Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zak Knutson
5.3
Tusk (2014)
Tusk (2014)Tusk ဟာ နာမည်ကျော် A24 ကနေ ၂၀၁၄က ထွက်ခဲ့တဲ့ကားပေမဲ့ A24 ပရိသတ်တွေကြား အခုထိ တခုတ်တရထည့်ထည့်ပြောနေရတဲ့ ကားပါ။ A24 က ဒီလိုကား အခုထိ ဒီတစ်ကားပဲရှိနေတော့ သူ့ဖန်တွေအတွက် ဒီကားက အမြဲအမှတ်တရလို ဖြစ်နေမယ့်ကားလည်းဖြစ်နေပါတယ်။ A24 က ဒီလိုကားတွေလည်း ဖြန့်တာလားဟလို့လည်း ပြောချင်ပြောလို့ရသလို တကယ်တမ်းပြောကြတာကတော့ ဒီကားရဲ့ စိတ်ညစ်ညူးအောင်လုပ်နိုင်စွမ်းကို ပြောကြတာက ပိုများတာပေါ့။ ဟာသမင်းသား ကီဗင်စမစ်က ရိုက်ထားတာမို့လို့လည်း ဒီကားက Comedy Horror ကားဖြစ်နေတယ်။ ဒီကားရဲ့ Horror ကတော့ Body Horror ပါ။ အားလုံးလည်းသိကြတဲ့အတိုင်း Body Horror ဆိုတာမျိုးက ကြည့်ရတဲ့သူတင်မဟုတ် တစ်ခါတလေကျ ဘာသာပြန်တဲ့လူကိုပါ တော်တော်စိတ်ထဲစွဲပြီး စိတ်ညစ်အောင်လုပ်နိုင်တယ်။ သေချာတာကတော့ ဒီဇာတ်ကားရဲ့ အကြောင်းအရာနဲ့ အပြတွေဟာ ထူးထူးခြားခြားနဲ့ ရှားပါးပါတယ်။ ...
movie
Tusk (2014)
2014
Fanboys (2009)
ရုပ်ရှင်နာမည်အတိုင်းပဲ ဒီရုပ်ရှင်ဟာ ဖန်ဘွိုင်း (ပရိတ်သတ်) တအုပ် အကြောင်းရိုက်ထားတာပါ။ ဘာပရိတ်သတ်တွေလဲဆိုတော့ စတားဝါးစ် အမာခံပရိတ်သတ်တွေပါ။အချိန်ကာလအားဖြင့် Star Wars Episode 1 : Phantom Menace 1999 မထွက်ခင် ကာလမှာဇာတ်အိမ်တည်ထားပါတယ်။ မူလတန်းလောက်ကတည်းက စတားဝါးစ်ကို အရူးအမူးအားပေးလာကြတဲ့ စတားဝါးစ်ဂျပိုး လူငယ်တစုဟာ ဟောလိုး၀င်းပါတီတခုမှာပြန်ဆုံခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်း သူငယ်ချင်းအုပ်စုထဲက လိုင်းနက်စ်ဟာ ကင်ဆာရောဂါဖြစ်နေပြီး စတားဝါးစ်ရုပ်ရှင်သစ် ရုံတင်မယ့်ရက်ကို မမီနိုင်တော့တာကို သိရှိလိုက်ကြရပါတယ်။ ဒီလိုနဲ့ စတားဝါးစ်ဂျပိုး သူငယ်ချင်းတစုဟာ လိုင်းနက်စ်ကို မသေခင်မှာ Episode 1 ကိုပြလိုက်နိုင်ဖို့အတွက် ရုပ်ရှင်ဖလင်ကိုသိမ်းဆည်းထားတဲ့ စတားဝါးစ်တည်ထောင်သူဖခင်ကြီး ဂျော့ခ်ျလူးကပ်စ်ရဲ့ခြံထဲကိုခိုး၀င်ဖို့ မိုင်ထောင်ချီဝေးတဲ့ခရီးကို ဗန်ကားအစုတ်လေးတစီးနဲ့ စတင်စွန့်စားခန်းထွက်ကြပါတော့တယ်။စတားဝါးစ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တကားလုံးမှာ စတားဝါးစ် ကိုးကားမှုတွေ ထိုခေတ်အခါက ရုပ်ရှင် ဂိမ်းနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေကို အလျှံပယ်ထည့်သွင်းသုံးစွဲထားတာဖြစ်လို့ စတားဝါးစ်ကြည့်ဖူးထားရင်တော့ ဒီရုပ်ရှင်ကိုကြည့်ရတာ ပိုအရသာရှိပါလိမ့်မယ်။(ညစ်ညမ်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုသတိပြုပေးပါ) File ...
movie
Fanboys (2009)
6.9
Get the Gringo (2012)
q IMDb 6.9/10 The Passion of the Christ, Braveheart စသည့်ဇတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Mel Gibson ရဲ့ထောင်တွင်းဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ San Diego ကလူဆိုးတစ်ယောက်ဆီကနေ ငွေနှစ်သန်းဘတ်လာတဲ့ မင်းသားဟာ Mexico ဖက်မှာ အဖမ်းခံရပြီး ထောင်ထဲရောက်သွားပါတယ်။ အဲဒီမှာ လူဆိုးဂိုဏ်းတွေနဲ့တွေ့ပြီး ကောင်လေးတစ်ယောက်အကူအညီနဲ့ ထောင်ကနေလွတ်အောင်ဘယ်လိုလုပ်မလဲ။ ငွေတွေကိုရော ပြန်ရပါ့မလားဆိုတာ ကြည့်ရမယ့် တကယ့်အက်ရှင် ဇာတ်ကားကောင်းတစ်ကားပါ။ မက္ကဆီကို ထောင်တွင်းအခြေအနေတွေကိုလည်း ရှင်းရှင်းလင်းလင်း တင်ဆက်ထားတဲ့ကားဖြစ်ပါတယ်။ File size…(1.6 GB)/(903 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Action, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wai Yan
movie
Get the Gringo (2012)
5.8
Species (1995)
Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.to/?s=species မှာကြည့်လို့ရပါတယ်။ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။Species (1995) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာ့အပြင်က ရရှိလာတဲ့ ကမ္ဘာဂြိုဟ်က မဟုတ်တဲ့ ဒီအန်အေကို ကမ္ဘာမြေကလူသားဒီအန်အေနဲ့ပေါင်းစပ်ပြီး ထူးဆန်းတဲ့သက်ရှိတစ်မျိုးဖန်တီးရာကနေ ဇာတ်လမ်းစတာပါပဲ။ ဒီဂြိုလ်သားတစ်ပိုင်းလူသားတစ်ပိုင်း သတ္တဝါမျိုးက ဘယ်လိုအကျင့်စရိုက်တွေနဲ့ ဘာတွေဆာလောင်လဲဆိုတာနဲ့ လူသားတွေရဲ့ အလိုရမ္မက်လောဘကြီးမှုတွေကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.4 GB)/(1.4 GB)/(930 ...
movie
Species (1995)
4K HEVC
7.3
Clerks II (2006)
Clerks II(2006)IMDb rating ~ 7.3 Rotten Tomatoes ~ 63% 3 wins & 3 nominations1994 က အဖြူအမည်း ဗားရှင်းနဲ့ထွက်ခဲ့တဲ့ Clerks I အကြီးအကျယ် အောင်မြင်ပြီးတဲ့နောက် sequel အနေနဲ့ ထွက်ခဲ့တဲ့ ဇာတ်ကားပါမပြောရဲ မလုပ်ရဲတာ မရှိတဲ့ ရန်ဒယ်နဲ့ ရန်ဒယ့်ကို လိုက်ထိန်းနေရတဲ့ ဒန်တီတို့ သူငယ်ချင်းနှစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ ဟာသကားပါဇာတ်လမ်းအစမှာတော့ ဒန်တီနဲ့ ရန်ဒယ်တို့ ဆယ်နှစ်နှစ်နီးပါး အလုပ်လုပ်ခဲ့တဲ့ Quick Stop စတိုးဆိုင် မီးလောင်ပြီး ပြာကျသွားခဲ့ပါတယ် ထုံးစံအတိုင်း ရန်ဒယ့်လက်ချက်ကြောင့်ပါပဲစတိုးဆိုင်မီးလောင်ပြီး ၁ နှစ်အကြာမှာတော့ ဒန်တီနဲ့ ရန်ဒယ်တို့ မူဘီဆိုတဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်နေကြပါတယ်ဒန်တီကတော့ လက်ထပ်ရမယ့် ဇနီးလောင်းနဲ့ တွေ့ပြီး ဇနီးချောလေးနဲ့အတူ ဖလော်ရီဒါမှာ ပြောင်းနေဖို့လည်း အစစအရာရာ စီစဉ်ပြီးပါပြီဒါပေမဲ့လည်း မူဘီ စားသောက်ဆိုင်မှာ နောက်ဆုံးနေ့အနေနဲ့ အလုပ်ဆင်းပေးတဲ့ နေ့မှာ ရန်ဒယ်ရဲ့ စနက်ကြောင့် ဒန်တီ ကမောက်ကမတွေနဲ့ ကြုံရပါတော့တယ်ဒန်တီ ...
movie
Clerks II (2006)
2006
3.5
Supercon (2018)
ရိုးရိုးရယ်ချင်ပါသလား ရှယ်ရယ်ချင်ပါလား တခစ်ခစ်ရယ်ချင်ပါသလားအားရပါးရရယ်ချင်ပါသလား ကျွမ်းထိုးမှောက်ခုံရယ်ချင်ပါသလားကွကို ကလိထိုးပြီး ရီနေစရာမလိုပါဘူး Supercon ဆိုတဲ့ရုပ်ရှင်ကို ကြည့်လိုက်ပါ။ယခင်က အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ကြယ်ပွင့်တွေနဲ့Comic ဆွဲတဲ့ ပညာရှင်တွေဟာ အစည်းအဝေးပွဲတွေမှာ အလုပ်လုပ်ကိုင်နေကြရပါတယ်။(MCU ဇာတ်ကားတွေ ရိုက်မလို့နေမှာပေါ့ )တစ်နေ့မှာတော့ ဒီလိုခက်ခဲရုန်းကန်ရတဲ့ဘဝကနေ ရုန်းထွက်လွတ်မြောက်နိုင်ဖို့အတွက်ရုပ်ရှင်ကြယ်ပွင့်ဟောင်းတစ်ယောက်ဆီက ငွေထုပ်ကို ခိုးယူဖို့ ကြိုးစားပါတော့တယ်။သူတို့ဘယ်လိုအကြံအစည်တွေထုတ်ကြလဲ၊ အောင်မြင်မှာလား မအောင်မြင်ဘူးလားဆိုတာတော့ ဒီဟာသကားကို ကြည့်ရှုလိုက်ရင် အဖြေပေါ်လာပါလိမ့်မယ်။တစ်နေ့တာအမောတွေပြေပျောက်ဖို့လိုအပ်နေတဲ့ ပရိသတ်တွေ၊ရယ်ချင်မောချင်တဲ့ ပရိသတ်တွေ စိတ်ကြိုက်ကားတစ်ကားဖြစ်မှာမို့အခုချက်ချင်းပဲ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ဒေါင်းလိုက်ကြပါ။Qty - 720p Web DLDuration - 1hr 44minGern - ComedyTranslator - Soe Bo BoReview - Arkar PhyoEncoder - Kyaw Ye Aung
movie
Supercon (2018)
2018