Channel Myanmar

Yue Dongfeng

Uncle Nine:  The Curious Case of the Ancient Coffin ( 2021 ) 6
Uncle Nine: The Curious Case of the Ancient Coffin ( 2021 ) တရုတ်တစ္ဆေ ခုန်စွခုန်စွ ဖုတ်ကောင်ကားသစ်လေးလာပါပြီဇာတ်လမ်းအကျဉ်းကတော့ဦးလေး၉ဟာ ဘိုးဘေးလုပ်ငန်းဖြစ်တဲ့ဖုန်းရွှေဆရာအလုပ်ကိုမလုပ်ပဲ ဆေးဆရာအဖြစ်အသက်မွေးဝမ်းကျောင်းနေပါတယ်။နေကြတ်တဲ့နေ့တစ်နေ့ အပုပ်ချိန်မှာ ရှေးဟောင်းအလောင်းစာပိုးကောင်တွေထကြွပြီးအခေါင်းစောင့်မြွေကြီးကလဲ လူတွေကိုထွက်စားနေပါတယ်။ဦးလေး၉နဲ့တပည့်တွေဟာ ဖုတ်ကောင်အုပ်စုတိုက်ခိုက်ခြင်းကိုခံရပြီးမြို့ငယ်လေးမှာကံဆိုးစွာ မကောင်းတဲ့ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။ထူးဆန်းတဲ့သေဆုံးမှုတွေကြောင့်ရဲအရာရှိတွေနဲ့ ဦးလေး၉ နဲ့အတူအမှုကိုအပြင်းအထန်စစ်ဆေးကြပါတယ်။နစ်နာသူပြည်သူတွေရဲ့ကိုယ်ပေါ်မှာအလောင်းဆိပ်မိနေပါတယ်။ဦးလေး ၉ ဟာ တိတ်တဆိတ်စုံစမ်းရင်း ဂျပန်တွေရဲ့ဆေးကုသဖို့ဖိတ်ကြားမှုကိုခံရပြီး ဂျပန်တပ်သားတွေရဲ့သင်္ချိုင်းဖောက်တဲ့အကြံအစည်ကိုသိသွားတော့ ဂျပန်တွေရဲ့ကွပ်မျက်ခံရလုဆဲဆဲအခြေနေကိုရောက်သွားပါတယ်။ဓားသွားပေါ်ကအခြေအနေမှာရောက်နေတဲ့ ဦးလေး၉ ဟာဘယ်လိုအသက်လွတ်အောင်လုပ်ပြီး တစ္ဆေနှိမ်နင်းကာနိုင်ငံရတနာတွေကိုဘယ်လိုစောင့်ရှောက်မလဲ။ပြီးတော့ ဂျပန်သင်္ချိုင်းဖောက်ထွင်းအဖွဲ့ကရောဘာတွေနဲ့ပတ်သက်နေမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ဟောင်ကောင်ကား Mr Vampire (၁၉၈၅) ပုံစံအတိုင်းပဲဟာသလေးတွေနှောပြီးပြန်ရိုက်ထားတာဖြစ်တဲ့အတွက် ငယ်ဘဝကိုပြန်အမှတ်ရသွားမှာသေချာပါတယ်။ပေါ့ပေါ့ပါးပါး ဖုတ်ကောင်ကားလေးကိုအားပေးကြပါဦးနော်။  Quality : WEB-DL 1080p Format : mp4 Genres : Action , Mystery , Fantasy During : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Encoded by LK  
movie

Uncle Nine: The Curious Case of the Ancient Coffin ( 2021 )

Nanquan-The Rise of Heroes ( 2021 ) 7.3
Nanquan-The Rise of Heroes ( 2021 ) ဒီ ဇာတ်လမ်းရဲ့ အဓိက...ဇာတ်လမ်းက တရုတ်ပြည်ကို အနောက်တိုင်းသားတွေကဘိန်းနဲ့ ဖျက်စီးစပြုတဲ့အချိန်ကိုအသားပေးရိုက်ထားတာ အနောက်တိုင်းသားက ဘာလို့ဒီလိုခြယ်လှယ်လို့ရလဲဆိုတော့ အကျင့်ပျက်ခြစားတဲ့စိတ်ဓာတ်ပိုင်တဲ့သူတွေက မင်းအမှုထမ်းလုပ်နေလို့ပေါ့...ဒါပေမယ့် တကယ်ဆို ကိုယ်ခံပညာ ကွန်ဖူးသိုင်းအစွမ်းထက်တဲ့ပညာရှင်တွေစုဝေးနေပြီး ဒါကိုသိသိကြီးနဲ့ ပြန်ချဖို့ မကြိုးစားကြဘူး...အကြောင်းကတော့ ကိုယ်ခံပညာနဲ့ သေနတ်ကို မယှဉ်နိုင်ဘူးထင်လို့ပေါ့...ဇာတ်လိုက်မင်းသား လုယွမ်ပါးကတော့ မဟုတ်ဘူး ကိုယ်ခံပညာနဲ့ သေနတ် လက်နက်ကိုမယှဉ်နိုင်စရာအကြောင်းမရှိဘူး... ကြိုးစားကြည့်ရမယ်ဆိုတဲ့ စိတ်ကိုအရင်းခံတိုက်လိုက်တော့... သူလည်း မအောင်မြင်သေးပါဘူး...အကြိမ်ကြိမ်လဲကျပြီးမှ ထနိုင်တာကတော့ ဇာတ်လမ်းတိုင်းရဲ့ မြှုပ်ကွက်ပါပဲ...ဆက်လက်ခံစားကြည့်ရှုပါCheck my site Quality : HDRip 1080pFormat: mp4During : 1h 44minSubtitle : Myanmar Subtitle ( hardsub )Translated By Chu ChuEncoded By LK
movie

Nanquan-The Rise of Heroes ( 2021 )

The Legend of The Condor Heroes: The Dragon Tamer (2021) 5.1
The Legend of The Condor Heroes: The Dragon Tamer (2021) Legend of the Condor Heroes : The Dragon Tamer (2021)ဒီကားကတော့ "မက်မွန်မြေက ချစ်တေးတစ်ပုဒ်" ကို အကျဉ်းချုံးရိုက်ကူးထားတဲ့ ၂၀၂၁ ထွက် ဇာတ်လမ်းအသစ်စက်စက်ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ ကျန်းနန် ၇ဖော် ဆီက ထွက်လာတဲ့ ကောကျင့် နဲ့ မက်မွန်ကျွန်းကထွက်ပြေးလာတဲ့ ယုံးအာတို့ စတွေ့တဲ့အချိန်က အစပြုထားပါတယ်။နဂါးနိုင်သိုင်း ၁၈ ကွက် ကို ယုံးအာရဲ့ဉာဏ်ရည်ဉာဏ်စွမ်း နဲ့သင်နိုင်ခဲ့တာ ..... ကျိုးယင်နတ်သိုင်းကို လူပျော်ကြီးဆီက အမှတ်မထင်ရခဲ့တာ ..... အဆိပ်အိုကြီး အိုးရန်ဖုန်း နဲ့ တိုက်ခိုက်တဲ့ဇာတ်ကွက်တွေကို Effects သိပ်မသုံးဘဲ ရိုက်ထားတာမို့ သဘောကျစရာကောင်းသလို အရမ်းနုမနေတဲ့ သရုပ်ဆောင်တွေကြောင့် ငယ်ဘ၀ကို ခဏပြန်ရောက်သလိုခံစားရမှာပါ။ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p and 480p File size… 1.86GB and 1GB and 500 ...
movie

The Legend of The Condor Heroes: The Dragon Tamer (2021)

2021
Marshal Tianpeng (2020) 6.5
Marshal Tianpeng (2020) ဒီတစ်ခါ အပြောင်းအလဲလေးဖြစ်သွားအောင် ပါကျဲ အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ချင်ပါတယ် ။ နောက်ပိုင်း ဝူခုန်း ကားလေးတွေက ကလိထိုးရယ်သလို ဟာသဆန်ဆန် ရိုက်ကူးကြပေမယ့် အခု ပါကျဲ ကားလေးကတော့ လုံးဝကို ဒရမ်မာပုံစံနဲ့ ပါကျဲ ဖြစ်တည်လာပုံကို ရိုက်ကူးထားတာပါ ။ပါကျဲ မဖြစ်ခင် သူက အရမ်းချောမောတဲ့ ကောင်းကင်နတ်စစ်သူကြီး ထျန်းဖုန်း ဆိုတာတော့ သိကြလိမ့်မယ်ထင်ပါတယ် ။ ဝူခုန်း နဲ့ အထက်ကောင်းကင်မှာ လက်ရည်တူတိုက်ခိုက်နိုင်တဲ့သူပါ ။ မြတ်စာဘုရားက ဝူခုန်းကို လက်ငါးချောင်းတောင်မှာ ချုပ်ထားလိုက်တဲ့အချိန် စစ်သူကြီထျန်းဖုန်း ကို မနာလိုတဲ့ ကောင်းကင်စောင့်နတ်မင်းကြီးရဲ့ အကွက်ဆင်မှုကြောင့် လူ့ပြည်ကိုသွားပြီး ဝူခုန်းကို နှိမ်နင်းရပါတော့တယ်။အရင်က သိခဲ့တဲ့ မိန်းကလေးလှလှမြင်ရင် လိုက်ငမ်းတဲ့ ပါကျဲ.... အပျင်းကလည်းကြီး ... ပိန်းတိန်းတိန်းနဲ့ ငတုံး လို့ခဏခဏအပြောခံရတဲ့ ပါကျဲ ... တကယ်တော့ သူက အချစ်အတွက်နဲ့ ပါကျဲ ဖြစ်ခဲ့ရတာပါ ။ ရုပ်ရည်ချောမောပြီး ...
movie

Marshal Tianpeng (2020)

2020