Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhao Wei
6.8
Mulan: Rise of a Warrior (2009)
တရုတ်အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ မူလန်ဇာတ်ကားဟာ 1998 ကထွက်ရှိထားခဲ့တဲ့Walt Disney က Mulan Animation ဇာတ်ကားနဲ့မတူတဲ့ဖန်တီးချက်တွေနဲ့ တင်ဆက်ထားတာပါ။...နေမကောင်းတဲ့နေတဲ့ဖခင်ရဲ့ကိုယ်စားအတွက် သမီးဖြစ်သူဟွားမူလန်က စစ်မှုထမ်းဖို့အတွက်ယောကျာၤးလေးအယောင်ဆောင်ပြီးစစ်ထဲကိုဝင်ခဲ့ရပါတယ်...ကိုယ်ခံအားကောင်းပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ မူလန်ဟာတပ်ကိုဦးဆောင်နိုင်ရုံမကပဲတရုတ်သမိုင်းတစ်လျောက်မှာအကျော်ကြားဆုံး မိန်းကလေးစစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့ရပါတယ်...တိုက်ပွဲတိုင်းမှာအောင်နိုင်ခဲ့ပေမယ့် ပင်ကိုယ်အခံကမိန်းကလေးဖြစ်နေသောကြောင့် သနားကြင်နာတတ်တဲ့စိတ်နဲ့အကြောက်တရားဟာ သူမအတွက်အားနည်းချက်တစ်ခုလိုဖြစ်လာခဲ့ရပါတယ်...တစ်ခုသောတိုက်ပွဲမှာသူမအားထားရတဲ့ ညီအစ်ကိုတွေကိုဆုံးရှုံးလိုက်ရတဲ့အခါသူမအတွက်အကြီးမားဆုံးထိုးနှက်ချက်တစ်ခုလိုဖြစ်လာခဲ့ရပါတော့တယ်...ဒီကားရဲ့ အဓိကဇာတ်ကောင် မူလန်နေရာမှာ တရုတ်နိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Zhao Wei ကသရုပ်ဆောင်ထားပါတယ်...ဒီဇာတ်ကားနဲ့ မင်းသမီး Zhao Wei ဟာ10th Changchun Film Festival : Actress Award300th Hundred Flowers Award : Best Picture Award & Best Actress Award19th Shanghai Film Critics Award : Best Actress AwardVietnam DAN Movie Awards : Favorite Actress Awardစတဲ့ဆုတို့ကို ...
movie
Mulan: Rise of a Warrior (2009)
2009
6.3
14 Blades (2010)
CM ပရိသတ်ကြီးတို့ကို wuxia ကားကောင်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ 14 blades လို့ခေါ်ပြီးတော့၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တာပါ။တရုတ်ကားကောင်းကောင်း ကြည့်ချင်ရင် ကားအဟောင်းတွေပြန်ကြည့်ရတယ်ဆိုသလိုမျိုးပဲ ဒီဇာတ်ကားကလည်းကားကောင်းတွေထဲက တစ်ကားပါ။ အဓိက ဇာတ်ဆောင်အနေနဲ့ကတော့ မြန်မာပြည်က တရုတ်ကားပရိသတ်တိုင်းသိကြတဲ့ မင်းသားကြီး Donnie Yen က ပါဝင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မင်မင်းဆက်ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရရင်တော့ မင်မင်းဆက်နှောင်းပိုင်းမှာ နန်းတွင်းခုံရုံးက အကျင့်ပြက်ခြစားသူတွေစာရိတ္တပျက်ပြားတဲ့ အမတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ဒါ့အပြင် အဲဒီခေတ်ကာလမှာ လမ်းဘေးလေလွင့်နေတဲ့မိဘမဲ့ကလေးတွေကို ဖမ်းဆီးပြီး ကျင်းယိဝေ့လို့ခေါ်တဲ့အထူးစစ်သည်တော်တွေအဖြစ် လေ့ကျင့်ပေးတာမျိုးလည်း ရှိခဲ့တယ်။ကျင်းယိဝေ့တွေက လျှို့ဝှက်တာဝန်တွေကို ထမ်းဆောင်ကြရတာပါ။ကျင်းယိဝေ့တွေရဲ့ခေါင်းဆောင် ချင်းလုံ (မင်းသား Donnie Yen) ကတာဝန်ထမ်းဆောင်ဖို့ ဓား ၁၄ လက် အပ်နှံခံထားရသူပါ။တစ်နေ့မှာတော့ သူဟာ ဧကရာဇ်ရဲ့ အနီးကပ်လူယုံဖြစ်တဲ့ကျားကုန်းကုန်းက ဦးရီးတော်ဖြစ်တဲ့ ချင်းမင်းသားနဲ့ ပူပေါင်းပြီးပုန်ကန်ဖို့ လုပ်နေတာကို သိသွားခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ ချင်းလုံက ကျင်းယိဝေ့ထဲမှာ မနေတော့ဘဲထွက်ပြေးတိမ်းရှောင်ရင်း ပုန်ကန်မှုကို လိုက်လံတားဆီးဖို့ ...
movie
14 Blades (2010)
2010
6.7
So Close (2002)
So Close (2002)IMDb Rating (6.6) / Rotten Tomatoes (82%)မင်းသမီး ရှုကျီနဲ့ Shaolin Soccer ထဲကမင်းသမီး ကျိုးဝေတို့ရဲ့ So Close ရုပ်ရှင်ကို ၉၀ဖွားတွေ မကြည့်ဖူးတဲ့သူမရှိသလောက်ပါပဲ။ အက်ရှင်လန်းလန်းတွေရယ် ဆော်လန်းလန်းတွေရယ်ကို တိတ်ခွေပျက်တဲ့အထိ ခဏခဏ ငှားကြည့်ခဲ့ရတာပါ။ မင်းသမီးတွေလှလို့ အက်ရှင်တွေကြမ်းလို့ အငမ်းမရထိုင်ကြည့်ရင်း ထိရှသွားတဲ့ဇာတ်အလှည့်အပြောင်းတွေကြောင့် မျက်ရည်ကျလုလု ရင်ကိုထိသွားတဲ့ အခိုက်အတန့်လေးတွေကိုလဲ သတိရမိကြမှာပါ။ဒီကားထဲမှာ ဂျွန်စောလို့ လူသိများတဲ့ ကိုရီးယားမင်းသား Song Seung-heon လည်း ပါဝင်ထားပါသေးတယ်။အက်ရှင်ကားတွေထဲမှာ Rating မြင့်ပြီး အမြဲမရိုးနိုင်တဲ့ ဒီဇာတ်ကားလေးကို တဖန်ပြန်ခံစားရင်း သိမ်းထားလို့ရအောင် အကောင်းဆုံး Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့...အားလုံ နဲ့ အားခွမ် ဟာ ကြေးစားလူသတ်သမား ညီအစ်မနှစ်ယောက်ပါ။ သူတို့ဟာ အဆင့်မြင့် ကွန်ပြူတာနည်းပညာတွေနဲ့ ပစ္စည်းတွေသုံးပြီး လုပ်ကြံဖို့မဖြစ်နိုင်တဲ့ ဆရာကြီးတွေကိုမှ ...
movie
So Close (2002)
2002
5.9
The Duel (2000)
သိုင်းပြိုင်ပွဲကိုအခြေခံထားပြီး လူသတ်တရားခံကိုအဖြေရှာဦးမယ့် ဟောင်းပြီးကောင်းတဲ့တရုတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ပါဝင်ထားတဲ့သူကိုရှိုးလိုက်ပါဦး... ဒိတ်ဒိတ်ကြဲများဖြစ်ကြတဲ့ Andy Lau ၊ Ekin Cheng ၊ Nick Cheung ၊ ရှောင်ယဲ့ကျူလို့လူသိများကြတဲ့ Zhao Wei နဲ့ ငယ်ငယ်ကသိုင်းကားတွေမှာပါနေကြ သူငယ်ချင်းဟောင်းတွေအများကြီးကိုပြန်တွေ့ရမှာမို့ အိုကြီးအိုမ ကလေးကြီးတွေအတွက် ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပေါ့နော်။သိုင်းလောကမှာ နတ်ဓါးရှင်နဲ့ဓါးဘုရင်ဆိုပြီး နာမည်ကြီးနှစ်ယောက်ကြီးစိုးနေတဲ့အချိန်ပါ... ရုတ်တရက်ကြီး ဘယ်သူအတော်ဆုံးလဲဆိုတာအဖြေရှာဖို့ နတ်ဓါးရှင်က စိန်ခေါ်စာပို့ပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး နာမည်ကြီးသိုင်းသမားတွေအသတ်ခံရပါလေရော။ သတ်တဲ့သူကိုအဖြေရှာဖို့ နန်းတွင်းကိုယ်ရံတော် လုံလုံကောက်အတွက်တော့ တကယ်ခေါင်းကိုက်ရတဲ့အမှုပါ။ သိုင်းပြိုင်ပွဲကလည်း နီးကပ်တဲ့အချိန်… တစ်ဖက်ကသူအချစ်ရဆုံးမိတ်ဆွေ ဓါးဘုရင်၊ နောက်တစ်ယောက်က သူလေးစားအားကျရတဲ့ နတ်ဓါးရှင်။ ယှဉ်ပြိုင်မယ့်နေရာက နန်းတော်ထဲမှာဆိုတော့ကား ....အရှုပ်အထွေးတွေကြားထဲမှာ ဟာသလေးနှောထားပြီး သိုင်းကားစစ်စစ်ကိုကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ့်ကားကောင်းလေးတစ်ကားမို့ ဘာဆက်ဖြစ်မလဲ ကြည့်လိုက်ပါတော့နော်.... File size…(1.7 GB) / (1 Gb) / (500 Mb) Quality….Webrip 1080p / ...
movie
The Duel (2000)
6.2
Painted Skin II: The Resurrection (2012)
Painted Skin: The Resurrection (2012) IMDb - 6.2/10_____Rotten - 83% Painted Skin (2008) ရဲ့အဆက်အနေနဲ့ထွက်ရှိထားခဲ့တာဖြစ်ပြီး မင်းသားမင်းသမီးတွေလဲ အရင်လူတွေပါပဲ..အချစ်က မှော်ဆန်တယ်ဆိုတာ ဒီဇာတ်ကားကိုကြည့်ပြီး နားလည်သွားနိုင်ပါတယ်။မှင်စာမိစ္ဆာလောကနဲ့လူသားတို့ကြားက မေတ္တာတရားတွေအကြောင်းပေါ့....တရုတ် Fantasy ဇာတ်ကားတွေကို ကြိုက်တတ်ရင် သိုင်းဝတ္ထုတွေ ကြိုက်တတ်ရင်ဒီဇာတ်ကားကိုလဲကြိုက်သွားနိုင်ပါတယ်။ ရိုက်ချက်တွေလဲမိုက်သလို ဒီဇိုင်းတွေလဲအလန်းစားပါ။File size…(2.5 GB)/(1.2 MB) Quality….BluRay HEVC 1080p / 720p Format…mkv Duration….02:11:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Painted Skin II: The Resurrection (2012)
2012
HEVC 1080p 5.1
6.3
Painted Skin (2008)
IMDRating (6.3) ရရှိထားတဲ့ ဒီဇာတ်ကားက ရုံတင်တုန်းကလဲ အတော်ဟော့ခဲ့တာပါ...မင်းသား Donnie Yen ,Chen Kun တို့နဲ့ နာမည်ကြီးမင်းသမီး Zhao Wei,Zhou Xun တို့နဲ့ ရိုက်ကူးထားတဲ့သဘာဝလွန်သိုင်းကား တဖြစ်လဲ အချစ်ရိုမန့်ဇာတ်ကားလေးပါ။လူ့နှလုံးသားကိုစားသုံးပြီး လူတွေကြားမှာ ရှင်သန်နေကြတဲ့ မှင်စာမိစ္ဆာ အချောလေးကို ချစ်မိကြတဲ့ဇာတ်လမ်းလေးပေါ့...ရိုက်ကူးထားတာတွေမိုက်တဲ့အပြင် သိုင်းကားရသလဲအပြည့်ပါတာမို့ သိုင်းကားပရိတ်သတ်ဆို လက်လွတ်မခံသင့်ပါ။ဒီကားရဲ့အဆက် Painted Skin II: The Resurrection(2012) ကိုလဲ တင်ဆက်လိုက်ပါတယ်။ File size…(2.5 GB)/(1.2 MB) Quality….BluRay HEVC 1080p / 720p Format…mkv Duration….01:58:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Li Yuan Jiao & Omi
movie
Painted Skin (2008)
HEVC 1080p 5.1
7.3
Shaolin Soccer (2001)
Shaolin Soccer (2001)IMDB Rating(7.3) / Rotten Tomatoes (90%)++++++++++++++++++++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ...ဟာသကားတွေပေါပါတယ်...ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်...စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ...စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး...လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး...လွဲတော့လဲ ပျော်ပျော်ကြီး...ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား...ဘဝဆိုတာ ဖြတ်သန်းစဉ်က အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ...
movie
Shaolin Soccer (2001)
7.6
Red Cliff II (2009)
Red Cliff II (2009)_________IMDb -7.6/10 ပထမကား မှာ အောင်မြင်မှုရရှိခဲ့ပြီး နောက် ဒုတိယ ကားကို၂၀၀၉ ခုနှစ်မှာပဲ ထပ်မံထွက်ရှိလာခဲ့ပါတယ် ဇာတ်လမ်းကတော့ပထမကား ကိုပဲ ဆက်လက်ရိုက်ကူးထားပြီး ပထမကားကိုသာ ကြည့်ပြီးမှ ဒီကားကိုဆက်ကြည့်မှသာ ဇာတ်ရည်လည်မှာပဲဖြစ်ပါတယ်ဒီကားကတော့ IMDb rating 7.6 ထိရရှိထားပြီးသိုင်းကား ရှေးရာဇဝင်စစ်ကားကိုကြိုက်နှစ်သက်သူတွေ အနေနဲ့ကတော့ လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ချောင်ချောက်ရဲ့ ကုန်းတပ်စစ်ဦးကို အနိုင်တိုက်ပြီးနောက်မှာ အင်အားသောင်းချီတဲ့ ရေတပ်ကြီးကို ကျိုးယွီနဲ့ ခုံးမင်တို့ ဘယ်လို ဆက်ရင်ဆိုင်ကြမလဲဆိုတာ...... File size…(2.3 GB) and (1.3 MB) Quality….Blu-Ray 1080p & 720p Format…mp4 Duration….02:22:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
Red Cliff II (2009)
2009
7.4
Red Cliff (2008)
Red Cliff - 2008 IMDb (7.4/10).........Rotten Tomatoes (91%) ဒီဇာတ်ကား ၂ ကားကို လွီပုနဲ့သောင်းချန်၊ သစ္စာဂုဏ်ရည် ကြည့်ဖူးတဲ့သူတွေ၊ P2 ဂိမ်းမာတွေတော့ ရင်းနှီးနေပြီးသားဖြစ်မှာပါ။ Romance of the three kingdoms ဂိမ်းတွေလည်း ထွက်ထားပါတယ်။ အရင်နှစ်တွေကတော့ ဒီသမိုင်းကာလ စဆုံးကို စီးရီးထွက်ပါတယ် အပိုင်း ၆၀ လောက်တော့ ရှိမှာပေါ့။တရုတ်ပြည်ရဲ့ မင်းသုံးပါး အပြိုင်ခေတ်သမိုင်းထဲက အကျော်ကြားဆုံးကမ်းပါးနီတိုက်ပွဲကို ကောက်နှုတ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကာလကတော့ လွီပုနဲ့တုံကြို့တို့အသက်ခံရပြီးနောက်ပိုင်း။ လျိုပေ့ နဲ့ စွန်းကွန် တို့ မင်း ၂ ပါးအဖြစ် အင်အားအနည်းငယ်ရလာချိန်မှာ အမတ်ချုပ်ကြီး ချောင်ချောင်ဟာ လျိုပေ့ကို လိုက်ဖိတိုက်နေတဲ့ကာလပါ။ လျို့ပေ့မှာတော့ ကွမ်းရီ၊ကျန်းဖေး၊ကျောက်ယွန် တို့ သူရဲကောင်း ၃ ယောက်နဲ့ ဒီဇာတ်ကားရဲ့ အဓိကနေရာမှာပါတဲ့ ပညာရှိအမတ်ခုံးမင်(ကျူးကော့်လျန်) တို့ ပါဝင်နေပါပြီ။ စွန်းမျိုးနွယ်တွေမှာတော့ ...
movie
Red Cliff (2008)
2008
5.4
Lost in Hong Kong (2015)
Lost in Hong Kong (2015)IMDb - 5.4/10_____Rotten - 60% ဒီနေ့တော့ ရယ်ရယ်မောမောလေးကြည့်ရမယ့် တရုတ်ဟာသ ဇာတ်ကားလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။၁၉၉၀ နှစ်လယ်ပိုင်းကာလ မြင်ကွင်းနဲ့အတူ အနုပညာကျောင်းသားလေး ရှုလိုင်နဲ့ ရန်ယိတို့က ချစ်သူတွေဖြစ်ကြပြီး ပထမဆုံး အကြင်နာတောင်မပေးရသေးခင်မှာ ရန်ယိဟာ ဟောင်ကောင်မှာရှိတဲ့ တရုတ်တက္ကသိုလ်တစ်ခုကို ပြောင်းရွှေ့ခဲ့ရကာ ရှန်ဟိုင်းကို လုံးဝပြန်မလာတော့ပါဘူး။ ဒီလိုနဲ့ နှစ်နှစ်ဆယ်နီးပါးကြာသွားပြီးနောက်မှာ ရှုဟာကတုံးပြောင်ပြောင်ပုံစံနဲ့ ဖြစ်နေပြီး အမျိုးသမီးအတွင်းခံ အင်္ကျီဒီဇိုင်နာအလုပ်ကိုလည်း တော်တော်ကို ငြီးငွေ့နေကာ အနုပညာရှင် တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ အရင်က သူ့စိတ်ကူးအိပ်မက်တွေတောင်မေ့ပျောက်ကုန်ပါပြီ။အခုဆိုရင် သူချစ်ရတဲ့ ဇနီးသည် ချိုင်ဘိုနဲ့ ဘဝလမ်းအတူ လျှောက်နေတာတောင်မှ သူ့စိတ်ထဲမှာတော့ အမြဲအမှတ်ရနေတာကတော့ ရန်ယိကိုပါပဲ။ ရှုလိုင်နဲ့ ချိုင်ဘိုနှစ်ယောက်ဟာ သားသမီး မရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်နေကြပါတယ်။တစ်ရက်မှာတော့ ဟောင်ကောင်မှာရှိတဲ့ ချိုင်ဘိုရဲ့ မိသားစုတွေဆီကို သွားလည်ခဲ့ပြီး ဟောင်ကောင်ကို ရောက်တုန်းရောက်ခိုက် သူစိတ် ...
movie
Lost in Hong Kong (2015)
2015