ဖေးရဲ့ဇနီးသည်ပါဆိုပြီး ဓာတ်ပုံ၊ပတ်စ်ပို့ သက်သေအခိုင်အမာတွေနဲ့ပေါ်လာပါတယ်။ ဟယ်ဖေးကိုလဲဦးနှောက်အာရုံကြောပိုင်းမှာ ရောဂါရှိတဲ့သူဆိုပြီးတန်ပြန်စွပ်စွဲပြန်တယ်။ ဟယ်ဖေးဟာဘယ်လိုငြင်းငြင်း ဘယ်လိုသက်သေတွေပဲရှာရှာ ရှာမတွေ့ဘူးဖြစ်နေခဲ့တယ်။မိန်းကလေးဟာ တကယ်ပဲဟယ်ဖေးရဲ့ဇနီးလား...... ဟယ်ဖေးပြောသလိုပဲ အယောင်ဆောင်တဲ့သူတစ်ယောက်လား...... ဒါမှမဟုတ် ဟယ်ဖေးကပဲတကယ်စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတာလား..... မထင်မှတ်တဲ့ Plot twist တွေနဲ့ဇာတ်ကားတစ်လျှောက်လုံး အရှိန်ကောင်းကောင်းနဲ့ ကြည့်တဲ့သူတွေရဲ့စိတ်ကိုဆွဲခေါ်သွားနိုင်တဲ့ အရည်အသွေးတစ်ခုရှိတဲ့ဇာတ်ကားကောင်းလေးဖြစ်လို့ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်နော်။ Filesize : 3.79 GB / 1.52 GB / 850 MB Quality : WEB-DL 4K HEVC , 1080p , 720p Format : mkv Genres : Mystery , Crime , Drama , Thriller Runtime : 2h 2 min Subtitle ...
movie

Lost in the Stars ( 2023 )

4K HEVC
Only the River Flows (2023) 6.7
Only the River Flows (2023) ဒီရုပ်ရှင်က ယုဟွာရဲ့ Mistakes by the Riverဆိုတဲ့ဝတ္တုတိုကို ဝေရှုကျန်က ပြန်ရိုက်ထားတာ။ ၁၉၉၀ခုနှစ်တွေတုန်းက ကျန်းရိမူက ဒီဝတ္တုတိုကို ပြန်ရိုက်ချင်ခဲ့တယ်။ယုဟွာစကားအရတော့ ကျန်းရိမူတို့က အချိန်တော်တော်ယူပြီးဇာတ်ညွှန်းရေးကြည့်ခဲ့ကြပေမဲ့ ဘယ်လိုရိုက်ရမလဲ တွေးမရခဲ့ကြဘူးတဲ့။ဒီအချိန်မှာ ယုဟွာက ကျန်းရိမူကို တခြားဇာတ်လမ်းတစ်ပုဒ် အစားပေးလိုက်တယ်။အဲဒီဇာတ်လမ်းက To Live။ ကျန်းရိမူ ရိုက်ဖို့တွေးမရခဲ့တာက ဆန်းလည်းမဆန်းဘူး။ဒီဇာတ်ရဲ့ အသွားအလာအရ ကျန်းရိမူဟန်နဲ့တော့ ပြေမယ်မထင်ဘူး။နောက် ဒီဇာတ်က ခိရိုရှိကူရိုဆာဝါရဲ့ Cure (1997) အငွေ့အသက်ရနေတယ်။Cureနဲ့ ဆင်တယ်ပြောရင်ပိုမှန်တယ်။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းပါ သွားဆင်တယ်။ဒါပေမဲ့ ဝတ္တုတိုနဲ့ အဲဒီဇာတ်အပိတ်က နည်းနည်းမှမတူဘူး။ Cureနဲ့ပဲ သွားတူနေတယ်။ဇာတ်လမ်းအမျိုးအစားက neo-noir art film လည်းဟုတ် Psychological Thrillerလည်း ဟုတ်နေတော့ဒီလိုင်းရဲ့ ဂုရုဖြစ်တဲ့ ခိရိုရှိအငွေ့မကင်းဘူးတာလည်း မဆန်းလောက်ဘူး။ပုဂ္ဂလိက အမြင်အရတော့ ကျန်းရိမူမရိုက်နိုင်ခဲ့တဲ့ကားကို ဝေရှုကျန်က ပြန်ရိုက်နိုင်ခဲ့ပေမဲ့ဒါကလည်း သူ့ရှေ့ခေတ်အဆက်ဆက်ရဲ့ကျေးဇူးနဲ့တော့ မကင်းလောက်ဘူး။ ဆိုပေမဲ့လည်း ဒီလိုကားကို ပိုင်နိုင်အောင် ရိုက်နိုင်ခဲ့တဲ့ ဝေရှုကျန်ကလည်းနောက်ကားသစ်တွေကို စောင့်မျှော်ရမယ့် ...
movie

Only the River Flows (2023)

Lighting Up the Stars ( 2022 ) 6.3
Lighting Up the Stars ( 2022 ) ❏ သုဘရာဇာအလုပ်ကိုလုပ်ကိုင်ပြီး စိတ်မြန်လက်မြန်ရှိသူလဲဖြစ် / ထောင်ကလွတ်မြောက်လာသူတစ်ဦးလဲဖြစ်တဲ့ - မော့စန်းမိန့်❏ အဖွားဖြစ်သူ ဆုံးပါးသွားပြီး အသက်(၇) နှစ်အရွယ်နဲ့ တစ်ကောင်ကြွက် ဖြစ်နေရသူလေး - ဝူရှောင်ဝမ်“မြေးအဖွား နှစ်ဦးတည်းသာ နေထိုင်လာခဲ့ပြီး တစ်နေ့မှာ အဖွားဖြစ်သူ ဆုံးပါးသွားချိန်မှာတော့ ဝူရှောင်ဝမ် အဖွားရဲ့စျာပနကို သုဘရာဇာဖြစ်သူ မော့စန်းမိန့်ဟာ စီစဥ်ပေးရဖို့ဖြစ်လာခဲ့ပါတော့တယ် အသက် (၇) နှစ်အရွယ် ဝူရှောင်ဝမ်လေးဟာ သေဆုံးခြင်းနဲ့ပတ်သတ်ပြီးဘာမှမသိတတ် နားမလည်သေးတဲ့ အရွယ်မို့ သူ့အဖွားကို ဝှက်ထားတယ်ဆိုပြီး မော့စန်းမိန့်ကို အထင်လွဲမှားကာအဆက်မပြတ်လိုက်လံနှောက်ယှက်ပါတော့တယ်ဒီလိုနဲ့ တစ်ကောင်ကြွက် ဝူရှောင်ဝမ်လေးဟာ မော့စန်းမိန့်ဆီကို ရောက်ရှိလာဖို့ ကံကြမ္မာအရ အကြောင်းဖန်လာခဲ့ပြီး နဂိုကတည်းကမှ ပြဿနာတွေတောင်လိုပုံနေတဲ့ မော့စန်းမိန့် အပေါ်ကို တစ်ပူပေါ် တစ်ပူဆင့်ဆိုသလို ဖြစ်သွားစေခဲ့ပါတော့တယ် ရယ်ကြရင်း/ ငိုကြရင်းနဲ့ ဘဝရဲ့ အလှည့်အပြောင်းတွေ ရိုက်ခတ်မှုဒဏ်တွေကို ခံစားပြီးတဲ့နောက်မှာတော့ ဘာတွေဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး❏ နေ့စဥ်ကြုံတွေ့နေရတဲ့ လူမှုဘဝရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့်တွေ ❏ မိသားစုတစ်ခုမှာ ရင်ဆိုင်ရတဲ့ ပြဿနာတွေ / အခက်အခဲတွေ ❏ တွယ်ငြိပြီးသွားတာနဲ့ ဖြတ်ရခက်တဲ့ သံယောဇဥ်ကြိုးတွေ.....? အစရှိတဲ့ အကြောင်းတွေကိုအကွက်ကျကျ စီစဥ်ရိုက်ကူးထားတဲ့အကြောင်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင် ဇာတ်အိမ်ခိုင်ခိုင်နဲ့ အရမ်းကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင် [Reviewed By ...
movie

Lighting Up the Stars ( 2022 )

Lighting up the Stars (2022) 7.3
Lighting up the Stars (2022) Lighting up the Stars (2022) ===================== IMDb Rating - 7.3/10သံယောဇဉ်ဆိုတဲ့ဆွဲအား၊ ချစ်ခြင်းမေတ္တာရဲ့အင်အားက ဘယ်လောက်တောင် ကြီးမားလဲဆိုရင် လူဆိုးကိုလည်း လူကောင်းဖြစ်သွားစေနိုင်သလို ကြမ်းတမ်းတဲ့ လူကိုလည်း နူးညံ့တဲ့ပန်းလေးတစ်ပွင့် ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီတစ်ခါလည်း CM ပရိတ်သတ်ကြီးကို မျက်ရည်ဝဲစေမယ့် ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။ ထူးထူးခြားခြား ဒီကားလေးက သုဘရာဇာလုပ်ငန်းကိုလုပ်ကိုင်တဲ့ လောင်စန်း အကြောင်း ရိုက်ကူးထားတာပါ။ လောင်စန်းက ထောင်ထွက်တစ်ယောက် ပြီးတော့ အဖေ့အိမ်ကို အမွေလိုချင်လို့ သုဘရာဇာလုပ်ငန်းကို လုပ်နေရတာပါ။လူသေတွေနဲ့ ပိုက်ဆံရှာတယ်ဆိုပြီးတော့ အားလုံးကလှောင်ကြတဲ့အပြင် ကောင်မလေး ကလည်း စွန့်ပစ်သွားလို့ ပူလောင်နေတုန်းမှာ ရှောင်ဝန်ဆိုတဲ့ကလေးမလေးတစ်ယောက် အိမ်ရှေ့ရောက်လာပါတယ်။ ရှောင်ဝန်ဆိုတာ မနေ့ကအသုဘပွဲလုပ်ပေးလိုက်တဲ့အဘွားရဲ့ မြေးမလေးပါ။ သူ့အဘွားကို လောင်စန်းက သေတ္တာကြီးထဲထည့်ပြီးခေါ်သွားတာမို့ ဘွားဘွားကိုပြန်ခေါ်ပေးပါတဲ့လေ။ ကဲ... ဘယ်လိုလုပ်ကြမလဲ။ရှောင်ဝန်လေးကလည်း သရုပ်ဆောင်ကောင်းလိုက်ပုံများ ဝါရင့်မင်းသမီးကျနေတာပဲ။ သူလေးကြောင့် ရုပ်ရှင်ကားကို အဆုံးထိကြည့်မိသွားမှာ သေချာပါတယ်ဗျ။ တရုတ် ကားတွေက မေတ္တာဖွဲ့ကားလေးတွေနဲ့ပေါက်နေကြဆိုတော့ ဒီကားလေးကလည်း ပရိသတ် ရင်ထဲ ဘယ်လောက်ထိနေရာယူနိုင်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.56 ...
movie

Lighting up the Stars (2022)

2022
Cloudy Mountain (2021)
Cloudy Mountain (2021) Cloudy Mountain 2021သဘာဝဘေးအန္တရာယ်ဆိုတာ ‌မမျှော်လင့်ဘဲရောက်လာတတ်တဲ့ နတ်ဆိုးဧည့်သည်ပါပဲ။ဒီနတ်ဆိုးရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးကို ပုံဖော်ရင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ပေါင်းများစွာရဲ့အရသာကိုကြည့်ရှုခံစားဖူးသူတိုင်းသေချာသိနေလောက်မယ်လို့ ထင်ပါတယ်။ဒီတစ်ခါတင်ဆက်ပေးမှာကတော့ အောက်တိုဘာလက ရုံတင်ခဲ့တဲ့သဘာဝဘေးအန္တရာယ်အခြေပြု တရုတ်ရုပ်ရှင်ကားကြီးဖြစ်တဲ့ Cloudy Mountain ပဲဖြစ်ပါတယ်။ပြောခဲ့သလိုပါပဲဒီကားက လူမူရေးပြဿနာတွေနဲ့ ရှုပ်ထွေးနေမယ့်လောကကြီးအကြောင်းပုံဖော်ထားတာလည်းမဟုတ်သလို၊ဒီလိုဆိုတိုင်း ကမ္ဘာပျက်ကပ်ကို ဦးတည်ပြီး ရိုက်ကူးပြထားတာလည်း မဟုတ်ပြန်ပါဘူး။၁၀နှစ်ကျော် ဖောက်လုပ်ခဲ့ကြတဲ့ဥမင်လိုဏ်ခေါင်းတစ်ခု ပြီးစီးလုနီးနီးအချိန်မှာမထင်မှတ်ထားတဲ့ ကမ္ဘာ့ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်နဲ့ကြုံတွေ့ခဲ့ရပြီးမြေငလျင်ဒဏ်ကြောင့် တောင်ပြိုမှုတွေဖြစ်ပွားလာနိုင်တဲ့အခြေအနေတစ်ခုကို ပုံဖော်ပြထားပါတယ်။ဒါ့အပြင် လူဦးရေသိန်း၁၆၀ရှိတဲ့မြို့ကိုကာကွယ်ဖို့ နည်းပညာအင်အား၊လူအင်အားနဲ့အတူအများအကျိုးသယ်ပိုးရတာ ဂုဏ်ကျက်သရေတစ်ခုပါ လို့ မှတ်ယူထားတဲ့သားအဖနှစ်ယောက်ရဲ့ စိတ်အားထက်သန်မှုတွေကိုပါ မြင်တွေ့ရဦးမှာပါ။ပါဝင်အားဖြည့်ထားတဲ့ ဇာတ်လိုက်တွေရဲ့ ပြောစရာမလိုတဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်းCloudy Mountainကပိုလို့အသက်ဝင်လာခဲ့ပါတယ်။သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတတွေအပြင်သားအဖနှစ်ယောက်ကြားထဲက သံယောဇဉ်တွေ၊ဖခင်မေတ္တာနဲ့အတူ တောင်တန်းကြီးကပေးတဲ့ အထီးကျန်ဆန်မှုတွေကြားထဲကခံစားမိနေတဲ့ ကယ်ဆယ်သူတွေနဲ့ပိတ်မိနေသူတွေကြားထဲက မေတ္တာဓာတ်တွေကိုပါ အပြည့်အဝခံစားမိစေမယ့် ကားလေးပါပဲ။အနုအယွလေးတွေပဲ ကြည့်နေရင် ပျင်းလာမှာစိုးလို့ဗဟုသုတလည်းရ ရင်ထဲလည်းခံစားချက် တစ်မျိုးလေးကျန်နေစေမယ့် ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်‌။အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။Genre.....Action, Adventure, Drama Quality….WEB-DL ...
movie

Cloudy Mountain (2021)

2021