Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zaneta Homa
6.2
Irena’s Vow (2023)
စစ်ကားကြီးတွေက ပျင်းစရာကောင်းလွန်းလို့မကြည့်ချင်ပါဘူးဆိုတဲ့ သူတွေအတွက် စိတ်ဝင်စားသွားစေရမယ်လို့ အာမခံတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်စဉ်တုန်းက ဂျာမန်ဒရာမာဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ပုံမှန်စစ်ကားတွေလိုမျိုး စစ်တိုက်နေတာပဲ မဟုတ်ဘဲနဲ့တကယ့် ဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကိုပြန်လည် ရိုက်ကူးထားတဲ့အတွက် ကွဲထွက်နေပြီးကြည့်လို့ကောင်းမှာတော့ အသေအချာပါပဲ။ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းဇာတ်အိမ်တွေကအပြင်မှာ တကယ်ရှိခဲ့တဲ့ ဂျူးတွေရဲ့ အမျိုးသမီးသူရဲကောင်းအီရယ်နာဂွတ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ အီရန်နာရဲ့ဇာတ်ကြောင်းဆိုတဲ့အတိုင်း Irena's Vow ဖြစ်ပြီး IMDb Rating 6.2အထိရရှိထားပါတယ်။အီရန်နာရဲ့ ဇာတ်ကြောင်းကိုစပြောရရင်တော့ ၁၉၃၉ ခုနှစ်စက်တင်ဘာလမှာ အီရန်နာနေထိုင်တဲ့ ပိုလန်ကိုဂျာမနီနဲ့ဆိုဗီယက်တွေက ကျူးကျော်ခဲ့ပြီးနောက်မှာတော့အီရန်နာအပါအဝင် ပိုလန်သူပိုလန်သားတွေအကုန်နေစရာအိမ် လုပ်ကိုင်စရာအလုပ်တွေနဲ့ အရေးအကြီးဆုံးလွတ်လပ်ခွင့်တွေ ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။အဲ့ဒီနောက်ပိုင်း အီရန်နာကို ဂျာမန်စစ်စခန်းတစ်ခုမှာအတင်းအဓမ္မအလုပ်လုပ်ဖို့ စေခိုင်းခဲ့ပေမဲ့ အီရန်နာကစိတ်ဓာတ်ခွန်အားပြည့်၀ပြီး အလုပ်ကြိုးစားတတ်တဲ့အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာပဲဂျာမန်အရာရှိကြီးတစ်ယောက်ရဲ့ အိမ်မှာအိမ်တော်ထိန်းအဖြစ် အလုပ်ရသွားပါတော့တယ်။အဲ့ဒီမတိုင်ခင်ကသူက စက်ချုပ်ခန်းမှာရှိတဲ့ ဂျာမန်တွေအရမ်းမုန်းတီးပြီးနိမ့်ချဆက်ဆံကြတဲ့ ဂျူးတွေရဲ့ အလုပ်ခေါင်းဆောင်ဖြစ်ခဲ့ပါသေးတယ်။ ဂျာမန်တွေက သူတို့နေထိုင်ရာမြို့မှာဂျူးကင်းစင်သွားအောင် အကုန်သုတ်သင်ပစ်မဲ့အကြောင်းကိုအီရန်နာကြားသွားပြီး နောက်မှာတော့ အဲ့ဒီဂျူးတွေအားလုံးကိုသူအလုပ် သွားလုပ်ရမဲ့ ဂျာမန်အရာရှိကြီးရဲ့ အိမ်မှာ ...
movie
Irena’s Vow (2023)
7.6
Forgotten Love (2023)
Forgotten Love (2023)~ IMDb rating - 7.6/10 ~ထူးချွန်ပြီး စေတနာထားတဲ့ ဆရာ၀န်ကောင်းတစ်ယောက်အကြောင်း ပိုလန် ဒရာမာ ဇာတ်လမ်းကောင်းလေးလာပါပြီ။ပါမောက္ခ ရာဖာဝီကျူရာဟာ အရမ်းတော်တဲ့ ခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး မရှိဆင်းရဲသားတွေအတွက်ပါ ခွဲစိတ်ဌာနဖွင့်ပေးခဲ့တဲ့ နာမည်ကျော် လူအများလေးစားခံရသူပါ။ သူ့အိမ်ထောင်ရေးကတော့ အဆင်မပြေပါဘူး။ ဇနီးဖြစ်သူက သမီးလေးပါခေါ်ပြီး တခြားသူနောက်လိုက်သွားတဲ့အခါ ကြေကွဲပြီး လိုက်ရှာနေရင်း လူမိုက်တစ်အုပ်ဓားပြတိုက်တာခံရပြီး အသတ်ခံရရပါလေရော။သူအသတ်ခံရတာကို မြင်တဲ့ လုပ်ဖော်ကိုင်ဖက်ဆရာ၀န်က ဝီကျူရာနေရာကိုလိုချင်လို့ မကယ်ဘဲထားခဲ့တဲ့အခါ... အားလုံးက ဇနီးနဲ့သမီးထားခဲ့လို့ ကိုယ့်ကိုယ်ကိုယ်သတ်သေတာဆိုပြီး မှတ်ယူလိုက်ကြပါတယ်။အမှန်တကယ်က ဝီကျူရာတစ်ယောက် အတိတ်မေ့သွားပြီး ရွာလေးတစ်ရွာမှာ နေနေခဲ့တာပါ။ ဆေးကုတဲ့အတတ်ပညာကတော့ ကျန်နေပြီး ရွာသားတွေကို အခမဲ့ ကုသပေးနေခဲ့ပါတယ်။ ကံတရားအရ ကွဲကွာသွားတဲ့ သမီးလေးမာဟီရှာနဲ့ဆုံခဲ့ပြီး မသိစိတ်ကရင်းနှီးနေရင်း အသက်ပါကယ်ပေးဖို့အကြောင်းဖန်လာတဲ့အခါ... အတိတ်မေ့နေတဲ့ ဒေါက်တာဝီကျူရာ ဘယ်လိုပြသာနာတွေကြုံရဦးမလဲ... သမီးလေးကိုရော ပြန်မှတ်မိပါ့မလားဆိုတာ... ဆက်လက်ရှူစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK ...
movie
Forgotten Love (2023)
2023