Channel Myanmar

Zane Meas

Klip Anker Baai (2023)
Klip Anker Baai (2023) Klip Anker Baai (2023) ဇာတ်လမ်းအညွှန်း အဲလက်စ်ဒွန်နေးက သူမရဲ့ ဖခင်နဲ့ အဆင်မပြေဖြစ်ပြီး မွေးရပ်မြေကို စွန့်ခွာကာ မြို့ကြီးပြကြီးမှာ အသက်မွေးဝမ်းကျောင်းပြုအောင်မြင်နေသူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့ သူမရဲ့ ဖခင် ပင်လယ်ထဲထွက်ရင်း သေဆုံးသွားတဲ့ အကြောင်း သူမရဲ့ အစ်ကိုနဲ့ အဒေါ်တို့က လှမ်းအကြောင်းကြားလိုက်တဲ့အခါ သူမဖခင်ရဲ့ နာရေးကိစ္စအတွက် မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖန်လာပါတော့တယ်။နာရေးအခမ်းအနားကိုရောက်လိုက်မှ သူမဖခင်ရဲ့ သေဆုံးမှုက သွေးရိုးသားရိုးမဟုတ်မှန်း သိလိုက်ရပါတော့တယ်။ သူမဖခင်ရဲ့ သေဆုံးမှုနောက်ကွယ်က တကယ့်အဖြစ်မှန်ကဘာလဲဆိုတာကို သူမဖော်ထုတ်နိုင်မှာလား။သူမရဲ့မွေးရပ်မြေမှာလည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဒေသခံတွေရဲ့ လုပ်ငန်းတွေနဲ့ မြေတွေကို ကုမ္ပဏီအကြီးကြီးတစ်ခုက ဖိအားပေးလိုက်လံဝယ်ယူနေတဲ့အခါ သူမဘယ်လိုဖြေရှင်းပေးမလဲ။ သူမဖခင်သေဆုံးမှုကရော ထိုကုမ္ပဏီကလူတွေရဲ့ လက်ချက်များဖြစ်နေမလား စတာတွေကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားပြီး ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။File size…(1.6 GB)/(794 MB) Quality….Webrip 1080p / ...
movie

Klip Anker Baai (2023)

Kite (2014)
Kite (2014)  ဖြူနွဲ့နွဲ့ ကောင်မလေးတစ်ယောက်နဲ့  ယောကျာ်းတစ်ယောက်ဟာအတူတွဲပြီးတော့ တိုက်ခန်းတစ်ခန်းပေါ်ကိုတတ်လာကိုတွေ့လိုက်ရတယ် ..အတူပါလာတဲ့ယောကျာ်းကရိုင်းစိုင်းသလိုကောင်မလေးကလဲ မလိုက်ချင်ပေမယ့် ခေါ်ရာကိုမျက်စိမှိတ်လိုက်လာရတဲ့အနေအထားမျိုးပေါ့..ကောင်မလေးနာမည်က ဆာဝါတဲ့....ချစ်စရာရုပ်လေးနဲ့ ခပ်သေးသေးကိုယ်လုံးပိုင်ရှင်ဒီကောင်မလေးက တကယ်တမ်းကျတော့ သူ့ရဲ့ဘဝပေးကံတရားကမထင်ထားရလောက်အောင်ကိုကြမ်းတမ်းခဲ့တဲ့သူပါ.  သူမရဲ့ငယ်ဘဝကတည်းကရက်စက်စွာအသတ်ခံခဲ့ရတဲ့မိဘနှစ်ပါးအတွက်လက်စားချေတုန့်ပြန်ဖို့ အမြဲ စဉ်စားနေသူပါ..သူမရဲ့  လက်စားချေမဲ့ အစီအစဉ်တွေအောင်မြင်နိုင်ပါ့မလား.ဘယ်သူက သူ့မိဘတွေကိုသတ်တာလဲ .သူမမိဘတွေကရောဘာကြောင့် အသတ်ခံရတယ်ဆိုတာကိုသိလိုက်တဲ့အချိန်မှာရော သူမအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ရုပ်ရှင်တွေတိုင်းမှာ MFလို့ဆဲတာကသူ့ရဲ့ အမှတ်အသားတစ်ခုလိုဖြစ်နေတဲ့ Samuel L Jacksonကဆာဝါကိုတစ်ဖက်ကနေကူညီစုံစမ်းပေးနေတဲ့သူနေရာကနေပါဝင်သရုပ်ဆောင်ထားပါတယ်.   File size…1.23GB / 500MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Kite (2014)