Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhang Youhao
5.6
The Day We Lit Up The Sky ( 2021 )
ဘဝမှာ ကိုယ့်ကိုသူများတွေက ဘယ်လိုပဲမြင်မြင် ဘယ်လိုပဲပြောပြော ဘယ်လိုပဲ ပျက်ရယ်ပြုပြု ကိုယ်ပျော်နေဖို့က အဓိကပါပဲ ကျွန်တော်တို့သာ လောကကြီးမှာ လေလာရာယိမ်းနေတဲ့ မြက်ပင်လေးလို ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကိုယ့်စိတ်ကြိုက်သာ နေလိုက်မယ်ဆိုရင် ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲလို့ တွေးမိတယ် ခံစားမိတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်ဇာတ်လမ်းအကြောင်းအရာလေးကတော့ ရှောင်ဟွမ်ဟာ အရမ်းကို အကတော်ပြီး ကချင်ပေမဲ့လည်း အသားညိုပြီးအရပ်ပုတာကြောင့် ငါးခြောက်မလို့ အခေါ်ခံရကာ မိန်းကလေးကျောင်းမှာ အနှိမ်ခံရတဲ့လူတစ်ပါ တစ်နေ့ ကျောင်းဖွင့်ပွဲအခမ်းအနားတစ်ခုမှာ အကအဖွဲ့တစ်ဖွဲ့လုံးညီညီညာညာကနေချိန်မှာ ရှောင်ဟွမ်က သူ့စိတ်ကြိုက်စည်းချက်နဲ့ အတိုင်း ဘေးကနေ ပျော်မြူးကာ ကနေတာကို လောင်ကော်ဆိုတဲ့ကောင်လေးက တွေ့သွားပြီး စိတ်ဝင်စားသွားပါတော့တယ် လောင်ကော်ကတော့ ရှောင်ဟွမ်တို့ကျောင်းမျက်နှာချင်းဆိုင်က ယောကျာ်းလေးကျောင်းကို ပြောင်းလာတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် လောင်ကော်ဟာလည်း အကြောင်းအမျိုးမျိုးကြောင့် သူ့သူငယ်ချင်းသုံးယောက်နဲ့အတူ အရှုံးသမားလိုဆက်ဆံခံနေ ရတာပါ ဒါကို ဆက်သည်းမခံနိုင်ဘဲ သူတို့တွေ တစ်ခုခုကြီးကြီးကျယ်ကျယ်လုပ်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးလုပ်ဖို့ဆုံးဖြတ်လိုက်တာကတော့ ပျော်နေတဲ့အချိန်မှာ ပိုပျော်ရွှင်မှုပေးနိုင်ပြီးတော့ ဝမ်းနည်းအားငယ်နေချိန်မှာတော့ နှစ်သိမ့်မှုပေးနိုင်တဲ့ အက ကဖို့ပါပဲ ဒီလိုနဲ့ ရှောင်ဟွမ်နဲ့ လောင်ကော်တို့ သူငယ်ချင်းလေးယောက် ပေါင်းမိသွားပြီး လူတွေကိုသက်သေပြဖို့ သူမတူတဲ့နည်းလမ်းတွေကို သုံးကာ သူတို့ရဲ့ ဖြစ်တည်မှုကို ဘယ်လိုမျိုးရှာဖွေမလဲဆိုတာကို သီချင်း အကလေးတွေ ဟာသတွေ တပုံကြီးနဲ့ နှောပြီးတော့ ဆက်လက်ကြည့်ရှုကြရမှာပါ Filesize : ...
movie
The Day We Lit Up The Sky ( 2021 )
5.8
Hovering Blade ( 2024 )
သမီးလေးတစ်ယောက်ကို အဖေတစ်ယောက်အနေနဲ့ ပန်းလေးတစ်ပွင့်လိုယုယရင်း တစ်ယောက်ထဲပြုစုပျိုးထောင်လာခဲ့ပါတယ်။ သိပ်မပြည့်စုံပေမယ့် သားအဖနှစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပါတယ်။ မိုးသည်းတဲ့တစ်ညမှာတော့ သမီးလေးဟာအိမ်ပြန်မလာတော့ပါဘူး။မြီးကောင်ပေါက်အရွယ် အပျိုဖော်ဝင်ကာစသမီးလေးပြန်ရောက်မလာတဲ့အတွက် အရူးမီးဝိုင်းသလိုလိုက်ရှာခဲ့တယ်။ ကံမကောင်းချင်တော့ နောက်(၂)ရက်အကြာမှာ မြစ်ကမ်းဘေးမှာပေါ်လာတဲ့အလောင်းဟာ သမီးလေးဖြစ်နေပါတယ်။ တရားခံဟာ အသက်(၁၈)နှစ်မပြည့်သေးတဲ့ ဆေးသမားကောင်လေး(၂)ယောက်ဖြစ်နေတာကိုမထင်မှတ်ပဲ သိလိုက်ရပြီး သမီးလေးကိုနှိပ်စက်ပြီး အဓမ္မကျင့်တဲ့ဗီဒီယိုကိုမြင်လိုက်ရတဲ့အချိန်မှ ာ အသိစိတ်လွတ်သွားပြီး တရားခံကောင်လေးတစ်ယောက်ကိုသတ်မိလိုက်ပါတယ်။ဒီလိုနဲ့ အသဲနှလုံးတွေမွမွကြေပြီး ရင်ကွဲနေတဲ့ အဖေတစ်ယောက်ရဲ့ ကလဲ့စားဟာစတင်ခဲ့ပါတယ်။ အဖေဖြစ်သူက တရားခံနောက်တစ်ယောက်ကိုလိုက်ရှာနေချိန်မှာ ရဲတွေကလဲ တရားခံကောင်လေးကိုရော သေသွားသူကောင်မလေးရဲ့အဖေကို ဆက်ပြီးမမှားအောင်တားဖို့ ရှာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အသက်(၁၈)နှစ်မပြည့်သေးတဲ့ ကလေးတွေပြစ်မှုကျူးလွန်တဲ့အခါမှာ တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်လို့မရတဲ့အတွက် အသက်မပြည့်သေးတဲ့လူငယ်တွေရဲ့ အထိန်းအကွပ်မရှိ ပြစ်မှုကျူးလွန်တဲ့အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။ တရားခံနောက်တစ်ယောက်ကိုရှာတွေ့သွားတဲ့အခါ သမီးလေးအတွက် လက်စားချေမလား တရားဥပဒေလက်အပ်လိုက်မလားဆိုတာကို ဆက်ကြည့်လိုက်ပါနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Hovering Blade ( 2024 )
6
Tainted Love ( 2023 )
ဒီရုပ်ရှင်ကားလေးကတော့ တရုတ်ရုပ်ရှင်တွေရဲ့ အမြင့်ဆုံးဆုကြီးသုံးဆုပိုင်ဆိုင်ထားတဲ့ ၊ ရုပ်ရှင်လောကမှာ ACE လို့ခေါ်ရလောက်တဲ့အထိတော်တဲ့ မင်းသမီးလေး Zhou Dong Yu ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပြီး Zhang Yu , Zhang Youhao နဲ့ Meng li တို့လို သရုပ်ဆောင်ကောင်းတွေပါ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။ဇာတ်လမ်းကတော့ 2016ခုနှစ်လောက်က တရုတ်ပြည်မှာ အွန်လိုင်းလိမ်လည်မှုတွေကနေတစ်ဆင့် နစ်နာခဲ့ကြရတဲ့ အမျိုးသမီးနှစ်ဦးအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ ။2016 ခုနှစ် တရုတ်မှာ အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်နည်းအသစ်တစ်ခုက မှိုလိုပေါက်အောင်ပေါ်ပေါက်လာခဲ့ပါတယ် ။ ငွေကြေးလိမ်လည်သူတွေရဲ့ အဓိကပစ်မှတ်က အမှီအခိုကင်းကင်းနဲ့ရပ်တည်နေတဲ့ မြို့ကြီးပြကြီးက အမျိုးသမီးတွေကိုဖြစ်ကာ သူတို့နဲ့ချစ်သူရည်းစားဆက်ဆံရေးတည်ဆောက်ပြီး ငွေကြေးလိမ်ယူကြတာပါ ။ ထိုလိမ်လည်မှုတွေကြား ကျိုးရန်နဲ့ဖန်နင်ကလည်း နစ်နာသူတွေထဲက နစ်နာသူနှစ်ဦးဖြစ်ပါတယ် ။ဒါပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းလှတဲ့ ကျိုးရန်နဲ့ဖန်နင်က သူတို့ကိုလိမ်သွားတဲ့သူတွေရဲ့နောက်ကြောင်းကိုလိုက်ရင်း လင်ကွမ်းမြို့ကိုရောက်လာချိန်မှာတော့.... သူတို့ကိုလိမ်တဲ့သူတွေနဲ့ပြန်တွေ့မလား ... ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ကြဖို့တိုက်တွန်းပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : ...
movie
Tainted Love ( 2023 )
6.2
The Woman in the Storm ( 2023 )
မိသားစုတော်တော်များများမှာ အိမ်တွင်းဒုက္ခတွေကိုအပြင်ကိုထုတ်မပြောတတ်ကြဘူး။ ရွှီမင်ဟာ အလုပ်အကိုင် ရုပ်ရည်အားလုံးပြည့်စုံတဲ့မိန်းမတစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာထုတ်ပြောဖို့ခက်တဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်။ ထိန်းချုပ်လိုစိတ် ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကွဲခြင်းဟာ ရှက်စရာလို့ယူဆတဲ့ အာရှနိုင်ငံသားတစ်ယောက်အနေနဲ့မလွယ်ကူတဲ့အပြင် ငယ်ရွယ်သေးတဲ့ကလေးတွေလဲရှိသေးတာကြောင့် ပတ်ဝန်းကျင်ဖိအားတွေ အိမ်တွင်းဖိအားတွေ အဘက်ဘက်ကနေခံစားနေရပါတယ်။အဲဒီအချိန်မှာ ရှေ့နေလိုင်စင်ရခါစ ရှေ့နေပေါက်စမလေးဟာ စာနာစိတ်ကိုအရင်းခံပြီးသူ့ကိုကူညီခဲ့ပါတယ်။ ကွာရှင်းခွင့်ရလိုက်ပေမယ့် ကလေးနှစ်ယောက်ကို တစ်ယောက်စီခွဲပြီး အုပ်ထိန်းခွင့်ရတဲ့အတွက် ပြဿနာတွေဟာပြီးမသွားပါဘူး။ယောင်္ကျားဖြစ်သူက ဘယ်လိုတွေလိုက်တွယ်ကပ်ပြီး မိန်းမဖြစ်သူကိုဒုက္ခလိုက်ပေးနေမလဲ...... ကွာရှင်းထားတဲ့မိဘကြောင့် ခွဲနေရတဲ့သနားစရာ ကလေးတွေကိုပါ ဘယ်လိုအသုံးချနေမလဲ...... လူတွေကိုအပေါ်ယံပဲကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့အကြောင်း အိမ်တွင်းအကြမ်းမှုဟာဘယ်လောက်ကြောက်ဖို့ ကောင်းကြောင်းကို ပညာပေးရိုက်ပြထားတာပဲဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ ပညာပေးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Family Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Woman in the Storm ( 2023 )
6
Five Hundred Miles ( 2023 )
ဘဝချင်းလဲကြမယ်ဆိုတဲ့အခါ မိသားစုတွေပါလဲရမယ်ဆိုရင် လဲနိုင်ပါ့မလား..... သာမန်ဘဝကနေရုန်းထွက်ပြီး မတူညီတဲ့ဘဝတစ်ခုနဲ့ ရှင်သန်ချင်တဲ့လူငယ်လေး လုရှောင်ကူ။လုရှောင်ကူကအသက်ကွာတဲ့မမကြီးကျင်းဟောင်ကို တိတ်တခိုးချစ်နေတဲ့လူတောမတိုးရဲတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။မမရဲ့ရည်းစားဖြစ်ချင်ပါတယ်လို့ ဆုတောင်းမိရာကနေ မမရဲ့ရည်းစားနဲ့လူချင်းလဲသွားတဲ့အခါ..... ရှောင်ကူအမြဲဖြစ်ချင်နေတဲ့ မတူညီတဲ့ဘဝတစ်ခုကိုရောက်သွားပြီး မိသားစုပါပြောင်းသွားတဲ့အခါ ဘယ်လိုရယ်စရာတွေဖြစ်လာမလဲ၊လူမှန်နေရာမှန်ပြန်ဖြစ်ဖို့ဘယ်လိုအလွဲလွဲအချော်ချော်နဲ့ ကြိုးစားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်မောရင်းကြည့်လိုက်ပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy, Family , Fantasy Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Five Hundred Miles ( 2023 )
5.9
Your World Without Me ( 2021 )
Your World Without Me ဆိုတဲ့ဇာတ်ကားလေးကတော့ တောသားလေးနဲ့ မြို့သူမလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်တစ်နေ့မှာ မြို့သူမလေး လော့ယောင်ကတောသားလေး အားပုနေတဲ့မြို့ငယ်လေးကို ခရီးထွက်ရင်ရောက်လာပါတယ်အားပုကမီးပုံပွဲတော်သွားမဲ့လမ်းတစ်ဝက်မှာလော့ယောင်နဲ့တွေ့ဆုံမိပြီး မြင်မြင်ချင်းမှာပဲ ချစ်မိသွားပါတော့တယ်ချစ်မိသွားတယ်ဆိုတဲ့အတိုင်း လော့ယောင်ကိုနေရာတကာလိုက်ကာကွယ်ပြီးကူညီတာပေါ့နော်ဒီလိုနဲ့ပဲ လော့ယောင်နဲ့အချိန်ကြာကြာတူတူရှိချင်လို့သူတို့မြို့ငယ်လေးကိုလည်ပတ်ဖို့ လမ်းညွှန်ခရီးထွက်ကြပါတယ်ဒီလိုနဲ့ပဲ သူတို့သစ်သားအိမ်လေးမှာ မသိစိတ်ကချစ်ခြင်းမေတ္တာလေးတွေပြင်းထန်သွားပြန်ရောခရီးထွက်လာတဲ့ဧည့်သည် လော့ယောင်လေးကသူမြို့လေးကိုပြန်ရတော့မဲ့အချိန်ကိုရောက်လာတော့အားပုကိုနှုတ်ဆက်ပြီး ထွက်သွားခဲ့ပါတယ်နောက်ပိုင်းမှာ အားပုကို လော့ယောင်ရှိတဲ့နေရာကိုလိုက်သွားပြီးသူတို့ ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် Quality : WEB-DL 1080p Format : mp4 Genres : Drama , Romance Duration : 96 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yunn Encoded by LK
movie
Your World Without Me ( 2021 )