Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yuina Kuroshima
6.7
The Parades (2024)
The Parades (2024)လူတွေ သေဆုံးပြီးကြတဲ့နောက်မှာ နောက်ဘဝဆိုတာ တကယ်ရှိသလား???? ရှင်သန်နေစဉ်ကာလမှာ အပြီးမသတ်နိုင်ခဲ့တဲ့ ကိစ္စတွေနဲ့ နောင်တတရားတွေ ရှိနေခဲ့ကြမယ်ဆိုရင်ရော သေဆုံးသွားပြီးသားသူတွေဟာ ကျွတ်လွတ်နိုင်ပါ့မလား? ဒီလိုမျိုး မေးခွန်းထုတ်စရာတွေအကြောင်းကို ရိုက်ကူးထားတဲ့ Japan Movie "The Parades" ထွက်ရှိလာခဲ့ပါပြီ။ဒီဇာတ်ကားမှာဆိုရင်တော့ ခါဝခါမိ မီနာကို ဆိုတဲ့ Single Mom တစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ ပြင်းထန်တဲ့ငလျင်ဒဏ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် တစ်ဦးတည်းသောသားလေးနဲ့ လူချင်းကွဲသွားခဲ့တဲ့ မီနာကို ဟာ သူ့ကိုယ်သူ သေဆုံးပြီးဖြစ်ကြောင်းကို သိလိုက်ရချိန်မှာတော့ အတော်လေး လက်မခံနိုင်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူလိုသေဆုံးပြီသားသူတွေကို တွေ့ရှိလိုက်ရချိန်မှာတော့ သူ့အတွက် မေးခွန်းထုတ်စရာတွေက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ တမလွန်ဘဝမှာနေထိုင်ရင်း သူ့ရဲ့ဖြစ်တည်မှုကိုအဖြေရှာရမယ့် မီနာကိုတစ်ယောက် သားဖြစ်သူကိုရော ရှာတွေ့သွားနိုင်မလား။ သူ့ရဲ့သားလေးဟာရော တကယ်ပဲ ဘေးကင်းကင်းနဲ့အသက်ရှင်နေသေးရဲ့လားဆိုတာကိုတော့ ပရိသတ်ကြီး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါတော့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.2GB ...
movie
The Parades (2024)
2024
5.5
The End of the Pale Hour (2021)
The end of the pale hour / Young people at dawn (2021)ဒီတစ်ခါတင်ဆက်ပေးလိုက်ချင်တာကတော့ မမရဲ့ အနွံတာခံမယ့် မောင်လေးတစ်ယောက်ရဲ ဇာတ်ကြောင်းပါပဲ မင်းသားဟာ စားသောက်ပါတီပွဲတစ်ခုမှ မိန်းကလေးတစ်ယောက်နဲ့ အမှတ်မထင်ဆုံရင်း ချစ်မိသွားတယ် အတူလျှောက်သွားလျှောက်စား ပျော်ပါးကြည်နူးကြတယ်ပေါ့ တက္ကသိုလ်ပြီးတော့ အလုပ်ဝင်ရတော့မယ့်မင်းသားဟာ တကယ်တမ်းလုပ်ငန်းခွင်ရောက်တော့ သူမျှော်လင့်ထားသလို တစ်ခုမှ ဖြစ်မလာပါဘူး ကြိတ်မှိတ်သည်းခံလုပ်ရင်း မိန်းကလေးနဲ့ပဲ အတူနေရင်း ကျေနပ်နေခဲ့တယ်ပေါ့ အချိန်တစ်ခုကြာလာတဲ့အခါ အလုပ်ကလည်း အဆင်မပြေ ချစ်သူမမကလည်း စွန့်ပစ်သွားချိန်မှာ မျက်နှာလွှဲခဲ့တဲ့ အမှန်တရားတွေကို ရင်ဆိုင်ရပါတော့တယ် ဒီဇာတ်ကားလေးဟာ working adults တွေရဲ့ ဖိစီးမှုတွေ ဘဝအချိုးအကွေ့တွေကို မီးမောင်းထိုးပြထားတဲ့ အချစ်ဒရာမာကားကောင်းလေး ဖြစ်ပါကြောင်း....File Size__(2GB) / (830MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:56:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Naing Aung ...
movie
The End of the Pale Hour (2021)
5.3
Fullmetal Alchemist: The Final Alchemy (2022)
Fullmetal Alchemist: The Final Alchemy (2022)မန်ဂါအနေနဲ့ရော Animeအနေနဲ့ ရောအောင်မြင်ခဲ့တဲ့ Full Metal Alchemist ကို ၂၀၁၇မှာ Live Action တစ်ကားထုတ်ခဲ့ပြီး 2022မှာမှ သူ့အဆက်ကို ဆက်ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တင်ခဲ့တဲ့ Fullmetal Alchemist: Final Chapter - The Avenger Scarပါ။ အဲဒီကားမှာ ကောင်းခန်းမှာမှ ဖြတ်သွားပြီ တစ်လအကြာမှာ ဇာတ်သိမ်းခန်း Final Alchemist ထပ်ထွက်လာပါတယ်။Animeသမားတွေတော့ ကြိုက်လောက်မှာ မဟုတ်ပေမဲ့ ဒီတိုင်းကြည့်ရင်တော့ ဒီအပိုင်းက ပထမ၂ပိုင်းထက်တောင် တော်တော်လေးကြည့်ကောင်းပါတယ်။ Main Bossပါလာပြီဆိုတော့ Battle Sceneအကြမ်းစားတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ Plot Twistကလေးတွေတောင် ပါပါသေးတယ်။ ဒီသုံးကားဟာ ဇာတ်ကောင်တွေရဲ့ Friendship တွေ ၊ Brotherhood တွေ ၊ Comradeship ...
movie
Fullmetal Alchemist: The Final Alchemy (2022)
5.6
Fullmetal Alchemist_The Revenge of Scar (2022)
Fullmetal Alchemist : the Revenge of Scar (2022)အန်နမှာ အောင်မြင်ထားပြီး သူ့ကိုယ်ပိုင်ပရိသတ်နဲ့ သူရှိပြီးသားFullmetal Alchemistကို 2017တုန်းက live actionရိုက်ခဲ့ပါတယ်။ အန်နမဲကြည့်ထားတဲ့သူအတွက် ဘယ်လိုနေမလဲမသိပေမဲ့ ဒီတိုင်းကြည့်ရင်တော့ မဆိုးပါဘူး။ ကြည့်ကောင်းပြီး စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ရိတ်တင်အနေအထားအရ အန်နမဲ ပရိသတ်အတွက်တော့ စိတ်ပျက်စရာဖြစ်သွားပုံရပါတယ်။ဇာတ်လမ်းကတော့ ပထမကားအတိုင်းပဲ Edward Elricက ခန္ဓာမရှိတဲ့ သူ့ညီအတွက် ခန္ဓာပြန်ရအောင်လုပ်ပေးဖို့ ကြံပါတယ်။ ဒီလိုနဲ့ သူတို့ မြို့တော်ကို လာတဲ့လမ်းမှာ နိုင်ငံခြားက Alchemistဆန်ဆန်ပညာသည်တွေနဲ့ မင်းသားတစ်ပါးက သူတို့ဆီ အဂ္ဂရိတ်ဓာတ်လုံးအကြောင်းမေးရင်း ရန်ထဖြစ်ကြတယ်။ နောက် scarလို့ခေါ်တဲ့ သူတို့မြို့က alchemistတွေ ဖျက်ဆီးလိုက်တဲ့ Ishvalan က လူတစ်ယောက်က လက်စားချေဖို့ alchemistတွေတစ်ယောက်ပြီးတစ်ယောက်လိုက်သတ်နေပါတယ်။ ဒီလိုနဲ့ Edward နဲ့ scarတို့ ထပ်တိုက်တိုးကြပါရော။ ဒီလိုနဲ့ဘာတွေဆက်ဖြစ်မလဲတော့ ကိုယ်တိုင်ပဲကြည့်ရှုကြည့်ကြပါ။ဇာတ်က အန်နမဲလောက်အရသာတော့ ...
movie
Fullmetal Alchemist_The Revenge of Scar (2022)
6.2
Strobe Edge (2015)
[Unicode]Strobe Edge (2015)IMDb rating - 6.2/10ကောင်မလေးတွေပါးစပ်ဖျားမှာရေပန်းစားတဲ့ "ရန်"ကို မတွေ့ခင်အထိ အထက်တန်းကျောင်းဂျူနီယာလေး"နိနကို"က ဘယ်သူ့ကိုမှစိတ်မဝင်စားတဲ့ကျောင်းသူလေးတစ်ယောက်ပါ။ရန်ရဲ့ဂရုစိုက်တတ်ပြီးတစ်ဖက်သားကိုလေးစားတတ်တဲ့အပြုအမူကြောင့် သူ့ကိုချစ်မိသွားပါတယ်။ ဒါပေမဲ့လည်း သူကြိုမသိထားတဲ့အချက်က "ရန်"မှာကောင်မလေးရှိနေနှင့်ပြီး ကောင်မလေးကမော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့်ဖွင့်ပြောပြီးတဲ့အခါမှာလည်း "နိနကို"က "ရန်"ကိုသူငယ်ချင်းအဖြစ်ပဲဆက်နေပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာ "အန်ဒို"ဆိုတဲ့ကျောင်းပြောင်းကောင်လေးကလည်း "နိနကို"ကိုတဖြည်းဖြည်းနဲ့စိတ်ဝင်စားလာပါတယ်။ "အန်ဒို"က "ရန်"ရဲ့အချစ်ဆုံးသူူငယ်ချင်းဖြစ်ခဲ့ဖူးပြီး အထင်လွဲစရာကိစ္စတစ်ခုကြောင့်အချင်းချင်းမုန်းသွားခဲ့တာပါ။သူငယ်ချင်းဆိုတဲ့စည်းခြားထားပေမဲ့ "ရန်"နဲ့"နိနကို"ကြားမှာ တဖြည်းဖြည်းသံယောဇဉ်တွေတိုးလာတဲ့အခါ "ရန်"ကလည်းသူ့ကောင်မလေးကိုတကယ်ချစ်တာမဟုတ်ဘဲကာကွယ်ပေးချင်စိတ်ကြောင့်တွဲခဲ့တာဖြစ်တဲ့အခါ..."ရန်" "နိနကို"နဲ့ "အန်ဒို"တို့၃ယောက်ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုနိုင်စေဖို့ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။ ၂၀၁၅ဇာတ်ကားဟောင်းဖြစ်ပေမဲ့ ပြန်ကြည့်ရင်လည်း ရိုးမသွားဘဲကြည်နူးစရာကောင်းတဲ့ဇာတ်ကားလေးမ်ု့ိ Highschool movieကြိုက်တဲ့သူတွေအတွက်အကြိုက်တွေ့စေမှာပါ။Strobe Edge ဇာတ်ကားကတော့ ဂျပန်မှာအောင်မြင်ခဲ့တဲ့ Voice over comic ရဲ့ Live actionဖြစ်ပြီး Greeeen အဖွဲ့ရဲ့ နာမည်ရသီချင်းဖြစ်တဲ့ Ai uta ကို Theme songအဖြစ်အသုံးပြုထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) [Zawgyi]Strobe Edge (2015)IMDb rating - 6.2/10ကောင်မလေးတွေပါးစပ်ဖျားမှာရေပန်းစားတဲ့ "ရန်"ကို မတွေ့ခင်အထိ ...
movie
Strobe Edge (2015)
6.0
Principal: Am I In a Love Story? (2018)
movie
Principal: Am I In a Love Story? (2018)
12 Suicidal Teens (2019)
12 Suicidal Teens (2019) လောကကြီးကိုစိတ်ကုန်ပြီး ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်ချင်နေတဲ့ ဆယ်ကျော်သက်အရွယ် ကလေး ၁၁ ယောက်ဟာ အွန်လိုင်းပေါ်မှာတင်ထားတဲ့ အဆုံးစီရင်သူများစုဝေးမှုကြောင့် စွန့်ပစ်ထားတဲ့ ဆေးရုံဟောင်းတစ်ခုမှာ လာရောက်ဆုံစည်းမိကြပါတယ်။ သူတို့အားလုံးဆုံကြတဲ့အချိန် သူတို့ထက်အရင် အဆုံးစီရင်ထားတဲ့ စီစဥ်သူကိုမြင်လိုက်ရလို့ အားလုံးအံ့ဩားသင့်ပြီး သူတို့ဖာသာရှေ့ဆက်ကြတော့မယ့်အချိန်မှာ နောက်ဆုံးမှတကယ်ဝင်လာတဲ့ စီစဥ်သူ "ဆာတိုရှိ" လူ ၁၂ ယောက်စုဝေးမှုမှာ ၁၃ ယောက်ဖြစ်နေပြီး စာရင်းထဲမှာမပါတဲ့ ကုတင်ပေါ်မှကိုယ်တော်ချောကို သူတို့ဟာ အမှတ်စဥ် သုည လို့အမည်ပေးပြီး သူဘယ်လိုဒီကိုရောက်လာတယ်ဆိုတာကိုရှာဖွေကြပါတယ် ဝင်လာတဲ့ လူ ၁၂ ယောက်မှာ တစ်ယောက်ချင်းစီတွေ့ခဲ့ကြတဲ့ မူမမှန်တဲ့ သဲလွန်စတွေကိုပေါင်းပြီးတော့ ဒီ သုညကိုယ်တော် ဘယ်ကရောက်လာပြီး ဘယ်သူသတ်တာလဲကို ပူးပေါင်းဖော်ထုတ်ပြီးမှ သူတို့သတ်သေမှုကိုဆက်လုပ်ကြမယ်သဘောတူကြရင်း ရှာဖွေရင်းက မထင်မှတ်တာတွေဖြစ်ခဲ့ကြတယ်... လျို့ဝှက်ချက်ကိုယ်စီရှိနေတဲ့ သူတို့ ၁၂ ယောက်ဟာ သုည စုဝေးတဲ့အခန်းထဲရောက်လာပုံကို ဘယ်လိုအဖြေရှာကြမလဲ သူတို့တွေသတ်သေမှုရောဘယ်လိုဖြစ်သွားမလဲ "ဆာတိုရှိ" ရဲ့ တကယ့်ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဂျပန်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File Size : (1.66GB)/(866MB) Quality : Bluray (1080p,720p) Running Time : 1h57min Format : Mp4 Genre : Mystery,Thriller Subtitle : ...
movie
12 Suicidal Teens (2019)