Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhang Yixing
The Myth 2 : A Legend (2024)
ဂျက်ကီချန်းရဲ့ နာမည်ကျော် The Myth (2005) အဆက်အဖြစ် ထွက်ရှိလာတဲ့ တရုတ်ဇာတ်ကား A Legend (2024) ကတော့ ဒီနေ့ပဲ ရုပ်သံအကြည်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။The Myth ရဲ့အဆက်ဆိုပေမယ့် ဂျက်ကီချန်းရဲ့ဇာတ်ကောင်လောက်ပဲ ပထမကားရဲ့အဆက်အဖြစ် တူညီမှုရှိပြီးဇာတ်လမ်းကတော့ တခြားဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သွားခဲ့ပါပြီ။လက်ရှိခေတ်နဲ့ အတိတ်က ဟန်မင်းဆက်ခေတ်ကို အသွားအပြန်တင်ဆက်ထားတာတွေ့ရမှာပါ။ဟန်လူမျိုးတွေနဲ့ ရှုံနူလူမျိုးစုတွေရဲ့ ရာဇဝင်တိုက်ပွဲကို အခြေခံလို့ ချစ်ခြင်းဒဏ္ဍာရီ တစ်ပုဒ်ကို လွမ်းဆွေးဖွယ်တင်ဆက်ထားပါတယ်။ဂျက်ကီချန်းရဲ့ငယ်ရုပ်တွေ CGI တွေအများအပြားသုံးထားပြီး ဘယ်လောက်ထိ ဒဏ္ဍာရီဆန်မလဲဆိုတာကိုတော့....။ File size…(7.5 GB)/ (3.3 GB )/(1.7 GB) Quality….WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:09:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by CM Team
movie
The Myth 2 : A Legend (2024)
4K HEVC
5.6
Tale of the Night ( 2023 )
အခုတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ပေးမဲ့ရုပ်ရှင်ကတော့ တရုတ်နိုင်ငံက ချန်ရှားဆိုတဲ့ မြို့ကြီးတစ်မြို့ရဲ့ ညအချိန် စည်ကားသိုက်မြိုက်မှုတွေကို ပုံဖော်ထားတဲ့ Tale of The Night ဆိုတဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ချန်ရှားရဲ့ ထူးခြားလှတဲ့ ညတစ်ညမှာ ညဇီးကွက် ကျင်ဝေဝေက စာအုပ်ဆိုင်မှာ နောက်နေ့မနက်မှာ ဇာတိက ထွက်ခွါသွားတော့မဲ့ ဟယ်ရှီးရှီးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက် အတူတကွ ချန်ရှားညကို အလည်သွားဖို့ သဘောတူခဲ့ကြတယ်။တစ်ဖက်က ချန်ရှင်းကျစ်၊ လျန်ပေါင်ချီ၊ လောင်ရှဲ့တို့တစ်တွေဟာ ကစားကွင်းမှ ဝန်ထမ်းများဖြစ်ကြပါတယ်။ သူတို့က ညရှုခင်းကို ရှုစားရင်း အလုပ်လုပ်ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်နေကြတယ်။ညလယ်စာအဓိကရောင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင် အစ်မလိအတွက် ဒီညဟာ သူမရဲ့ နောက်ဆုံးအကြိမ် ခေါက်ဆွဲချက်ခြင်းဖြစ်ပါတယ်။ သူမက သူမတပည့်ကို စားသောက်ဆိုင်ကို ဆက်ခံခိုင်းဖို့ ဆုံးဖြတ်ထားခဲ့တယ်။Talk show ဖျော်ဖြေသူ ဟယ်အန့်ရဲ့ ဒီနေ့ည ဖျော်ဖြေပွဲမှ ာ အဖေဖြစ်သူက လာရောက် ကြည့်ရှုခဲ့တယ်။ သူ့ရဲ့ အလုပ်ကို မိသားစုက မထောက်ခံတဲ့အတွက် အမြဲတမ်းရန်ဖြစ်နေရတယ်။ ဒါပေမဲ့ မိဘရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာနဲ့ ...
movie
Tale of the Night ( 2023 )
5.9
My Youth And I ( 2023 )
Exo Lay ၊Wang Yibo ၊Zhou Yu Tongတို့အဓိကသရုပ်ဆောင်ထားပြီး နာမည်ကြီးသရုပ်ဆောင်ကောင်းတွေအများကြီးအားဖြည့်ပါဝင်ထားတဲ့ လူငယ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို အပိုင်း(၃)ပိုင်းခွဲပြီးတင်ဆက်ထားပါတယ်။၁၉၃၈ခုနှစ် တရုတ်ပြည်ရဲ့အငတ်ဘေးဒုက္ခကိုဖြေရှင်းဖို့အတွက် ရာသီဥတုအလွန်အေးတဲ့မြောက်ပိုင်းခယောင်းမြေကိုထွန်ယက်ဖို့ ကြိုးစားတဲ့လူငယ်လေးတွေအကြောင်း၁၉၉၃ခုနှစ်အခြေခံထားပြီး ဂီတဆရာလေးတစ်ယောက်ဟာ ရွာသူရွာသားတွေကိုသီချင်းဆိုသင်ပေးရင်း ဂီတနဲ့အကကိုပေါင်းစပ်ခဲ့ပြီး ဆရာနဲ့တပည့်တွေကြားကဆက်ဆံရေးကိုတက်ဆက်ပြခဲ့ပြီး ဝေးလံခေါင်သီတဲ့နယ်တို့ကို ယဉ်ကျေးမှုပြန့်ပွားအောင်ကြိုးစားခဲ့ပုံ၂၀၁၈ခုနှစ်မှာ ကွန်မြူနစ်လူငယ်အဖွဲ့အစည်းကနေပြီး ဆင်းရဲတဲ့မိသားစုတွေကိုပညာရေးပံ့ပိုးမှုနဲ့ အလုပ်အကိုင် အကူအညီတွေပေးပြီး ဆင်းရဲတွင်းမှလွတ်မြောက်အောင်ကူညီပေးကြပုံစတဲ့ တရုတ်လူငယ်တွေရဲ့ခေတ်အဆက်ဆက်ဆင့်ကမ်းလာတဲ့ နွေးထွေးမှုနဲ့အင်အားတွေကိုတင်ဆက်ပြသွားတာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
My Youth And I ( 2023 )
6.4
The Island (2018)
ဒီဇာတ်ကားအကြောင်းကိုပြောရမယ်ဆို ရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေမယ်လို့တွေးမိပါတယ် ဘာလို့များလဲ ကျွန်တော်လဲလူသားတစ်ယောက်ပဲကိုး.. ကျွန်တော်တို့လူသားတွေက ဂုဏ်တွေ ပညာတွေနဲ့ စောင့်ထိန်းရမယ့် စည်းကမ်းတွေနဲ့ဒီလောကကြီးထဲမှာနေထိုင်နေရတာမဟုတ်လား လူတိုင်းမှာ မကောငး်စိတ်ဆိုတာရှိစမြဲပဲလေ အဲ့လိုမကောငး်တဲ့စိတ်ကိုပဲ အသိပညာနဲ့ စည်းမျဉ်းတွေကထိန်းချုပ်ထားတာမဟုတ်လား လူတွေရဲ့မကောင်းတဲ့စိတ်ဆိုတာဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ အတ္တ မာနနဲ့ အကောက်ကြံမှုတွေကဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ ရှင်းပါတယ် စိတ်ကွယ်ရာအရပ် သို့မဟုတ် ဥပဒေကင်းလွတ်တဲ့အရပ်မှာဘွင်းဘွင်းကြီးထွက်ပေါ်လာတတ်တယ်မဟုတ်လား ဒီဇာတ်ကားကလဲဒီသဘာဝကို အထင်းသားမြင်ရအောင်ရိုက်ပြထားပါတယ် .. ဇာတ်ကားစစချင်းမှာ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကိုနှစ်ပတ်လည်အနေနဲ့ ပင်လယ်ကမ်းခြေကိုအလည်အပတ်ပို့ပေးပါတယ် ကမ္ဘာ့အပြင်ဘက်ကဥက္ကာခဲအန္တရာယ်ကိုလျစ်လျူရှုပြီး ပင်လယ်ထဲအလည်အပတ်ထွက်လာတဲ့သူတို့ဟာ ဥက္ကာခဲကြောင့်ဆူနာမီနဲ့ရင်ဆိုင်ခဲ့ရပြီး ကျွန်းတစ်ကျွန်းပေါ်သောင်တင်ခဲ့ပါတော့တယ် သူတို့နဲ့အတူ ပရော်ဖက်ဆာ တစ်ယောက်ကပါဝင်ခဲ့ပြီးပရော်ဖက်ဆာရဲ့တွက်ချက်မှုက လောကကြီးတစ်ခုလုံး ဥက္ကာခဲကြောင့်ပျက်သုဉ်းသွားပြီး ရှင်ကျန်သူဆိုလို့သူတို့သာကျန်တော့ကြောင်းအဖြေထွက်လာပါတော့တယ် ဒီတော့.. စည်းလုံးမှုတွေလဲပြိုကွဲ နောက်ဆုံးကျန်ခဲ့တဲ့လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်နေရာကိုလဲလိုချင်တပ်မက်လာတဲ့အခါ.. မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရဲ့ပကတိမျက်နှာဟာ ထိုကျွန်းပေါ်မှာပေါ်ပေါက်လာပါတော့တယ်.. အတ္တတွေ တပ်မက်မှုတွေနဲ့ လူတစ်စုကျွန်းပေါ်မှာဘယ် လိုအသက်ရှင်သွားမလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ပါ.. ဒီဇတ်ကားကို Wai Zin က ဘာသာပြန်ပေးထားပြီး အညွှန်းကို လဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
The Island (2018)
2018