Channel Myanmar

Yvonne Yung Hung

The Drunken Prodigy ( 2024 ) 6
The Drunken Prodigy ( 2024 ) ရှောင်လင်ဘုန်းကြီးလေး Ashton Chen ရဲ့ 2024 မှာထွက်တဲ့ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ သိုင်းပညာကိုအရူးအမူးဖြစ်နေတဲ့ လူ့ပေါ်ကျော့သူဌေးသားလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။သူဌေးသားလင်ယောက်ဟာ ငယ်ငယ်ကတည်းကသိုင်းလေ့ကျင့်ခဲ့ပြီးတော့ သူ့ကိုယ်သူအရမ်းတော်တဲ့သူတစ်ယောက်လို့ထင်နေခဲ့တယ်။ တကယ်တော့ သူ့အဖေကနောက်ကွယ်ကနေလာဘ်ထိုးပြီး တခြားသူတွေကိုအရှုံးပေးခိုင်းခဲ့တာဆိုတာကိုသူမသိခဲ့ဘူး။ တစ်နေ့မှာတော့ လူလိမ်တစ်ဖွဲ့က လင်မိသားစုပိုင်အိမ်ကိုမျက်စိကျပြီးတော့ သူဌေးသားလေးကိုအကွက်ဆင်ပြီးလိမ်လိုက်ကြတယ်။သူဌေးသားလေးကလဲ ပိုင်ဆိုင်မှုတွေအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်မှပဲ သူဟာဘာမှမဟုတ်ခဲ့ဘူးဆိုတဲ့အမှန်တရားကိုသိလိုက်ရတယ်။ သူပိုင်ဆိုင်တဲ့အရာတွေကိုပြန်ရဖို့ တရားမျှတမှုပြန်ရယူဖို့ အရက်မူးသမားသိုင်းကိုလေ့ကျင့်ပြီး ပြန်ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရှောင်လင်ဘုန်းကြီးလေးတို့ထုံးစံအတိုင်း အက်ရှင်ပိုင်ပိုင်နိုင်နိုင်နဲ့ ချပြသွားတဲ့အတွက် သိုင်းလောကသားတွေအကြိုက်တွေ့ကြမှာဖြစ်ပါတယ်။ Filesize : 1.52 GB / 916 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Drunken Prodigy ( 2024 )

(18+) A Chinese Torture Chamber Story (1994) 5.9
(18+) A Chinese Torture Chamber Story (1994) ဂေါ်ဖီထုပ်ကလေးဆိုတဲ့ ခြေသေးမမိန်မပျိုလေးဟာ ဆေးဆရာယန်နေဝူ ဆီမှာအိမ်တော်ထိန်းအဖြစ်တာဝန်ထမ်းနေပါတယ်။ ဒါပေမယ့် ယန်က သူ့အပေါ်တိမ်းညွတ်နေပြီးတစ်ချိန်မှာ ကိုယ်လုပ်တော်အဖြစ်မြှောက်စားဖို့အထိ ဆန္ဒရှိနေပါတယ်။ ယန်ရဲ့ဇနီးဖြစ်သူနဲ့အောက်ရုံးတရားသူကြီးရဲ့ သားနဲ့ဖောက်ပြန်နေတဲ့ ဇာတ်လမ်းကိုဂေါ်ဖီထုပ်ကလေး အမှတ်မထင်မြင်သွားတဲ့နောက်မှာတော့ သူ့ရဲ့ဇာတ်လမ်းပေါ်လာမှာစိုးရိမ်စိတ်နဲ့ဂေါ်ဖီထုပ်ကလေးကို ယောက်ျားပေးစားပြီးအဝေးပို့လိုက်ရုံမကပဲ ဆက်လက်ဒုက္ခပေးဖို့အကြံဆိုးတွေကြံပါတော့တယ်။ အဲ့ဒါကတော့ သူပေးစားလိုက်တဲ့ဂေါ်ဖီထုပ်ကလေးရဲ့ယောက်ျားကိုတစ်ဖက်လှည့်နဲ့လုပ်ကြံပြီး အဲ့ဒီအမှုကိုဂေါ်ဖီထုပ်ကလေးနဲ့ခင်ပွန်းသည် ယန်နေဝူတို့အပေါ်ပုံချလိုက်တာပါပဲ။ဒီအမှုကိုစစ်တဲ့တရားသူကြီးကိုယ်တိုင်က ဘက်လိုက်တဲ့သူဖြစ်တဲ့အတွက်တရားခွင်မှာ အဲ့ဒီအချိန်က တရားဝင်ပြဌာန်းထားတဲ့ ရက်စက်ကြမ်းတမ်းလွန်းတဲ့နှိပ်စက်နည်းအမျိုးမျိုးနဲ့စစ်မေးတော့မှာဖြစ်ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ် ၁၉၉၀ လွန်နှစ်များဆီက ဂန္ဓဝင်ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားနာမည်နဲ့တွဲမသိရင်တောင် ဂရုထဲမှာ လာမေးကြတဲ့ လေပေါ်မှာဝဲပျံပြီးကိုယ်ဖော့ပညာနဲ့ဂျိန်းကြတဲ့ ဟောင်ကောင်ကတုံးကြီး Elvis Tsui ရဲ့နာမည်ကျော်ဇာတ်ဝင်ခန်းကို သိကြမှာပါ။ ဇာတ်ကားနာမည်နဲ့လိုက်အောင်အလွန်ရက်စက်ပြီး စိတ်မသက်သာဖွယ် ညှင်းပန်းနှိပ်စက်နည်းပေါင်းစုံနဲ့ကြံကြံဖန်ဖန်ပေါက်ပေါက်ရှာရှာလို့ပြောရမယ့် လိင်ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ဒါပေမယ့်လည်း Dark comedy ဆန်ဆန်မြူးမြူးသွက်သွက်နဲ့ပေါ့ပါးတဲ့တင်ဆက်ပုံအရ ကြည့်ရတာပျော်စရာကောင်းပြီး entertaining ဖြစ်တဲ့ကားပါ။ File size…(880 Mb)/(520 Mb) Quality….Webrip 720p/480p Format…mp4 Duration….01:28:00 Genre...Drama Thriller Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias 
movie

(18+) A Chinese Torture Chamber Story (1994)

[18+] Lover of the Last Empress (1995) 5.6
[18+] Lover of the Last Empress (1995) Lover of the Last Empress (1994)Chingmy Yau ကို တော်တော်များများ နာမည်နဲ့တွဲမသိကြရင်တောင် လူကိုရင်းနှီးပြီးသားဖြစ်နေမှာပါ။ သူဟာ ၁၉၈၀နှောင်းပိုင်းနဲ့ ၁၉၉၀ကာလ ဟောင်ကောင်ရုပ်ရှင်ရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး မက်ဂီချောင်တို့ ဘရစ်ဂစ်တီလင်းတို့ကိုတော့မမီပေမဲ့ သူတို့လောက်နီးနီးနာမည်ကြီးခဲ့တဲ့သူပါပဲ။ ဟောင်ကောင်ရဲ့ ထိပ်တန်းမင်းသားတွေဖြစ်တဲ့ ချောင်ယွန်ဖတ်ရဲ့ God of Gamblers Returns, စတီဖင်ချောင်ရဲ့ Lawyer Lawyer နဲ့ Royal Tramp I & II, ဂျက်ကီချမ်းရဲ့ City Hunter, ဂျက်လီရဲ့ Kung Fu Cult Master, အန်ဒီလောင်ရဲ့ Casino Tycoon, အာရွန်ကော့ရဲ့ Legend of the Liquid Sword တို့လိုကားတွေလည်းရိုက်ခဲ့သလို Naked Killer တို့လို Category III ...
movie

[18+] Lover of the Last Empress (1995)

1995
Nie Yinniang ( 2022 ) 6.1
Nie Yinniang ( 2022 ) သိုင်းလောကကိုကြိုက်နှစ်တဲ့သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အခုဒီကားလေးကတော့ သိုင်းပညာရုပ်ရှင်ကားတွေ မြွေဖြူမြွေစိမ်း(Green Sanke)နဲ့ ၂၀၂၀တုန်းက ထွက်ခဲ့တဲ့ဝူခုန်းကား(Great God Monkey)စတဲ့ နာမည်ကြီးကားတွေပါဝင်သရုပ်ဆောင်ခဲ့တဲ့ NanSheng(Royi)လေးရဲ့ကားဖြစ်ပါတယ်ထန်မင်းဆက် အန်းရှီအရှုပ်တော်ပုံပြီးသွားတဲ့နောက် ကျန်ရစ်ခဲ့တဲ့အန်းရှီမျိုးနွယ်တွေက လမ်းစဉ်အသစ်ဖန်တီးမယ်ဆိုပြီး ပုန်ကန်မှုတွေ တိုက်ခိုက်မှုတွေဖြစ်အောင် ပြန်ပြီးပြဿနာရှာနိုင်အောင်လို့ ဖေးယိဂိုဏ်းကိုထူထောင်ခဲ့တယ်လောကကြီးအေးချမ်းသာယာအောင် မကောင်းဖေးယိဂိုဏ်းကို နန်းတွင်းကသုတ်သင်ဖြေရှင်းဖို့ ချန်ရွှိန်ဂိုဏ်းဆိုပြီးထူထောင်ခဲ့တယ် Yinniangကလည်း ချန်ရွှိန့်ဂိုဏ်းရဲ့တပည့်ပီပီ ဝေ့ပေါ်ကစစ်သူကြီးဆီမှာ သူ့သမီးယောင်ဆောင်ပြီးတော့ ဖေးယိဂိုဏ်းခေါင်းဆောင်ကိုသတ်ဖို့လုပ်နေခဲ့တယ်ညီအစ်မလိုနေနေတဲ့ဆရာတူအစ်မက အလေးပေးခြင်းမခံရတဲ့အခါမှာဂိုဏ်းကိုစိတ်တိုပြီး စိတ်လိုက်မာန်ပါလုပ်ရင်းဘာတွေဆက်ဖြစ်မလဲ? တကယ်ပဲအစ်မဖြစ်သူကဂိုဏ်းကိုသစ္စာဖောက်မှာလား Yunniangက နောက်ဆုံးမှာ ဂိုဏ်းရဲ့လျှိုဝှက်သိုင်းကို ကျင့်ကြံနိုင်ပြီး ဖေးယိခေါင်းဆောင်ကို သတ်နိုင်မလား ဂိုဏ်းနှစ်ဂိုဏ်းရဲ့လှပတဲ့သိုင်းကွက်တွေနဲ့ ဆန်းကြယ်လှတဲ့ဉာဏ်ဆင်အကွက်တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုလို့ရမဲ့ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Nie Yinniang ( 2022 )