Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yusuf Mahardika
5.8
Borderless Fog (2024)
"Borderless Fog" ရုပ်ရှင်ဟာ ဒါရိုက်တာ Edwinရိုက်ကူးထားတဲ့ 2024 ခုနှစ်ထွက် ရာဇဝတ်မှုသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ဆိုးရွားလှတဲ့ လူသတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အင်ဒိုနီးရှား-မလေးရှားနယ်စပ်ကို စေလွှတ်ထားတဲ့ဂျကာတာက စုံထောက် Sanja Arunika ကို ပုံဖော်ထားပါတယ်။ဒီဒေသဟာ သရဲခြောက်တယ်လို့ ယူဆရတဲ့ Ambong ရဲ့ဒဏ္ဍာရီတွေအပါအဝင် ဒေသဆိုင်ရာ ဒဏ္ဍာရီတွေထဲမှာစီးဝင်နေတာပါ။စုံထောက် Sanja ဟာ စိတ္တဇကွင်းဆက်လူသတ်မှုကိုနက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးလာတာနဲ့အမျှ အကျင့်ပျက်ခြစားမှု၊လူမှောင်ခိုကူးမှုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။သူမရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူ သူမရဲ့အတိတ်နဲ့ သူမကိုခြောက်လှန့်နေတဲ့ အတွင်းစိတ်နတ်ဆိုးတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ လျှို့ဝှက်ဆန်းကြယ်မှု၊ သည်းထိတ်ရင်ဖိုစရာနဲ့ယဉ်ကျေးမှုဆိုင်ရာ ရိုးရာပုံပြင်တွေကို ပေါင်းစပ်တင်ဆက်ထားတာကြောင့် ကြည့်ရှုသူတွေကို ထိုင်ရာက မထစတမ်းဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။ File size…1.77GB / 966MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard ...
movie
Borderless Fog (2024)
Mantra Surugana (2023)
အင်ဒိုသရဲကားဖြစ်တာမို့ ထိတ်လန့်စရာတွေကွင်းကွင်းကွက်ကွက်မြင်ရဦးမှာပါ...၊ဇာတ်လမ်းနာမည်က "စူရူဂါနာမန္တန်"တဲ့ဒီမန္တန်ဟာ အငြိုးကြီးတဲ့အမျိုးသမီးတစ်ယောက်ကသူ့ရန်သူတွေကိုကျိန်စာတိုက်ခဲ့တဲ့မန္တန်ပါ...။ရန်သူတွေတင်မကဘဲ ရန်သူရဲ့ မိန်းမတွေ၊ သမီးတွေကိုဆွေစဥ်မျိုးဆက်တိုင် အသက်သေဆုံးအောင် ကျိန်စာတိုက်ခဲ့တာပါ...။ဇာတ်လမ်းလေးကဘယ်ကစလဲဆိုတော့ တန်ထရီဟာစကောလားရှစ်ရတော့ တက္ကသိုလ်ကျောင်းသူဆောင်ကိုပြောင်းလာခဲ့ပါတယ်...။တန်ထရီမှာက ပရလောကနဲ့ဆက်သွယ်နိုင်တဲ့ အမြင်မျိုးရှိလေတော့ ရောက်ရောက်ချင်းမှာပဲ အဆောင်မှာ ဝိုးဝိုးဝါးတားအရိပ်တွေမြင်ရ အသံတွေကြားရ စိတ်မသိုးမသန့်ဖြစ်ရတယ်ပေါ့....နောက်မှသိလာရတာက ဒီအဆောင်မှာပဲ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားဖူးတယ်...။သေလားရှင်လားမသိရ အလောင်းလည်းမတွေ့ရပေါ့...။တန်ထရီရဲ့ အကြားအမြင်အာရုံနဲ့အတူ ပျောက်သွားတဲ့လူနောက်လိုက်ရှာရင်း ဘယ်လိုကြောက်စရာပုံပြင်တွေတွေ့ရမလဲဘယ်လိုနတ်ဆိုးတွေနဲ့ကြုံဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲခံစားလိုက်ပါဗျာ...။ File size…910MB / 449MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Horror Translated by Themes
movie
Mantra Surugana (2023)
7.4
Balada Si Roy (2023)
Balada Si Roy (2023)******************* လောကဓံရဲ့အနိမ့်အမြင့်အခက်အခဲတွေကို အလူးအလဲခံနေရပေမဲ့ မလျော့သောစိတ်ဓာတ်ခွန်အားတွေနဲ့အတူမတရားဘက်တော်သားတွေကို မကြောက်မရွံ့ပြန်တိုက်ခိုက်ရဲတဲ့ ရွိုက် (Roy) ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကိုပုံဖော်ရိုက်ကူးတာတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်..ရွိုက် (Roy) ဟာ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီးသူ့မှာ အရမ်းချစ်ရတဲ့ဆိုးတူကောင်းဖက်ရှိနေပေးတဲ့ ဂျိုး (Joe) လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိပါတယ် ...နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ သူ့အဖေဆုံးသွားပြီးနောက်ပိုင်းမှာ ရွိုက် (Roy) နဲ့သူ့အမေဟာ ဆန်ရန်ဆိုတဲ့မြို့ကို ပြောင်းရွေ့လာခဲ့ပါတယ်.. ဆန်ရန်အထက်တန်းကျောင်းမှာသာမက ဆန်ရန်မြို့မှာပါ ဗိုလ်ကျနေတဲ့ အကြီးအကဲတစ်ဦးရဲ့သားဒူလန် (Dullah) နဲ့ ရွိုက် (Roy) တို့ဟာ ပြဿနာတစ်ခုဖြစ်ပွါးရာမှ ရွိုက် (Roy) ဟာ သူ့အချစ်ဆုံးခွေးလေး ဂျိူး (Joe) ကို ဆုံးရှုံးခဲ့ရပါတယ်..မိသားစုရဲ့အုတ်တံတိုင်းဖြစ်တဲ့ဖခင်ကိုဆုံးရှုံးထားရတဲ့အပြင် ဆိုးတူကောင်းဖက်ခွေးလေးကိုပါလက်လွှတ်လိုက်ရတဲ့ ရွိုက်(Roy) တစ်ယောက် ဘယ်လိုနာကျည်းချက်တွေနဲ့ ပြန်လည်တုံ့ပြန်မလဲ…… သူ့အဖေကရော ဘာအတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသလဲ…… ဆန်ရန်မြို့ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းတရားတွေရှိနေသလဲ……..ဆိုတာကို ဇာတ်ကားထဲမှာ ရှာဖွေကြည့်လိုက်ရအောင်နော်.... File Size ...
movie
Balada Si Roy (2023)
7.4
Autobiography (2022)
Autobiography (2022)အင်ဒိုနီးရှားမှာ Best Original Screenplay ဆုရခဲ့ပြီး ကျန် ၇ဆုဆန်ကာတင် စာရင်းဝင်ခဲ့တဲ့ အင်ဒိုကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒါ့အပြင်ကို ဗင်းနစ် ရုပ်ရှင်ပြပွဲမှာပါ ဆုတွေရခဲ့ပါသေးတယ်။အင်ဒိုနီးရှားဟာ အနှပညာလောကမှာ အရှေ့တောင်အာရှကို ဖောက်ထွက်ဖို့ကြိုးနေတယ်ဆိုတာ ဒီရုပ်ရှင်မှာတွေ့နိုင်ပါတယ်။ ဇာတ်လမ်း နာမည်လေးကလဲ မြန်မာလိုဆို "ကိုယ်တိုင်ရေး ရာဇဝင်" ပေါ့။ ဇာတ်လမ်းဟာလဲ နာမည်နဲ့အတော်လိုက်တာကို တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်တပ်မှဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက် နိုင်ငံရေးလောကထဲဝင်ပြီး ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ဖို့ မီးမှန်မှန်ရဖို့ရေး ရေအားလျှပ်စစ်စက်ရုံတွေဆောက်မယ်ပေါ့။ ဒါပေမဲ့ သူက လူတွေကိုကူညီချင်သလိုနဲ့ အာဏာသုံးပြီးလုပ်တတ်တဲ့ အာဏာရှင်ကြီးတစ်ယောက်ပါ။ တနေ့ သူ့တပည့်တစ်ယောက်ရဲ့ သားကို သူ့အတွက်လက်တိုလက်တောင်းခိုင်းဖို့ ခေါ်လိုက်ပါတယ်။ အစကတော့ အကြောင်းမသိသေးလို့ လေးစားအားကျနေခဲ့ရာမှ နောက်ကွယ်ကအဖြစ်မှန်တွေသိပြီးနောက် အဲဒီ အာဏာရှင်လူဆိုးကြီး လက်အောက်က ဘယ်လို လွှတ်အောင်ပြေးပြီး ကိုယ့်ရာဇဝင်ကို ရေးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.3GB ...
movie
Autobiography (2022)
2022
6.7
Qorin(2022)
Qorin(2022)***********ဘာသာရေးကိုင်းရှိူင်းဖို့ ပညာတတ်စေဖို့ လေးစားသမှုရှိဖို့ စသည်ဖြင့်ဖွင့်ထားတဲ့အစ္စလာမ်ဘာသာ အမျိုးသမီးအဆောင်လေးတစ်ခု..ယောကျ်ားလေးဆိုလို့ ဆရာဖြစ်သူ အူစတက်ဂျယ်လနီတစ်ယောက်ပဲရှိပါတယ်။တစ်နေ့မှာတော့ ထိုဆရာဖြစ်သူက တားမြစ်ထားတဲ့ မကောင်းဆိုးဝါး "ကွာရင်းဂျင်းန်" ဆင့်ခေါ်ခြင်းကိုကျောင်းသူတွေနဲ့တူတူ လုပ်ဖို့ကြိုးစားခဲ့တဲ့အခါ.. တားမြစ်ထားတဲ့ကျမ်းစာဖြစ်ပြီးမကောင်းဘူးဆိုတာသိပေမယ့် စာမေးပွဲမအောင်မှာကြောက်တဲ့ကျောင်းသူလေးတွေအဖို့တော့ ဆရာခိုင်းတာလုပ်ရုံအပြင် မရှိပါဘူး..ထိုဆင့်ခေါ်ခြင်းကြီးပြီးတဲ့အခါ ဘယ်လိုမူမမှန်တာတွေ ဖြစ်လာလဲဆိုတာကတော့...File Size :(1.4GB) and (594MB) Quality :NF.WEB-DL1080P,720p Format…mp4 Duration…01:49:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie
Qorin(2022)