Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhang Mingming
5.8
Detective Dee : The Mystery of Humanoid Puppet ( 2024 )
Detective Dee ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ လူသားရုပ်သေးရုပ်အမှုဖြစ်ပါတယ်။ ဒီတစ်ခါတော့ စုံထောက်ကြီးဒီးနေရာမှာ ထိုင်ဝမ်မင်းသားချော Dylan Kuo ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိဖုရားခေါင်ကြီးရဲ့အပန်းဖြေနန်းဆောင်မှာ မီးအကြီးအကျယ်လောင်ရာကစတင်ပါတယ်။ မိဖုရားခေါင်ကြီးရဲ့ အပန်းဖြေနန်းဆောင်မီးလောင်တဲ့အတွက် ဒါကမိဖုရားခေါင်ကြီးကို ပစ်မှတ်ထားတာဖြစ်နိုင်တယ်ဆိုပြီးတော့ စုံထောက်ကြီးဒီးကို နန်းတွင်းကိုဆင့်ခေါ်ပြီး အမှုကိုစုံစမ်းခိုင်းပါတယ်။ မီးလောင်သွားတဲ့နန်းဆောင်မှာ အရွယ်ရောက်ပြီးသားလူအရွယ်အစားရှိတဲ့ သစ်သားရုပ်တစ်ရုပ်ကိုတွေ့ရပါတယ်။ ထူးခြားတာကတော့ သစ်သားရုပ်ရဲ့နောက်ကျောမှာ မိဖုရားခေါင်ကြီးရဲ့ဇာတာကိုထွင်းထားပြီး သစ်သားရုပ်ဟာသွေးထွက်တတ်နေတာပဲဖြစ်တယ်။ဒီဂန္ဘီရဆန်တဲ့ဖြစ်ရပ်တွေရဲ့ နောက်ကွယ်ကအမှန်တရားဟာဘာဖြစ်နေမလဲ။ စုံထောက်ကြီးဒီးရဲ့ထုံးစံအတိုင်း ရှေးခေတ်မှုခင်းဇာတ်လမ်းတွေကြိုက်တဲ့သူတွေ စိတ်မပျက်စေရတဲ့အပြင် အရည်အသွေးရှိတဲ့သရုပ်ဆောင်တွေပါဝင်ထားပြီးတော့ ပီပြင်တဲ့အက်ရှင်နဲ့ Effectsတွေနဲ့သေချာရိုက်ထားတာကြောင့် စိတ်ကျေနပ်စရာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Filesize : 913 MB / 559 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Mystery Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Detective Dee : The Mystery of Humanoid Puppet ( 2024 )
6.1
Shanghai Bund: The Righteous Way of the Wind and Cloud ( 2023 )
ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ Right Way ရုပ်ရှင်ကားဟာဆိုရင် 90's ခုနှစ်တွေအတွင်း တရုတ်ပြည်တွင်းကို ဂျပန်လူမျိုးတွေ ဘိန်းတွေမှောင်ခိုတင်သွင်းကြတဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် ။ရှန့်ဟိုင်မြို့မှာ သယ်ယူပို့ဆောင်ရေးဆိုင်ရာအချက်အခြာကျတဲ့ ဆိပ်ကမ်းတွေကို ခွဲဝေယူထားကြတဲ့ လူဆိုးဂိုဏ်းနှစ်ဂိုဏ်းရှိပြီး တစ်ဂိုဏ်းကိုတော့ ကျန့်ယိုတောက်လို့ခေါ်တဲ့ ခေါင်းဆောင်ကဦးဆောင်ပြီး နောက်တစ်ဂိုဏ်းကိုတော့ ချန်ထျန်းဝေလို့ခေါ်တဲ့ခေါင်းဆောင်ကဦးဆောင်ပါတယ် ။ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင်နှစ်ဦးကအမြဲတမ်းမတည့်ကြပါဘူး ။ မတည့်ရတဲ့အကြောင်းအရင်းကတော့ ကျန့်ယိုတောက်က မျိုးချစ်စိတ်အပြည့်ရှိသူဖြစ်ပြီးတော့ ပြည်တွင်းကို ဂျပန်တွေဘိန်းတွေ မှောင်ခိုကူးနေတာကို အလွန်ကိုမှ တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့သူတစ်ဦးဖြစ်ပြီး ချန်ထျန်းဝေကတော့သူနဲ့ပြောင်းပြန် ဂျပန်တွေဘိန်းမှောင်ခိုကူးတာကို ကူညီပေးနေလို့ပဲဖြစ်ပါတယ် ။ကျန့်ယိုတောက်တစ်ယောက် ဘိန်းမှောင်ခိုကူးတာကို ဘယ်လိုတားမြစ်မလဲ , အဲ့အချိန် တရုတ်အစိုးရကရော လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့သူ့ကိုကူညီပါ့မလား , ထိုခေတ်ထိုအခါက တရုတ်ပြည်တွင်းမှာ ဂျပန်တွေဘယ်လိုဆိုးယုတ်ခဲ့သလဲဆိုတာကို ဒရမ်မာဆန်ဆန် ၊ ဇာတ်လမ်းဇာတ်ကွက်အပြည့်အစုံ ၊ အက်ရှင်အလန်းစားတွေနဲ့ကြည့်ရမှာပဲဖြစ်ပါတယ် ။ဇာတ်လမ်းက ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဝါရင့်မင်းသားမင်းသမီးတွေနဲ့ရိုက်ထားတာမို့ မကောင်းမှာတော့မပူရဘူးဆိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှု့ပေးကြပါအုံးရှင် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 25 min Subtitle : Myanmar Subtitle ( ...
movie
Shanghai Bund: The Righteous Way of the Wind and Cloud ( 2023 )
6
The Whirlwind of Sword and Fairy ( 2022 )
"မသေမျိုးတွေနဲ့ နတ်ဆိုးတွေကြားထဲက မကျေအေးနိုင်သော အငြိုးတရားတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်"လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီလောက်က မသေမျိုးတွေ နဲ့ နတ်ဆိုးတွေအတွင်းမှာ အချင်းချင်းအပြိုင်အဆိုင် တိုက်ခိုက်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ် ရှန်းကျန့်ဂိုဏ်း (မသေမျိုးဓားဂိုဏ်း) က ဘိုးဘေးတွေ နဲ့ နတ်ဆိုးဂိုဏ်းရဲ့ခေါင်းဆောင် ဧကရာဇ်မင်းယိုတို့ဟာ ခုနှစ်ရက် ခုနှစ်ညတိုင်တိုင် သူသေ ကိုယ်သေ တိုက်ပွဲဝင်ခဲ့ကြပြီးတဲ့နောက်မှာတော့ နတ်ဆိုးဘုရင် ဧကရာဇ်မင်းယိုဟာ မရှုမလှနဲ့ အရှူံးဒဏ်ကို ခံစားလိုက်ရပါတော့တယ်အဲဒီနောက် နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာပဲ ကျန်းကျီလင်ဟာ ရှန်းကျန့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်လာခဲ့ပါတယ် နတ်ဆိုးဘုရင်ကို ချေမှုန်းနိုင်တဲ့ ဇီချင်းဓားနှစ်သွယ်ဟာလဲ တစ်ဖန်ပြန်ပြီး အသက်ဝင်လာခဲ့သလို နတ်ဆိုးဘုရင်ဟာလဲ တစ်ဖန်ပြန်ပြီး ထွက်ပေါ်လို့လာခဲ့ပါတော့တယ်နတ်ဆိုးဘုရင်ပြန်လည်ပေါ်ထွက်လာတာနဲ့အတူ ရွာထဲကမိန်းမပျိုလေးတွေကလဲ ထူးထူးခြားခြား ပျောက်ဆုံးလို့ လာခဲ့ပါတော့တယ် နတ်ဆိုးတွေကိုသတ်ပြီး လောကကြီးကိုကယ်တင်ဖို့ ရှန်းကျန့်ဂိုဏ်းက ထျန်းကန်းပေသို ဆိုတဲ့ ဓားသိုင်းအဖွဲ့ကို တည်ထောင်ခဲ့ပါတော့တယ်ကဲ...ဒါဆိုရင် သူတို့ရှန်းကျန့်ဂိုဏ်း(မသေမျိုးဓားဂိုဏ်း) ကရော အပြစ်မဲ့တဲ့ ပြည်သူတွေအတွက် နတ်ဆိုးဘုရင်ကို ဘယ်လိုတွေပြန်ပြီးလက်စားချေကြမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Fantasy Runtime : 1h 22 min Subtitle : Myanmar ...
movie
The Whirlwind of Sword and Fairy ( 2022 )