Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yuji Okumoto
8.8
Inception (2010)
Inception (2010)IMDb Rating (8.8) / Rotten Tomatoes (87%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အော်စကာ လေးဆုရ မာစတာပိစ် ရုပ်ရှင်တစ်ခုကို 4K Quality ဘာသာပြန်မှန်မှန်နဲ့ Update တင်ဆက်ပေးလိုက်ပါတယ်။ Leonardo DiCaprio, Joseph Gordon-Levitt, Cillian Murphy, Tom Hardy, Elliot Page, Marion Cotillard, Ken Watanabe , Michael Caine စတဲ့သရုပ်ဆောင်တွေပါဝင်ပြီး မင်းသားတွေကတော့ နိုလန့်လက်စွဲ မင်းသားတွေပါပဲ။ ဇာတ်ကားကတော့ သိပ္ပံစိတ်ကူးယဉ်၊ အက်ရှင်စွန့်စား၊ Psychological Thriller အမျိုးအစားပါ။ဇာတ်လမ်းအကျဉ်း....ရုပ်ရှင်ရဲ့ အခြေခံသဘောတရားကတော့ လူတွေဟာ အခြားလူတွေရဲ့ အိပ်မက်ထဲကို ဝင်ပြီး မသိစိတ်နဲ့သိစိတ်တွေထဲက အတွေးတွေစိတ်ကူးတွေကို ခိုးယူနိုင်ကြပါတယ်။ဒါကို စိတ်ဆွဲထုတ်ခြင်း Deception လို့ခေါ်ကြတယ်။ ဒီနည်းပညာကိုသုံးပြီး ကော်ပိုရိတ်ကြီးတွေ ဩဇာကြီးတဲ့လူတွေက လိုချင်တာကိုရဖို့ ...
movie
Inception (2010)
2010
4K HEVC
8.2
The Truman Show (1998)
The Truman Show (1998) =============== IMDb Rating (8.2) Rotten Tomatoes (95%) Metacritic 90% Movie Type-Sci-fi/Dramaသင့်ဘဝကြီးတခုလုံးက Show တခုဖြစ်နေပြီး သင်ကဇာတ်လိုက်ဖြစ်နေမယ်လို့တွေးဖူးလား?ဒီကားက သင့်ကိုအတွေးပေါက်စေမယ့်ကားမျိုးပါ။ Sci-fi ဆိုပေမယ့် လေဆာတွေပစ် ယာဥ်ပျံတွေပါတဲ့ကားမျိုးမဟုတ်ပါဘူး။ သင်ဒီကားကြည့်ရင်းမျက်ရည်ဝဲမယ်။ နောက်ဆုံးခန်းကိုကြည့်နေရင်းမှာ လက်ကတခုခုကိုဆုပ်မှန်းမသိဆုပ်နေမိလိမ့်မယ်။ ပြီးတော့ အဆုံးမှာ ဇာတ်ကားထဲက လူတွေလိုပဲ သင်အရမ်းကိုကျေနပ်ပြီးမျက်ရည်တွေကျလာလိမ့်မယ်။ မယုံမရှိပါနဲ့။ မင်းသားက ရှားမှရှား Jim Carrey ပါ။ သူလိုလူနောက်ပေါ်လာဖို့ဆိုတာ တော်တော်မဖြစ်နိုင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့မြင်နေကျ ပေါတောတော ဟာသ ကောင်ကြီးအဖြစ်နဲ့ ဒီကားမှာမြင်တွေ့ရမှာမဟုတ်ပါဘူး။ တကယ့် တခြား Jim Carrey တစ်ယောက်ကိုကြည့်နေရသလိုခံစားစေမှာပါ။ Oscar တန်းဝင်ကားပါ။Truman ဆိုတာက ဘဏ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်။ သူ့ဘဝကြီးကအစစအရာရာသာယာတယ်။ မိန်းမတစ်ယောက်ရှိတယ်။ မိန်းမကလည်းချောတယ်။ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဒါပေမယ့် သူနေနေတဲ့ကမ္ဘာကြီးမှာသူတစ်ယောက်ကလွဲ ပြီးကျန်တဲ့လူတွေကအတုတွေ နေရာတွေအကုန်လုံးက အတုတွေဆိုတာ တဖြည်းဖြည်း နဲ့ရိပ်မိလာတယ်။ Seaheaven ကျွန်းလေးဟာအတုအယောင်ဆိုတာသူတဖြည်းဖြည်းရိပ်မိလာတယ်။ သူဒီကထွက်ဖို့ကြိုးစားတော့မယ်.... ဒါပေမယ့်အောင်မြင်ပါ့မလား?Truman ဟာမိန်းမမရခင်မှာ Laurenဆိုတဲ့ကောင်မလေးနဲ့တွေ့တယ်ကြိုက်ခဲ့တယ်။ သူမကလည်းအတုအယောင်ပဲ။ ဒါပေမယ့် Lauren က Truman ကို ဒါကြီးကအတုအယောင် ...
movie
The Truman Show (1998)
4K HEVC
7.1
Better Off Dead…(1985)
ဒီကားလေးကတော့ 1985 တုန်းကထွက်ထားတဲ့ Romance/Comedy ကားလေးဖြစ်ပါတယ် Romance/comedy. ဆိုပေမဲ့ comedy ဘက်ကို ပိုသွားလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ကားလေးပါ ထွက်ထားတာကြာပြီ ဆိုပေမဲ့လည်း တော်တော်လေးရီရတဲ့ old but goldကားလေးပါဇာတ်လမ်းလေးကတော့ရှင်းပါတယ် Lane Myer က ကောင်မလေးပစ်တာခံရပြီးတော့ စိတ်ဓာတ်ကျနေတဲ့ လူငယ်တစ်ယောက်ပါ သူကသူ့ကိုသူအဆုံးစီရင်ဖို့ခနခနကြိုးစားရင်း မအောင်မြင်တာနဲ့ နောက်ဆုံးကောင်မလေးကိုပြန်ရအောင်လုပ်ရင်းနဲ့ဘယ်လိုတလွဲတွေဖြစ်မလည်း နောက်ဆုံး ကောင်မလေးနဲ့ ရောပြန်အဆင်ပြေသွားမှာလား? ဆိုတာကို ဟာသ နှောပြီးရိုက်ထားတဲ့ကားလေးဖြစ်ပါတယ် File size…(2.2 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie
Better Off Dead…(1985)
7.5
Contact (1997)
Contact (1997)IMDb Rating (7.5) / Rotten Tomatoes (68%)Forrest Gump တို့ Cast Away တို့ Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် ...
movie
Contact (1997)
4.8
Big Momma’s House 2 (2006)
Big Momma's House 2 (2006) ======================ရှေ့ကတင်ဆက်ခဲ့တဲ့ Big Momma's House 1 (2000)ရဲ့ FBIအေးဂျင့် မယ်လ်ကွန်တစ်ယောက် ယခုဒုတိယမြောက်ဇာတ်ကားမှာ သားနဲ့မယားနဲ့ အပြင် လူ့လောကရောက်လာတော့မဲ့ ပေါက်စနတစ်ကောင်နဲ့ ပျော်စရာ မိသားစုလေးကိုပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူ့မိန်းမရှယ်ရီက နောင်ရေးကို တွေးပြီးယောက်ျားဖြစ်သူကို ရဲအလုပ်ကနေ တခြားအလုပ်ပြောင်းလုပ်ခိုင်း နေပါတယ်။အဲဒီအချိန်မှာပဲ မယ်လ်ကွန့်ရဲ့ပထမဆုံးပါတနာအေးဂျင့်ဟာ အသွင်ယူစုံစမ်း ရာကနေ သရုပ်မှန်ပေါပြီး လက်စဖျောက်ခံလိုက်ရပါတယ်။ မယ်လ်ကွန်ဟာ အဲဒီအမှုကို သူပဲဆက်ပြီးတာဝန်ယူချင်ပေမဲ့ အထက်လူကြီးကတော့ တခြား အလုပ်ပါတွဲလုပ်နေရပြီး၊ မကြာခင်ကလေးအဖေဖြစ်တော့မဲ့ မယ်လ်ကွန့်ကို အန္တရာယ်များမှာစိုးလို့ ကွင်းဆင်းအေးဂျင့်အဖြစ်ကနေ ရပ်စဲပစ်လိုက်ပါတယ်။ ဒါပေမဲ့ အေးဂျင့်ပိုးမသေသေးတဲ့ မယ်လ်ကွန်ကတော့ အားလုံးကိုတစ်ပတ် ရိုက်ပြီး အဲဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီအကြီးအကဲ တွမ်ဖူလာရဲ့အိမ်မှာ ကလေးထိန်းအဖြစ် သူ့သဘောနဲ့သူ အလုပ်သွားလျှောက် လိုက်ပါရော။ဒါပေါ့ဗျာ။ ရှေ့ကားထဲကအတိုင်း မိန်းမဝဝဝတ်စုံကြီးကို နောက်တစ်ခါထပ်ဝတ်ပြီး မယ်လ်ကွန်တစ်ယောက် မေမေကြီးဇာတ်ကို တဖန်ပြန်က ပါတော့တယ်။ ဒီတစ်ခါ မှာလည်း မေမေကြီးရဲ့ပြောင်မြောက်လှတဲ့ အမှုလိုက်ပုံတွေကို ကြည့်ရှုခံစားလိုက် ပါဦးလို့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.0 GB) / (1.0 GB) Quality............BLU-RAY 1080p ...
movie
Big Momma’s House 2 (2006)
2006
6.1
The Karate Kid Part II (1986)
ဒီတစ်ခါ တောင်းဆိုထားတဲ့ ပရိသတ်ကြီးအတွက် Karate Kid Part 2 လေးတင်ဆက်ပေးလိုက်ပါတယ် အရင်ကားကို ကြည့်ပြီးတဲ့သူတိုင်း မစ္စတာမီရာဂီရဲ့ ခုခံဖို့သာအဓိကဆိုတဲ့ ကရာတေးကို ဒီကားထဲမှာလည်းဆက်လက်တင်ဆက်ပြခဲ့တာပါ ဒါပေမဲ့ နည်းနည်းလေးတော့ ပြောင်းလဲခဲ့တာပေါ့လေ ဇာတ်လမ်းအကျဉ်း ဒန်နီရယ်က ဗယ်လီဒေသပေါင်းစုံပြိုင်ပွဲကြီးမှာ ချန်ပီယံဖြစ်သွားပြီး ဂျွန်နီကတော့ ဒုတိယနဲ့မကျေမနပ်ဖြစ်ခဲ့ရတာပေါ့ ဒန်နီရယ်နဲ့ ဂျွန်နီတို့လုနေတဲ့ အယ်လီဆိုတဲ့ကောင်မလေးကလည်း ဘောလုံးသမားတစ်ယောက်နဲ့ ကြိုက်သွားတော့ ဒန်နီရယ်ကလည်းကျန်ရစ်ဖြစ်နေခဲ့တာပေါ့ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အိုကီနာဝါကနေ မစ္စတာမီရာဂီ နာမည်နဲ့စာတစ်စောင်ရောက်လာပါလေရော အဲဒီစာထဲမှာ မစ္စတာမီရာဂီ ရဲ့အဖေအသည်းအသန်ဖြစ်နေတဲ့အကြောင်းရေးထားတော့ မစ္စတာမီရာဂီလည်း အိုကီနာဝါပြန်ဖို့စီစဉ်ရတော့တာပေါ့ ဒန်နီရယ်ကလည်း သူ့အမေနဲ့ ဖရန်ဆိုကိုမလိုက်ချင်တာနဲ့ပဲ ငွေစုအကောင့်ထဲက ပိုက်ဆံတွေအကုန်ထုတ်ပြီး မစ္စတာမီရာဂီနဲ့ အိုကီနာဝါအထိကိုလိုက်ခဲ့ရတော့တာပေါ့ အဲဒီတော့ ဒီဇာတ်ကားလေးက ဂျပန်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးရိုက်ထားတဲ့ကားလေးပါပဲ အဲဒီအချိန်မှာပဲ လေယာဉ်ပေါ်ကဆင်းဆင်းချင်း ဒန်နီရယ်တို့ကို ချိုဇန်ကလာကြိုတော့ပါတယ် ဇာတ်လမ်းလေးကတော့ အဲဒီမှာပဲစခဲ့တာပါ ဒန်နီရယ်တို့ရောက်မှာကို ချိုဇန်ကဘယ်လိုသိပြီး ဘာလို့လာကြိုတာလဲ မစ္စတာ မီရာဂီကရောဘာလို့ အိုကီနာဝါကနေထွက်လာခဲ့တာလဲ သူထွက်သွားပြီး ၄၅နှစ်အကြာမှာ ...
movie
The Karate Kid Part II (1986)
6.2
Pearl Harbor (2001)
Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie
Pearl Harbor (2001)
2001