Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zayyan Sakha
6.8
Buya Hamka Vol. 1 (2023)
Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie
Buya Hamka Vol. 1 (2023)
2023
7.2
Rumah Masa Depan (2023)
အင်ဒိုနီးရှား မိသားစုDrama ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဆူကရီတို့မိသားစုဟာ ဂျာကာတာမှာစားသောက်ဆိုင်လေးတွေဖွင့်ထားပြီး ဆူကရီရဲ့အမျိုးသမီးဖြစ်သူဆွာတီကလည်း ဆုရထားတဲ့ ရှက်ဖ်တစ်ယောက်ဖြစ်တဲ့အပြင်YouTuber တစ်ယောက်လည်းဖြစ်ပါတယ် ဆွာတီရဲ့YouTube channel ကလည်းထင်သလောက် viewersမတက်လာတဲ့အပြင် ဆူကရီဖွင့်ထားတဲ့ဆိုင်တွေမှာလည်းအခက်အခဲလေးတွေကြုံနေရပါတယ်အဲဒီအပြင်ကိုမှ ဆူကရီရဲ့အဖေဖြစ်သူကလည်းရုတ်တရက်ကြီးဆုံးပါးသွားလို့ ဆူကရီတို့တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ပြီးရွာကိုချက်ချင်းပြန်ရပါတော့တယ် ရောက်ရောက်ခြင်းဆောက်နဲ့ထွင်းဆိုသလိုအမေဖြစ်သူနဲ့မိန်းမဖြစ်သူတို့ကလည်း ပြဿနာတွေတက်ကြတော့အဖေဖြစ်သူကိုမြေချပြီးတာနဲ့ပြန်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်နောက်ရက်ပြန်ဖို့အတွက်လမ်းတစ်ဝက်မရောက်ခင်မှာဘဲဖုန်းတစ်ကောလ်ဝင်လာရာကနေ သူတို့လည်းမပြန်ဖြစ်တော့ဘဲရွာမှာဆက်နေဖို့အကြောင်းဖန်လာကာ ဆူကရီတစ်ယောက်ဘာတွေရင်ဆိုင်ရမလဲ အမေနဲ့မိန်းမကကောဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ပါ File size…1.47GB / 703MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie
Rumah Masa Depan (2023)
6.6
Ghost Writer (2019)
Ghost Writer (2019)နာရာ ဆိုတဲ့တက်သစ်စ စာရေးဆရာမလေးဟာ မိဘတွေဆုံးပါးသွားလို့ မောင်လေး ဒါတို ကို ကျောင်းထား ပေးနိုင်ဖို့ ရုန်းကန်ကြိုးစားနေသူပါ။ ထုတ်ဝေသူဘက်ကလည်း သူ့စာမူအသစ်တွေကို လက်မခံတာ ကြာလာပြီမို့ အိမ်ငှားခသက်သာတဲ့ အိမ်တစ်လုံးကို မောင်လေးဒါတိုနဲ့ အတူပြောင်းရွှေ့နေထိုင်ဖို့ဖြစ်လာပါတယ်။ဒါပေမယ့် လည်း သူပြောင်းလာတဲ့ အိမ် အသစ်ဟာ လူသေထားဖူးတဲ့ အိမ်အိုအိမ်ဟောင်းကြီး ဖြစ်နေတာကိုတော့ သူမသိပါဘူး။ ဒီအိမ်မှာ သူ့ကို မလိုလားတဲ့သူတွေ ကြိုရောက်နေတာကို သူသိလိုက်တဲ့အချိန်မှာတော့ ...ခြောက်ခြား စရာတွေ၊ ဆွတ်ပျံ့ကြည်နူးစရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့် နှက်နေတဲ့ အင်ဒိုနီးရှား သရဲ-ဒရာမာ ကားလေး ဖြစ်ပါတယ်။ ခံစားမှုရသမျိုးစုံကို တစ်ကားတည်းနဲ့ အစုံကြည့်ချင် ရင်တော့ အင်မတန် တန်ပါတယ်ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Ko Myo (Kop) ပါ။)File Size : ...
movie
Ghost Writer (2019)
2019