Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zbigniew Zamachowski
6.1
Treasure (2023)
ဒီရုပ်ရှင်လေးကတော့ ဖြစ်ရပ်မှန်ပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ Edek Rothwax ကဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တွေရဲ့ နာမည်ကြီးအော့ခ်ျဝစ် အကျဉ်းထောင်ကနေ မသေလို့ ကံကောင်းထောက်မပြီး လွတ်လာခဲ့တယ်။သူဟာ အမေရိကန်မှာအခြေချပြီး ဘဝကို စိတ်ဒဏ်ရာတွေနဲ့နေထိုင်ခဲ့ကာသမီးလေးတစ်ယောက်ထွန်းကားခဲ့တယ်။သမီးဖြစ်သူ Ruth က ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ သူမ အဖေရဲ့ မွေးရပ်မြေ ပိုလန်နိုင်ငံကသူမအဖေ အမေတို့ရဲ့ ရှင်သန်ကြီးပျင်းခဲ့ရာနေရာကို သွားလည်ဖို့ဆုံးဖြတ်ခဲ့တယ်။ဒီလိုနဲ့ အဖေ နဲ့ သမီးတို့ နှစ်ယောက်သား ပိုလန်ခရီးစဉ်စတင်ခဲ့ပါတယ်။ဒီ ဇာတ်ကားလေးမှာတော့ ဂျာမန်လူသတ်စခန်းဆီက ရခဲ့တဲ့စိတ်ဒဏ်ရာတွေ၊ ပိုလန်နိုင်ငံရဲ့ မှိုင်းပျခြောက်ကပ်တဲ့ ခံစားချက်တွေနဲ့ အဖေနဲ့သမီးရဲ့ကြားက ချစ်ခြင်းမေတ္တာ၊ ဆက်ဆံရေးတွေကိုခံစားရှုစားကြရမှာပါ။ဇာတ်လမ်းဇာတ်ကွက်က အေးအေးဆေးဆေးလေးပဲသွားထားပြီးစိတ်ထဲ တွေးရင်းတောရင်းနဲ့ သူတို့နှစ်ယောက်ရဲ့ ခရီးစဉ်လေးထဲစီးမျောလိုက်ရအောင်လားခင်ဗျာ။ File size…1.61GB / 889MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Treasure (2023)
7.0
Jack Strong (2014)
ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကိုရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာအရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့သူ့မိသားစုရဲ့လုံခြုံရေးအတွက် "Jack Strong" ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီးအမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာတရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 2.1 GB / 895 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre ..... Thriller , Action Subtitle…. Myanmar Subtitle (Hard ...
movie
Jack Strong (2014)
2014
7.6
Gods (2014)
ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးကို ဆေးလောကနဲ့ သက်ဆိုင်တဲ့ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Bogowie ပါ။2014 ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 7.6 နဲ့Rotten tomatoes မှာ rating 82% ရထားတဲ့ဇာတ်ကားဖြစ်သလို ပိုလန်နိုင်ငံက ချီးမြှင့်တဲ့ရုပ်ရှင်ဆုတွေအများကြီး ဆွတ်ခူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပိုလန်နိုင်ငံမှာ ပထမဆုံး နှလုံးအစားထိုးကုသမှုကို ဦးစီးဆောင်ရွက်ခဲ့တဲ့ဒေါက်တာရလီဂါအကြောင်းကို ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းပြောပြရရင် ဒေါက်တာရလီဂါဟာနှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ ခွဲစိတ်မှုများစွာလုပ်ဆောင်ရသလို ခွဲစိတ်မှုမအောင်မြင်ဘဲဆုံးပါးသွားရသူတွေလည်း အများကြီးပါ။ဒေါက်တာရလီဂါဟာ လူတွေ နှလုံးရောဂါကြောင့်မသေကြစေဖို့အတွက် နှလုံးအစားထိုးကုသဖို့စိတ်ကူးကို အကောင်အထည် ဖော်ချင်ခဲ့တယ်။ဒါပေမဲ့ အထက်လူကြီးတွေက လက်အခံခဲ့ပါဘူး။နောက်တော့ ဒေါက်တာရလီဂါက သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့နှလုံးအစားထိုးကုသမှုကို ဆောင်ရွက်ဖို့ လုပ်လက်စ ဆေးရုံက နုတ်ထွက်ခဲ့ပြီးကိုယ်ပိုင်ဆေးရုံတစ်ခု ထောင်ခဲ့ပါတယ်။ဒါပေမဲ့လည်း ဘဝဆိုတာ ထင်သလို မလွယ်ကူတာမလို့ဒေါက်တာရလီဂါတစ်ယောက် ဆေးရုံကို ဦးစီးနိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊သူ နှလုံးအစားထိုးကုသမယ့် လူနာတွေကရော ...
movie
Gods (2014)
7.9
Three Colors: Blue (1993)
Three Colors: Blue (1993) Genre – Drama, Music, Mystery IMDB – 7.9/10ပထမဆုံးကားက အပြာ၊ သူ ကိုယ်စားပြုတာ လွတ်မြောက်မှု။ဇာတ်လမ်းလေးကလည်း ဂျူလီဆိုတဲ့ အိမ်ထောင်သည် ၃၀ ကျော်အမျိုးသမီးတစ်ယောက်က ကားမတော်မဆ ဖြစ်ပြီးယောက်ျားဖြစ်သူနဲ့ ၅ နှစ်အရွယ် သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်။အဲဒီမှာ သူဟာ လောကကြီးကို အဆက်သွယ်ဖြတ်ဖို့ရှိသမျှအကုန် ရောင်းချပြီး တစ်နေရာမှာ အပျောက်သွားနေထိုင်ရာကနေပတ်ဝန်းကျင်ကလူတွေကြောင့်ပဲ လွတ်မြောက်မှုကို ကိုယ်စားပြုတဲ့ဘဝအသစ်စတင်တာတွေ၊ ကတိကဝတ်တွေ ပူဆွေးမှုတွေအချစ်တွေ အမုန်းတွေက လွတ်မြောက်သွားတာတွေကိုအပြာဆိုတဲ့အတိုင်း အပြာရောင် Theme တို့ ပစ္စည်းတွေအရောင်တွေနဲ့ ပုံဖော်သွားခဲ့တဲ့ ဒရမ်ကားလေးပါ။မင်းသမီးနေရာကလည်း အော်စကာတစ်ခု ရရှိဖူးတဲ့ပြင်သစ်မင်းသမီးကြီး Juliette Binoche က အဲဒီခေတ်တုန်းကလှလှလေးနဲ့ ကောင်းကောင်းကြီး သရုပ်ဆောင်ထားတာပါ။ File size… 1.68 GB / 3.36 GB Quality… BluRay 1080p / 720p Format… ...
movie
Three Colors: Blue (1993)
1993
7.6
Three Colors: White (1994)
Three Colors: White (1994) Genre – Comedy, Drama, Romance IMDB – 7.6/10ဒုတိယကားကျ အဖြူရောင်၊ သူက ညီမှုမှုကို ကိုယ်စားပြုတာ။ ဒီဇာတ်လမ်းကျ မင်းသမီးဇာတ်မဟုတ်တော့ဘူး မင်းသားဇာတ် ဖြစ်သွားတယ်။ ပိုလန်နိုင်ငံသား ဆံပင်ပညာရှင် ကာရိုးလ်ဆိုတာ ပြင်သစ်နိုင်ငံသူ ချောချောလေးနဲ့ အိမ်ထောင်ကျထားတာ ဒါပေမဲ့ ၆ လလောက်ကြာတော့ မိန်းမဖြစ်သူက အသုံးမကျလို့ ကွာရှင်းလိုက်လို့ နိုင်ငံစွန့် အလုပ်စွန့်ပြီး ပြင်သစ်ကို တရားခွင်မှာ ကွာရှင်းဖို့ လိုက်လာတယ်။ ဒါပေမဲ့ မိန်းမက ဆုံးဖြတ်ချက် ပြတ်သားနေတဲ့အတွက် ပူးပေါင်းဖွင့်ထားတဲ့ လုပ်ငန်းလည်းရှုံး အဝတ်အိတ်တစ်ခုနဲ့ ပိုက်ဆံမရှိပဲ ပြင်သစ်မှာ ခွေးလုံးလုံး ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ မြေအောက်ဘူတာရုံထဲ ဖြစ်သလို ရှင်သန်နေရင်း ပိုလန်နိုင်ငံသားချင်းတူတဲ့ ဘဲကြီးတစ်ပွေနဲ့ တွေ့ပြီး အပြောင်းအလဲတွေဖြစ် မိန်းမဖြစ်သူကို ပြန်လိုက်ဖို့ ကြိုးစားရတာကို ကြည့်ရမှာပါ။ သူက ဘဲကြီးတလွဲတွေဖြစ်တာကို ပြထားပြီး ဟာသဆိုပေမဲ့လည်း ရယ်အားထက် ငိုအားသန်လေးတွေပါ ပြီးတော့ ညီမျှမှုကို ကိုယ်စားပြုတဲ့ဟာက နောက်ဆုံး ဇာတ်သိမ်းမှာ စပရိုက်စ် တိုက်သွားဦးမှာပါ။ ဒီကားထဲက မင်းသမီးနေရာကတော့ Before Trilogy ...
movie
Three Colors: White (1994)
1994
8.1
Three Colors: Red (1994)
Three Colors: Red (1994) Genre – Drama, Mystery, Romance IMDB – 8.1/10တတိယမြောက်နဲ့ နောက်ဆုံးကားကျ အနီရောင် သူကအသိုင်းအဝန်း သဟာဇာတ စိတ်ဓါတ်လိုမျိုးပေါ့။၃ကားထဲမှာ Rating အကြမ်းဆုံး နောက်ဆုံးကား အော်စကာတွေပါစကာတင်ဝင်ခဲ့တာ။ဒီမှာကျ မင်းသမီးဇာတ် ပြန်ဖြစ်သွားပြန်ရော တစ်ကားလုံး အနီရောင်ပစ္စည်းတွေထည့်သွင်းပြသသွားတာတော့ သဘောကျမိတယ်။ဗယ်လင်တင်းဆိုတဲ့ မော်ဒယ်မလေး ရှိတယ်ချစ်သူနဲ့ ဖုန်းတပြောပြော ချစ်သူရှိတဲ့ အင်္ဂလန်နောက်လိုက်ချင်နေတဲ့အပျိုမလေးပေါ့။တစ်ရက်ကျ ခွေးမလေးတစ်ကောင်ကို ကားနဲ့တိုက်မိရာကခွေးပိုင်ရှင် အငြိမ်းစား တရားသူကြီးဟောင်းကြီးနဲ့ ဆုံပါလေရော။ဆုံတဲ့အပြင် ဒီလူကြီးရဲ့ ထူးဆန်းတဲ့အကျင့်ကိုပါတွေ့သွားခဲ့တာ ဘာထူးဆန်းတာလဲဆိုတော့ဒီဘဲကြီးက ပတ်ဝန်းကျင်နားကလူတွေရဲ့ ဖုန်းလိုင်းကိုကြားကဖြတ်နားထောင် စပိုင်လုပ်နေတာပဲ။အဲဒီမှာ ဒီလူကြီးနဲ့ တွေ့ပြီး ဘာဆက်ဖြစ်ကြမလဲဆိုပြီးစိတ်ဝင်စားဖွယ် ရိုက်ထားတာ ကြည့်ရမှာ သူကျ။ဒီကားထဲမှာလည်း ချစ်စရာမော်ဒယ်မလေးအဖြစ်ဆွစ်ဇာလန်မင်းသမီး Irène Jacob က ကောင်းကောင်းသရုပ်ဆောင်ထားပါတယ်။ဇာတ်သိမ်းမှာလည်း ၃ ကားလုံး ကြည့်ထားတဲ့လူတွေကိုစပရိုက်စ် တိုက်သွားပါသေးတယ်လို့ ပြောရင်းဆွေးမြေ့ဝိုင်ဖြစ်တဲ့ ပြင်သစ်သုံးရောင်ခြယ်လေးကိုခံစားကြည့်လိုက်ရအောင်ဗျာ။File size… 2.47 GB ...
movie
Three Colors: Red (1994)
7.0
The Messenger(2019)
The Messenger(2019)*******************၁၉၃၉ ခုနှစ်မှာ နာဇီဂျာမဏီတွေဟာ ပိုလန်နိုင်ငံကို ကျူးကျော်စစ် စတင်ပြီး ဒုတိယကမ္ဘာစစ်မီးကိုမွေးခဲ့ပါတယ်။ ဒီဇာတ်ကားက အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်စပြီး ငါးနှစ်တာအကြာ ပိုလန်နိုင်ငံအခြေအနေကို ဇာတ်အိမ်တည်ထားတာပါ။ ပိုလန်သားတို့က တန်ပြန်တိုက်ခိုက်ခဲ့ကြပေမယ့် အင်အားကြီးတဲ့ဂျာမန်တွေကိုမယှဥ်နိုင်ခဲ့ပါဘူး။ ပိုလန်အစိုးရဟာလည်း နိုင်ငံတွင်းမှထွက်ပြေးခဲ့ရပြီး လန်ဒန်မှာအခြေစိုက်ကာ နယ်နှင်ခံအစိုးရဖြစ်ခဲ့ရပါတယ်။ နိုင်ငံတွင်းမှာ ပိုလန်စစ်တပ်အချို့ဟာ မြေအောက်အဖွဲ့အစည်းတွေအဖြစ်၊ အိမ်စောင့်စစ်တပ်အဖြစ်နဲ့တော်လှန်ပုန်ကန်ဖို့ အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။ အစိုးရနဲ့ စစ်တပ်ဟာ နိုင်ငံတွေခြားနေရတော့ အရေးတကြီးဆက်သွယ်ဖို့ဆိုရင် အထောက်တော်တွေလိုလာပါပြီ။ သာမန်ကိစ္စမျိုးဆိုကြေးနန်းနဲ့ဆက်သွယ်ရပေမယ့် အရေးကြီးသတင်းအချက်အလက်တွေပေးပို့ချင်ရင်အထောက်တော်တွေကသာ ဂျာမန်တွေသိမ်းထားတဲ့ နိုင်ငံတွင်းခိုးဝင်ခိုးထွက်နဲ့ ဆက်သွယ်ပေးရပါတယ်။ ပိုလန်ကို ဂျာမဏီတို့စကျူးကျော်ခဲ့စဥ်က ဆိုဗီယက်တွေ ဝင်မစွက်ဖက်စေဖို့ဆိုပြီးဂျာမဏီနဲ့ ဆိုဗီယက်က ပိုလန်နိုင်ငံကိုခွဲဝေယူကြမယ်ဆိုကာ တိုးတိုးတိတ်တိတ်သဘောတူထားကြပါသေးတယ်။ နောက်တော့ ဆိုဗီယက်တွေလည်း ပိုလန်ကိုကျူးကျော်လာရော ပိုလန်တို့ခမျာဘယ်သူ့ကိုအရင်တိုက်လို့တိုက်ရမယ်၊ ဘယ်သူ့ကိုအကူအညီတောင်းရမယ် မသိဖြစ်နေပါပြီ။ ဒီလိုအချိန်မှာ မဟာမိတ်တပ်ပေါင်းစုတွေကလည်း ပိုလန်ကို ကူညီဖို့ထက် အခြားစစ်မျက်နှာပြင်ကိုသာအာရုံများနေပါတယ်။ ဒီလို ကူရာကယ်ရာမဲ့နေတဲ့ ပိုလန်အိမ်စောင့်စစ်တပ်နဲ့ ပိုလန်နယ်နှင်ခံအစိုးရကြားအထောက်တော်တွေ ဘယ်လိုဆက်သွယ်ပေးခဲ့ရလဲ၊ ဒီရှုပ်ထွေးလွန်းတဲ့ နိုင်ငံရေး၊ စစ်ရေးကာလကနေ ပိုလန်တို့ ဘယ်လိုရုန်းထွက်တော်လှန်ခဲ့ကြလဲဆိုတာ မြင်တွေ့ရမယ့် စပိုင်ဆန်ဆန် အက်ရှင်ကားကောင်းတစ်ကားပါ....File Size :(1.6GB) and (802MB) Quality ...
movie
The Messenger(2019)
7.0
Proof of Life(2000)
Proof of Life(2000) အညွှန်း***********************ဒီဇာတ်ကားကတော့ အက်ရှင်ဇာတ်ကားတွေကို အရိုက်များတဲ့ ဒါရိုက်တာကြီး Taylor Hackord ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Russell Crowe, David Morse,Meg Ryan နဲ့ Pamela Reed တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။တယ်ရီသွန်း(Russell Crowe) ဟာ ပြန်ပေးဆွဲခြင်း ညှိနှိုင်းရေးသမားတစ်ဦးဖြစ်တယ်..သူဟာ ထူးချွန်တဲ့သူဆိုပေမဲ့ တစ်ခါတစ်ရံ ဓားစာခံအသက်ရှင်ရေးဦးစားပေးပြီးစီစဉ်ထားတဲ့အတိုင်းမလုပ်ဘဲ သူစိတ်ကူးပေါက်ရာလုပ်တတ်တဲ့အကျင့်ဆိုးတစ်ခုတော့ရှိတယ်..တောင်အမေရိကမှာ ရေကာတာဆောက်ချင်နေတဲ့ပီတာဘိုးမန်း(David Morse) ဟာ အကြမ်းဖက်အဖွဲ့ရဲ့ပြန်ပေးဆွဲခြင်းကို ခံခဲ့ရတယ်..အဲ့ဒီနောက်ပြန်ပေးဆွဲခြင်းညှိနှိုင်းရေးသမားဖြစ်သူ တယ်ရီသွန်း(Russell Crowe) တစ်ယောက်အန္တရယ်များလွန်းလှတဲ့အခြေအနေကြားထဲက ဘယ်လိုကယ်တင်သွားမလဲဆိုတာတွေကိုတော့....File Size : (3.0GB)(1.1GB) and (356MB) Quality : Blu-Ray1080p5.1ch ,720p Format…mp4 Duration…02:15:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie
Proof of Life(2000)
8.5
The Pianist (2002)
The Pianist ကိုမပြောခင် ဒီဇာတ်ကားရိုက်တဲ့ Director Roman Polanski အကြောင်းနည်းနည်းပြောအုန်းမယ်။ပိုလန်စကီးက Polish-French ဒါရိုက်တာတစ်ဦး။ သူဒီဇာတ်ကားကိုမရိုက်ခင် ရှေ့ဆယ်စုနှစ်တခုလောက်က Schindler's list ဆိုတဲ့ဇာတ်ကားကိုရိုက်ဖို့ အခွင့်အရေးရခဲ့သေးတယ်။ ဒါပေမဲ့ ဇာတ်လမ်းကိုသိသိချင်းမှာဘဲ အဲ့ဇာတ်ကားကိုရိုက်ဖို့ပယ်ချလိုက်တယ်။ဘာလို့လဲဆိုတော့ သူ့ငယ်ဘဝက trauma တွေကြောင့်၊ သူကိုယ်တိုင် ဂျာမန်တွေရဲ့ Ghetto ထဲမှာနေခဲ့ရတဲ့အတွေ့အကြုံ၊ အော့ဇ်ဝင့်ချ် ထဲမှာ သူ့အမေသေခဲ့တဲ့ အတွေ့အကြုံ၊ သူ့အသက်၁၀ နှစ်လောက်မှာဘဲ သူ့အဖေရော အမေရောအဖမ်းခံလိုက်ရတဲ့အပြင် နာဇီ SS စစ်သားတွေဟာ သူနေတဲ့ ကရာကိုးမြို့ကိုသိမ်းပီး ပိုလန်ရဲ့မြို့တော်အဖြစ်ပြောင်းလဲသိမ်းပိုက်လိုက်ရုံတင် မက၊ သူ့ရှေ့တင် ဂျူးတွေကို လမ်းပေါ်မှာ ကြက် ငှက်လို ပစ်သတ်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာဘဲဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒုတိယကမ္ဘာစစ်အခြေခံ နာဇီ-ဂျူး ဇာတ်လမ်းဖြစ်တဲ့ Schindler's List ကိုရိုက်ဖို့ လက်မခံခဲ့တာပါတဲ့လေ။ ဒါပေမဲ့ ၁၀ စုနှစ်တခုအကြာ2002 မှာတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ The ...
movie
The Pianist (2002)
2002
1080p HEVC
7.9
Three Colours: Blue (1993)
Three Colours: Blue (1993) IMDb - 7.9/10_____Rotten - 98% ကျွန်တော်တို့အားလုံးဟာတစ်ခါတစ်လေမှာတော့ တကယ့်လက်တွေ့ဘဝကနေထွက်ပြေးချင်နေမိကြပါတယ် ကျွန်တော်တို့လိုပဲဂျူလီဟာသူရဲ့လက်တွေ့ဘဝဖြစ်တဲ့ ပျက်စီးနေတဲ့မိသားစုဘဝကနေထွက်ပြေးနေခဲ့ပါတယ် သူ့တိုက်ခန်းထဲမှာပဲသူ့ကိုယ်သူပြန်ပိတ်ထားပြီး နာကျင်ခံစားလို့ရသမျှကိုသူတစ်ယောက်တည်းသာကြိတ်မှိတ်ပြီးခံစားချင်တာပါ ဒါပေမယ့်လူတွေနဲ့တော့သူမဟာလုံးဝမထိတွေ့၊မဆက်ဆံချင်တော့ပါဘူး အဲဒီလိုစိတ်ခံစားချက်တွေကိုဆန့်ကျင်နေတာကတော့ ပဲရစ်ရဲ့လမ်းသွယ်လေးတွေပဲဖြစ်ပါတယ် သိပ်မကြာခင်မှာပဲသူမဟာသူငယ်ချင်းဟောင်းဖြစ်သူအိုလီဗီယာနဲ့ ပြန်တွေ့မိရာကနေတကယ့်လက်တွေ့ဘဝကိုပြန်ရောက်လာမလား ဆက်ပြီးထွက်ပြေးနေမလားဆိုတာ... ကျွန်တော်တို့အားလုံးဟာတစ်ခါတစ်လေမှာတော့ တကယ့်လက်တွေ့ဘ၀ကနေထွက်ပြေးချင်နေမိကြပါတယ် ကျွန်တော်တို့လိုပဲဂျူလီဟာသူရဲ့လက်တွေ့ဘ၀ဖြစ်တဲ့ ပျက်စီးနေတဲ့မိသားစုဘ၀ကနေထွက်ပြေးနေခဲ့ပါတယ် သူ့တိုက်ခန်းထဲမှာပဲသူ့ကိုယ်သူပြန်ပိတ်ထားပြီး နာကျင်ခံစားလို့ရသမျှကိုသူတစ်ယောက်တည်းသာကြိတ်မှိတ်ပြီးခံစားချင်တာပါ ဒါပေမယ့်လူတွေနဲ့တော့သူမဟာလုံးဝမထိတွေ့၊မဆက်ဆံချင်တော့ပါဘူး အဲဒီလိုစိတ်ခံစားချက်တွေကိုဆန့်ကျင်နေတာကတော့ ပဲရစ်ရဲ့လမ်းသွယ်လေးတွေပဲဖြစ်ပါတယ် သိပ်မကြာခင်မှာပဲသူမဟာသူငယ်ချင်းဟောင်းဖြစ်သူအိုလီဗီယာနဲ့ ပြန်တွေ့မိရာကနေတကယ့်လက်တွေ့ဘ၀ကိုပြန်ရောက်လာမလား ဆက်ပြီးထွက်ပြေးနေမလားဆိုတာ... File Size : (1.3 GB) Quality : Blu-Ray 1080p Running Time : 1h 38min Format : Mp4 Genre : Drama, Music, Mystery Subtitle : Myanmar Subtitle (Hard Sub) Source : Bluray.1080p.x264-RSG Translated by Noe Encoded by sithu
movie
1993
7.6
Three Colours: White (1994) IMDb - 7.6/10_____Rotten - 87% ပြင်သစ်စကားမတတ်တဲ့ ကာရိုလ်ဆိုတဲ့ကောင်လေးနဲ့ ဒိုမနစ်လို့ခေါ်တဲ့ပြင်သစ်ကောင်မလေး ချစ်ကြိုက်မိကာ လက်ထပ်ကြဖို့အကြောင်းဖန်လာပါတယ် အလုပ်မရှိ လူရာမဝင် စကားသေချာမပြောတတ်တဲ့ ကာရိုလ်နဲ့ ရေရှည်မဖြစ်မှန်းသိတဲ့အခါမှာတော့ လက်ထပ်ပြီးခြောက်လအကြာမှာပဲ ကွာရှင်းဖို့ဖြစ်လာပါတယ် ကောင်လေးကိုတရားရုံးကဖြေရှင်းပေးပေမယ့် စကားမတတ် ရှေ့နေမရှိတော့ အမှုရှုံးပြီး ကိုယ့်ဌာနေကိုယ်ပြန်ခဲ့ရပါတယ် ဒီလိုနဲ့ သူကြိုးစားပြီး အရမ်းချမ်းသာလာတဲ့တနေ့မှာ ကောင်မလေးကိုဘယ်လိုပြန်ဆက်ဆံမလဲဆိုတာ... ပြင်သစ်စကားမတတ်တဲ့ ကာရိုလ်ဆိုတဲ့ကောင်လေးနဲ့ ဒိုမနစ်လို့ခေါ်တဲ့ပြင်သစ်ကောင်မလေး ချစ်ကြိုက်မိကာ လက်ထပ်ကြဖို့အကြောင်းဖန်လာပါတယ် အလုပ်မရှိ လူရာမ၀င် စကားသေချာမပြောတတ်တဲ့ ကာရိုလ်နဲ့ ရေရှည်မဖြစ်မှန်းသိတဲ့အခါမှာတော့ လက်ထပ်ပြီးခြောက်လအကြာမှာပဲ ကွာရှင်းဖို့ဖြစ်လာပါတယ် ကောင်လေးကိုတရားရုံးကဖြေရှင်းပေးပေမယ့် စကားမတတ် ရှေ့နေမရှိတော့ အမှုရှုံးပြီး ကိုယ့်ဌာနေကိုယ်ပြန်ခဲ့ရပါတယ် ဒီလိုနဲ့ သူကြိုးစားပြီး အရမ်းချမ်းသာလာတဲ့တနေ့မှာ ကောင်မလေးကိုဘယ်လိုပြန်ဆက်ဆံမလဲဆိုတာ... File Size : (1.2 GB) Quality : Blu-Ray 1080p Running Time : 1h 38min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : Bluray.1080p.x264-RSG Translated by Noe Encoded by sithu
movie
1994
8.1
Three Colours: Red (1994)
Three Colours: Red (1994) IMDb - 8.1/10_____Rotten - 100% အချိန်ပိုင်းမော်ဒယ်ကောင်မလေး ဗယ်လယ်တိုင်းဟာ မော်ဒယ်ဒိုင်အဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့လူနဲ့ အိမ်နီးနားချင်းအဖြစ်ကနေစတင်ရင်းနှီးလာပါတော့တယ် အဲ့နောက်မှာတော့မော်ဒယ်ဒိုင်ဟောင်းကနေခွေးလေးကိုလက်ဆောင်ပေးလိုက်တဲ့အခါမှာတော့ ဗယ်လယ်တိုင်းရဲ့ရည်းစားဟာသဝန်တိုပြီးအတင်းပြန်ပေးခိုင်းခဲ့ပါတယ် ဗယ်လယ်တိုင်းဟာခွေးကိုပြန်ပေးဖို့ထိုသူရဲ့အိမ်ကိုသွားတဲ့အခါမှာတော့အိမ်နီးနားချင်းတွေ ဖုန်းပြောတာကိုခိုးနားထောင်နေတဲ့မော်ဒယ်ဒိုင်ဟောင်းနဲ့ပက်ပင်းတိုးပါတော့တယ် ဗယ်လယ်တိုင်းဟာဒေါသထွက်ပြီးစကားနိုင်လုပြောရင်း ခပ်ကြောင်ကြောင်သံယောဇဉ်တစ်ခုကိုအတူရှာတွေ့သွားတဲ့အခါမှာတော့... အချိန်ပိုင်းမော်ဒယ်ကောင်မလေး ဗယ်လယ်တိုင်းဟာ မော်ဒယ်ဒိုင်အဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့လူနဲ့ အိမ်နီးနားချင်းအဖြစ်ကနေစတင်ရင်းနှီးလာပါတော့တယ် အဲ့နောက်မှာတော့မော်ဒယ်ဒိုင်ဟောင်းကနေခွေးလေးကိုလက်ဆောင်ပေးလိုက်တဲ့အခါမှာတော့ ဗယ်လယ်တိုင်းရဲ့ရည်းစားဟာသ၀န်တိုပြီးအတင်းပြန်ပေးခိုင်းခဲ့ပါတယ် ဗယ်လယ်တိုင်းဟာခွေးကိုပြန်ပေးဖို့ထိုသူရဲ့အိမ်ကိုသွားတဲ့အခါမှာတော့အိမ်နီးနားချင်းတွေ ဖုန်းပြောတာကိုခိုးနားထောင်နေတဲ့မော်ဒယ်ဒိုင်ဟောင်းနဲ့ပက်ပင်းတိုးပါတော့တယ် ဗယ်လယ်တိုင်းဟာဒေါသထွက်ပြီးစကားနိုင်လုပြောရင်း ခပ်ကြောင်ကြောင်သံယောဇဉ်တစ်ခုကိုအတူရှာတွေ့သွားတဲ့အခါမှာတော့... File Size : (1.3 GB) Quality : Blu-Ray 1080p Running Time : 1h 39min Format : Mp4 Genre : Drama, Mystery, Romance Subtitle : Myanmar Subtitle (Hard Sub) Source : Bluray.1080p.x264-RSG Translated by Hnyot Myet Wunn Encoded by sithu
movie
Three Colours: Red (1994)
1994
5.1
Dark Crimes (2016)
ရဲဌာနကတစ်ယောက်အသတ်ခံရမှုနဲ့ပက်သက်ပြီးအမှုပြန်လိုက်တဲ့ကားလေးပါပြည့်တန်ဆာအိမ်ကိုခဏခဏသွားပြီးတစ်ရက်မှာအသတ်ခံလိုက်ရပါတယ်သတ်တဲ့တရားခံကိုလဲမသိလိုက်ရဘဲအမှုပိတ်လိုက်ရတယ်အဲံ့ဒါကိုတစ်နှစ်ကအမှုလိုက်ရာပြသနာရှိခဲ့တဲ့တက်ဒက်ခ်ကဘာကြောင့်အသတ်ခံတယ်ဆိုတာသိလိုအမှုပြန်ဖွင့်လိုက်ပါတယ်BDSMတွေကိုအသားပေးရေးတဲ့စာရေးဆရာကသတ်တယ်လို့ထင်လို့အမှုကိုပြန်လိုက်ပါတယ်စာရေးဆရာနဲ့အသတ်ခံရတဲ့ရဲကအတူတူအဲ့ပြည့်တန်ဆာအိမ်ကိုသွားနေကြတာပါစာရေးဆရာရေးထားတဲ့အကြောင်းအရာဟာ သူတို့ရဲဌာနကတစ်ယောက်သေတာနဲ့တူနေလို့စာရေးဆရာကိုခေါ်ပြီးစစ်ပါတယ် ခေါ်ပြီးစစ်တဲ့အချိန်မှာဘာမှမထူးခြားခဲ့ပါဘူးရဲတွေနဲ့လူသတ်သမားကိုယ်တိုင်ပဲသိတဲ့ဒီလိုအချက်အလက်ကို စာရေးဆရာကဘယ်လိုလုပ်သိတာလဲလိမ်မှာပေါ့မုသားဖော်စက်နဲ့လဲစစ်တယ်ဒါပေမယ့်မထူးခြားပါဘူးသူများကိုသတ်ခိုင်းမှာပေါ့ အဲ့ဒါလဲစစ်ပါတယ် သူမခိုင်းခဲ့ပါဘူးဒါဆိုအဲ့ရဲကိုဘယ်သူသတ်တာလဲနည်းနည်းတော့စိတ်ဝင်စားစရာကောင်းလာပါတယ်အဲ့တော့တက်ဒက်ခ်ဟာစာရေးဆရာရဲ့အိမ်ကိုစောင့်ကြည်တော့တာပဲ အဲ့မှာအခြားပက်သက်တဲ့သူတွေကိုတွေ့တယ်စာရေးဆရာရဲ့ကောင်မလေး ဒီအမှုကိုအရင်ကစုံစမ်းတဲ့ရဲချုပ်အာဒမ်တွေ့တယ် အိမ်မှာအမြဲအနိုင်ကျင့်ခံရတဲ့စာရေးဆရာရဲ့ကောင်မလေးသတ်တာလား ရဲချုပ်ကပဲသတ်တာလားဆိုတာသူသိအောင်လိုက်စုံစမ်းတယ် လိုအပ်တဲ့အချက်အလက်စုံးစမ်းပြီးနောက်ဆုံးကောင်မလေးကိုခြိမ်းခြောက်အကြပ်ကိုင်ပြီးစာရေးဆရာလူသတ်ဆိုတာဝန်ခံခဲ့တယ်သူသတ်ပါတယ်လို့သတင်းရှာရှင်းလင်းပွဲလဲလုပ်ပြီးရောစာရေးဆရာကမှုခင်းဖြစ်နေချိန်မှာခရီးထွက်နေပါတယ်ဒါဆိုဘယ်သူသတ်တာပါလဲ သိချင်ရင်ဇာတ်လမ်းလေးကိုကြည့်လိုက်ပါလို့ပြောပါရစေ IMDB rating 5.1ရထားတဲ့ဇာတ်ကားလေးပါ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင်ပါ) File Size : (700 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.X264.AC3-EVO Translated by Tin Myo Lwin Encoded by Thanhtike Zaw
movie
Dark Crimes (2016)
2016