Channel Myanmar

Zhao Xiaorui

Fierce Hunt ( 2024 ) 6
Fierce Hunt ( 2024 ) စိတ်လှုပ်ရှားစရာ မှုခင်းရုပ်ရှင်တွေကို ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် Fierce Hunt ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ရဲတပ်ဖွဲ့တွေကို တမင်အနိုင်ယူချင်နေတဲ့ ဒုစရိုက်အဖွဲ့တစ်ဖွဲ့က ထျန်းဟိုင်မြို့က စိန်ရွှေရတနာဆိုင်တွေကိုပဲ ဆက်တိုက် ဓားပြတိုက်နေတာ ဖြစ်ပါတယ်။ ဓားပြတိုက်တိုင်းမှာလည်း မျက်နှာဖုံးတပ်ထားကြတဲ့အတွက် သဲလွန်စ ရှာမရဖြစ်နေပါတယ်။ ပြီးတော့ ဓားပြတွေက ရဲတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုအဆင့်ဆင့်ကအစ တွေးခေါ်မှုတွေအထိ ကြိုတင် ခန့်မှန်းနိုင်ခဲ့ပြီး အမြဲတမ်း လွှတ်မြောက်နေခဲ့ပါတယ်။မှုခင်းရဲတပ်ဖွဲ့က ဆရာတပည့်နှစ်ယောက်ဖြစ်တဲ့ ဝမ်ကျန်းနဲ့ ချန်မော့တို့ကို ဒီအမှုကို စုံစမ်းဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ တိုက်ဆိုင်စွာနဲ့ သူတို့နှစ်ယောက် ရွှေဆိုင်တစ်ဆိုင်မှာ ဆရာကတော်အတွက် လက်ဆောင်ရွေးနေတုန်း ဓားပြအဖွဲ့နဲ့ တည့်တိုးတွေ့ခဲ့ပါတယ်။ အရပ်ဝတ်နဲ့ လက်နက်မပါတဲ့ သူတို့ကလည်း ဓားပြတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရုံကလွှဲပြီး ဘာမှ မတတ်နိုင် ဖြစ်နေပါတယ်။ဒါပေမဲ့ ဓားပြခေါင်းဆောင်က ဆိုင်ထဲက လူတွေထဲမှာ ရဲ ၂ ယောက်ရှိနေမှန်း သိလိုက်တဲ့အခါ...... ရဲ ၂ ယောက်ကို ရှာဖို့အတွက် ပြည်သူတွေကို အသက်အန္တရာယ်ပေးလာတဲ့အခါ...... ရဲတွေက ပြည်သူတွေကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားကြမလဲ...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.14 GB / ...
movie

Fierce Hunt ( 2024 )

Hypnotic Duel ( 2024 ) 5.8
Hypnotic Duel ( 2024 ) CM ရဲ့ ပရိသတ်တို့အတွက် အိပ်ငွေ့ချခြင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာရုပ်ရှင်လေးဖြစ်တဲ့ Hypnotic Duel ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-စိတ်ကျန်းမာရေးလောကမှာ အိပ်ငွေချခြင်းပညာနဲ့ နာမည်ကြီးတဲ့ ပါမောက္ခယဲ့ယွမ်တုန်းဟာ ရုပ်ရှင်မင်းသမီးအန်းယာရဲ့ အကူအညီတောင်းမှုကြောင့် ရုပ်ရှင်အဖွဲ့ကို ဇာတ်ညွှန်းပြင်ပေးဖို့လက်ခံလိုက်ပါတယ်။ လက်ထောက်ဖြစ်သူ လျိုစွမ်းနဲ့အတူ ဝေးလံလှတဲ့ တောင်ပေါ်က အပန်းဖြေစံအိမ်တစ်ခုကို ရောက်သွားခဲ့ပါတယ်။ဇာတ်ညွှန်းဆွေးနွေးဖို့လာရောက်ကြတဲ့ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီး ပိုပြီးတော့ အံ့အားသင့်စေတာက ရုပ်ရှင်ထဲက ဇာတ်ကောင်ဟာ ယဲ့ယွမ်တုန်းနဲ့ တစ်ထပ်တည်းကျနေပါသတဲ့။ အပေါ်ယံမှာတော့ အားနာနာပြောဆိုနေကြပေမဲ့ အားလုံးက အတိတ်က အကြောင်းတွေကို ဖော်နေသလို ဖြစ်နေပါတယ်။ဒီလို အကွက်ချစီစဉ်မှုရဲ့ နောက်ကွယ်က အဖြစ်မှန်က ဘာတွေဖြစ်မလဲ...... ဘယ်သူကရော အိပ်ငွေ့ချပညာနဲ့ ဒီအရာတွေကို ထိန်းချုပ်နေတာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery  Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Hypnotic Duel ( 2024 )

The Pretty Official ( 2024 ) 5.8
The Pretty Official ( 2024 ) ပေါ့ပေါ့ပါးပါးဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်။ အိမ်တော်ထိန်းတစ်ယောက်ဟာ သူ့သစ္စာသခင်ကြီးအပေါ် သစ္စာရှိခဲ့တဲ့အတွက် သခင်ကြီးက ခရိုင်မှူးအရာရှိအဖြစ် သခင်ကြီးကိုယ်စားသွားပေးဖို့စေလွှတ်ခဲ့တယ်။ သူ့ကိုယ်သူ အရာရှိတစ်ယောက်ဖြစ်ပြီ ချမ်းသာပြီးတော့ သူ့ရဲ့အဖေအရင်းကိုလဲရှာနိုင်ပြီပေါ့ ကံကောင်းလှပြီလို့ထင်ခဲ့တယ်။တကယ်တော့ တက်တက်စင်အောင်လွဲတာပါပဲ။ တကယ်တော့ သူရောက်နေတဲ့ခရိုင်မြို့ကို စီးပွားရှင်တစ်ဦးက လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားပြီးတော့ အရာရာကိုထိန်းချုပ်နေတာဖြစ်နေတယ်။ ခရိုင်မှူးကိုလဲ လာဘ်ထိုးပြီးတော့ သူ့ဘက်တော်သားဖြစ်အောင်သိမ်းသွင်းတယ်။အကြပ်ကိုင်ခြိမ်းခြောက်တယ်။ ပြည်သူတွေကိုဒုက္ခပေးနေတဲ့ ဒီသူဌေးကြီးကို တွန်းလှန်ချင်ပေမယ့်လဲ မစွမ်းသာဘူးဖြစ်နေပါတယ်။ကြီးပွားချမ်းသာချင်လို့ခရိုင်မှူးလာလုပ်တဲ့သူတစ်ယောက် သူဌေးကြီးရဲ့ဖျားယောင်းမှုအောက်ကလွတ်နိုင်ပါ့မလား...... တရားတဲ့ဘက်မှာပဲရပ်တည်ပြီးတော့ မြို့လေးကို ကယ်တင်သွားနိုင်ပါ့မလားဆိုတာကို ဟာသဇာတ်ကွက်တွေဝေဝေစာစာနဲ့ကြည့်လိုက်ပါဦးနော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Pretty Official ( 2024 )

Saving Mr. Wu (2015) 6.7
Saving Mr. Wu (2015) ဒီဇတ်ကားဟာ အဆိုတော် မင်းသားကြီး Andy Lau ကို အကြမ်းအရမ်း ပုံစံမျိုးနဲ့ တွေ့ရမှာ မဟုတ်သလို ခပ်ညံ့ညံ့ ပုံစံမျိုးလဲ မဟုတ်ပြန်ပါဘူး... ရုပ်ရှင်မင်းသားကြီး ဝူ ဟာ သူ့မန်နေဂျာ နှင့် အတူ ပွဲတစ်ခုမှ အပြန် ရဲဟု ပြောဆိုသူတွေထံ အကြောင်းရှာဖမ်းဆီးခံလိုက်ရပါတယ် နောက်မှ သိရတာကတော့ ရဲဆိုသူတွေဟာ ရဲအတုတွေ ဖြစ်ပြီး ဝူ ကို ပြန်ပေးဆွဲပြီး အကျပ်ကိုင် ငွေညှစ်မယ့်သူများပဲ ဖြစ်ပါတယ်... ပြန်ပေးဆွဲသူဟာလဲ အရင်က လိမ်လည်မှုများနဲ့ ထောင် ၉ နှစ်ကျပြီး ထောင်က ထွက်လာတာ တစ်နှစ်မပြည့်သေးတဲ့ သူ တစ်ဦးလဲ ဖြစ်နေပါတယ် ပိုဆိုးတာက သူ ပြန်ပေးဆွဲတဲ့သူတွေကို ပိုက်ဆံမရရအောင် အကုန် ညှစ်ယူပြီး အသက်ရှင်လျက် ပြန်မလွှတ်တက်တဲ့နေရာမှာ နာမည်ကြီးပြန်ပါတယ်... ဝူ ထက် အရင် ဖမ်းဆီးခံရသူနှင့် ဝူ နှစ်ဦးသားဖမ်းဆီးခံထားရပြီး အရင်ဖမ်းဆီးခံထားရသူတွက်ပါ သနားသဖြင့် ဝူ မှ ပြန်ပေးငွေ ပေးမည်ဟု ကတိခံပြီး သူ့အိမ်တွင် ဘဏ်ကတ် သွားယူရန် လူဆိုးအားပြောလိုက်ပါတယ် ဘတ်ကတ် ...
movie

Saving Mr. Wu (2015)