Channel Myanmar

Zhao Runnan

Black Storm ( 2024 ) 6.2
Black Storm ( 2024 ) အတိုက်အခိုက်နဲ့ ကြမ်းတာလေးမှ ကြည့်ချင်သူတွေအတွက် ငယ်ငယ်က ရှောင်လင်ကတုံးလေးက ရဲသားကြီး လေကျယ်အနေနဲ့ ပြန်လာပါပြီနော်...ဇာတ်လမ်းအကျဉ်းလေးကတော့... ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့အတူ ရွာသားတွေကို ခေါင်းပုံဖြတ်ပြီး လုပ်ငန်းစုတစ်ခုကြောင့် လူနေတဲ့မြေတင်မကဘူး သေသွားသူရဲ့အုတ်ဂူပါ အဓမ္မ ရွေ့ပြောင်းခံရတာကြောင့် လန်ကူးရွာမှာ တိုင်ကြားမှုတွေများနေခဲ့တာပေါ့...ဒီလုပ်ငန်းစု ခေါင်းဆောင်နာမည်က ဝေ့ထျန်းလန်တဲ့.. သူက တစ်ရွာလုံးမှာ အချမ်းသာဆုံးဖြစ်သလို ခေါင်းပုံအဖြတ်ဆုံး အမောက်မာဆုံးသူပေါ့... တစ်နေ့ သူမြေသိမ်းတာကို ဂူတာ့ဟဲ့အိမ်က လက်မခံဘူး.. လက်မခံတာကလည်း အိမ်ဘေးမှာရှိတဲ့ သူ့အမေ အုတ်ဂူကြောင့်ဆိုတာသိတော့...တစ်ခါတည်း စရိတ်ငြိမ်းနဲ့ အိမ်ဖျက်ရုံမက အုတ်ဂူပါ တူးဆွပြီး ပြာအိုးထုတ်ပေးခဲ့တယ်... တစ်ချိန်တည်းမှာပဲ အညိုအမည်း ဒဏ်ရာတွေပါ အဆစ်ထည့်ပေးခဲ့တာမို့ ... ဂူတာ့ဟဲ့ က ရဲတိုင်ခဲ့ပါတယ်... ထူးဆန်းတာက ရဲကို အမှုဖွင့်ပြီးတာနဲ့ ဂူတာ့ဟဲ့ ပျောက်သွားလေရဲ့... ဒီအမှုကို လေကျယ်က လိုက်ရမှာဖြစ်ပါတယ်..ဂူတာ့ဟဲ့ပျောက်တာက တကယ်ပဲ ဝေ့ထျန်းလန်ကြောင့်လား... တခြား ဘာပတ်သက်မှုတွေရှိသေးလဲ... လေကျယ် ဒီအမှုလိုက်ရင်း ဘာတွေ ထပ်ပြီး စုံစမ်းနိုင်မှာလဲ... ဇာတ်လမ်းလေးက ပြောပြသွားပါလိမ့်မယ်... Filesize : 6.15 GB / 1.55 GB / 801 MB Quality : WEB-DL 4K HEVC , ...
movie

Black Storm ( 2024 )

4K HEVC
Football Youth ( 2024 ) 5.8
Football Youth ( 2024 ) အကြောင်းကြောင်းကြောင့် အိပ်မက်ကိုစွန့်လွှတ်လိုက်ရပြီး ရေလိုက်ငါးလိုက်အဆင်ပြေသလိုနေနေတဲ့ ဘောလုံးသမားဟောင်းကြီးတစ်ယောက်ဟာ အထက်တန်းကျောင်းရဲ့ဘောလုံးအသင်းမှာ နည်းပြဖြစ်ဖို့အကြောင်းဖန်လာခဲ့တယ်။အစကတော့ လက်တလောပြဿနာဖြေရှင်းနိုင်ဖို့ ပိုက်ဆံရရုံသာလုပ်မယ်လို့ စဉ်းစားခဲ့ပေမယ့် ကလေးတွေကိုသင်ပြပေးရင် သူ့ရဲ့ငယ်ငယ်တုန်းက အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ကြိုးစားတဲ့အချိန်တွေကို ပြန်အမှတ်ရလာတဲ့အခါ သူ့ရဲဘောလုံးအပေါ် စိတ်အားထက်သန်မှုတွေဟာ ပြန်ပေါ်လာခဲ့ပါတယ်။(၂)လအတွင်းမှာ ကြုံလာသမျှ အတားအဆီးတွေကိုကျော်ဖြတ်ရင်း ဘာမှမဟုတ်တဲ့ အထက်တန်းကျောင်းသားလေးတွေကနေပြီး နောက်ဆုံးဗိုလ်ပွဲကိုရောက်နိုင်တဲ့အထိ နည်းပြနဲ့တပည့်တွေအတူကြိုးစားကြတဲ့ အားရစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Football Youth ( 2024 )

Better Days ( 2019 ) 7.5
Better Days ( 2019 ) IMDB 7.6 ရရှိထားတဲ့ တရုတ်ဇာတ်ကားကောင်းလေး တကားကိုတင်ဆက်ပေးလိုက်ပါတယ် တရုတ်ပြည်မှာ နာမည်ကြီးပေါက်ကားလေးတကားဖြစ်ပြီး ဝင်ငွေယွမ်ဘီလီယံ နဲ့ချီပြီးရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် မင်းသား ရိယန်ချန်းရှီ ( Yi Yangqianxi ) က ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွန်းလေးကတော့ ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ... မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ... ဒါပေမယ့်... အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ? ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်... ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်... ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ? သင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ? Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama , Romance Runtime : 2h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu  Encoded ...
movie

Better Days ( 2019 )

Blood on the Nameless River ( 2023 ) 5.8
Blood on the Nameless River ( 2023 ) ကိုရီးယားအမေရိကန်စစ်ပွဲကိုအခြေခံထားတဲ့ သွေးနဲ့ရေးတဲ့စစ်ပွဲဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရန်သူအမေရိကန်စစ်တပ်တွေကိုတားဆီးနိုင်ဖို့အတွက်ဆိုရင် သူတို့ရဲ့ရိက္ခာအထောက်အပံ့တွေကိုဖြတ်ပစ်လိုက်တာဟာ ခြေထောက်နှစ်ချောင်းကိုဖြတ်ပစ်သလိုပဲထိရောက်ပါလိမ့်မယ်။အဲဒါကြောင့် တုချွမ်းတို့တပ်စုဟာရိက္ခာဖြည့်တဲ့ထောက်ပို့စခန်းတစ်ခုကိုဝင်စီးကြပါတယ်။ အဲဒီထောက်ပို့စခန်းကိုဝင်စီးလိုက်တဲ့အချိန်မှာ မထင်မှတ်ပဲ ရန်သူရဲ့စစ်ကြောင်းကိုသိလိုက်ရပါတယ်။ တရုတ်ပင်မစခန်းကြီးကို အမေရိကန်တွေရဲ့အမြှောက်တပ်ကြီးရောက်မသွားအောင် တုချွမ်းတို့တပ်စုဟာအစွမ်းကုန်ကြိုးစားရဖို့တာဝန်ဖြစ်လာပါတယ်။ရန်သူနဲ့အင်အားမမျှတဲ့အတွက် သူတို့တပ်စုလေးဟာ ဘယ်လိုနည်းဗျူဟာတွေသုံးပြီး အမေရိကန်တွေကိုတားမလဲဆိုတာ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ ပီပြင်တဲ့ဆက်တင်နဲ့သရုပ်ဆောင်ချက်တွေကြောင့် စစ်ကားကြိုက်တတ်တဲ့သူတွေရဲ့ ကျေနပ်စရာကောင်းတဲ့ကားလေးတစ်ကားဖြစ်မှာသေချာပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Blood on the Nameless River ( 2023 )

The Fallen Bridge ( 2022 ) 6.4
The Fallen Bridge ( 2022 ) "တရားမျှတမှုနဲ့ အမှန်တရားဆိုတာ အမြဲတစေဆိုသလို ဒွန့်တွဲနေတဲ့အရာတစ်ခုပါ အမှန်တရားဆိုတာ ဘယ်လိုမှ ဖုံးဖိလို့မရတဲ့ အရာတစ်ခုဆိုလဲမမှားဘူး"ဖခင် သေဆုံးမှူအတွက် အမှန်တရားကို အပူတစ်ပြင်းရှာဖွေနေတဲ့ တက္ကသိုလ်ကျောင်းသူလေး - ဝမ်ရှောင်းယွီ ဝမ်ရှောင်းယွီရဲ့ ဖခင်သေဆုံးမှုက မျက်မြင်သက်သေ တစ်ယောက်ဖြစ်တဲ့ စက်ပြင်သမားလေး - မုန့်ချောင်းကျုံးနမ်တံတားဟူသည် ဟွမ်ချွဲ့မြို့ကြီးရဲ့ အဓိက ပေါင်းကူးတံတားဆိုရင်လဲ မမှားပါဘူး တစ်နေ့မှာ တံတားကြီး ပြိုကျပျက်ဆီးသွားခဲ့တဲ့အခါ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်အဲ့တာကတော့ တံတားအတွင်းမှာ လူသေအရိုးစုတစ်ခု တွေ့ရှိခဲ့ရခြင်းပါပဲ အဲဒီသေဆုံးသူကတော ဝမ်ရှောင်းယွီရဲ့ ဖခင်ဖြစ်သူ ဝမ်လျောင့်ပါ တစ်နေ့မှာတော့ မုန့်ချောင်းရဲ့ အကူအညီပေးမှုနဲ့အတူ ဖခင်ရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်တဲ့အကြောင်း ဝမ်ရှောင်းယွီသိရှိသွားခဲ့ပါတော့တယ် နစ်မြုပ်နေတဲ့ သဲလွန်စ တစ်စချင်းဆီနောက်ကို နှစ်ယောက်သား အတူတူလိုက်လံရှာဖွေရင်း ဝမ်ရှောင်းယွီရဲ့ မွေးစားအ​ဖေဖြစ်သူ ကျူးဖန်းကျန့် ကလူသတ်သမားဖြစ်နိုင်​ချေရှိတဲ့ အကြောင်း သိရှိသွားချိန်မှာတော့.....?❏ ဘာတွေဆက်ဖြစ်ကြမလဲ ? ❏ နောက်ကွယ်က လျို့ဝှက်ဆန်းကြယ်တဲ့ အရာတွေကရော ဘာတွေဖြစ်လာမလဲ ? ❏ လူသတ်သမားကရော သူတို့ထင်ထားတဲ့အတိုင်းဖြစ်နေနိုင်ပါ့မလား ? ❏ သူတို့တွေ အပူတပြင်းရှာနေတဲ့ အမှန်တရားကရော ထွက်ပေါ်လာပါ့မလား ? ဆိုတာ စိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ရှင်သရုပ်ဆောင်တွေအနေနဲ့ကတော့ တရုတ်ပြည်မကြီးမှာ နာမည်ကြီးအဖွဲ့တစ်ခုဖြစ်တဲ့ TFBOYS အဖွဲ့ရဲ့ ...
movie

The Fallen Bridge ( 2022 )