Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhang Fengjun
5.8
The Legend of Shushan ( 2024 )
လျောက်ပုဖန်ဆိုတဲ့ကောင်လေးဟာ သူ့အသံကြားတာနဲ့ လူတိုင်းက ကံဆိုးကြတဲ့အတွက် ဝေးဝေးကရှောင်ရတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဘေးမှာ ဘယ်သူမှမရှိတဲ့အတွက် အထီးကျန်နေတဲ့ လျောက်ပုဖန်ဟာ ရှူရှန်းတောင်မှာ အစွမ်းပညာကျင့်ကြံဖို့ ဆရာရှာဖို့ ထွက်လာခဲ့ပါတယ်။ရှူရှန်းတောင်ပေါ်မှာ တပည့်ယောကျာ်းလေးတွေပဲရှိတဲ့ရှင်းရှို့ဂိုဏ်းနဲ့ တပည့်မိန်းကလေးတွေပဲ ရှိတဲ့ ရွှမ်ယင်းဂိုဏ်း ၂ ဂိုဏ်းရှိပါတယ်။ ဂိုဏ်းချုပ် ၂ ယောက်ဟာ အတိတ်က ရန်ငြိုးတွေကြောင့် တပည့်တွေလည်း မတည့်ဖြစ်နေပါတယ်။ ရှင်းရှို့ဂိုဏ်းချုပ်ရဲ့ တွက်ချက်မှုအရ လျောက်ပုဖန်ဟာ မိစ္ဆာလောင်းရဲ့ ခန္ဓာဖြစ်ပြီး သွေးလထွက်တဲ့ ညမှာ မိစ္ဆာကြီး ဖြစ်သွားနိုင်တယ်တဲ့။မိစ္ဆာမဖြစ်အောင် ဖြေရှင်းဖို့ နည်းလမ်းကတော့ ချစ်ရသူကို ရှာတွေ့ဖို့ဖြစ်ပြီး ချစ်ရသူရဲ့ ကိုယ်ပေါ်မှာ မှဲ့ကြီးတစ်လုံး ပါကြောင်း သိခဲ့ရပါတယ်။ ချစ်ရသူကို ရှာဖို့အတွက် ရှင်းရှို့ဂိုဏ်းက ဆရာတပည့်တွေ ဘယ်လို ဟာသမျိုးတွေ လုပ်ခဲ့သလဲ...... လျောက်ပုဖန်ကို ကယ်တင်ပေးနိုင်မဲ့ ချစ်ရသူကရော ဘယ်သူ ဖြစ်နေမလဲ...... ဆိုတာကို သိရအောင် ရုပ်ရှင်ကိုပဲဆက်ကြည့်လိုက်ရအောင်နော်။ Filesize : 1.3 GB / 702 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres ...
movie
The Legend of Shushan ( 2024 )
6.1
Detective Dee and The Burning Sky ( 2020 )
ဒီတစ်ခါ CM ကနေမိတ်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ detective Dee ရှေးဟောင်းစုံထောက် movie လေးဖြစ်ပါတယ်အေဒီ ၆၉၆ခုနှစ် ဝူကျယ်ထျန်းအုပ်စိုးစဉ်ကာလမှာ လူရိုင်းတပ်သားတွေက ဝေ့ကျိုးမြို့ကိုတိုက်ခိုက်စဥ် အဲ့ဒီမြို့ဟာ စစ်ဘေးနှင့် ရောဂါကပ်ဘေးကိုကြုံတွေ့ရတယ်။ ဒီးရန်ကျယ်ဟာ မင်းအမိန့်ဖြင့် ဝေ့ကျိုးမြို့ကို အုပ်ချုပ်ရေးမှူးအဖြစ် ရောက်လာတုန်းအခိုက်မှာ လူသတ်သမားတိုက်ခိုက်ခံရတယ်။ဝေ့ကျိုးမြို့ရဲ့အရင်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ တူကူစစ်ကျွမ်းဟာ အံ့ဩဖွယ် အဆိပ်သင့်ပြီးသေဆုံးနေပြီး ယင်းအမှုဟာ ဒီးရန်ကျယ် ရောက်ရှိလာမှုနဲ့ ပတ်သက်နေမလား။ တပ်သား၅၀၀ သေဆုံးမှုနှင့် ငွေစ၅သိန်းပျောက်ဆုံးတဲ့ ထူးဆန်တဲ့ဖြစ်ရပ်ကို ဒီးရန်ကျယ်ကဘယ်လို ပြောင်မြောက်တဲ့နည်းလမ်းနဲ့ဖြေရှင်းမလဲ။ ဒီးရန်ကျယ်ဟာ ဤပဟေဠိဆန်တဲ့ဖြစ်ရပ်တွေကြား အမှန်တရားတွေဖော်ထုတ်နိုင်မလားဆိုတာ CMကနေ အားပေးစောင့်မျှော်ကြည့်ရှုကြပါရှင့် [ Reviewed By Mei Mei ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Mystery Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by ...
movie
Detective Dee and The Burning Sky ( 2020 )
5.9
The Magic Lotus Lantern ( 2021 )
“ထူးခြားဆန်းပြားလှတဲ့ စစ်နတ်ဘုရား သူရဲကောင်း လူငယ်လေးတစ်ယောက်အကြောင်းကို ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...!”နတ်ဘုရားနဲ့ နတ်ဆိုးတွေ အားပြိုင်နေစဥ် အချိန်ကာလ..., လောကကြီးကို စောင့်ရှောက်နေတဲ့ ကြာပန်းမီးအိမ်အခိုးခံလိုက်ရတဲ့အချိန်မှာတော့ ယန်ကျန်းဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ မီးအိမ်ကိုပြန်လည်ရှာဖွေဖို့အတွက် လူ့ဘုံလောကနယ်ပယ်ကို ရောက်ရှိလို့လာခဲ့ပါတော့တယ် မီးအိမ်ရှာဖွေရေးလမ်းစဥ်မှာ မိန်းမငယ်တစ်ဦးနဲ့တွေ့ဆုံပြီး ချစ်ကြွမ်းဝင်ခဲ့ကြပါတယ် အဲဒီနောက်မှာတော့ ဘုံခြောက်ဘုံကိုအုပ်စိုးစီးနင်းဖို့ကြံစည်နေတဲ့ နတ်ဆိုးအရှင်ကို နှိမ်နင်းဖို့ နှစ်ဦးသား အတူတူကြိုးစားခဲ့ကြတဲ့အခါမှာတော့ -❐ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ? ဆိုတာ ဆက်ပြီးတော့ ကြည့်ရှုလိုက်ရအောင်လားရှင်ဒီဇာတ်ကားလေးဟာဆိုရင် ရှေးခေတ်တရုတ်ပြည်ရဲ့ ဒဏ္ဍာရီတော်တော်များများကို ထည့်သွင်းအသုံးပြုထားတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် လူတွေရယ် ပြီးတော့ သမိုင်းဝင်ဖြစ်ရပ်တွေရယ်ဟာဆိုရင် အရှေ့တိုင်းစိတ်ကူးယဥ်အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ အရမ်းကိုမှကြီးမားလှတဲ့ မြင်ကွင်းကြီးတစ်ခုကိုဖန်တီးပေးထားသလိုပါပဲ ဒီဇာတ်လမ်းတစ်ခုလုံးမှာလဲ ကြာပန်းမီးအိမ်ရဲ့ သဲလွန်စနဲ့အခြေခံထားပြီးတော့ ချန်ရှန်းခေတ်ကို ပြန်လည်အသက်သွင်းထားတာဆိုရင်လဲဟုတ်ပါတယ် လူငယ်တစ်ယောက်ဖြစ်သူ ယန်ကျန်းရဲ့ ဘဝ အတတ်အကျတွေကို အခြေခံယူထားပြီးတော့ သူကြုံတွေ့ခဲ့ရတဲ့ တွေ့ကြုံမှုတွေ အနိမ့်ဆုံးကိုကျရောက်နေပေမဲ့လဲ မရပ်တမ်းရှေ့ဆက်သွားပုံတွေ အစရှိတာတွေကိုပါ မီးမောင်းထိုးပြထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ စိတ်အားထက်သန်လှတဲ့ သူရဲကောင်းတစ်ယောက်ဟာ ရှုပ်ထွေးလှတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဒွန့်တွဲနေတယ်ဆိုတာတွေကိုလဲ တွေ့မြင်ရပြီးတော့ ရသမျိုးစုံ ပေးစွမ်းထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ ကြည့်ရတာ တကယ်ကိုတန်နေစေမှာပါ အဲဒါကြောင့် အခုပဲကြည့်ရှုလိုက်ရအောင်ပါနော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : ...
movie
The Magic Lotus Lantern ( 2021 )