Channel Myanmar

Zhou Yunpeng

Three Old Boys ( 2024 ) 6
Three Old Boys ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ လာဘ်စားမှု၊အခွန်ရှောင်တိမ်းမှု၊ တရားမဝင် ငွေမည်းငွေဖြူလုပ်မှု စတဲ့စီးပွားရေးနှင့် ပတ်သက်တဲ့အမှုတွေကို စုံစမ်းရေးအဖွဲ့မှာ အတွေ့အကြုံဝါရင့်ပြီး ဆရာတစ်ဆူအဖြစ်သတ်မှတ်ထားတဲ့ ချွေးထျယ်ကျွင်း။ သူလိုမျိုးလုပ်သက်တဲ့ သူငယ်ချင်းနောက်ထပ် ၂ ယောက်ရှိသေးတာပေါ့။သူတို့တွေကတော့ မှုခင်းစုံစမ်းရေးမှူး၊ကင်းလှည့်ရဲတွေ ဖြစ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာသူတို့မြို့ရဲစခန်းဆီ ဘဏ်ဝန်ထမ်းတစ်ယောက်က မြေအောက်ဘဏ်လို့ခေါ်တဲ့ အောက်လမ်းမသမာတဲ့ဘဏ်လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းပြီး ငွေတွေကိုပြည်ပဆီပို့ပေးပြီးလိမ်လည်တယ်ဆိုတဲ့ တိုင်ကြားစာရောက်လာခဲ့တယ်။ဒီတိုင်ကြားစာကိုစုံစမ်းရင်းတခြားသဲလွန်စသက်သေတွေတွေ့ရှိလာခဲ့ပေမဲ့ စုံစမ်းရေးမှူးတဖွဲ့လုံးက အတွေ့အကြုံနုသေးတဲ့အပြင် ဒီအန္တရာယ်ကြီးထဲကို ဘယ်သူမှမစွန့်စားရဲတာကြောင့် အတွေ့အကြုံရင့်တဲ့ ချွေးထျယ်ကျွင်းနဲ့သူ့အပေါင်းအပါ နှစ်ယောက်ကိုဒီအမှုစုံထောက်အဖြစ်တာဝန်ပေးအပ်ခဲ့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာ ဒီအမှုကိုဖော်ထုတ်နိုင်သွားပေမဲ့ ချွေးထျယ်ကျွင်းတစ်ယောက်ကတော့ဒီအမှုကို သိပ်မသင်္ကာစရာတွေအများကြီးရှိနေတာကြောင့် အမြစ်ပြတ်ရှင်းပစ်ဖို့တောင်းဆိုခဲ့ရာမှာ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒီအမှုကကော ဘယ်လောက်ထိရူပ်ထွေးနေလဲ။ နောက်ကွယ်ကဘယ်သူချုပ်ကိုင်ထားလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာဖြစ်ပါတယ်။ Filesize : 995 MB / 625 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime Runtime : 1h 49 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Three Old Boys ( 2024 )

Love Story In Yilan ( 2022 ) 5.9
Love Story In Yilan ( 2022 ) ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးမိသားစုဟာသ ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့......မြို့ငယ်လေးတစ်ခုမှာကြီးပြင်းခဲ့တဲ့ Chang Haiဆိုတဲ့ ဝင်ငွေယွမ်သိန်းသောင်းချီရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရှိတယ်။ Chang Haiကငွေပုံပေါ်မှာပဲ သူ့ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းနေချိန်မှာ မထင်မှတ်ပဲ အပြိုင်ကမ္ဘာကိုရောက်သွားခဲ့ပါတယ်။ အပြိုင်ကမ္ဘာရဲ့Chang Haiဟာ သူစွန့်လွှတ်ခဲ့တဲ့ အချစ်ဦးဆီပြန်ရောက်သွားပြီး အေးအတူပူအမျှ မောင်တစ်ထမ်းမယ်တစ်ရွက်ဘဝကိုဖြတ်သန်းရမယ်ဆိုတော့ သူဌေးChang Haiတစ်ယောက်ဘယ်လိုမှမနေနိုင်ပဲ သူ့ရဲ့ကမ္ဘာကိုပြန်သွားဖို့ကြိုးစားရတော့တာပေါ့......သူ့ရဲမူလကမ္ဘာကိုပြန်သွားဖို့ကြိုးစားတဲ့အချိန် အလွဲအလွဲအချော်ချော်နဲ့ ဘယ်လိုတွေတောင်ကြိုးစားခဲ့ရသလဲဆိုတာကို ဟာသလေးနှောပြီး ကြည့်ရမှာဖြစ်ပြီး သူ့ရဲ့ကမ္ဘာကိုပြန်ရောက်သွားတဲ့အခါ သူခံယူထားခဲ့တဲ့ ပျော်ရွှင်မှုဆိုတာက ပျော်ရွှင်မှုအစစ်အမှန်ဟုတ်ရဲ့လားဆိုတာကို Chang Haiတစ်ယောက်သံသယဖြစ်လာပြီး ဘဝရဲ့စစ်မှန်တဲ့ ပျော်ရွှင်မှုကိုပြန်ရဖို့ ကြိုးစားပုံကို အခွီလေးနဲ့ကြည့်ရမှာဖြစ်ပါတဲ့အတွက် ပေါ့ပေါ့ပါးပါးမိသားစုဟာသကားလေးတွေကြိုက်တဲ့သူလေးတွေအတွက် လက်မလွှတ်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်နော်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Romance , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Love Story In Yilan ( 2022 )