Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yui Natsukawa
6.3
Tales from Earthsea (2006)
Earthsea ဆိုတဲ့ ကမ္ဘာကြီးမှာ လောကကြီးရဲ့ ဟန်ချက်ညီမှုတွေပျက်စီးပြီး ကပ်ဆိုးတွေအမျိုးမျိုး ဖြစ်ပေါ်လာခဲ့တယ်။ဒီဖြစ်ရပ်တွေရဲ့ အကြောင်းအရင်းကို စုံစမ်းဖို့အကြီးမြတ်ဆုံးမှော်ဆရာတစ်ဦးဟာသူ့ရဲ့ရှည်လျားလှတဲ့ခရီးစဉ်ကို စတင်ခဲ့ပါတယ်။သူ့ရဲ့ခရီးစဉ်မှာ Arren ဆိုတဲ့ ပြည်ပြေးမင်းသားတစ်ပါးနဲ့မိတ်ဆွေဖြစ်ခဲ့ပြီး အတူတကွခရီးဆက်ခဲ့တယ်။ လမ်းခရီးတစ်လျှောက် လောကကြီးရဲ့ ဟန်ချက်ညီမှုကိုပျက်စီးစေမယ့် ထာဝရရှင်သန်မှုကို ရှာဖွေနေတဲ့မှော်ဆရာတစ်ဦးနဲ့ ရင်ဆိုင်ရတဲ့အခါ အဲ့ဒီမှော်ဆရာကိုသူတို့တွေ ရင်ဆိုင်နိုင်ပါ့မလား၊ လောကကြီးရဲ့ဟန်ချက်ညီမှုကို ပြန်လည်ထိန်းသိမ်းနိုင်ပါ့မလားဆိုတာကိုကြည့်ရှုခံစားရမှာပါ File size… 1.5 GB / 679 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ..... Animation/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Tayza
movie
Tales from Earthsea (2006)
7.3
I Wish (2011)
I Wish ( 2011 )ဂျပန်တွေက သူတို့ယဉ်ကျေးမှုနဲ့ အနုပညာက သဘာဝကပဲလာတယ်လို့ပြောကြတယ်။ ဂျပန်ရုပ်ရှင်ကောင်းတွေကလည်း သဘာဝကပဲလာတယ်ပြောရမှာပဲ။ သူတို့ယဉ်ကျေးမှု သူတို့လူနေမှုစတဲ့ သူတို့ရဲ့ လူ့သဘာဝကနေပဲလာတာများတယ်။ မျက်မှောက်ခေတ် ဂျပန်ဒါရိုက်တာတွေထဲ ဒီလူ့အသိုင်းအဝိုင်းက လူတွေရဲ့အချင်းအရာတွေ သက်သက်ကို သူ့သဘာဝအတိုင်း လှလှပပ အရိုက်ပြနိုင်ဆုံးကတော့ Hirokazu Koreedaပဲ ဖြစ်ပါလိမ့်မယ်။ အကုန်လုံးတော့ မဟုတ်ပေမဲ့ Koreedaရုပ်ရှင်တွေရဲ့ ၉၀ရာခိုင်နှုန်းလောက်က ဒီလိုရုပ်ရှင်တွေချည်းပါပဲ။ ဒီလိုဟန်တွေချည်း ရိုက်ပြခဲ့တာက သူ့ရှေ့မှာ အိုဇုရှိခဲ့သလို Korredaကိုယ်တိုင်လည်း တင်ဆက်ပုံဟန်မှာ အိုဇုအငွေ့အသက်မကင်းတာတွေ တွေ့ရတော့ သူ့ကို အိုဇုနဲ့ တော်တော်နှိုင်းကြတယ်။ တစ်ချို့ကလည်း အိုဇုနဲ့ Koreedaက မိသားစုဒရာမာတွေရိုက်ပြတာချင်းတူပေမဲ့ ဟန်ချင်းမတူဘူးဆိုကြတယ်။ ဒါပေမဲ့ Still Walkingမှာတော့ Koreedaဟာ တင်ဆက်ပုံဟန်မှာပါ အိုဇုနဲ့ တော်တော်လေးတူခဲ့တော့ နှိုင်းသင့်တယ်လို့လည်း ထင်ရတာပါပဲ။ သေချာတာတော့ သူတို့ ၂ယောက်စလုံးဟာ သူတို့ရုပ်ရှင်တွေမှာ ဂျပန်လူ့အသိုင်းအဝိုင်းနဲ့ ဂျပန်ယဉ်ကျေးမှုကို ဖော်ပြနိုင်ခဲ့တယ်။ ဒါလည်းအရေးပါပါတယ်။ ကြည့်တဲ့လူကို သူတို့ယဉ်ကျေးမှုကို နားလည်စေသလို သူတို့ရုပ်ရှင်တွေကိုလည်း ပိုစီးဝင်စေတယ်။ ပိုအရေးပါတယ်ထင်ရတာကတော့ ရုပ်ရှင်တွေဟာ ယဉ်ကျေးမှုကို ...
movie
I Wish (2011)
2011
7.5
Tokyo Family (2013)
Tokyo Family (2013) =============== IMDb Rating - 7.5/10ငါတို့ဟာ အသုံးမကျတဲ့သားတွေပေါ့။ ဘယ်တော့မှလည်း ကိုယ့်ဘဝ ကိုယ်နိုင်အောင် မကျောင်းနိုင်ခဲ့ကြပြန်။ မရှင်သန်နိုင်အောင် ရှင်သန် နေခြင်းတွေနဲ့ မရေနိုင်အောင် ရာသီတွေဘယ်ရွေ့ကြာပြီလေလဲ၊ ငါ မသိတော့တဲ့ မရေရာခြင်းတွေ။ အိမ်ပြန်မရောက်ဖြစ်တဲ့သားတွေ အတွက် အိမ်ဟာရှိနေသေးလည်း သားတွေအိမ်ပြန်ရောက်မလာဘဲ အိမ်ဟာ မရှိတရှိကလေးပဲ ငွေ့ငွေ့ကျန်။ကမ်းကုန်အောင် ပေတေလေလွင့်နေသားတစ်ယောက်ကို အိမ်ဟာ ဘယ်တော့မှ ကျောခိုင်းမသွားခဲ့ဘူး။ "နေ့စဉ်မှာပိုက်ဆံထွက်မြဲ ရှာ တော့မလွယ်" သူ့စီးကရက်ဖိုး သူမလောက်လို့ လက်ဖြန့်တဲ့အခါလည်း ဘယ်တော့မှ အဲဒီလက်ဟာ ဗလာမဖြစ်ခဲ့ဘူး။ မမြင်ပေသေချာနေတဲ့ လူပေလူတေလေးရဲ့ ရှုပ်ပွနေတဲ့အခန်းကျဉ်းလေးကိုလည်း မမေ့ခဲ့ဘူး။ ငါ့ရဲ့ခွင့်လွှတ်လို့မရတဲ့အမှားကိုလည်း အဲဒီကမ္ဘာမှာ ငါရှာမတွေ့နိုင်ခဲ့တော့ အမှားများစွာကြား နေသားကျလာခြင်းဟာလည်း ငါယုံကြည်နေတဲ့ လူ ဆန်တဲ့ကမ္ဘာ။"ဝေးခဲ့သူမို့ " ငါတို့ရဲ့အချစ်တို့ကိုလည်း ငါတို့ရဲ့အပြုံးလို့ ကောင်းချီးပေး ပိုခမ်းနားစေတဲ့အခါ... အခုလိုသိခြင်းနဲ့မဟုတ်ဘဲ ရင်နဲ့နားလည်နိုင်တဲ့အခါ ... အဲဒီအခါ ငါနှောင်းသွားမလား။ တကယ်တမ်းသာဆို အဲဒီအချစ်ဟာ ငါရေစုန်မျှောချင်ခဲ့တဲ့ ဘဝပေါ့။ ဘယ်တော့မှ လိမ္မာမလာနိုင်တဲ့ငါ အဖြေ မရနိုင်မှာကိုလည်း သေချာနေခဲ့ခြင်းတွေ။ "အရိပ်စစ်"ရဲ့အတိတ်ဟာာ အမြဲအသစ်ပဲ။ ဘယ်အရာတွေဘယ်လိုနေမယ် မသေချာနေလည်း ဘယ် လိုပဲ ကွေ့ကောက်စီးစီးပေါ့ ဘယ်တော့မှ ...
movie
Tokyo Family (2013)
2013
7.9
Still Walking (2008)
Still Walking (2008) =============== Directed By Hirokazu Koreeda IMDb Rating - 7.9/10ဇာတ်အဖွင့်မှာ Koreedaဟာ မိသားစုတစ်စုရဲ့ သေသူ၊ ရှင်ကျန်သူတွေ ပြန်ဆုံစည်းကြတဲ့ နေ့တစ်နေ့ကို ခေါ်သွားတယ်။ နှစ်ပေါင်းများစွာ မပျက် မကွက် လမ်းလျှောက်နေတဲ့ လူတစ်ယောက်ဆီခေါ်သွားတယ်။ အဲဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်ထဲကို ခေါ်သွားတယ်။ သူတို့မိသားစုရဲ့မရှိတော့တဲ့ သူတို့အတွက်အဖိုးအတန်ဆုံး တစ်ယောက်ဆီ ခေါ်သွားတယ်။ သူတို့ရဲ့ဆန္ဒ တွေဆီ ခေါ်သွားတယ်။ ဒီလိုနဲ့နောက်တစ်နေ့ မိုးလင်းသွားတယ်။ တစ်ချို့ဆန္ဒ တွေက ဘယ်တော့မှမဖြစ်လာခဲ့ကြသလို တစ်ချို့က ဒီလမ်းကို ဆက်မလျှောက် နိုင်ကြတော့ဘူး။ ဒါပေမဲ့ ကျန်နေခဲ့သူတို့ကတော့ ဆက်လျှောက်နေရတုန်း။ Koreedaဟာ ကျွန်တော်တို့ကို ဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်အနေ အတိတ်တွေကို ပြတော့ပြတယ်။ ဒါပေမဲ့ ပေါ်လွင်အောင်တော့ မပြပါဘူး။ စကားတစ်ခွန်းနဲ့ အဲဒီစကားနောက်မှာ ဖြစ်သွားတဲ့ ဇာတ်ကောင်ရဲ့ အမူအရာနဲ့ကို ချိတ်ဆက်ပြီး ပြသွားတယ်။Koreedaရဲ့ Still walkingဟာ ဟဲမင်းဝေးရဲ့ ရေခဲတုံးကြီးလိုပါပဲ။ Koreedaဟာ ကျွန်တော်တို့ကို သူပြချင်တဲ့အကြောင်းအရာကို ရိုးရိုးရှင်းရှင်းနဲ့ ရေခဲတုံးကြီးရဲ့ ပေါ်နေတဲ့အစွန်းကလေးကိုပဲ ရိုက်ပြသွားပေမဲ့ ကြည့်ရှုသူကိုတော့ ...
movie
Still Walking (2008)
2008
5.6
Hotel Royal (2020)
Hotel Royal 2020လူ့သဘာဝ သရုပ်ဖော်ကားလေးတွေဟာ အေးအေးငြိမ့်ငြိမ့်လေးနဲ့ရှယ်ဆွေးလို့ကောင်းလှပါတယ်။ ဒါကို The pursuit of happyness လိုကားမျိုးလေးတွေက သက်သေပြလို့နေပါတယ်။၂၀၂၀ ခုနှစ်ရဲ့ အဲလိုကားမျိုးလေးတွေရှာကြည့်ရင်းနဲ့ ကျွန်တော့်မျက်စိရှေ့ရောက်လာတာကတော့ Hotel Royal ဆိုတဲ့ဂျပန်ကားလေးပါ။ Rating က 5.6 သာရထားပြီး ဂျပန်ကားတွေရဲ့ထုံးစံအတိုင်း စကားပြောကဖောင်းပွနေတတ်တာမို့ ဒီကားလေးမို့ တစ်ခြားလေးတွေထက် နောက်ဆုံးမှကြည့်မယ်လုပ်ထားခဲ့ပါတယ်။ အမျိုးအစားက Family အမျိုးအစားမလို့ လူ့သရုပ်ဖော်ကိုက၊ မိသားစုချစ်ခြင်းတွေဖက်ကို ဦးစားပေးမယ့်ကားမျိုးလေးလို့တော့ တွေးထားလိုက်ပါတယ်။တကယ်ဒီကားလေးကို ကြည့်ဖြစ်သွားတဲ့အချိန်မှာတော့ အထင်နဲ့အမြင်ဟာ တက်တက်စင်အောင်လွဲရပါတော့တယ်။ စကားပြောကျစ်လျစ်မှုမရှိဘဲ ဖောင်းပွနေတာမျိုးမရှိသလို၊ မလိုတဲ့အပိုသရုပ်ဆောင်မှုတွေလည်းမတွေ့ရပါဘူး။ ပြောရမယ်ဆို ကျွန်တော် ၃ ခါကျော်ကျော်လောက်ကို မျက်ရည်ဝဲရတဲ့အထိပါပဲ။ ဘာကြောင့် IMDb နည်းနေရလဲကတော့ Lucy လိုရသင့်သလောက် rating ထိမတက်လာတာမျိုးဘဲဖြစ်လိမ့်မယ်လို့ပဲတွေးလိုက်ရတဲ့အထိပါ။ ဘာသာပြန်ဖို့ကြည့်ကြည့်နေရင်း မျက်ရည်တွေထထဝဲရသလို ဇာတ်ကားကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်မျိုးကြီးကျန်ခဲ့စေတဲ့ ကားကောင်းလေးပါပဲ။ဇာတ်လမ်းအကျဉ်လေးပြောရမယ်ဆိုရင် မီဆာယိုဆိုတဲ့ ကောင်မလေးဟာ Hotel Royal ဆိုတဲ့ စုံတွဲတွေလာလာတွဲလေ့ရှိတဲ့ဟိုတယ်ကြီးမှာ ခံစားချက်မဲ့နေတာကနေပဲစတယ်ပေါ့ဗျာ။ ဒီတော့ ဒီကောင်မလေး ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ၊ ...
movie
Hotel Royal (2020)
The Blind Swordsman: Zatoichi (2003)
The Blind Swordsman: Zatoichi (2003) ဇာတ်လမ်းအညွှန်း *******************************************************ဒီဇာတ်လမ်းလေးဟာ ဆာမူရိုင်း အကြောင်းရိုက်ကူးထားတဲ့ ဇာတိုအိချိ ဆိုတဲ့ ဇာတ်လမ်းတွဲကို ပြန်လည် အသက်သွင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးပါမျက်မမြင် အနှိပ်သည်ယောင် ဆောင်ထားတဲ့ တုနှိုင်းမဲ့ ဓားသမားတစ်ယောက် ခြေဦးတည့်ရာ လျှောက်သွားရင် လူမိုက်ဂိုဏ်းတွေ ကြီးစိုးနေတဲ့ မြို့လေးတစ်မြို့ဆီ ရောက်လာခဲ့တယ်။မြို့ကိုရောက်တဲ့အချိန်မှာ လယ်သမား မိသားစုလေးတစ်ခုနဲ့ တွေ့မိပြီး အပြန်အလှန် ရိုင်းပင်းကူညီရင်း ခင်မင်သွားခဲ့တယ်။တစ်နေ့မှာတော့ မျက်မမြင်အနှိပ်သည်ဟာ စိတ်ပြေလက်ပျောက် လောင်းကစားဝိုင်းသွားရာမှ ဝိုင်းမှာ မတရားလုပ်နေတဲ့ လူမိုက်ဂိုဏ်းကို နှိပ်ကွပ်ဆုံးမလိုက်တာကြောင့် လူမိုက်ဂိုဏ်းတွေရဲ့ ရန်ငြိုးထားခြင်းကို ခံခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲ ကလေးဘဝမှာ တောပုန်းဓားပြတွေရဲ့ လက်ချက်ကြောင့် မိဘတွေနဲ့ မျိုးရိုးဂုဏ်ကိုပါ ဆုံးရှုံးလိုက်ရတဲ့ မောင်နှမလေးနှစ်ယောက်ကလည်း လက်စားချေဖို့ ကြိုးစားရင်း အဆိုပါ မြို့လေးကို ရောက်ရှိလာကြပါတယ်။မျက်မမြင်အနှိပ်သည် တစ်ယောက် လူမိုက်ဂိုဏ်းရဲ့ ရန်က လွတ်ပါ့မလား၊ မောင်နှမလေးနှစ်ယောက်ကကော သူတို့မိဘတွေအတွက် သွေးကြွး ဆပ်နိုင်ပါ့မလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ကြပါစို့။ File Size - 2.2GbQuality - Blu-ray 1080p 5.1chDuration ...
movie
The Blind Swordsman: Zatoichi (2003)