Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zachary Knighton
5.8
The Prince & Me (2004)
ဒီဇာတ်ကားကတော့ မင်းသားတစ်ပါးနဲ့ လယ်သူမလေးတစ်ယောက်အကြောင်းRomanceဆန်ဆန်ရိုက်ထားတဲ့ဇာတ်ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်းကတော့ ဒိန်းမတ်နိုင်ငံရဲ့မင်းသားဖြစ်တဲ့ အက်ဗက်ဟာ အလိုလိုက်ခံထားတဲ့သူပီပီ အပျော်အပါးအသောက်အစားများစွာလုပ်ပြီး မကောင်းသတင်းတွေ သတင်းစာထဲမှာပါပါလာကာ တော်ဝင်မိသားစုကိုအရှက်ရအောင် ခဏခဏလုပ်တဲ့သူပေါ့။တစ်နေ့မှာတော့ သူဟာတီဗွီအစီအစဉ်တစ်ခုကနေ အမေရိကရဲ့ကောလိပ်ကျောင်းသားဘဝဟာ ဘယ်လောက်ပျော်စရာကောင်းကြောင်းမြင်လိုက်ရပြီးတဲ့အချိန်မှာ ထိုကောလိပ်သို့တခြားလူတစ်ယောက်အဖြစ်ဟန်ဆောင်ပြီးတက်ဖို့သွားပါတော့တယ်။ အဲဒီကျောင်းမှာပဲ နယ်ကတက်လာတဲ့ကောင်မလေး "ပေ့ခ်ျ မော်ဂန်"နဲ့တွေ့တဲ့အခါမှာတော့ အမြဲဆိုးခဲ့တဲ့မင်းသားလေးတစ်ယောက် အချစ်အစွမ်းကြောင့် တဖြည်းဖြည်းနဲ့လိမ္မာပြီး အားကိုးထိုက်သူဖြစ်လာတာကို Comedyနဲ့ Romanceရောပြီး ရိုက်ပြထားပါတယ်။ File size…(2.2 GB) / (1.2 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson
movie
The Prince & Me (2004)
Cherry Falls (1999)
ချယ်ရီဖောဟာအေးချမ်းတဲ့နယ်မြို့လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနယ်မြို့လေးမှာမှ ဆယ်ကျော်သက်သုံးဦး နှစ်ရက်အတွင်း ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရချိန်မှာတော့ တစ်မြို့လုံးအုတ်အော်သောင်းတင်းဖြစ်သွားပါတော့တယ်။ လူသတ်မှုသုံးခုလုံးမှာ တူညီတဲ့အချက်က သူတို့တွေဟာအထက်တန်းကျောင်းသားတွေဖြစ်တဲ့အပြင် အပျိုလူပျိုရည်မပျက်သေးသူတွေဖြစ်နေတာပါပဲ။ဂျိုဒီမာကင်ကတော့ မြို့နယ်ရဲမှူးရဲ့သမီးဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ သမီးကိုလည်း လူသတ်သမားအန္တရာယ်ကင်းအောင်စောင့်ရှောက်ရင်း တစ်ခြားလူသတ်မှုတွေဖြစ်မလာအောင် ကာကွယ်တဲ့အနေနဲ့ဆယ်ကျော်သက်တွေရဲ့မိဘတွေအားလုံးကို အစည်းအဝေးလုပ်ခေါ်တွေ့ပြီး လူသတ်မှုတွေရဲ့တူညီနေတဲ့အချက်တွေကို သတိပေးပြောပြလိုက်တဲ့အခါမှာတော့..။အသတ်ခံရသူတွေဟာ အပျိုလူပျိုစစ်တွေဖြစ်တယ်ဆိုတဲ့ သတင်းက ကျောင်းသားတွေဆီပေါက်ကြားသွားပြီး အသတ်ခံရမယ့်အန္တရာယ်က ကာကွယ်တဲ့အနေနဲ့ sex party တစ်ခုကို စုပေါင်းကျင်းပပြီး အပျိုလူပျိုဘ၀ကိုစွန့်လွှတ်ဖို့ကြံစည်ကြပါတော့တယ်။Slasher Flick တွေရဲ့ ပြဌာန်းစာအုပ်လိုဖြစ်သွားခဲ့တဲ့ Scream နောက်ပိုင်းမှာ ထွက်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီး အလားတူဇာတ်ကားတွေအတိုင်း ကြည့်ကောင်းတဲ့ကားပါ။ လူသတ်ကားပေမယ့် ဇာတ်လမ်းတည်ဆောက်ပုံနဲ့ fun ဖြစ်တဲ့ဇာတ်ကောင်တွေကြောင့် အတော်လေးလည်းရယ်ရတဲ့ဇာတ်ကား ဖြစ်ပါတယ်။ File size…(1.5 GB)/(789 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Alias
movie
Cherry Falls (1999)
5.6
The Hitcher (2007)
The Hitcher (2007) ==============ဒီဇာတ်ကားကတော့ The Hitcher 1986 ကို Remake ပြန်လုပ်ထား တာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ကောလိပ်ကျောင်းသားစုံတွဲဖြစ်တဲ့ ဂျင်မ်နဲ့ဂရေစ့်တို့ဟာ Spring Break အတွက် သူငယ်ချင်းတွေနဲ့ဆုံဖို့ နယူးမက္ကဆီကိုကနေကားဖြတ်မောင်းလာကြပါတယ်။လမ်းမှာမိုးသည်း သည်းကြား ကားကြုံတားတဲ့လူတစ်ယောက်ကိုတွေ့ပေမယ့် ဂရေစ့်ရဲ့ ကန့်ကွက်မှုကြောင့်မတင်ဖြစ်ခဲ့ပါဘူး။ဒါပေမယ့်လည်း ဂတ်စ်ဆိုင်တစ်ခုမှာ ပြန်ဆုံချိန်မှာတော့ ဂျင်မ်ကအားနာပြီး အနီးဆုံးမြို့ကိုပို့ပေးဖို့ခေါ်လာခဲ့ပါတယ်။ ဂရေစ့်စိုးရိမ်ခဲ့တဲ့အတိုင်း အဲ့ဒီ လူက သူတို့ကို မိုးအဆုံးမြေအဆုံးဒုက္ခပေးတော့မှာပါပဲ။ Game of Thrones ထဲမှာ စတာ့ခ်တို့ရဲ့ဖခင်ကြီး Ned Stark အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sean Bean ကြီးက ဒီဇာတ်ကားမှာရွံမုန်းစရာစိတ္တဇလူသတ်ကောင်အဖြစ်ထူးထူးခြားခြား ပါဝင်ထားပါတယ်။ Sophia bush ကလည်းတအားလှပါတယ်။ ဇာတ်လမ်း လည်းမိုက်ပြီး ပထမကားတွေထက် သွေးထွက်သံယိုပိုများပြီးကြမ်းတမ်းပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.55 GB) / (594 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Thriller Translator.......Alias Encoder..........SWM
movie
The Hitcher (2007)
2007
7.3
The Pale Door (2020)
ဒယ်တန် ဂိုဏ်သားတွေက ရထားတစ်စီးကို ဓားပြဝင်တိုက်ရင်းနဲ့ သူတို့ခေါင်းဆောင်က သေနတ်မှန်သွားပါတယ် သေနတ်ဒဏ်ရာရနေတဲ့ ခေါင်းဆောင်ကို ကယ်ဖို့ကြိုးစားရင်း တောထဲမှာ ပြည့်တန်ဆာအိမ်တစ်ခုကို တွေ့လိုက်ရပါတယ် ဒါပေမယ့် သူတို့ကို ကြိုဆိုနေတဲ့ မိန်းမချောလေးတွေက တစ်ခုခု မူမမှန်ဘူး ဖြစ်နေတာကို အားလုံးက သတိမထားမိကြပါဘူး ဒဏ်ရာရနေတဲ့ ခေါင်းဆောင်နဲ့ အဖွဲ့သားတွေ အသက်ရှင်ရက် ပြန်လာနိုင်မလား? တောနက်ထဲက ပြည့်တန်ဆာအိမ်က မိန်းမချောလေးတွေက ဘယ်သူတွေလဲ? ကောင်းဘွိုင်ခေတ်ကို အခြေခံထားတဲ့ ထိတ်လန့်သည်းဖို့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ The Pale Door ဟာ Horror ဖန်တွေ သဘောကျနိုင်တဲ့ ဇာတ်ကားတစ်ကားပါ File Size - 1 gb Quality - web-dl 1080p Subtitle - burmese Translator - Htet Wai Lwin Encoder - Thit San Khant
movie
The Pale Door (2020)
2020