Channel Myanmar

Yvonne Orji

Vacation Friends 2 (2023) 5.3
Vacation Friends 2 (2023) Vacation Friends 2 (2023)ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရ ပျော်စရာလည်းကောင်းတဲ့ Vacation Friends ကားရဲ့အဆက် Vacation Friends 2 ကို မူလသရုပ်ဆောင်တွေဖြစ်တဲ့ ဂျွန်စီနာတို့လေးယောက်အပြင် Steve Buscemi လို ဝါရင့်သရုပ်ဆောင်ကြီးကိုပါ ထည့်ပြီး ရိုက်ကူးထားပါတယ်။ပထမကားမှာတော့ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုမှာတွေ့ပြီး ကြည့်မရနေရာက အကောင်းဆုံးမိတ်ဆွေဖြစ်လာတဲ့သူတွေအကြောင်း ရိုက်ပြထားပြီး လူတွေရဲ့ဆိုးကွက်လို့ ထင်ရတဲ့အရာတွေကြား သူ့ကောင်းကွက်တွေရှိနေတာကို ဟာသဆန်ဆန်နဲ့တင်ဆက်ထားခဲ့ပါတယ်။ ဒီတစ်ကားမှာလည်း သူ့မူလအနှစ်သာရမပျောက် ဆိုးကွက်တွေလို့ ပြောရမယ့်အရာတွေရှိနေတဲ့ သူတွေရဲ့ ကောင်းကွက်တွေကို သိလိုက်ရပုံတွေကို ထပ်တင်ပြသွားတယ်။Vacation Friends ကားတွေဟာ ဂျွန်စီနာရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်သာစေတဲ့ရုပ်ရှင်တွေဖြစ်လို့ ဂျွန်စီနာ ဖန်တွေလည်း ကြည့်သင့်သလို Steve Buscemi ပရိသတ်တွေလည်း သဘောကျကြမှာပါ။ ဇာတ်လမ်းကတော့ ပထမကားအပြီးဝေးသွားတဲ့ ဘော်ဒါ၂တွဲ ပြန်လည်စုံစည်းကြပြီး ခရီးအသစ်ထွက်ဖို့အကြောင်းဖန်လာပုံကို တင်ဆက်ထားပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် ကြမ်းကြမ်းတမ်းတမ်းလည်းပါသလို ပျော်ပျော်ရွှင်ရွှင်လည်းဖြစ်မယ့် R Rated ...
movie

Vacation Friends 2 (2023)

2023
The Blackening (2023) 6
The Blackening (2023) The Blackening (2023)လူဖြူလူမည်းခွဲခြားမှုဇာတ်လမ်းတွေကို ကြည့်ဖူးသလောက် များသောအားဖြင့်လေးနက်ကြတယ် ဇာတ်လမ်းအားဖြင့် ဟဲဗီးဖြစ်ကြတယ်။ ရုပ်ရှင်တွေထဲမှာလဲ ပုံသေကားကျသတ်မှတ်မှုတွေ ခွဲခြားမှုတွေရှိကြတယ်ပေါ့။ ဥပမာ လူသတ်ကားတွေမှာ အရင်ဆုံးသေသွားတာက လူမည်းဇာတ်ကောင်ပဲ။ လူဖြူတွေနောက်ဆုံးအသက်ရှင်ကျန်ဖို့ လူမည်းကအရင်စတေးပေးရသလိုပေါ့။ ဒါပေမဲ့ လူမည်းတွေကရောပြန်ခွဲခြားမှုမလုပ်ဘူးလားဆိုရင်လုပ်တာပဲ။ တစ်ခေတ်တစ်ခါကလူဖြူတွေလုပ်ခဲ့သလိုတော့မဟုတ်ပါဘူး။ မသိမသာခပ်ပါးပါးလေးတွေပေါ့။ ဥပမာ နစ်ဂါဆိုတဲ့စကားဆိုရင် အဖြူက အမည်းကိုခေါ်လို့မရဘူး ဒါပေမဲ့ အမည်းအမည်းအချင်းချင်းသုံးတယ် ပြီးတော့အမည်းကအဖြူကို နစ်ဂါလို့ပြန်ခေါ်ကြတယ်။ တစ်ခါတစ်ရံမှာလဲ ကိုယ်ကမရည်ရွယ်ဘဲ တခြားလူမျိုးကိုခွဲခြားမိတာတွေ ကိုယ့်အချင်းအချင်းမှာပဲ ပြန်ခွဲခြားမိတာတွေလဲရှိတတ်တာပဲ။ ဒီကားထဲတော့ အဲ့လိုအကြောင်းအရာတွေကို တစ်ကားလုံးခွီရင်းကြည့်ရမှာပါ။ အဲ့ဒါအပြင်သည်းထိတ်ရင်ဖိုလဲပါသေးတော့ တော်တော်ပြည့်စုံပြီပေါ့။ဇာတ်လမ်းအကျဥ်းပြောရရင် နစ်ဂါသူငယ်ချင်း၈ ယောက်ပေါ့ ဆယ်နှစ်ကြာမှပြန်ဆုံကြတယ်။ သည်းထိတ်ရင်ဖိုကားတွေထုံးစံအတိုင်း နေရာကောင်းကောင်းကိုမသွားကြဘဲ တောထဲကအိမ်လေးတစ်အိမ်ကိုရွေးလိုက်ကြရော။ အဲ့အိမ်ထဲကိုလဲရောက်တော့ သူတို့ဂိမ်းကစားရတယ်။ ဂိမ်းကလူမည်းနဲ့ပတ်သက်တဲ့အရာတွေကိုမေးပါလေရော။ အဲ့ဒါအပြင်ရုပ်ရှင်ကားတွေနဲ့လဲသက်ဆိုင်နေပါသေးတယ်။ ဥပမာ Friends စီးရီးထဲမှာပါဝင်ခဲ့တဲ့လူမည်းငါးယောက်နာမည်ကိုဖြေပါ။ အဖြေမှန်ရင်မှန် မမှန်ရင်သေပေါ့။ သူတို့လူမည်းစစ်မစစ်ကိုစမ်းနေသလိုပါပဲ။ ဒီဂိမ်းကို စီစဥ်နေတာကဘယ်သူဖြစ်မလဲ။ သူတို့ထဲကတစ်ယောက်ယောက်ပဲလား။ သူတို့ကိုအိမ်ဌားထားတဲ့လူဖြူတွေပဲလား။ ဘယ်သူတွေရောသတ်ခံရမလဲ။ရုပ်ရှင်တွေကြိုက်တဲ့ပရိသတ်ကြီးရော သူမေးတဲ့ရုပ်ရှင်နဲ့ပတ်သက်တဲ့မေးခွန်းတွေ ဘယ်လောက်ကိုဖြေနိုင်မလဲဆိုတာပါ ဝင်ဖြေကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror Quality…. 1080p | 720p File size… 1.1GB | 560MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar ...
movie

The Blackening (2023)

2023
Vacation Friends (2021) 6.2
Vacation Friends (2021) Vacation Friends(2021) ================== IMDb Rating. - 6/10တစ်ခါတုန်းက ဆော့ခရိတ္တိအိမ်ကို လူတစ်ယောက်ရောက်လာခဲ့တယ် တွေးခေါ်ပညာရှင်ကြီး ဆော့ခရိတ္တိက လူသာနာမည်ကြီးတာ အိမ်က‌တော့ ကျဉ်းကျဉ်းသေးသေးလေး။အဲ့ဒီတော့ ရောက်လာတဲ့သူက ပြောတယ်။"တွေးခေါ်ပညာရှင်ကြီးလုပ်နေပြီး ခင်ဗျားအိမ်ကျကျဉ်းလှချေလားဗျာ"တဲ့။ဆော့ခရိတ္တိကတော့ "ကျုပ်အိမ်ကကျဉ်းပေမဲ့ မိတ်ကောင်းဆွေကောင်းတွေလာရင်တော့ နေဖို့လောက်ပါတယ်"လို့ဖြေလိုက်တယ်။မိတ်ကောင်းဆွေကောင်းဆိုတာ လောကမှာ တကယ့်ကိုရှားတယ်ဆိုတဲ့ သဘောပေါ့။ အဲ့ဒီလိုရှားတဲ့ ထဲမှာမှ အရစ္စတိုတယ်က ပြောထားသေးတယ်။အားလုံးရဲ့ မိတ်ဆွေဟာ ဘယ်သူ့ရဲ့ မိတ်ဆွေမှမဟုတ်ဘူးတဲ့။ဆိုတော့ကာ မိတ်ဆွေကောင်းလည်းဖြစ် ကိုယ့်ကိုအခင်ဆုံး ဖြစ်နေမယ့် မိတ်ဆွေလည်း ဖြစ်မယ့်သူဆိုတာ တော်တော့်ကိုရှားပါတယ်။ရလိုက်ရင်တော့ ခင်ဗျား ကံကောင်းပြီပေါ့။ ဒီရုပ်ရှင်ဟာ အဲ့ဒီလို မိတ်ကောင်းဆွေကောင်း တစ်ယောက်ကိုရလိုက်တဲ့ ကံကောင်းခဲ့တဲ့ သူတစ်ယောက်အကြောင်းပါပဲ။ ဟာသကားပေမဲ့ သူရဲ့ Main Concept ဖြစ်တဲ့ မိတ်ဆွေကောင်း တစ်ယောက်ရလိုက်ခြင်း အကြောင်းဟာ အားကျစရာ ကြည်နူးစရာကောင်းနေတော့ တော်တော်လေးကောင်းတဲ့ ရုပ်ရှင်လို့ဆိုရမှာပါပဲ။ R Rateဟာသတွေထည့်ထားတဲ့ကားဆိုတော့ ဆဲတာဆိုတာ နည်းနည်းတော့ပါပါတယ်။ ဂျွန်ဆီနာကို ဗီလိန်အနေနဲ့ ဒီတစ်နှစ်ထဲ နှစ်ကားမြင်ခဲ့ပြီးပြီဆိုတော့ ဒီရုပ်ရှင်ထဲက မိတ်ဆွေကောင်းပီသတဲ့ ဂျွန်ဆီနာရဲ့ ချစ်စရာကောင်းတဲ့ ...
movie

Vacation Friends (2021)

2021
Spontaneous (2020) 6.5
Spontaneous (2020) Spontaneous (2020)================IMDb Rating - 6.5/10 ဘဝမှာ ကံဆိုးမိုးမှောင်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ သင်သာဆိုရင် ထိပ်တိုက်ရင်ဆိုင်မလား? ရှောင်ဖယ်နေမလား?သေချာတာတစ်ခုကတော့ ဖြစ်မလာသေးတဲ့ အနာဂတ်ကြိုတွေးရင်း စိတ်သောကရောက်နေမယ်ဆိုရင် လူဖြစ်ရှုံးရချည်ရဲ့......ဒီကားအကြောင်းပြောရမယ်ဆိုရင် ကျောင်းတစ်ကျောင်း ဘယ်ကနေ ဘယ်လိုဖြစ်လာမှန်းမသိတဲ့ ပေါက်ကွဲမှုတွေဖြစ်ပြီးကျောင်းသားအတော်များများ သေကြေ ပျက်ဆီးကြပါတယ်။ ဘာကြောင့်လဲဆိုတာကို ဘယ်သူမှ မသိပါဘူး။ ဇာတ်ကားပြီးဆုံးတဲ့အထိ ဘာကြောင့်ဖြစ်လဲဆိုတာကို ခင်ဗျားလည်း သိမှာမဟုတ်ပါဘူး။ဒါဆို ဘာသိလိုက်မှာလဲ......မျက်စိတမှိတ်အတွင်း အသက်ဘေးအန္တရာယ်တဲ့ ရင်ဆိုင်နေရတဲ့အချိန် ကိုယ်ချစ်တဲ့သူတွေနဲ့ ဘဝကိုဘယ်လိုမျိူး ရှေ့ဆက်ဖြတ်သန်းကြလဲ.....အသက်ရှင်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားရုန်းကန်ကြလဲ.....ခင်ဗျားဆိုရင်ကော ဘာဆက်လုပ်မလဲ၊ ဒီဇာတ်ကားက rating 6.5 ရှိပြီး rotten tomatoes 98% ထိရထားတာပါ။Aaron Starmer ရေးတဲ့ Spontaneous စာအုပ်ကို အခြေခံထားပြီး ၂၀၁၆မှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ တစ်ကားထဲမှာပဲ Romance, comedy , Sci-fi ပေါင်းစုံပြီး ရသမျိုးစုံ ခံစားနိုင်မှာ အသေအချာပါပဲ.......(ဒီဇာတ်လမ်းရဲ့ ...
movie

Spontaneous (2020)

2020
Night School (2018) 5.6
Night School (2018) ၂၀၁၉ နှစ်သစ်အချိန်အခါသမယလေးမှာ မျှော်လင့်ချက်အသစ်တွေယူဆောင်လာပေးမယ့် ပျော်ရွှင်စရာ ရယ်မောစရာ ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်…Kevin Hart , Tiffany Haddish စတဲ့ နာမည်ကြီး ဟာသသရုပ်ဆောင်တွေပါဝင်တဲ့အတွက် ပျော်ရွှင်ရယ်မောရမယ်ဆိုတာကိုတော့ ကြိုပြောထားချင်ပါတယ်။….တက်ဒီ ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ စာမကြိုးစားချင်ဘဲ အထက်တန်းကျောင်းကထွက်လာတဲ့ လူတစ်ယောက်ဖြစ်ပြီးအပြင်လောကကြီးကို စာသင်ကျောင်းသဖွယ်မှတ်ယူထားသူပေါ့…အထက်တန်းကျောင်းကနေထွက်ပြီး ၁၅ နှစ်ကြာတဲ့အချိန်မှာ အောင်မြင်တဲ့အရောင်းသမားတစ်ဦးအဖြစ်ရှိနေစဉ်ကာလမှာသူအလုပ်လုပ်ရာဆိုင်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အလုပ်ကနေပြုတ်ခဲ့ပါတယ်…အထက်တန်းလွှာက အင်ဂျင်နီယာတစ်ယောက်ကို ရည်းစားတော်ထားတဲ့ တက်ဒီဟာ သူ့ရည်းစားစိတ်မပျက်ရလေအောင် အလုပ်ရှာဖို့ကြိုးစားပါသော်လည်းအထက်တန်းမအောင်တဲ့သူ့အတွက် လစာကောင်းတဲ့အလုပ်တွေ မရနိုင်လို့ အထက်တန်းအောင်လက်မှတ်ရဖို့ ဘယ်လိုတွေကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ မြင်တွေ့ရမှာပါ..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (400 MB) Quality : WEB-DL 720p Running Time : 1h 51min Format : Mp4 Genre : Comedy Subtitle : Myanmar ...
movie

Night School (2018)

2018