Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zheng Yin
6.4
Pegasus ( 2019 )
ဒီကားလေးဟာ2019 februaryလမှထွက်ရှိထားတဲ့ဇာတ်ကားသစ်လေးဖြစ်ပါတယ်.. Imdb6.4ရရှိထားပြီး chinese box officeမှာ$255millionထိ ဝင်ငွေရရှိထားပါတယ်.. 5ကြိမ်ဆက်တိုက်ပြိုင်ကားမောင်းချန်ပီယံဖြစ်ခဲ့တဲ့ကျန်းချေတစ်ယောက်ဟာ တရားမဝင်ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်မိရာမှရဲတွေရဲ့ချောင်ပိတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်... သူ့ရဲ့ပြိုင်ပွဲဝင်ခွင့်ပိတ်သိမ်းခံရတဲ့အပြင် ယာဉ်မောင်းလိုင်စင်ပါပိတ်သိမ်းခံလိုက်ရပါတယ်..ဒီလိုနဲ့၅နှစ်ကြာ ထမင်းကြော်ရောင်းပြီးဇာတ်မြှုပ်နေခဲ့ရင်း လူငယ်မျိုးဆက်တွေမှာသူ့လိုပဲ၅နှစ်ဆက်တိုက်ပြိုင်ကားမောင်း ချန်ပီယံဖြစ်လာတဲ့လင်ကျိန့်တုံးကိုတွေ့မြင်မိရာကနေ ပြိုင်ပွဲတစ်ဖန်ပြန်ဝင်လိုစိတ်တွေဖြစ်ပေါ်လာပြီး ပြိုင်ပွဲဝင်ခွင့်ရဖို ့ပြန်လည်ကြိုးစားပါတော့တယ်... ဒီလိုနဲ့ပြိုင်ပွဲဝင်ခွင့်ရဖို့ ယာဉ်မောင်းလိုင်စင်ပြန်ဖြေဆိုရချိန်မှာဘယ်လိုအခက်အခဲတွေကြုံရမလဲ..ပြိုင်ပွဲဝင်ဖို့ ပြိုင်ကားအဆင်သင့်မရှိ...ကားအလန်းဆင်ဖို့ရာလည်း ငွေကြေးထောက်ပံမယ့်သူမရှိ..သူ့နောက်မှာဘယ်အဖွဲ့အစည်းမှ မရပ်တည်ပေးချိန်..ပြိုင်ပွဲဝင်ဖို့ ကားငှါးစင်တာကတောင် နာမည်ပျက်ရှိတဲ့သူ့ကိုကားမငှါးပေးတော့တဲ့အခါ.. သူ့ရဲ့လမ်းညွှန်တွဲဖက်ဖြစ်တဲ့ယွီရှန်နဲ့ စက်ပြင်သမားကျိရှင်းတို့နဲ့အတူ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ... အခက်အခဲမျိုးစုံကြုံတွေ့ချိန်မှာတောင်အားမလျှော့ပဲ ကြိုးစားကြပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်... ပြိုင်ကားမောင်းခရေဇီတွေအတွက်တော့ အကြိုက်တွေ့စေမယ့််ဇာတ်ကားတစ်ပုဒ်ပါပဲ.. Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Sport , Action Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK
movie
Pegasus ( 2019 )
2019
6.7
Goodbye Mr. Loser ( 2015 )
ဒီကားလေးဟာ imdb6.7ရရှိထားပြီးChinese box officeမှာ $228millionအထိဝင် ငွေရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းလေးကတော့ရှလော့ဟာတေးရေးအဆိုကျော်ဖြစ်ချင်နေပေမယ့် မအောင်မြင်နိုင်ပဲ အမြဲကျရှုံးနေရသူပါ...တစ်နေ့မှာသူငယ်စဉ်ကcrushခဲ့ရတဲ့ ကျောင်းရဲ့အလှဘုရင်မလေးချုံးယာမင်္ဂလာဆောင်ကိုစမတ်ကျကျနဲ့ ဟန်ဆောင်ပြီးသွားရာကနေ မင်္ဂလာပွဲမှာဘယ်လိုတွေရှုပ်ယှက်ခတ်ကုန်မလဲ..သူ့မိန်းမ မာတုန်းမိန်လို်က်လာပြီးအရှက်တွေကွဲပြီးထွက်ပြေးရာကနေ 1990ခုနစ် သူ့ရဲ့အထက်တန်းကျောင်းသားဘဝကို အမှတ်မထင်အချိန်ခရီးသွားပြီး ပြန်လည်ရောက်ရှိသွားပါတော့တယ်...ဒီလိုနဲ့ သူ မပိုင်ဆိုင်နိုင်ခဲ့တဲ့အချစ်နဲ့ အောင်မြင်မှုတွေကို ရယူနိုင်ဖို့ကြိုးစားပါတော့တယ်... ရာစုနှစ်၂စုလောက်နောက်ကျပြီးမှထွက်လာမယ့်အဆိုကျော်တွေရဲ့သီချင်းတွေကို Copyလုပ်ပြီးအောင်မြင်ကျော်ကြားလာပါတော့တယ်.....သူလိုချင်တဲ့အောင်မြင်မှုတွေနဲ့ချုံးယာကိုပိုင်ဆိုင်ခဲ့ရပေမယ့် ဒါကသူလိုချင်တဲ့ဘဝမျိုးဖြစ်ရဲ့လား...သူ့နှလုံးသားထဲမှာရှိနေတဲ့ မိန်းကလေးဟာတစ်စုံတစ်ယောက်လို့သိလိုက်ရချိန်မှာတော့.. ဇာတ်ကားတစ်ခုလုံးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်..ဒီဇာတ်ကားလေးကြည့်ပြီးရင်တော့ ကိုယ်မပိုင်ဆိုင်ခဲ့ရတဲ့ဘဝတွေကိုတမ်းတနေမဲ့အစား ကိုယ့်ဘေးမှာ ဆိုးတူကောင်းဖက်ရှိနေပေးတဲ့သူကို မြင်နိုင်ပြီးတန်ဖိုးထားရမယ်ဆိုတာသိလာမိပါတယ်.... Quality : Bluray 1080p , 720p Format : mp4 Genres : Romance , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Phyo Zaw Encoded by LK
movie
Goodbye Mr. Loser ( 2015 )
2015