Channel Myanmar

Zhaoyan Guozhang

Strange Things in Western Hunan ( 2024 ) 5.7
Strange Things in Western Hunan ( 2024 ) ဒါကတော့ တရုတ်ရိုးရာထူးဆန်းထွေလာ ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းတဲ့ စွန့်စားခန်းတွေနှစ်သက်တဲ့သူတွေအတွက်ကားကောင်းလေးပဲဖြစ်ပါတယ်။ ကွမ်းရှန်းဂိုဏ်းကသင်္ချိုင်းဖောက်ထွင်းသမားတစ်ယောက်ဖြစ်တဲ့ ဖုန်းလန်ချင်းဟာတစ်နေ့မှာ ချစ်သူနဲ့အတူစွန့်စားရင်း ချစ်သူကိုဆုံးရှုံးခဲ့ရတယ်။အဲဒါကြောင့်သင်္ချိုင်းဖောက်ထွင်းတဲ့အလုပ်ကိုမလုပ်တော့ပဲ ဇာတ်မြှုပ်ရင်း ဖုန်းရွှေဆရာတစ်ယောက်အဖြစ်နဲ့ပဲနေထိုင်နေခဲ့တယ်။ တစ်နေ့မှာတော့ ရွာတစ်ရွာမှာ ထူးဆန်းတဲ့ဖြစ်ရပ်ကြောင့် ရူးသွားတဲ့မိန်းမတစ်ယောက်ကိုအပနှင်ပြီးကုပေးဖို့အတွက် ရောက်လာခဲ့တယ်။ ထင်မှတ်မထားတာက ဒါတွေက သားရဲ့အသက်ကိုကယ်ချင်တဲ့ အဖိုးကြီးတစ်ယောက်ရဲ့လုပ်ရပ်တွေပဲဖြစ်နေတယ်။သားကိုကယ်ဖို့အတွက်ရှေးဟောင်းသင်္ချိုင်းကိုဖွင့်ပေးဖို့ အကြပ်ကိုင်တောင်းဆိုလာတဲ့အတွက် သူကရှေးဟောင်းသင်္ချိုင်းထဲကိုတစ်ဖန်ပြန်ဝင်ဖို့ဖြစ်လာခဲ့တယ်။ ဒဏ္ဍာရီထဲကလိုသေရာကပြန်ရှင်အောင်လုပ်နိုင်မယ်ဆေးဟာတကယ်ရှိနိုင်ပါ့မလား။ ထောင်ချောက်တွေအဆင့်ဆင့်နဲ့ရှေးဟောင်းသင်္ချိုင်းကပြန်ထွက်လာနိုင်ကြပါဦးမလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Strange Things in Western Hunan ( 2024 )

Men of Sacrifice ( 2022 ) 6.3
Men of Sacrifice ( 2022 ) CMရဲ့ တရုတ်ကားဖန်တွေ နောက်ပြီး တရုတ်ကားဆို အက်ရှင်မှ ကြိုက်ပါတယ်ဆိုသူတွေအတွက်ကို ဒီတစ်ခေါက် IQIYI က တင်ဆက်ခဲ့တဲ့ အက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် လီတုန်းရှင်းဆိုတဲ့ ငွေမည်းနဲ့ ချမ်းသာနေသူတစ်ယောက်ရဲ့ သမီးဟာ ပြန်ပေးဆွဲခံရပြီး ပြန်ပေးဆွဲသူက ဖောက်ခွဲရေးဝိဇ္ဇာလို့ နာမည်ကြီးသူတစ်ဦးဖြစ်တော့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုမျိုး ဖြေရှင်းမလဲ... ငွေမည်းနဲ့မသမာလုပ်ငန်းရှင်ဆိုတော့ သေလည်းသေပေါ့လို့ ပစ်ထားမလား.. အသက်နဲ့ရင်းပြီးကယ်တင်မလား... ဆိုတဲ့ရွေးချယ်မှုအောက်မှာ ဘယ်လိုရွေးချယ်မလဲ... နောက်ပြီး ဘာလို့ ဒီလို ပြန်ပေးဆွဲမှုကြီးဖြစ်တာလဲ....သာမန်သူတို့ချင်းမသင့်မြတ်လို့ဖြစ်တာလား ဒါမှမဟုတ် နောက်ကွယ်မှာ ဘာလေးနက်တဲ့ အမှုတွဲရှိနေမယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ...အဆုံးသတ်ချိန်ထိ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးမလို့ CM တရုတ်ကားဖန်လေးတွေလည်း လက်လွတ်မခံဘဲကြည့်ဖြစ်အောင်ကြည့်လိုက်ကြနော်... Reviewed By Chu Chu Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Crime Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Men of Sacrifice ( 2022 )