Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yu Rongguang
6.2
The Myth (2005)
တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ ဒီထဲက ဇာတ်ဝင်တေး "အဆုံးမဲ့အချစ်" ဆိုတဲ့ သီချင်းလေးဟာလဲ လူတိုင်းရင်ကို လှုပ်နိုးစေခဲ့ပါတယ်။ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးထားပြီး မင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)တို့အပြင် အခြားဇာတ်ရံများစွာ ပါဝင်ပါတယ်။ သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့ ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့မင်းသမီးလေးတစ်ယောက်အကြောင်းကို အမြဲတမ်း အိမ်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်.. ဒီအိမ်မက်တွေ မကြာခဏမက်ပြီး ထူးဆန်းနေပေမယ့် ဒီအတိုင်းသာ မေ့မေ့ပျောက်ပျောက်ထားခဲ့ပါတယ်... တစ်နေ့မှာတော့ ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ဝီလျှံရောက်ရှိလာပြီး သူတို့နှစ်ယောက် ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့ တိုက်ဆိုင်မှုတွေက အိမ်မက်ထဲကအတိုင်းဖြစ်နေတာကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်.... သူဟာ အိမ်မက်တွေထဲကလို တကယ့်လူဝင်စားဖြစ်နေမလား... အတိတ်ဘဝက မင်းသမီးလေးကရော တကယ်ရှိရဲ့လား ဒါတွေအားလုံးက အိမ်မက်တစ်ခုလား... ဒဏ္ဍာရီတစ်ခုလား အချစ်တစ်ခုလား........ဆိုတာ။ ဒီဇာတ်ကားက တွေ့နေကျ ဂျက်ကီချန်းကားတွေလို ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ လေးနက်တဲ့ရုပ်ရှင်တစ်ကားအဖြစ်လူတိုင်းအမှတ်ရစေခဲ့ပါတယ်။ အထူးသဖြင့် မင်းသမီး လီဟန်နီရဲ့ သက်ဝင်မှုတွေက ရုပ်ရှင်လို့တောင် မခံစားစေတော့ဘဲ တကယ့်ဒဏ္ဍာရီတစ်ပုဒ်လို ဆွဲခေါ်သွားစေပါတယ်။File ...
movie
The Myth (2005)
2005
5.7
Dark Forest ( 2024 )
ဒီတစ်ခါမှာတော့ မူးယစ်နှိမ်နင်းရေး ဇာတ်ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရရင် ထုံးစံအတိုင်းပဲပေါ့နော်... မူးယစ်ဆေးဝါးကို ရောင်းဝယ်ဖို့အတွက် နယ်စပ်ဒေသလမ်းကြောင်းကို ဒုစရိုက်သမားတွေက အသုံးပြုတော့ နယ်စပ်ဒေသမှာ ဖြစ်တဲ့ ဇာတ်လမ်းလေးပေါ့...သူတို့သယ်သွားမယ့်ဒေသကိုတော့ မပြောထားပေမယ့်... တရုတ်နယ်စပ်ဒေသဖြစ်ပြီး တောပျော်တွေ အမဲလိုက်ကျက်စားရာ နေရာလေးမှာပေါ့... အဓိကကတော့ ပိုပြင်းပြီး ပိုအရသာကောင်းတဲ့ မူးယစ်ဆေး အမျိုးအစားသစ်ကို ဖော်စပ်ဖို့အတွက် လျို့ဝှက်နည်းကို ရှာဖွေတာမို့ တောပျော်အမဲလိုက်အဖွဲ့ရဲ့ လမ်းပြမှုကို လိုအပ်နေတာကြောင့်ပါ... တိုက်တိုက်ဆိုင်ဆိုင် မူးယစ်ဆေးဒုစရိုက်အဖွဲ့မှာလည်း အဖေနဲ့ မွေးစားသား နှစ်ဦးရဲ့ တင်းမာမှုကြောင့် ကြေးစားလူသတ်သမားအဖွဲ့ပါ ပါဝင်လာခဲ့တာပေါ့...အသေးစိတ်တော့ spoil ရာမရောက်အောင် မပြောတော့ပါဘူး ဇာတ်ကားလေးကိုသာ ဇိမ်ခံကြည့်လိုက်ပါတော့... Filesize : 1.69 GB / 1.05 GB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie
Dark Forest ( 2024 )
5.7
Doomsday Warrior ( 2024 )
ဒီရုပ်ရှင်ကားလေးကတော့ တရုတ်နိုင်ငံကရိုက်တဲ့ ရှားရှားပါးပါး သိပ္ပံဇာတ်ကားကောင်းတွေထဲက တစ်ကားလို့ပြောရလောက်အောင်ကို ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူးနော် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ - မျိုးသုဉ်းခြင်းလျို့ဝှက်နယ်မြေလို့ယာယီနာမည်ပေးထားတဲ့ အာကာသယာဉ်လုံးကြီးက တရုတ်နိုင်ငံ အခြေစိုက် အာကာသနှင့်သိပ္ပံစခန်း CTC ရဲ့ လမ္ဘာအာကာသစခန်းကို ဝါးမျိုသွားပြီး ကမ္ဘာမြေပေါ်ရောက်လာခဲ့ပါတယ် ။အဲဒီအရာကြီးရောက်လာပြီးကတည်း ကမ္ဘာမြေရဲ့ ရေအရင်းအမြစ်တွေက စတင်ပြီး ဆုံးရှုံးလာခဲ့ပါတော့တယ် ။ အဲဒီအရာကြီးကို စစ်ဆေးဖို့အတွက် ကုလသမ္မဂက doomsday Warrior အဖွဲ့တွေဖွဲ့ပြီး စေလွှတ်ခဲ့ပေမဲ့ ဘယ်သူမှ အသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး ။ နှစ်ဝက်ကြာပြီးတဲ့အခါမှာတော့ ကမ္ဘာမြေဟာ ရေရှားပါးလာမှုကြောင့် အဝါရောင်ပြောင်းသွားပြီးတော့ သေကြေကုန်တဲ့လူတွေလည်း တစ်ဘီလီလျံထိမြင့်မားလာခဲ့ပါတော့တယ် ။အဲဒီလိုနဲ့ CTC က အရေးပေါ်အခြေအနေအဖြစ် အထူးတပ်ဖွဲ့ 001 ကို မဖြစ်မနေတာဝန်ပြီးမြောက်အောင်လုပ်ဖို့ အမိန့်နဲ့အတူ ထိုအကာအကွယ်အလွှာထဲကို ဝင်ရောက်စေခဲ့ပါတယ်။ ကပ်ပတိန်ယန်ယိနဲ့အတူ သုတေသနအဖွဲ့ဝင် 2ယောက်လည်း တစ်ပါတည်းလိုက်ပါသွားခဲ့ပါတယ် ။ဇာတ်လမ်းလေးကတော့ အထူးတပ်ဖွဲ့ 001 က ထိုနယ်မြေမှာဘယ်လို စွန့်စားခန်းတွေနဲ့ကြုံတွေ့ရမလဲ ? ထိုအရာကြီးက ထူးဆန်းတဲ့အကောင်တွေကရောဘာတွေဖြစ်မလဲ ။ ဒါ့အပြင် ကမ္ဘာမြေကြီးက ရေအရင်းအမြစ်တွေဆုံးရှုံးကုန်ရတဲ့အဓိက အကြောင်းကဘာဖြစ်မလဲ ? ရှားပါးသွားတဲ့ရေကရော ကမ္ဘာမြေပေါ်မှာ တဖန်ပြန်ရရှိနိုင်မလားဆိုတာကို စိတ်ဝင်စားစွာနဲ့ ...
movie
Doomsday Warrior ( 2024 )
Supercop 2 (1993)
ဒီကားလေးကတော့ ပထမကား Super Cop 1 ရဲ့ အဆက် ဂျက်ကီချန်း နဲ့ မီရှယ်ယို တို့ရဲ့ကားလေးပါပဲ........ဒီကားလေးထဲမှာတော့ မီရှယ်ယို က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ ချစ်သူဟောင်း ရဲအရာရှိက ဘက်ပြောင်းပြီး ရာဇဝတ်သားဖြစ်သွားလို့ အချစ်နဲ့ တာဝန်ကြား ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ရင်ဆိုင်ဖြေရှင်းရတဲ့ ကားကောင်းလေးတစ်ကားပါပဲ.......အတိုက်အခိုက်တွေ ဟာသတွေ နဲ့ တင်ဆက်နေကျ ဂျက်ကီချန်းကားလေးတွေထဲမှာ ဒီကားလေးကတော့ ဝမ်နည်းလွမ်းဆွတ်စရာလေးတွေပါ ရောယှက်ထားလို့ ကြည့်ကောင်းနေမှာတော့ အသေအချာပါပဲ....... File size…( 890 Mb) Quality….DVDrip 480p Format…mp4 Duration….01:44:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie
Supercop 2 (1993)
The Warrior (2001)
ကိုရီးယားနဲ့ တရုတ်တို့ကြား သံတမန်ဆက်ဆံရေးဟာမင်သံတမန်အဖွဲ့သေသွားချိန်မှစပြီးနှစ်နိုင်ငံကြားဆက်ဆံရေးက ယိုယွင်းခဲ့ရပါတယ်။မင်ဧကရာဇ်က ဂိုလျောသံတမန်တွေကိုသူလျှိုလို့စွပ်စွဲပြီးနယ်နှင်ဒဏ်ပေးပြီး နှင်ထုတ်လိုက်ပါတယ်။အပြန်လမ်းမှာ သံတမန်စစ်သူကြီးတို့အဖွဲ့ဟာ မွန်ဂိုတပ်သားတွေပြန်ပေးဆွဲလာတဲ့မင်တိုင်းပြည်ရဲ့ မင်းသမီးလေးကိုမွန်ဂိုတပ်သားတွေလက်ထဲကနေကယ်တင်ဖို့ဖြစ်လာပါတယ်…မင်းသမီးလေးကို အန္တရာယ်ကင်းကင်းနဲ့ မင်တိုင်းပြည်ကို ပြန်ပို့နိုင်ပါ့မလားမွန်ဂိုတွေကရော မင်းသမီးလေးကို ပြန်ခေါ်သွားနိုင်မလားဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ပါဦးနော်ခေါင်းဆောင်စိတ်ဓာတ်နဲ့ အနစ်နာခံမှုတွေကိုသေချာလေးရိုက်ပြထားတာမလို့ လုံးဝကိုအချိန်ကုန်မှန်းမသိလိုက်ပဲကြည့်ရတန်စေမယ့်ကားလေးပါနော် File size… 3.98 GB / 1.76 GB Quality… WEB Dl 1080i / 720p Format… mp4 Duration…. 2h 39m Genre ..... Action , War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie
The Warrior (2001)
2001
6.2
Ice Sniper 2 ( 2023 )
ဒီတစ်ခါတင်ဆက်ပေးလိုက်တာတော့ စစ်ကိုအကြောင်းပြပြီး ရတနာသိုက်ကိုသိမ်းဖို့ကြံတဲ့ ကူမင်တန်အရာရှိတစ်ယောက်နဲ့ ပြည်သူတွေအတွက် ရသမျှနည်းလမ်းနဲ့ အစွမ်းကုန်တော်လှန်တဲ့ ကွန်မြူနစ်စနိုက်ပါသမားတစ်ယောက်ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဂျပန်တော်လှန်ရေးအပြီး ကွန်မြူနစ်နှဲ့ ကူမင်တန်တွေရဲ့ပြည်တွင်းစစ်ပွဲအတွင်းအချိန်မှ ာ တရုတ်ပြည်အရှေ့မြောက်ပိုင်း တုံးပေဒေသ မုံဟူတောင်ခြေမြို့လေးမှာ တပ်နှစ်တပ်ဟာ ရက်များစွာအပြန်အလှန်ပစ်ခတ်ရင်း အခြေနေတင်းမာနေပါတယ်။မုံဟူတောင်ဂိုဏ်းခေါင်းဆောင် ကျန်းတုံးရှန်းဟာ ဂျပန်တော်လှန်ရေးစစ်ပွဲမှာပါဝင်ခဲ့တဲ့ မျိုးချစ်ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူ့ဘက်တော်သားဖြစ်တဲ့ ကွန်မြူနစ်တပ်နဲ့ပူးပေါင်းဖို့ နားချဖို့ရာ ယန်ကျန့်ဖုန်းဆိုတဲ့ လက်ဖြောင့်စနိုက်ပါသမားကို တာဝန်ပေးလိုက်ပါတယ်။ဉာဏ်များတဲ့ ကူမင်တန်အရာရှိရဲ့လှည့်ကွက်တွေနဲ့ ကွန်မြူနစ်စနိုက်ပါရဲ့ ဉာဏ်ရည် ဘယ်ဟာကပိုမြင့်လဲဆိုတာယှဉ်ပြိုင်ကြမှာပဲဖြစ်ပါတယ်။ စစ်ပွဲချည်းပဲမဟုတ်ပဲ တောင်တွေကိုကြီးစိုးတဲ့ ဓားပြဂိုဏ်းတွေရော ဒရာမာလေးတွေပါပါတဲ့အတွက် သမာရိုးကျစစ်ကားတွေထပ် ကြည့်ရတာပိုသွက်ပါလိမ့်မယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Ice Sniper 2 ( 2023 )
6.1
Sniper Vengeance ( 2023 )
ကြီးမားလှတဲ့ စစ်ဆင်ရေး တာဝန်တစ်ခုမှာ သေဘေးကနေ လက်မတင်လေးတင် လွတ်မြောက်လာခဲ့ပြီး သူယုံကြည်ရဆုံး ရဲဘော် ရဲဘက်တွေကို ဆုံးရှုံးလိုက်ရသူ လက်ဖြောင့်စနိုက်ပါသမား - ကောင်းကျန်းရဲဘော်တွေ သေဆုံးခဲ့ရလို့ ဖြေမဆည်နိုင်ဖြစ်နေပေမဲ့ ကောင်းကျန်းဘဏ်အကောင့်ထဲမှာ အမေရိကန်ငွေ ၄ သိန်းရောက်ရှိနေခဲ့တာမို့ သူ့ရဲဘော်တွေကို သစ္စာဖောက်တယ်ဆိုပြီး စွပ်စွဲခံနေခဲ့ရပါတယ် ။နာကျဥ်းမှုတွေ များစွာရင်ဝယ်ပိုက်ထားတဲ့ ကောင်းကျန်းတစ်ယောက် မုန်တိုင်းအဖွဲ့ ဆိုတဲ့ အဖွဲ့နဲ့ ပူးပေါင်းကာ လက်စားချေဖို့ လုပ်ဆောင်ခဲ့ပါတော့တယ် ။❏ ပြန်ပေးဆွဲမှုတွေ ခဏ ခဏ ကြုံတွေ့ရတဲ့ အချိန်မှာ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူဖြစ်နေမှာလဲ? ❏ သူ့ကိုချောက်ချတဲ့ သူကတော့ အမှန်ပဲရှိနေခဲ့တာလား? ❏ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက်ရော ကောင်းကျန်းတစ်ယောက် လက်စားချေနိုင်ပါ့မလား? ဆိုတာ စိတ်ဝင်စားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Review By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 24 min Subtitle : ...
movie
Sniper Vengeance ( 2023 )
5.6
[18+] Lover of the Last Empress (1995)
Lover of the Last Empress (1994)Chingmy Yau ကို တော်တော်များများ နာမည်နဲ့တွဲမသိကြရင်တောင် လူကိုရင်းနှီးပြီးသားဖြစ်နေမှာပါ။ သူဟာ ၁၉၈၀နှောင်းပိုင်းနဲ့ ၁၉၉၀ကာလ ဟောင်ကောင်ရုပ်ရှင်ရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး မက်ဂီချောင်တို့ ဘရစ်ဂစ်တီလင်းတို့ကိုတော့မမီပေမဲ့ သူတို့လောက်နီးနီးနာမည်ကြီးခဲ့တဲ့သူပါပဲ။ ဟောင်ကောင်ရဲ့ ထိပ်တန်းမင်းသားတွေဖြစ်တဲ့ ချောင်ယွန်ဖတ်ရဲ့ God of Gamblers Returns, စတီဖင်ချောင်ရဲ့ Lawyer Lawyer နဲ့ Royal Tramp I & II, ဂျက်ကီချမ်းရဲ့ City Hunter, ဂျက်လီရဲ့ Kung Fu Cult Master, အန်ဒီလောင်ရဲ့ Casino Tycoon, အာရွန်ကော့ရဲ့ Legend of the Liquid Sword တို့လိုကားတွေလည်းရိုက်ခဲ့သလို Naked Killer တို့လို Category III ...
movie
[18+] Lover of the Last Empress (1995)
1995
6.3
The EOD Squad ( 2022 )
အက်ရှင်ကားတွေကြိုက်တဲ့သူအဖို CM ကနေ အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် EOD Squad 2022 လိုအမည်ရတဲ့ အက်ရှင်ကားလေးကတော့ ဗုံးရှင်းလင်းရေးကျွမ်းကျင်ပညာရှင် တစ်ယောက်နဲ့ ဖောက်ခွဲရေးကျွမ်းကျင်တဲ့ မူးယစ်မှောင်ခိုသမားတိုကြားက အားပြိုင်မှုကို အခြေခံထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ဗုံးရှင်းလင်းရေးကျွမ်းကျင်ပညာရှင်Lu Yangနဲ့သူ့သူငယ်ချင်း Xu Ming တိုဟာ တစ်ရက်မှာတော့ နယ်စပ်မှာ မူးယစ်ရောင်းဝယ်ဖောက်ကားနေတဲ့ Kun Kang ဆိုသူကို ဖမ်းဆီးဖို အမိန့်ကျလာခဲ့ပါတယ်Kun Kang ကမူးယစ်ရောင်းဝယ်ရုံတင်မကဘဲ ပြင်းအားမြင့်ဖောက်ခွဲရေးကိရိယာကိုပါ လုပ်ပြီးတော့ ရဲတပ်ဖွဲဝင်တွေ ဖမ်းဆီးရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ် Kun Kang ကို လိုက်ဖမ်းရင်းနဲ့ပဲ Xu Ming ကတော့ အမှတ်မထင် ပေါက်ကွဲမှုတစ်ခုကြောင့် အသက်ကို ပေးဆပ်သွားခဲ့ရပါတယ်အဲ့နောက်မှာတော့ လွတ်မြောက်နေတဲ့ Kun Kang ကိုဖမ်းဖို့ Lu Yang တစ်ယောက် ဘယ်လိုကြိုးပမ်းမှာလဲ... Kun Kangဘက်ကရော ဘယ်လိုဖောက်ခွဲမှုတွေလုပ်ပြီးတော့ ထွက်ပြေးမှာလဲ..... အက်ရှင်ကားကိုမှ ကြည့်ချင်သူတွေအနေနဲ့ကတော့ CM ကနေတင်ဆက်ပေးထားတဲ့ ခပ်မိုက်မိုက် အက်ရှင်ကားလေးဖြစ်တဲ့EOD Squad 2022 ကို ကြည့်ရှုဖို တိုက်တွန်းချင်ပါတယ်နော်..... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , ...
movie
The EOD Squad ( 2022 )