Channel Myanmar

Zhang Haiyu

Tiger Robbers ( 2021 ) 5.3
Tiger Robbers ( 2021 ) Tiger robbers တဲ့ ကျားပြန်ပေးဆွဲကြသူများပေါ့... ဒီဇာတ်လမ်းလေးက နည်းနည်းတော့ ရိုးရှင်းတယ် ဒါပေမယ့် နက်နဲတယ် ရှုပ်ထွေးတယ်။ အကျဉ်းနည်းနည်းပြောပြရရင် အများနဲ့မတူ တစ်မူထူးနေတဲ့ ဂေါက်သီး ၃ ယောက်က ပေါင်းပြီး ပိုင်ရှင်မဲ့တိရစ္ဆာန်လေးတွေကို ကယ်တင်ပြီး ပိုင်ရှင်ပြန်လာတဲ့အထိ စောင့်ပေးတယ်။ ပိုင်ရှင်ပြန်မပေါ်လာရင်လည်း ပိုင်ရှင်လိုက်ရှာပေးတယ်။ဒီဂေါက်သီး ၃ ယောက်အကြောင်းပြောရမယ်ဆိုရင် မကောင်းတဲ့သူတွေလက်ထဲက ဘာမဆို ခဏလေးနဲ့ ခိုးတတ်တဲ့ ခေတ်သစ်ရော်ဘင်ဟုဒ်ရယ် အိုင်းစတိုင်းကို အားကျပြီး ပေါက်ကရတီထွင်နေတဲ့ ဦးထုပ်ဆန်းဆန်းဝတ်တတ်တတဲ့ ကိုတီထွင်ကြီးရယ်၊ ယောက်ျားတွေတောင်အရှုံးပေးရလောက်တဲ့ အကြည့်တစ်ချက်နဲ့ အလိမ်အညာစကားအကုန် မှန်းနိုင်တဲ့ ကုတုံးဆံပင်ပေါက် မမရယ်ပေါ့။တစ်နေ့ သူတို့က သူတို့ထက်ပိုဂေါက်တဲ့ သမီးပျောက်ရှာနေတဲ့ အမျိုးသမီးတစ်ယောက်ကို ရှာတွေ့တော့တယ်။ ဇာတ်လမ်းက အဲ့ဒီမှာစတော့တာပဲ။ သမီးပျောက်လိုက်ရှာတဲ့အမျိုးသမီးရဲ့ သမီးက လူမဟုတ်ဘဲ ကျားဖြစ်နေတဲ့အခါကြတော့ ရဲတိုင်လို့လည်းမရ။ အလွတ်တန်းစုံထောက်တွေအပ်တော့လည်း ငွေလိမ်ပြီးပြေးကြတာပဲ။ဒီဂေါက်သီး ၃ ယောက်ကတော့ ငွေလည်းလိမ်မပြေးသလို သေချာလည်း ရှာပေးပါတယ်။ တစ်ခုပဲ... ဂေါက်သီး ၃ ယောက်ရယ် ဂေါက်သီးမလေးရယ်ပေါင်းပြီးလိုက်ရှာတော့ အလွဲလေးတွေရှိတာပေါ့။ ကြားထဲ ကျားသမီးလေးကို ခိုးသွားတဲ့တစ်ဖက်ကလည်း ဂေါက်သီးကြီးဆိုတော့ ဇာတ်လမ်းလေးက ရယ်မဆုံးဖြစ်နေပါတော့တယ် စိတ်ပြေလက်ပျောက်ကြည့်ဖို့အတွက်သင့်တော်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် Filesize : 1.71 ...
movie

Tiger Robbers ( 2021 )

The Victims ( 2024 ) 6
The Victims ( 2024 ) ဒီတစ်ခါမှာတော့ မှုခင်းဇာတ်ကားကောင်းကောင်းကြည့်ချင်နေကြတဲ့ ပရိတ်သတ်ကြီးအတွက် The Victim ဆိုတဲ့ မှုခင်းဇာတ်ကားကောင်းလေးကို CM ကနေတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ - ဟွမ်ချွဲ့ဗီလာစားသောက်ဆိုင်မှာ အားလုံးဘောလုံးပွဲကြည့်နေကြတုန်းမှာ ဆိုင်ရှေ့မှာရပ်ထားတဲ့ကားက alarm မြည်တာမလို့ မန်နေဂျာမာဆိုတဲ့သူကသွားကြည့်ခဲ့ပါတယ် ။ အဲဒီအချက်ပေးသံထမြည်တဲ့ကားထဲမှာ အမျိုးသမီးတစ်ယောက် သေနေရာကနေ ဒီဇာတ်လမ်းလေးစခဲ့ပါတယ် ။မန်နေဂျာမာရဲတိုင်ပြီးပြီးချင်းမှာ ရဲတွေရောက်လာပြီး စစ်ဆေးကြရာမှာ သေဆုံးသူက ကာရာအိုကေဆိုင်က ကွမ်းရှို့ယင်းဆိုတဲ့အမျိုးသမီးဖြစ်ပြီး သေဆုံးပုံကလည်း ‌လည်ပင်းအညှစ်ခံထားရတဲ့အပြင် ဓားနဲ့ပါအထိုးခံထားရပါတယ် ။အဲဒီထူးဆန်းတဲ့‌လူသတ်မှုကို ရဲတွေစုံစမ်းဖို့လုပ်ပေမဲ့ ဟွမ်ချွဲ့ဗီလာက CCTV မရှိတဲ့အပြင် လူသွားလူလာပြတ်တဲ့နေရာဖြစ်နေချိန်မှာတော့...ကွမ်းရှို့ယွမ်ကိုသတ်တဲ့သူကဘယ်သူဖြစ်မလဲ ? ရဲတွေသံသယရှိနေတဲ့သူနဲ့ တကယ့်တရားခံအစစ်ကရောတူညီနိုင်ပါ့မလား ? ဆိုတာကို ဇာတ်လမ်းထဲမှာ အလှည့်အပြောင်းများစွာနဲ့ စိတ်ဝင်စွားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded ...
movie

The Victims ( 2024 )

One and Only ( 2023 ) 7.0
One and Only ( 2023 ) CM ပရိသတ်ကြီးတွေကို ဉာဏ်ကွန့်မြူးလို့ကောင်းတဲ့ လူငယ်ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်တယ်။ နာမည်ကတော့ One and Only ဖြစ်ပြီးတော့ ဒီနှစ်မှ ရုံတင်ခဲ့တဲ့ ဇာတ်ကားပါ။ ဒီကားထဲမှာဆိုရင် အဓိက သရုပ်ဆောင်တွေအနေနဲ့ စီနီယာဟွမ်ပေါ်နဲ့ နာမည်ကြီးတရုတ်မင်းသား ဝမ်ရိပေါ်တို့က တင်းလေ့နဲ့ ချန်ရှိုးတို့အဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ တင်းလေ့က ချန်ရှိုးကို တွေ့ရာကနေ စပါတယ်။ ချန်ရှိုးက လူငယ်အကသမားဖြစ်ပြီးတော့ အိပ်မက်တွေနောက်ကို လိုက်နေတဲ့ကောင်လေးပါ။ တစ်နေ့မှာ သူက တင်းလေ့ရဲ့ အကအဖွဲ့ထဲ ဝင်ခွင့်ရသွားတဲ့အခါ မတူညီတဲ့ အရည်အချင်းအမျိုးမျိုးရှိတဲ့ အကကျွမ်းကျင်သူတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ချန်ရှိုးအနေနဲ့ အကပြိုင်ပွဲတွေမှာ ပါဝင်ချင်တာက တစ်ဘဝစာအိပ်မက်လိုမျိုးဖြစ်ခဲ့ပြီးတော့ အဲဒီအတွက် ကြိုးစားရာမှာ သူ မျှော်လင့်သလို မချောမွေ့ခဲ့ပါဘူး။ မိသားစုနဲ့ အိပ်မက်တွေကြားမှာ ရောက်နေရတဲ့အခါ သူ့အနေနဲ့ ဘာကို ရွေးချယ်မလဲ၊ အိပ်မက်တွေနောက် လိုက်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဟောဒီ One and Only ရုပ်ရှင်ထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်။မြူးကြွကြွ ကကွက်တွေကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် လူငယ်တစ်ယောက်ရဲ့ ရုန်းကန်လှုပ်ရှားပုံတွေကို တွေ့မြင်ရမှာဖြစ်တဲ့အတွက် inspiration ယူလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာမလို့ အားလုံးကြည့်ရှုကြဖို့ recommend ပေးပါတယ်နော်။ Quality ...
movie

One and Only ( 2023 )