Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhou You
7.2
Black Dog ( 2024 )
ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီး Guan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng က ပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke , Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ - ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ ဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။ ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်း အတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ...
movie
Black Dog ( 2024 )
6.7
Only the River Flows (2023)
ဒီရုပ်ရှင်က ယုဟွာရဲ့ Mistakes by the Riverဆိုတဲ့ဝတ္တုတိုကို ဝေရှုကျန်က ပြန်ရိုက်ထားတာ။ ၁၉၉၀ခုနှစ်တွေတုန်းက ကျန်းရိမူက ဒီဝတ္တုတိုကို ပြန်ရိုက်ချင်ခဲ့တယ်။ယုဟွာစကားအရတော့ ကျန်းရိမူတို့က အချိန်တော်တော်ယူပြီးဇာတ်ညွှန်းရေးကြည့်ခဲ့ကြပေမဲ့ ဘယ်လိုရိုက်ရမလဲ တွေးမရခဲ့ကြဘူးတဲ့။ဒီအချိန်မှာ ယုဟွာက ကျန်းရိမူကို တခြားဇာတ်လမ်းတစ်ပုဒ် အစားပေးလိုက်တယ်။အဲဒီဇာတ်လမ်းက To Live။ ကျန်းရိမူ ရိုက်ဖို့တွေးမရခဲ့တာက ဆန်းလည်းမဆန်းဘူး။ဒီဇာတ်ရဲ့ အသွားအလာအရ ကျန်းရိမူဟန်နဲ့တော့ ပြေမယ်မထင်ဘူး။နောက် ဒီဇာတ်က ခိရိုရှိကူရိုဆာဝါရဲ့ Cure (1997) အငွေ့အသက်ရနေတယ်။Cureနဲ့ ဆင်တယ်ပြောရင်ပိုမှန်တယ်။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းပါ သွားဆင်တယ်။ဒါပေမဲ့ ဝတ္တုတိုနဲ့ အဲဒီဇာတ်အပိတ်က နည်းနည်းမှမတူဘူး။ Cureနဲ့ပဲ သွားတူနေတယ်။ဇာတ်လမ်းအမျိုးအစားက neo-noir art film လည်းဟုတ် Psychological Thrillerလည်း ဟုတ်နေတော့ဒီလိုင်းရဲ့ ဂုရုဖြစ်တဲ့ ခိရိုရှိအငွေ့မကင်းဘူးတာလည်း မဆန်းလောက်ဘူး။ပုဂ္ဂလိက အမြင်အရတော့ ကျန်းရိမူမရိုက်နိုင်ခဲ့တဲ့ကားကို ဝေရှုကျန်က ပြန်ရိုက်နိုင်ခဲ့ပေမဲ့ဒါကလည်း သူ့ရှေ့ခေတ်အဆက်ဆက်ရဲ့ကျေးဇူးနဲ့တော့ မကင်းလောက်ဘူး။ ဆိုပေမဲ့လည်း ဒီလိုကားကို ပိုင်နိုင်အောင် ရိုက်နိုင်ခဲ့တဲ့ ဝေရှုကျန်ကလည်းနောက်ကားသစ်တွေကို စောင့်မျှော်ရမယ့် ...
movie
Only the River Flows (2023)
6
Reversed Destiny ( 2024 )
အတူတူလျှောက်လှမ်းခဲ့တဲ့လူတွေဟာတစ်ချိန်ချိန်မှာ ခွဲခွာရမှာပဲ ဆုံးရှုံးလိုက်ရတဲ့အရာတွေက အတိတ်လို့ပဲထင်ခဲ့တယ်။ ဒါပေမယ့် ငယ်ရွယ်နုပျိုခဲ့တဲ့အချိန်တွေကိုနောက်ပြန်လှည့်ကြည့်လိုက်မှ ပိုင်ဆိုင်ခဲ့ဖူးတာတွေက အကြီးမားဆုံးကံကောင်းခြင်းဆိုတာသိလိုက်ရတယ်။ သဲနာရီဟာတစ်ဖက်ကနေသဲမှုန်တွေအကုန်ကျသွားဖို့ ၉၉စက္ကန့်ကြာတယ်လို့ဆိုတယ်။ ဘဝမှာအခက်အခဲတွေဘယ်လောက်ပဲကြုံနေရပါစေ ၉၉စက္ကန့်အတွင်းမှာ သဲနာရီလိုအခြေနေတွေပြောင်းလဲသွားဖို့ဖြစ်နိုင်ပါတယ်။ဇာတ်လမ်းလေးကတော့...... အမေဖြစ်တဲ့သူက တခြားကလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းသေဆုံးသွားတယ်။ အဲဒီအချိန်ကစပြီးတော့ အဖေဖြစ်သူကအရက်ကိုပဲနေ့ညမပြတ်နေခဲ့ပြီးတော့ အတန်းဖော်တွေကရှောင်ဖယ်ပြီး အနိုင်ကျင့်တာခံနေရတဲ့ မိခင်မဲ့သူ ...... မော့ရှင်ရှင် ချမ်းသာပြီး အရာရာပြီးပြည့်စုံတဲ့ တောက်ပတဲ့နေရောင်လို မှောင်မိုက်တဲ့မော့ရှင်ရှင်ရဲ့ဘဝထဲကိုဝင်လာသူ ...... မီရှား ဒါရိုက်တာဖြစ်ဖို့အိပ်မက်ရှိပြီး နွေးထွေးတဲ့စီနီယာတစ်ယောက်ဖြစ်တဲ့လုလီ (၃)ယောက်အတူအမှတ်ရစရာကောင်းတဲ့ အထက်တန်းကျောင်းသားဘဝကိုကျော်ဖြတ်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။လူငယ်လေးတွေရင်ထဲက ခါးသီးမှု၊ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်မှုနဲ့ ထိရှလွယ်တဲ့စိတ်ခံစားချက်တွေကြောင့် အချစ်နဲ့ကာကွယ်မှုတွေကိုတွန်းဖယ်မိကြတယ်။ အချိန်နာရီတွေကြာလာတာနဲ့အမျှနုပျိုခြင်းတွေနဲ့ခွဲခွာကြရတယ်။ ဇာတ်လမ်းရဲ့နောက်ဆုံးမှာတော့ မေ့ပျောက်ခံရတဲ့အတိတ်က အမှတ်တရတွေကို သဲနာရီကပဲအမှတ်ရပေးနေလိမ့်မယ်ထင်ပါတယ်။ အတိတ်ကိုပြန်လှည့်ကြည့်တဲ့အခါ ပြုံးနေနိုင်ဖို့ လက်ရှိပိုင်ဆိုင်ထားတာတွေကို တန်ဖိုးထားနိုင်ဖို့မျှော်လင့်ပါတယ်။ Filesize : 1.27 GB / 774 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Reversed Destiny ( 2024 )
6.2
Striding Into the Wind (2020)
Striding Into the Wind (2020) ===================== IMDb Rating - 6.2/10ဒီတစ်ခါတော့ နှစ်ကြီးတက္ကသိုလ်ကျောင်းသားဘဝ အကြောင်းကို ခံစားကြည့်ရအောင်ဗျာ။ ခရီးသွား ရုပ်ရှင်လို့သတ်မှတ်ကြတဲ့အပေါ် အယူအဆအမျိုး မျိုးရှိပေမယ့် ဒီကားလေးကိုလည်း ခရီးသွားရုပ်ရှင် အဖြစ်သတ်မှတ်နိုင်ပါတယ်တဲ့။ တစ်ချို့သောရုပ်ရှင် ဝေဖန်ရေးဆရာတွေက ဒီရုပ်ရှင်ကားသာ အနောက် နိုင်ငံမှာဖန်တီးဖြစ်ရင် နိုင်ငံရဲ့အခြေခံလူတန်းစားပုံ ရိပ်ကို မီးမှောင်ထိုးသလိုဖြစ်နိုင်လို့ ဝင်ငွေတွေအများ ကြီးရနိုင်မယ်လို့ မှတ်ချက်ပေးကြပါတယ်။အနုပညာတက္ကသိုလ်တက်နေတဲ့ ကျော်ခွန်းတစ်ယောက် က နှစ်ကြီးကျောင်းသားတစ်ယောက်ဖြစ်ပြီး တက္ကသိုလ် ဆရာတွေထက်တောင် ကျောင်းစာတွေနဲ့ရင်းနှီးနေသူ တစ်ယောက်ပါ။ အိမ်နဲ့အတူတူမနေတာကတစ်ကြောင်း၊ လွတ်လွတ်လပ်လပ်နေတတ်တဲ့ လူငယ်ပုံစံဖြစ်တာမို့ ကျောင်းပျော်ကြီးတစ်ယောက်ဖြစ်နေတာပေါ့။ ဒါပေမဲ့ အငယ်တွေဘွဲ့ယူဖို့ကြိုးစားနေတဲ့အချိန်၊ ဘဝအတွက် ကြိုးစားနေရတဲ့ ကျော်ခွန်း...အတည်တကျအလုပ်ရှိဖို့ သူများတွေကြိုးစားနေတဲ့အချိန်၊ ကိုယ်နှစ်သက်တဲ့ကားလေးတစ်စီးနဲ့ လေလွင့်ချင်တဲ့ ကျော် ခွန်း... ဘဝရဲ့အဓိပ္ပါယ်ကိုသူရှာတွေ့နိုင်ပါ့မလား၊ သူယုံကြည် ရာကိုပဲ ဆက်လျှောက်လှမ်းနိုင်ပါ့မလားဆိုတာကိုတော့ အေးအေးဆေးဆေး ဆက်ကြည့်လိုက်ပါတော့နော် ။ ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.2 GB) / (860 MB) / (565 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hrs 14Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Jo Jo Va Encoder..........SWM
movie
Striding Into the Wind (2020)
2020