Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yuen Bun
7.1
(18+) Intimate Confessions of a Chinese Courtesan (1972)
တရုတ်မလေးတွေရဲ့ ခစ်ခစ် ဆိုပြီး ရှက်ပြုံးလေးနဲ့ ပါးစပ်လေးကို လက်လေးနဲ့ကာလိုက်တဲ့ အမူရာလေးတွေက ချစ်ဖို့ကောင်းတာ ငြင်းလို့ရမယ်မထင်ဘူး.....အဲဒီထဲမှာ အေးနုလည်းပါတာပေါ့ အေးနုရဲ့ဘဝက ခက်ခဲတယ် ကြမ်းတမ်းတယ် တရုတ်ပြည်ကြီးမှာ သူဌေးတွေ ထင်တိုင်းကြံလို့ရတဲ့အချိန် ဥပဒေဆိုတာ ဘောင်မဝင်တဲ့အချိန် အေးနု အပျိုဖေါ်ဝင်စမှာပဲ မသမာသူဂိုဏ်းတဂိုဏ်းရဲ့ ပြန်ပေးဆွဲချင်းကို ခံလိုက်ရပါတယ် ပြန်ပေးဆွဲလို့ရတဲ့ အချောအလှလေးတွေကို လေးရာသီ ဆိုတဲ့နာမည်ကြီး ဆောင်ကြာမြိုင်ကိုရောင်းကြတယ်အေးနုအတွက်တော့ ငရဲတစ်ခုလိုပဲ ဒါပေမဲ့အေးနုက အတော်တော့စိတ်မာတယ် သူရသလောက်ငြင်းဆန်တယ် နောက်ဆုံးတော့ အေးနု နားလည်သွားတာက ဗျူဟာပြောင်းပြီး သူ့ကို ဒီဇာတ်သွင်းသူတွေကို လက်စားချေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ် အေးနုရဲ့ လက်စားချေမှုတွေက သိမ်မွေ့ပြီး လိင်ကိစ္စတွေ ပါနေတာဖြစ်လို့ တရုတ်ရှေးဟောင်း အရသာလေးတမ်းတနေတဲ့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.43GB / 720MB Quality…1080p BluRay / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie
(18+) Intimate Confessions of a Chinese Courtesan (1972)
1972
7.2
The Longest Nite (1998)
The Longest Nite (1998) ================= IMDb Rating - 7.2/10Johnnie To ရိုက်တဲ့ Electionလို ဟောင်ကောင်ဂန်းကားတွေကို ကြိုက်တဲ့လူတွေအတွက် ဒီကားက ရွှေပဲ။ ဇာတ်အိမ်ကလည်း ထူး တယ်။ မကာအိုမှာ ဂိုဏ်း၂ဂိုဏ်းအပြိုင်ကြဲနေတယ်။ သူတို့အထက် က လူတစ်ယောက်က သူတို့ဂိုဏ်း၂ဂိုဏ်းကို ကစားဖို့လုပ်တယ်။ တိုနီလျောင်ရဲ့ကာရိုက်တာရဲမှူးက မကောင်းတဲ့ရဲဆိုတော့ တစ်ဂိုဏ်း ဘက်ကပါပြီး မကောင်းတာလုပ်သမျှကို ဖြေရှင်းပေးနေကျကောင်။ ဒီတော့ သူနဲ့ကြည်နေတဲ့ ဂိုဏ်းဘက်က ဝင်ပါရင်း ဒီဂိုဏ်း၂ဂိုဏ်းကို ကစားနေတဲ့လူရဲ့ ကစားကွက်ထဲသူပါပါသွားတယ်။ဒီလိုနဲ့ သူ့ဘဝရဲ့အဆိုးဆုံးညဖြစ်လာရော။ အဲဒီညတစ်ညကို ရိုက်ပြ ထားတာ။ တစ်ညကိုပဲ ရိုက်ပြထားတယ်ဆိုပေမဲ့ သူ့နာမည်အတိုင်း အရှည်ဆုံးညပဲ။ ပြောရရင် ဂန်းကားပဲကြိုက်ကြိုက်၊ မှုခင်းကားပဲ ကြိုက်ကြိုက်၊ ဟောင်ကောင်ကားတွေပဲကြိုက်ကြိုက် ကြည့်ကို ကြည့်သင့်တဲ့ တကယ့်ကားကောင်းပဲ။ ကားကောင်းဆိုတာကို မပြော လည်းပိုသေချာနေတဲ့အချက်က ဒီကားဒါရိုက်တာနာမည်ခံက Patrick Yauပေမဲ့ တကယ်တမ်း ဒီကားတစ်ကားလုံး နီးပါးကို Johnnie To ရိုက်ခဲ့တာပါလို့ နောက်ပိုင်းမှာ ဒီကားရဲ့ဇာတ်ညွှန်းကို အဓိကပြန်ပြင်ခဲ့ တဲ့လူနဲ့ Johnnie Toနဲ့ ဒီကားကိုပူးတွဲထုတ်လုပ်ခဲ့တဲ့လူ Wai Ka-faiက ပြောခဲ့တယ်။သူလည်းခေတော့မခေဘူး။ Johnnie ...
movie
The Longest Nite (1998)
1998
7.4
A Moment of Romance (1990)
A Moment of Romance (1990)~ IMDb rating - 7.4/10 ~" ဒီတိုတောင်းလွန်းတဲ့ ဘဝမှာတောင် မင်းထွက်သွားတဲ့နားပဲ ကိုယ်ရပ်တန့်နေခဲ့တယ်။ မချစ်ခဲ့မိရင် အကောင်းသားလို့ နောင်တမရချင်တာကလည်း ငါတို့ရဲ့ ရိုးရှင်းစွာတုံးအခဲ့ခြင်းတွေပေါ့။ အရှိန်အဟုန်တွေ ဘယ်လောက်ပြေးပြေး အလှမ်းဝေးလွန်းတဲ့မြစ်ကို တို့မရောက်နိုင်ခဲ့။ မင်းမျက်ရည်စတွေ ငါတို့ရဲ့နေ့တွေ အကုန်မြန်လွန်းတဲ့ ခန်းခြောက်မြစ်တွေ ဖြစ်စေ...။ မိုးသားထဲ ပျံသန်းကြည့်ခဲ့ကြတယ်။ အရှိန်အဟုန်တွေ တို့ကိုခေါ်နိုင်စေသားပေါ့ အားလုံးမဲ့တဲ့ အရပ်ဆီ။ တိမ်တွေဟာ ရေမှုန်ကို မိုးသားထဲ သယ်ဆောင်နိုင်သွားလည်း ခဏတာ။ တစ်စစီ တစ်စစီ။ အသက်နဲ့ဆက်ဆက် ဘဝနဲ့ဆက်ဆက် ဒီအချစ်ရဲ့ အခိုက်တန့်လေး ကိုယ်လဲယူချင်ခဲ့တာ။ ဝေးလွန်းတယ်ဆိုပေမဲ့ လှမ်းကြည့်ရင် အစဉ်မြင်ဆဲ..."မင်းသားက အန်ဒီလောင်ဆိုတော့ ဒီရုပ်ရှင်က ၁၉၉၀ ဝန်းကျင်မှာ အန်ဒီလောင်အရိုက်များခဲ့တဲ့ တခြားဇာတ်တွေလိုပဲ အပေအတေ ဂိုဏ်းစတားလူငယ်လေးနဲ့ ဂိုဏ်းအရှုပ်အထွေးတွေကြားက ညီအစ်ကိုသံယောဇဉ်နဲ့ ချစ်ခြင်းရဲ့ကားပါပဲ။ ...
movie
A Moment of Romance (1990)
1990
6.8
Throw Down (2004)
Throw Down (2004)Throw Downဟာ ဟောင်ကောင်ရုပ်ရှင်ဂုရုကြီးတစ်ပါးဖြစ်တဲ့ Johnnie Toရဲ့ မာစတာပိစ်အဖြစ်သတ်မှတ်ကြတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ချို့ကလည်း Throw Downကို သူ့ရဲ့မာစတာပိစ်အကျဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ဖန်အချို့ရဲ့ သဘောအကျဆုံး Johnnie Toကားလည်းဟုတ်ပါတယ်။ ဇာတ်ကတော့ မိန်းကာရိုက်တာ သုံးယောက်ကို လှည့်ပတ်ပြထားတဲ့ ဇာတ်ပါပဲ။ Louis kooနဲ့ Aaron Kwokတို့ရဲ့ ကာရိုက်တာတွေက ဂျူဒိုကစားသမားတွေ။ Louis kooကတော့ တစ်ချိန်က ဂျူဒိုလောကရဲ့နာမည်ကျော် ဒီတော့ သိုင်းပြိုင်ရတာ စိတ်အားထက်သန်တဲ့ Aaron Kwokက Louis kooကို လာစိန်ခေါ်တယ်။ သို့ပေမဲ့ Louis Kooက အဲဒီအချိန်မှာ ဘာမှမလုပ်ချင် မကိုင်ချင်နဲ့ လောင်းကစားပဲလုပ်နေတဲ့အချိန် ဒီတော့ ကောင်းကောင်းမပြိုင်ဘူး။ အကြွေးဆပ်စရာတွေကလည်း ပုံနေတယ်။ Aaron Kwokက သူပုံမှန်ဖြစ်တဲ့အထိ သူ့အရက်ဆိုင်မှာ ကူပေးပြီးမှ ပြိုင်ဖို့လုပ်တယ်။ ...
movie
Throw Down (2004)
7.3
Triad Election (2006)
Triad Election (2006) ~ IMDb - 7.3/10, RT - 96%, Meta - 83% ~Election 1 မှာတော့ တိုနီလျောင်ခဖိုင်နဲ့ ဆိုင်မွန်ယန်းတို့ရဲ့ ကာရိုက်တာနှစ်ယောက် ဂိုဏ်းခေါင်ဆောင် နေရာအတွက်ပြိုင်ကြတာကို အဓိက မီးမောင်းထိုးပြသွားပေမဲ့ Triad Election မှာတော့ ပထမရွေးကောက်ပွဲမှာ လော့ကို ကူညီခဲ့တဲ့သူအများစုပါ ဂိုဏ်းခေါင်းဆောင်နေရာအတွက် ၀င်ပြိုင်ချင်နေကြပြီး လော့ကိုယ်တိုင်ကလည်း ဒုတိယသက်တမ်းကိုလိုချင်နေတဲ့အတွက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာပါပြီ။ ပြည်မက ဂိုဏ်းတစ်ဂိုဏ်းကလည်း သူတို့အခြေအနေကို စောင့်ကြည့်နေပါတယ်ာဒီမှာတော့ Louis Koo ရဲ့ ကာရိုက်တာ ဂျင်မီကို အဓိက မီးမောင်းထိုးပြသွားပြီး ရက်စက်သင့်တဲ့နေရာမှာ ရက်စက်ပြီး သိက္ခာရှိတဲ့နေရာမှာရှိတဲ့ သူ့ကာရိုက်တာဟာ Godfather ဆန်ဆန်နဲ့ကို တော်တော်ငြိစရာကောင်းပါတယ်။ နောက် သဘောကျစရာကောင်းတာက Election 2 ဟာ Action ခန်းကိုလည်း ပါသင့်သလောက် ထည့်ထားသလို ...
movie
Triad Election (2006)
2006
7.1
Election (2005)
Election (2005) ~ IMDb - 7.1/10, RT - 87%, Meta - 73% ~အာရှရုပ်ရှင်ဖန်တွေ အကောင်းဆုံးဟောင်ကောင်ဂန်းကားကို ရွေးကြတဲ့အခါ Election တွေကို ကြည့်ဖူးတဲ့လူအများစုကတော့ Johnnie To ရဲ့ Election နဲ့ Triad Election ကို ရွေးကြတာများပါတယ်။ Election နှစ်ကားက ဂန်းကားပေမဲ့ အားနေပစ်လိုက် ထိုးလိုက်လုပ်နေတဲ့ ဂန်းကားမဟုတ်သလို စကားပဲများနေတဲ့ ဂန်းကားလည်းမဟုတ်ပြန်ဘူး။ အဲဒီနှစ်ခုကြားက မဇ္စျိမပဋိပဋာကျတဲ့ ဂန်းကားလို့ဆိုရမယ်။ ဒီနှစ်ကားလုံးက ဂန်းကားပေမဲ့ အနုပညာရည်အရလည်း မနုံနဲ့ဘူး။ ၂၀၀၅ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမကားကိုပြခဲ့ပြီး ၂၀၀၆ ကိန်းရုပ်ရှင်ပွဲတော်မှာ ဒုတိယကားကိုပြခဲ့တဲ့အပြင် ဟောင်ကောင်အကယ်ဒမီဆုပေးပွဲတွေမှာရော ဝေဖန်ရေးသမားတွေပေးတဲ့ ဆုပေးပွဲတွေမှာ Best Picture ဆုတွေ Best Director ဆုတွေ Best Screenplay ဆုတွေ ရထားတဲ့ရုပ်ရှင်တွေဆိုလည်း ...
movie
Election (2005)
2005
7.3
Dragon Inn (1992) New Dragon Gate Inn
The New Dragon Gate Inn / Gragon Inn (1992) ===================== IMDb Rating. - 7.3/10Rotten Tomatoes - 78%မာယာများတဲ့ ကန္တာပြင်ရာသီဥတုဟာ အစောကမှ ခြစ်ခြစ်တောက်နေသာရာက ခုတစ်ဖန် သည်းကြီးမည်းကြီး မိုးတွေရွာနေပေါ့။ ဒီအပြောကျယ်တဲ့ကန္တာပြင်မှာ လူတွေရဲ့ တစ်ခုတည်းသော မှီတည်ရာက နဂါးအင်း။ လူ့ကမ္ဘာကိုရှုပ်ထွေးရက်စက်တဲ့ နေရာလို့ဆိုရင် နဂါးအင်းဟာ အဲ့ဒီရှုပ်ထွေးရက်စက်မှုအပေါင်းကို တပ်မက်စွာ သိမ်းဆည်းရာနေရာဖြစ်တယ်။ နဂါးဂိတ်နားက နဂါးအင်းဟာ လွင်တီးခေါင်ကန္တရမှာ ထီးတည်းတည်ရှိနေတဲ့ အိုအေစစ်မဟုတ်တဲ့ ငရဲ။ လူဆိုးသူခိုးတွေရဲ့ ဆုံမှတ်နေရာ။ တွေးကြည့်လို့တောင်မရတဲ့ ရက်စက်မှုတွေ ဒီနေရာမှာရှိတယ်။နဂါးအင်းကိုရောက်လာသူတို့ဟာ ကိုယ်တိုင်တောင်မသိလိုက်ရဘဲ ဇာတ်တူသားစားသူတွေ ဖြစ်လာတယ်။ နဂါးအင်းရဲ့ စားဖိုခန်းထဲက ဘာဘရီယန်တစ်ကောင်ဟာ လျှို့ဝှက်လမ်းကကျလာတဲ့ လူသေတွေကို အရိုးအတိကျန်အောင်နွှင်ပြီး ပေါက်စီ လုပ်တယ်။နဂါးအင်းရဲ့ ဆိုင်ရှင်မိန်းမလှဟာ သူ့အလှမှာ ယစ်မူးပျော်၀င်သူ ယောကျာ်းသားတို့ကို အသားလုပ် ရောင်းတယ်။ နယ်စပ်မျဉ်းမှာရှိနေတဲ့ မသာမယာ ဒီနဂါးအင်းကို ရောက်လာသူတို့မှာ ကောင်းသော ရည်ရွယ်ချက်များ မရှိခဲ့ကြဘူး။ ကလဲ့စား တဏှာ အာဏာ ရန်ကြွေး ငွေအရေး ဤအချက်များမှ မကင်းလွတ်ကြဘူး။ ဒီလူတွေကပဲ နဂါးအင်းကို ရက်စက်စေတာလား နဂါးအင်းကိုယ်၌ကပဲ ခက်ထန်နေတာလားလဲ မသိရဘူး။ ဘယ်လိုပဲဆိုဆို သူရဲကောင်းတွေတောင် ရင်မဆိုင်ဝံ့တဲ့ ဒီကန္တာအလယ်က နဂါးအင်းမှာ မလှပတဲ့ ဇာတ်လမ်းများစွာဖြစ်ပြီးခဲ့ပြီး ...
movie
Dragon Inn (1992) New Dragon Gate Inn
6.7
Running on Karma(2003)
ဒီကားကို ကျွန်တော်ငယ်ငယ်တုန်းက ရွာလယ်က ဗီဒီယိုရုံလေးမှာ သွားကြည့်ခဲ့တာ...လူသန်ဗလကြီးက ငှက်မွေးလေးလိုပေါ့ပါးစွာခုန်ရင်း လူဆိုးတွေကို အားရပါးရ နွှာခဲ့တဲ့သူ့ကိုအရမ်းသဘောကျခဲ့တယ်....ဖြတ်ခနဲခုန်..ဒေါသတကြီး လော်ကာတွေကိုဝုန်းခနဲထိုးချ..မကောင်းမှုကျူးလွန်တဲ့သူတွေကိုနှိမ်နင်း.အင်္ဂလိပ်စာတန်းထိုးဆိုတော့နားမလည် ပါးမလည်း အရမ်းကောင်းတဲ့အက်ရှင်ကားလို့ပဲမှတ်ချက်ချခဲ့တယ်...ကောင်းခန်းရောက်မှာတိပ်ခွေက မှုန်နေလို့ ပိုက်ဆံအသစ်လေးနဲ့ပွတ်ပြီး ဖိုက်ခန်းတွေကျော်သလိုဖြစ်တဲ့ရုံပိုင်ရှင်ဦးလေးကြီးကိုပြန်ရစ်ပေးပါလို့အသံဗြဲကြီးနဲ့အော်ခဲ့တာ...ခုမြန်မာစာတမ်းထိုးလေးနဲ့ကြည့်တော့ အက်ရှင်ကားဆိုတာထက်ပိုတယ်လို့ပြောလို့ရသလို ရသမြောက် အက်ရှင်ကားလို့လည်းပြောရမယ်ထင်တယ်. ဒီလိုကောင်းလို့လည်း Best Picture,Best Actor,Best Screen Play စတဲ့ဆု(၃)ဆုတောင်ရသွားပါတယ်...Best Actor ဆုရသွားတာကတော့ခေါင်းဆောင်မင်းသား Andy Lau ဆိုတာတော့ပြောစရာလိုမယ်မထင်ဘူး.... ကားဟောင်းလည်းဖြစ်လို့ဇာတ်လမ်းဇာတ်ကွက်တွေမပြောပြတော့ပါဘူး...... File Size…(855MB) and (355MB) Quality…BluRay 720p Format…mp4 Duration…01:33:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe
movie
Running on Karma(2003)
2003