Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhang Ziyi
7.6
House of Flying Daggers (2004)
House of Flying Daggers (2004)IMDb Rating (7.5) / Rotten Tomatoes (87%)Hero တို့ The Great Wall တို့ Full River Red တို့ စတဲ့နာမည်ကျော်တရုတ်ကားတွေရဲ့ ဒါရိုက်တာ Zhang Yimou ရဲ့ ဂန္တဝင်ရုပ်ရှင်ကားကြီးပါ။မင်းသားကြီး Andy Lau ရဲ့ ပျိုမြစ်မှုကုန်ဆုံးကာစ ကျက်သရေရှိခံ့ညားထည်ဝါမှုတွေ ရောက်လာကာစအချိန် သူ့ရဲ့ prime time မှာ ဒီဇာတ်ကားကို သရုပ်ဆောင်ခဲ့ပါတယ်။ နောက်မင်းသားကတော့ ထိုင်ဝမ်နွယ်ဖွား ဂျပန်မင်းသားကြီး Takeshi Kaneshiro ပါ။ မင်းသမီးကတော့ တရုတ်မင်းသမီးတွေထဲ တကယ့်ထိပ်တန်းဆိုတဲ့ အလှပဂေးလေး Zhang Ziyi ပါပဲ။ဇာတ်လမ်းကတော့ ...... ဂန္ဓာလရာဇ်ပြည် တန်မင်းဆက်ရဲ့ နေဝင်ဆည်းဆာအချိန်ပေါ့ဗျာ။ မင်းဧကရာဇ်ရဲ့ ညံ့ဖျင်းမှု၊ ဝိသမလောဘသား အကျင့်ပျက်အစိုးရ အရာရှိမင်းတွေရဲ့ ပြည်သူအပေါ် ...
movie
House of Flying Daggers (2004)
2004
6.1
Purple Butterfly (2003)
Purple Butterfly ( 2003 ) IMDb - 6.1/10 Genre - Drama/History/Warဒီကားကိုရိုက်တဲ့ Lou Yeကို တော်တော်များများကတော့ Suzhou Riverတို့ Summer Palaceတို့နဲ့ သိကြမှာပါပဲ။ လုရီဟာ ပြည်မကြီးက ဒါရိုက်တာဖြစ်သလို ခြောက်ဆက်မြောက်မျိုးဆက်ဒါရိုက်တာလည်း ဟုတ်တယ်။ Chen Kaigeတို့ Zhang Yimouတို့ရဲ့ နောက်တစ်ဆက် Jia Zhangkeတို့အဆက်ပေါ့။ဒီမျိုးဆက်က အချိုးအကွေ့တော့ ကြီးတယ်ပြောရမလားပဲ။ ချန်ကေ့တို့ ကျန်းရိမူတို့ အဆက်နဲ့ အကြောင်းအရာရော တင်ဆက်ပုံရော တော်တော်လေးကွဲပြားသွားတယ်။ ဒီလိုဆန်းသစ်မှုတွေနဲ့ ပြည်မနဲ့ရဲ့ ပြဿနာလည်း တော်တော်လေးပေါ်လာတယ်။ လုရီရဲ့ ပထမဆုံးကားဖြစ်တဲ့ Weekend Loverကလည်း အပိတ်ခံရသလို Suzhou Riverကလည်း အပိတ်ခံခဲ့ရတယ်။ သူလည်း ရုပ်ရှင်ရိုက်ခွင့် ၂နှစ်အပိတ်ခံခဲ့ရလို့ ၂၀၀၃မှာမှ တတိယကားဖြစ်တဲ့ Purple Butterflyနဲ့ ပြန်ပေါ်လာခဲ့တယ်။ ...
movie
Purple Butterfly (2003)
6.6
Godzilla: King of the Monsters (2019)
MonsterVerse TimelineMonsterVerse ရဲ့ ၅ ကားမြောက် Godzilla x Kong: The New Empire (2024) လဲထွက်လာခဲ့ပြီဆိုတော့ Godzilla, Kong နဲ့ သူတို့ကြားက အဖြစ်အပျက်တွေကြားက timeline ကို တစ်ချက်ပြန်ကြည့်ကြည့်ရအောင်. ဒီ timeline ထဲက အဖြစ်အပျက်တွေက ထွက်ရှိခဲ့တဲ့ MonsterVerse ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေအပြင် tied in graphic novels တွေက အကြောင်းတွေပါ ပါဝင်ပါတယ်။ Event တွေများ source တွေလည်း များလို့ မှားနေတာ လိုနေတာရှိရင် ဝင်ဆွေးနွေးသွား ထောက်ပြသွားနိုင်ပါတယ်။- 252 millions BC ကမ္ဘာ့ မျက်နှာပြင်ပေါ်မှာ Radiation တွေ ယနေ့လက်ရှိအချိန်ထက် အဆပေါင်းများစွာရှိနေတုန်းက radiation ကို စားသုံးကြီးထွားတဲ့ Godzilla နဲ့ တခြား Titan တွေဟာ ...
movie
Godzilla: King of the Monsters (2019)
2019
4K HEVC
6.1
My Wife Is A Gangster 2 (2003)
My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။My Wife Is A Gangster 2 (2003) ဒီဇာတ်လမ်းကိုတော့ ရှေ့က ပထမဇာတ်ကားရဲ့အဆက်အနေနဲ့ ဆက်စပ်ထားပါတယ်။မင်းသမီးနဲ့လူဆိုးဂိုဏ်းတွေဟာ ပထမကားက ရန်ကြွေးလက်ကျန်တွေကို ဆက်လက်ဖြေရှင်းကြမှာပါ။တစ်ခုကတော့ မင်းသမီးဟာ ဇာတ်လမ်းအစမှာကတည်းက ဒဏ်ရာပြင်းထန်စွာရရှိပြီးတော့ အတိတ်မေ့သွားခဲ့တာပါ။အတိတ်ကိုသတိရဖို့ကြိုးစားနေတဲ့ သူမနဲ့ ပထမဇာတ်လမ်းက ရန်ညိုးတွေဘယ်လိုဖြေရှင်းကြမယ်ဆိုတာ....။IMDb ...
movie
My Wife Is A Gangster 2 (2003)
2003
6.7
Rush Hour 2 (2001)
စုံထောက်ကာတာ တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေစဉ် အမေရိကန်သံရုံးဗုံးခွဲတိုက်ခိုက် ခံခဲ့ရပါတယ်။ဒီတစ်ခေါက်တော့ အိမ်ရှင် အင်စပက်တာလီ က ဧည့်သည် စုံထောက်ကာတာ ကို ဘယ်လိုဧည့်ခံ မလဲ ဆိုတာနဲ့ စုံထောက်ကာတာရဲ့အလွဲလွဲအချော် ချော်လုပ်ရပ်တွေကို တဝါးဝါး ရယ်မောကြရမှာ သေချာပါတယ်။ဗီလိန်အဖြစ် တရုတ် မင်းသမီးချောလေး Zhang Ziyi လည်း ပါဝင်ထား ပါတယ်။ File size…(1.56 GB)/(960 Mb) Quality….Blu-ray 1080p / 720p Format…mp4 Duration….01:30:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myat Noe Wutt Yi
movie
Rush Hour 2 (2001)
2001
Horsemen (2009)
ဒီဇာတ်ကားကတော့ 2009 ခုနှစ်ထွက် သည်းထိတ်ရင်ဖို ၊ကိုယ်တိုင်လည်းစုံထောက်ဝင်လုပ်လို့ရမယ့်ကားပဲဖြစ်ပါတယ် ဒီကားမှာ စုံထောက်ဘရယ်စလင်းကိုင်ရမယ့်အမှုက လူတစ်စုရဲ့ဗျာဒိတ်ကျမ်းအပေါ်အခြေခံပြီးစတင်ခဲ့ကြတဲ့ နှိပ်စက်သတ်ဖြတ်မှုတွေပါ။ပထမဆုံးနစ်နာသူတစ်ယောက်ဖြစ်တဲ့ မစ္စစပစ်ဟာသူ့နေအိမ်အခန်းထဲမှာတင် ကိုယ်အနှံ့ချိတ်ကောက်တွေနဲ့ စင်တစ်ခုမှာ ချိတ်ထားခံရလျက် သေဆုံးနေတာဖြစ်ပါတယ်။ အခန်းထဲမှာလည်းသဲလွန်စတစ်ချို့တမင်ထားခဲ့ပါသေးတယ်၊ ဒုတိယမြောက်နစ်နာသူလည်းဒီလိုနည်းတူ သေဆုံးနေတာကိုတွေ့လိုက်ရတော့….သဲလွန်စတွေအတိုင်း အမှုကိုရုပ်လုံးဖော်ကြည့်ရမှာတရားခံက ဗျာဒိတ်ကျမ်းကိုပုံဖော်ဖို့ကြိုးစားနေတယ်ဆိုတာ သိလိုက်ရပါတယ်။ ဗျာဒိတ်ကျမ်း ထဲမှာ ကမ္ဘာပျက်ကိန်းကို ကိုယ်စားပြုထားတဲ့ မြင်းစီးသူရဲ လေးဦးရှိပြီး စစ်ပွဲ၊ ငတ်မွတ်ခြင်း၊ အောင်နိုင်ခြင်း နဲ့ သေဆုံးခြင်းတို့ဖြစ်ပါတယ်။ ဒီထဲကနှစ်ခုတော့သူတွေ့သွားပြီဆိုတော့ နောက်ကျန်တဲ့နှစ်ခုကရောဘယ်မှာဖြစ်နေမလဲ…..တရားခံကရော ဘယ်သူလဲ၊တစ်ယောက်တည်းလား၊ အဖွဲ့နဲ့လား။ တရားခံကဘာရည်ရွယ်ချက်နဲ့လုပ်ရတာလဲ။ နစ်နာသူကဒီလေးယောက်နဲ့တင်ပြီးပါ့မလား စတဲ့ပဟေဠိတွေနဲ့ စုံထောက်လုပ်ရင်းရှုစားကြည့်ကြည့်ပါ… File size…(1.7 GB)/(811 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Crime, Drama, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie
Horsemen (2009)
The Warrior (2001)
ကိုရီးယားနဲ့ တရုတ်တို့ကြား သံတမန်ဆက်ဆံရေးဟာမင်သံတမန်အဖွဲ့သေသွားချိန်မှစပြီးနှစ်နိုင်ငံကြားဆက်ဆံရေးက ယိုယွင်းခဲ့ရပါတယ်။မင်ဧကရာဇ်က ဂိုလျောသံတမန်တွေကိုသူလျှိုလို့စွပ်စွဲပြီးနယ်နှင်ဒဏ်ပေးပြီး နှင်ထုတ်လိုက်ပါတယ်။အပြန်လမ်းမှာ သံတမန်စစ်သူကြီးတို့အဖွဲ့ဟာ မွန်ဂိုတပ်သားတွေပြန်ပေးဆွဲလာတဲ့မင်တိုင်းပြည်ရဲ့ မင်းသမီးလေးကိုမွန်ဂိုတပ်သားတွေလက်ထဲကနေကယ်တင်ဖို့ဖြစ်လာပါတယ်…မင်းသမီးလေးကို အန္တရာယ်ကင်းကင်းနဲ့ မင်တိုင်းပြည်ကို ပြန်ပို့နိုင်ပါ့မလားမွန်ဂိုတွေကရော မင်းသမီးလေးကို ပြန်ခေါ်သွားနိုင်မလားဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ပါဦးနော်ခေါင်းဆောင်စိတ်ဓာတ်နဲ့ အနစ်နာခံမှုတွေကိုသေချာလေးရိုက်ပြထားတာမလို့ လုံးဝကိုအချိန်ကုန်မှန်းမသိလိုက်ပဲကြည့်ရတန်စေမယ့်ကားလေးပါနော် File size… 3.98 GB / 1.76 GB Quality… WEB Dl 1080i / 720p Format… mp4 Duration…. 2h 39m Genre ..... Action , War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie
The Warrior (2001)
2001
5.1
The Legend Of Zu (2001)
ဇူတောင်တန်းမှာ ဒဏ္ဍာရီတွေ အများကြီးရှိနေပါတယ်...စွမ်းအားပြင်းတဲ့ လက်နက်တွေ နတ်ပြည်က ဖန်ဆင်းပေးထားတာတွေ မသေမျိုးတွေ ပြီးတော့... တောင်တန်းကို မကောင်းဆိုးဝါးတွေ လက်ထဲက ကာကွယ်ပေးနေတဲ့ အသင်းတော်တွေ …နှစ် ရာထောင်သောင်းချီတဲ့ ကာလအတွင်းမှာ အသင်းတော်တွေကြားက မညီညွတ်မှုကြောင့် တစ်သင်းပြီး တစ်သင်း မကောင်းဆိုးဝါးကြီး အင်စိုရဲ့ ဖျက်ဆီးမှုကြောင့် ကွယ်ပျောက်ခဲ့ရပါတယ်။အခုကတော့ အိုမီအသင်းတော်အလှည့်ပါ... အိုမီကျောင်းတော်သားတွေက တက်ညီလက်ညီ ကာကွယ်သွားနိုင်မလား... မကောင်းဆိုးဝါးကပဲ အနိုင်ယူသွားမလားဆိုတာကို တရုတ်သိုင်းကား စိတ်ဝင်စားရင်တော့ ကြည့်လိုက်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲခဗျာ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(3GB) / (1.5GB) Quality__1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:44:00 Type__Action, Adventure, History Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie
The Legend Of Zu (2001)
5.7
Where’s the Dragon? (2015)
Where's the Dragon (2015)တရုတ်ဒဏ္ဍာရီပုံပြင်တွေထဲမှာ ရာသီခွင်၁၂ကောင်အကြောင်းကို နည်းအမျိုးမျိုးနဲ့ရုပ်ရှင်ရိုက်ကြပေမယ့် အခုကာတွန်းကားလေးကတော့ ထူးထူးဆန်းဆန်းလေး ရိုက်ကူးထားပါတယ်။ရာသီခွင်နတ်မင်း ၁၂ ပါး ရှိတဲ့အထဲကမှ ဩဇာအကြီးဆုံးဖြစ်တဲ့ နဂါးမင်းကပျောက်သွားပါတယ်။ နဂါးမင်းပျောက်နေတဲ့ နှစ် ၅၀၀ လောက်အတွင်း လူ့လောကကြီးမှာလည်း ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု ဖြစ်လာရပါတယ်။နဂါးနဲ့ဇာမဏီဆိုတာ အချင်းချင်းခရက်ရှ်နေကြတဲ့စုံတွဲလေးပေါ့.. အမှန်က ဇာမဏီပျောက်လို့နဂါးက လိုက်ရှာရင်း နဂါးပါပျောက်သွားတာပါ။ ပြီးတော့ နဂါးပျောက်လို့ ဇာမဏီရှာရင်းနဲ့ သူလည်းထပ်ပျောက်သွားပြန်ပါတယ်။ အစွမ်းအရမ်းထက်ပြီး အားအင်အကြီးဆုံးနှစ်ကောင်ကို ပျောက်အောင်ဖျောက်ပစ်လိုက်တာ ပိုးဟပ်ပါတဲ့..အဲ့ဒီမှာဇာတ်လမ်းကစတာပါပဲ ရာသီခွင်နတ်မင်း ၁၂ ပါးကို အာရုံနောက်အောင်လုပ်နိုင်ပြီး နေရာအပြောင်းအလဲလုပ်ချင်နေတဲ့ ပိုးဟပ်ကြီးက ဘယ်လိုမျိုးဉာဏ်ဆင်ခဲ့လဲ? ချစ်စရာတိရစ္ဆာန် ၁၂ ကောင်လေးတွေကရော ဘယ်လိုကာကွယ်ပေးကြမလဲ? ရယ်စရာဟာသလေးတွေအပြင် ပညာပေးဗဟုသုတလေးတွေပါထည့်ထားပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ကာတွန်းဇာတ်ကောင်လေးတွေမို့လို့ ကလေးကြီးတွေ အကြိုက်တွေ့ဦးမှာအမှန်ပါပဲဗျာ ။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre..... Animation Quality…. 1080p | 720p | 480p File size… 1.3GB | 710MB | ...
movie
Where’s the Dragon? (2015)
2015
6.4
The Banquet (2006)
မင်းသမီးကျန်းကျိရိပါဝင်ထားတဲ့ ခမ်းနားတဲ့အချစ်ဇာတ်ကားလေးပါပဲ...အချစ်ဇာတ်ကားဆိုပေမယ့် သိုင်းကစားပြီး Crouching Tiger, Hidden Dragon လို ဇာတ်လမ်းကိုပုံဖော်ထားပါတယ်...ရိုက်ကူးထားတဲ့ပုံစံတွေ သိပ်ကိုခမ်းနားပါတယ်..ကြည့်ကြည့်ပါ။မင်းသား Daniel Wu တို့ မင်းသမီး Xun Zhou တို့လဲ ပါပါသေးတယ်..အချိန်ကတော့ တရုတ်ပြည်ဖရိုဖရဲဖြစ်နေတဲ့ "မင်းဆက်ငါးဆက်..နိုင်ငံဆယ်နိုင်ငံ" ၉ ရာစုခေတ်ကာလကိုအခြေခံထားပါတယ်..နိုင်ငံငယ်တွေ ရောထွေးနေတဲ့အပြင် ဘုရင် မှူးမတ်တွေ အချင်းချင်းပြန်သတ်ကြပြီး အာဏာလုနေကြတာနဲ့တစ်နိုင်ငံလုံး သွေးချောင်းစီးနေချိန်ပေါ့...ဒီအချိန်မှာ ဘုရင်ကို ညီတော်မောင်ကသတ်ပြီး ဘုရင်ထလုပ်ရော...ပြီးတော့ သေသွားတဲ့ဘုရင်ရဲ့မိဖုရားခေါင်ကြီး ဝမ်ကို ထပ်ယူဖို့ကြံပြန်ရော..ဖြစ်ချင်တော့ မိဘုရားခေါင်ကြီးဝမ်ကလဲ သေသွားတဲ့ဘုရင်ကိုယူသာယူထားတာ...သူနဲ့ချစ်ကြိုက်နေတာက ဘုရင့်သား အိမ်ရှေ့မင်းသား...ဒီတော့ မိဖုရားခေါင်ကြီးနဲ့ အိမ်ရှေ့မင်းသားနဲ့ ခုမှ ဘုရင်ထလုပ်တဲ့ဦးရီးတော်တို့ကြား ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ...။အချစ်နဲ့စစ်ဆိုတာ နှစ်ခုလုံးကြေကွဲစရာချည်းပါပဲ။ File size…(2.2 GB)/ (1.1 GB) / (500 MB) Quality…BluRay 1080p /720p/480p Format…mp4 Duration….02:11:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Omi
movie
The Banquet (2006)
7.8
Crouching Tiger, Hidden Dragon (2000)
Crouching Tiger Hidden Dragon (2000)ဝူတန်သိုင်းလို့ပြောလိုက်တာနဲ့ Chinese Fanတွေဆိုရင်းရင်းနှီးနှီးသိကြမှာပါဒီကားမှာတော့ ဝူတန်သိုင်းသမားသူရဲကောင်းလီမူဘိုင်က သိုင်းလောကကနေအနားယူပြီး အေးအေးချမ်းချမ်းနေဖို့ သူ့ရဲ့ကျောက်စိမ်းကံကြမ္မာဓားကို ဆရာတီဆီလက်ဆောင်ပေးရာကနေစတဲ့ဇာတ်လမ်းပါသူရဲကောင်းလီမူဘိုင်ရဲ့ဆရာတောင်ပိုင်းကြိုးကြာ(နာမည်ဝှက်)ဆီက ဝူတန်သိုင်းရဲ့လျှို့ဝှက်သိုင်းကျမ်းကို ကျောက်စိမ်းမြေခွေး(နာမည်ဝှက်)ကခိုးယူကျင့်ကြံပြီး တောင်ပိုင်းကြိုးကြာကိုသတ်ပစ်ခဲ့ပါတယ်ကျောက်စိမ်းမြေခွေးက လျှောက်သွားရင်း ရှောင်လုံဆိုတဲ့ချမ်းသာတဲ့မမလေးကို တပည့်တော်ကာပညာသင်ပေးရင်း ဇာတ်မြှုပ်နေရာမှ တပည့်လေးကြောင့် သူ့ကိုရန်သူတွေသိသွားပါတော့တယ်ရှောင်လုံကလည်း ငယ်ငယ်ထဲကဆရာ့ပြောစကားတွေကြောင့် သိုင်းလောကမှာကျင်လည်ပြီးလျှောက်သွားချင်သူပါ နာမည်ကျော်သူရဲကောင်းတွေလို အစွမ်းထက်လက်နက်တွေနဲ့ ဟိတ်ဟန်ထုတ်ချင်သူပါမမျှော်လင့်ဘဲ ရှောင်လုံနဲ့ရှုလျန်တို့တွေ့ဆုံခင်မင်ရာမှ ကျောက်စိမ်းကံကြမ္မာဓားကိုရှောင်လုံတွေ့သွားသောအခါအရမ်းလိုချင်သွားပါတော့တယ် ရှောင်လုံကလည်းဓားရအောင်ဘယ်လိုလုပ်မလဲ...ရှုလျန်ကလည်း သူ့ချစ်သူအတွက်ဓားကို ဘယ်လိုကာကွယ်ပေးမလဲ...လီမူဘိုင်ကရော သိုင်းလောကကနေအနားယူရပါ့မလား...ကဲဇာတ်လမ်းထဲပဲကြည့်လိုက်ရအောင်နော်ရှုလျန်အဖြစ် Michelle Yeoh (သူ့ကိုတော့ The Ladyကားမှာထဲက သိကြမှာပါ)လီမူဘိုင်အဖြစ် Chow Yun-Fatရှောင်လုံအဖြစ် Zhang Ziyiကျောက်စိမ်းမြေခွေးအဖြစ် Cheng Pei Pei( အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )Quality__1080p, 720p IMDb Rating__7.8/10 Format__mp4 Duration__02:00:00 Type__Action ,Adventure , Fantasy , Romance Subtitle__Myanmar Subtitle (Hardsub) Translated ...
movie
Crouching Tiger, Hidden Dragon (2000)
7.4
2046 (2004)
[Unicode]IMDB Rating. = 7.4/10"2046"... ဒီနံပါတ်ဟာ အချိန်ကာလတစ်ခုဖြစ်ချင်ဖြစ်မယ် ဟိုတယ်အခန်းတစ်ခုရဲ့နံပါတ် ဖြစ်ချင်ဖြစ်မယ်။ အချိန်လား နေရာလား ထားလိုက် အရေးမပါဘူး။ အရေးပါတာက အဲ့ဒီမှာ ဘာမှမပြောင်းလဲဘူးဆိုတဲ့ အချက်။ ချစ်မိသူတွေဟာ မပြောင်းလဲနိုင်တဲ့ ကမ္ဘာကြီးကိုလိုလားကြတယ်။ အထူးသဖြင့် သူတို့ချစ်တဲ့သူတွေရဲ့နှလုံးသားတွေမပြောင်းလဲဖို့ လိုလားကြတယ်။ ၂၀၄၆ဟာ ဘာမှ မပြောင်းလဲ တဲ့နေရာ။ ဒီတော့ သူတို့၂၀၄၆ကိုသွားကြတယ်။တစ်ရံတစ်ခါမှာ ပဟေဠိဆန်တဲ့ ရထားတစ်စီးက ၂၀၄၆ကို ထွက်ခွာတယ်။ ၂၀၄၆ကိုသွားတဲ့ ခရီးသွားတိုင်းမှာ တူညီတဲ့ ရည်ရွယ်ချက်တစ်ခုရှိတယ် သူတို့က သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ မှတ်ညဏ်တွေကို ပြန်လည်ဖမ်းဆုပ်လိုကြတယ်။ တစ်ချို့ကတော့ ၂၀၄၆ကို လွယ်လွယ်လေးရောက်သွားကြပေမယ့် တစ်ချို့အတွက်ကျတော့ခရီးက အများကြီးပိုရှည်ကြာတယ်။ခရီးသည်လက်စွဲ အပိုဒ်၂၀၁မှာ ဧရိယာ ၁၂၂၄-၁၂၂၅မှာ အရမ်းအေးတယ်လို့ သတိပေးထားတဲ့အပြင် ခရီးသည်တွေအနေနဲ့ အနွေးဓာတ်ရအောင် တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြဖို့ အကြံပြုထားသေးတယ်။ ၁၂လပိုင်း ၂၄ရက်နေ့ ၁၂လပိုင်း ၂၅ရက်နေ့ ခရစ္စမတ်အကြိုနေ့နဲ့ ခရစ္စမတ်နေ့။ ဒီလိုအချိန်တွေမှာ လူတွေက ပုံမှန်ထက်ပိုပြီးနွေးထွေမှုကိုလိုကြတယ်တဲ့။ ဒါကဧရိယာ ၁၂၂၄-၁၂၂၅ဆိုတဲ့နိမိတ်ပုံရဲ့ ဖွင့်ဆိုချက်ပါပဲ။ ဒါဆို ၂၀၄၆ဆိုတာကရော..။ ရထားကြီးကရော.....။ အဖြေတွေစုပေါင်းရရှိပြီးတဲ့နောက် ဒီရုပ်ရှင်မှာ အချစ်ဆိုတဲ့အရာကိုပဲ ထင်ရှားမြင်နေရတယ်။ဇာတ်ကောင်တွေတိုင်းရဲ့ အချစ်တွေဟာ နာကျင်ကြေကွဲစရာ ...
movie
2046 (2004)
HEVC 1080p 5.1
6.2
TMNT (2007)
movie
TMNT (2007)
2007
5.3
The Climbers ( 2019 )
Zawgyi*******၁၉၆၀ ခုနှစ်၊ ဧဝရက်တောင်ရဲ့ တောင်စောင်းအောက်မှာတရုတ်နိုင်ငံတောင်တက်သမား လေးယောက် အခက်ခဲဆုံးအခြေအနေကို ရင်ဆိုင်နေရတယ်။ဒါဟာ သူတို့ရဲ့ ၅ ကြိမ်မြောက် ကြိုးပမ်းခြင်း ဖြစ်ပြီး အရင် ၄ ကြိမ်ရဲ့ကျရှုံးမှုကြောင့် ခန္တာကိုယ်မှာ ခွန်အား အများအပြား ဆုံးရှုံးထားပြီးဖြစ်တယ်။နောက်ဆုံးမှာ လေပြင်းတိုက်တာ လျော့နည်းလာပြီးတော့ အခွင့်အရေးပေါ်သောအခါ...Climber (2019) က ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပြီးဆုရဒါရိုက်တာကြီး Daniel Lee မှရိုက်ကူပြီးတော့ နာမည်ကြီးသရုပ်ဆောင် Wu Jing နဲ့ Zhang Ziyi တို့က ဦးဆောင်ပါဝင်ထားပါတယ်။ဒီဇာတ်လမ်းဟာ ဧဝရက်တောင်ကို မြောက်ဘက်ကနေပထမဆုံးတက်ခဲ့သူများအကြောင်းဖြစ်ပါတယ်။ ဧဝရက်တောင်တက်တဲ့လမ်းတွေထဲမှာ မြောက်ဘက်က အကြမ်းတမ်းအခက်ခဲဆုံးဖြစ်တဲ့အတွက် ဘယ်လိုရင်ခုန်စရာ စွန့်စားခန်းတွေတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။(ဇာတ်လမ်းအဆုံးမှာ surprise လေးတစ်ခုပါတယ်နော်) Unicode*******၁၉၆၀ ခုနှစ်၊ ဧဝရက်တောင်ရဲ့ တောင်စောင်းအောက်မှာတရုတ်နိုင်ငံတောင်တက်သမား လေးယောက် အခက်ခဲဆုံးအခြေအနေကို ရင်ဆိုင်နေရတယ်။ဒါဟာ သူတို့ရဲ့ ၅ ကြိမ်မြောက် ကြိုးပမ်းခြင်း ဖြစ်ပြီး အရင် ၄ ...
movie
The Climbers ( 2019 )
2019
7.9
Hero (2002)
Hero (2002) IMDb - 7.9/10_____Rotten - 95% Hero (2002) ………………… Hero (သူရဲကောင်း) ဆိုတာ ဘယ်လိုလူမျိုးတွေကို ရည်ညွှန်းပါသလဲ? တဦးတယောက်ကနေ ပြိုင်ဘက်အများကြီးကို အလဲထိုးအနိုင်ယူသူတွေကို ခေါ်ပါသလား? ကိုယ်ကျိုးကို မငဲ့ဘဲ အများအတွက် စွန့်လွှတ်စွန့်စားသူများကို ဆိုလိုပါသလား? Hero (2002 film) ကို ကြည့်ပြီးရင်တော့ အဖြေတခုခု ထွက်လာနိုင်ပါတယ်။ Hero ရုပ်ရှင်ကို စပြီးကြည့်ဖူးစက ယုတ္တိမတန်တဲ့ သာမန်တရုတ်သိုင်းကားတကားလို့ပဲ ထင်ခဲ့မိပါတယ်။ နောက်ကြောင်းက ခဏခဏပြန်ပြ၊ ဒီကြားထဲစိတ်ကူးထဲမှာပါ သိုင်းကွက်တွေထုတ်နဲ့ … အလေးအနက်မကြည့်မိခဲ့ပါဘူး။ နောက်ပိုင်းမှာ အော်စကာ ဆန်ကာတင်စာရင်းမှာ နိုင်ငံခြားဇာတ်ကားအနေနဲ့ ပါလာတော့မှ စိတ်ဝင်စားသွားလို့ သေချာပြန်ကြည့်ဖြစ်ပါတယ်။ စွမ်းအားလွန်သိုင်းကွက်တွေကို ဖယ်ပြီးကြည့်မယ်ဆိုရင် အနှစ်သာရရှိတဲ့ ဇာတ်ကားလို့မြင်မိပါတယ်။ဒီဇာတ်လမ်းမှာ ချင်မင်းဆက်ကို တည်ထောင်တဲ့ Qin Shi Huang ရဲ့ ဆင့်ခေါ်မှုနဲ့ အမည်မရှိဓားသမား (သုည)ဟာ နန်းတွင်းကို ဝင်ရောက်ခစားခဲ့ပါတယ်။ နန်းတွင်းကို ဝင်ရောက်ပြီး ဘုရင်ကြီးနဲ့ စကားပြောခွင့်ရဖို့အတွက် သုညဟာ ဘုရင်ကြီးရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်နေတဲ့ လူစွမ်းကောင်းသုံးယောက် (Long Sky, Flying Snow, Broken Sword) ကို နှိမ်နှင်းခဲ့ရတယ်လို့ ဆိုပါတယ်။ *Spoiler ...
movie
Hero (2002)
2002
6.6
The Grandmaster(2013)
The Grandmaster(2013)IMDb....6.6တရုတ်သိုင်းရုပ်ရှင်ကို သဘောကျသူတွေကြားမှာ မသိသူမရှိလောက်တဲ့ Ip Manရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ သိုင်းကားတစ်ကားပါ။ Ip Man ကားတွဲတွေနဲ့တော့ တစ်စက်ကလေးမှ မဆင်တဲ့အပြင် ဝေါင်ကာဝေးရဲ့ ရုပ်ရှင်ပီပီသသပါပဲ ခမ်းခမ်းနားနား Dialougeတွေကို သေသေသပ်သပ် ထည့်သွင်းထားပါတယ်။ Ip Manကို ဗဟိုပြုပြီး သူ့ခေတ်ပြိုင် သိုင်းဆရာတွေကိုပါ လှလှပပ စက်ဝိုင်းလေးဝိုင်းပြီး ဘောင်မလွတ်ပဲ ပြထားပါတယ်။ဘဝမှာသာ ရာသီအပိုင်းအခြားတွေရှိခဲ့ရင် သူ့ဘဝရဲ့ပထမနှစ်လေးဆယ်က နွေဦးလိုသာယာခဲ့တယ် ဆိုတဲ့ Ip Manရဲ့ဘဝ နှစ်လေးဆယ်နောက်ပိုင်း ဆောင်းရာသီနေ့ရက်တွေအကြောင်းကို တင်ဆက်ပြသထားပါတယ်။သိုင်းပညာပြခန်းတွေသိပ်မများလှပေမယ့် ပါသမျှလောက်ကလည်း စက္ကန့်စိတ်စာမျှ ပယ်စရာမရှိတဲ့ တကယ့်အနှစ်တွေပါပဲ။ ဒီလိုပယ်စရာမရှိရအောင်လည်း ဒီရုပ်ရှင်ရဲ့ မင်းသား တိုနီချူဝေဟာ တစ်နေ့လေးနာရီနှုန်းနဲ့ တစ်နှစ်တိတိကျင့်ခဲ့ရပါတယ်။ တရုတ်ပြည်ကနေ ခုန်ပျံကျော်လွှားပြီး အမေရိကန်jမှာ အော်စကာနှစ်ဆု Nomineeဝင်ထားတဲ့ ဒီရုပ်ရှင်မှာ Ip Manရဲ့ ဝင်းချွန်းသိုင်းကွက်တွေ ထိုက်ကျိသိုင်းရဲ့ ဒဿ နတွေ ဝေဝေဆာဆာနဲ့ သိုင်းအနုပညာကို ထဲထဲဝင်ဝင် ခံစားကြရမှာပါ။File Size : (3.84GB) Quality : HEVC 1080p Format…mp4 Duration…02:10:00 Genre : Action, Drama, Biography Subtitle : Myanmar Subtitle (Hard Sub) Translated by Wira ...
movie
The Grandmaster(2013)
2013
6.5
Forever Young ( 2018 )
2018 ခုနှစ်တဲ့ တရုတ်ဇာတ်ကားတွေထဲမှာ Recommend ဖြစ်ခဲ့တဲ့ထိပ်တန်း ဒရာမာကားလေးတစ်ကားပဲဖြစ်ပါတယ်Forever Young ဇာတ်ကားဟာ Imdb 6.5/10 ရထားပြီးChina မှာ US $ 118 milion Box Office ၀င်ငွေရရှိခဲ့ပါတယ်ဒီဇာတ်ကားဟာ ပထမ ကမ္ဘာစစ်ဖြစ်ချိန် 1920 ကနေ 1940 ထိ1960 ကနေ ယခုခေတ်အချိန်ထိ ဖြစ်ရပ်တွေကို မျိုးဆက်လေးခုစာရင်ဆိုင်ကြုံတွေ့ရပုံတွေကိုဖေါ်ပြထားခြင်းပဲဖြစ်ပါတယ် မျိုးဆက်တစ်ခုစီတိုင်းက သူတို့နဲ့ပတ်သတ်တဲ့စိန်ခေါ်မှုတွေကိုဘယ်လိုဖြေရှင်းကြမလဲ..အတိတ်ကဖြစ်ရပ်တွေကိုအနာဂတ်ကလူတွေမပြောင်းလဲနိုင်ပေမယ့် အတိတ်ကလုပ်ဆောင်ချက်တွေကအနာဂတ်အပေါ်ဘယ်လိုတွေသက်ရောက်မှုရှိလာမှာလဲကြည့်ပြီးရင်တော့ တွေးစရာလေးတွေ ရင်ထဲမှာ တခုခုကျန်ခဲ့မှာအသေအချာပါပဲ...ဒီဇာတ်လမ်းရဲ့အဓိကပေးချင်တဲ့ Messageလေးကလည်းရှိနေပြန်ပါတယ်..ကိုယ့်ရဲ့အမှန်တကယ်ဆောင်ရွက်ချင်တဲ့အရာ..အမှန်တကယ်လိုချင်မယ့်အရာ..ဖြစ်ချင်တဲ့အရာတန်ဖိုးထားရမယ့်အရာတွေကို သေချာစဉ်းစားမိလာမယ်လို့ကျွန်တော့်အနေနဲ့ခံစားမိပါတယ် Review & Translated By Phyo ZawEncoded By LK
movie
Forever Young ( 2018 )
2018
4.9
Oh My God (2015)
Oh My God… ဒီဇာတ်ကားလေးကတော့အချစ်ဟာသကားလေးဘဲဖြစ်ပါတယ်။ချန်မော့နဲ့ မော့ဟန်...လဲ့ရိနဲ့ မီဂါ တို့ကသူငယ်ချင်းချစ်သူစုံတွဲတွေဖြစ်ကြတယ်။အိမ်တစ်အိမ်တည်းမှာတူတူနေကြရာမှ မမျှော်လင့်တဲ့ပြသနာလေးတွေပေါ်ပေါက်လာပါတယ်။တစ်ရက်မှာကောင်းကင်ပေါ်မှကျလာတဲ့အစိုင်ခဲတစ်ခုကနေ ကလေးလေးတစ်ယောက်အဖြစ်ပြောင်းသွားပြီး သူတို့အတူနေတဲ့အိမ်ကိုရောက်လာပါတယ်။ကလေးလေးကိုပြုစုစောင့်ရှောက်ကျရင်း ရယ်မောပျော်ရွင်ဖွယ်ရာအလွဲလေးတွေနှင့်အတူ သူငယ်ချင်းအချစ် ၁၅ဝဝအချစ်တို့ကို ရယ်မောကြည်နူးဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။အဓိက casting အနေနဲ့ကတော့ အားလုံးသဘောကျကြတဲ့EXOအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Zhang Yixing (Lay), မင်းသား Cheney Chen, မင်းသမီး Li Xiao Lu, မင်းသမီး Jiang Wenတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Drama Listတွင် rating 7/10ရရှိထားသောဇာတ်ကားဖြစ်ပါတယ်။File size…(900 MB) and (410 MB) Quality…WEB Rip 720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ying Ying
movie
Oh My God (2015)
2015
5.5
The Cloverfield Paradox (2018)
movie
2018
7.4
Memoirs of a Geisha (2005)_____IMDb - 7.4/10Won 3 Oscars. Another 29 wins & 47 nominationsဂေးရှားတွေ အကြောင်းကို အရမ်းစိတ်ဝင်စားခဲ့မိတယ် အကိုတစ်ယောက်က Memoirs Of a Geisha ကို ကြည့်ပါလို့ လမ်းညွှန်ခဲ့တယ် ဂျပန်တွေရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ ဂေးရှားအလှမယ်ဆိုတာ တွေ့ကရာ မိန်းမတိုင်း အမည်တပ်ခွင့်မရှိဘူး ထိုက်တန်မှ ရတယ် သေလောက်အောင် လေ့ကျင့်ထား နာကျင်ထားမှ ရနိုင်မယ့် နာမည်တစ်ခု ဒီရုပ်ရှင်ကို ကြည့်ပြီး ဂေးရှားအလှမယ် ဆိုတာ ပြည့်တန်ဆာ သာသာ မဟုတ်ဘူးဆိုတာ နားလည်သွားတယ် ပျော်တော်ဆက်မယ် သက်သက်လဲ မဟုတ်ပြန်ဘူး သူတို့မှာ တန်ဖိုးတစ်ခုဆိုတာ ရှိတယ် အဲ့ဒီတန်ဖိုးကိုလဲ အခကြေးငွေ အမြင့်ဆုံးနဲ့ ပြန်ရောင်းကြတယ် အပျိုစင် ဘဝ ပေါ့... ကြေး အမြင့်ဆုံးရတဲ့ ဂေးရှား ဟာ ဂုဏ်သိက္ခာ အရှိဆုံး လို့ မှတ်ယူခဲ့ကြတယ်.... ဒီရုပ်ရှင် အစမှာတော့ ချီယို နဲ့ ဆပ်စု ဆိုတဲ့ တံငါရွာက ညီအမ နှစ်ယောက်ဟာ ဂေးရှားအလှမယ်တွေကို သင်ကြားပျိုးထောင်ပေးနေတဲ့ နေရာတစ်ခုမှာ ရောင်းစားခံလိုက်ရတယ်... တိတိ ကျကျ ပြောရရင် ...
movie
Memoirs of a Geisha (2005)
2005