Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yosuke Eguchi
5.0
Nemesis the Movie: Mystery of Golden Spiral (2023)
Eiga Nemesis : Ougon Rasen no Nazo (2023) =======================================(2021)ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်စုံထောက်စီးရီး Nemesis ရဲ့နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်သွားပြန်ရှင်းပြထားပြီး ပါဝင်တဲ့အကြောင်းအရာတွေက အရမ်းကြီးဆက်စပ်မနေတာမို့ စီးရီးကိုမကြည့်ဖူးလည်း အခုမူဗီကိုကြည့်လို့ရပါတယ်။ 99.9 Criminal Lawyer လိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်စုံထောက်ကားဖြစ်ပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ်သုတေသနကို အောင်မြင်သွားတဲ့ သိပ္ပံပညာရှင်တာချိဘနဟာဂျိမဲ အသတ်ခံရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ သူ့အမွေဆိုလို့ သူ့သမီးတဖြစ်လဲ ကမ္ဘာ့ပထမဆုံးမျိုးဗီဇပြောင်းကလေးငယ် မီခမိအန်နာနဲ့ လည်ဆွဲထဲက သုတေသနဒေတာတွေပဲ ကျန်ခဲ့ပါတယ်။ အဲဒီဒေတာတွေကိုလိုချင်နေတဲ့ မသမာသူလူချမ်းသာတစ်စုက အန်နာ့နောက်ကို လိုက်ကြနေတာပေါ့။ အန်နာ့မှာ သူမတူတဲ့စွမ်းရည်တွေရှိပြီး Nemesis စုံထောက်အေဂျင်စီမှာ သူ့ဒုတိယအဖေတို့၊ သူငယ်ချင်းတွေတို့နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ Nemesis ခမျာ နှစ်လလုံးလုံး အမှုအပ်သူမရှိတာကြောင့် မွဲကိန်းဆိုက်ပြီး ရုံးခန်းပါပြောင်းလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ အန်နာဟာ ဒေတာတွေကိုလက်လွှဲမပေးရင် သူတန်ဖိုးထားရတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက် အသတ်ခံရတဲ့ အိပ်မက်ဆိုးကို ညတိုင်းထပ်ခါထပ်ခါမက်နေရပါတယ်။ ...
movie
Nemesis the Movie: Mystery of Golden Spiral (2023)
7.1
April Story (1998)
April Story (1998)~ IMDb - 7.1/10, Rotten Tomatoes - 81% ~Directed by "Shunji Iwai"ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ ...
movie
April Story (1998)
1998
6.4
Silk(2006)
IMDb - 6.4 / Rotten Tomatoes 40 %ခင်ဗျားတို့တစ္ဆေသရဲတွေရှိတယ်ဆိုတာယုံလား အကယ်၍ရှိခဲ့တယ်ဆိုရင် ဘယ်လိုဘယ်ပုံဖြစ်မယ်ထင်လဲ ၂၀၀၆ခုနှစ်မှာထွက်ရှိခဲ့တဲ့ Silk ဆိုတဲ့ထိုင်ဝမ်သိပ္ပံသရဲရုပ်ရှင်ဟာ ပရလောကကို ရှုထောင့်တစ်ခုကနေရိုက်ပြထားပါတယ်။ ကမ္ဘာ့ဆန့်ကျင်ဆွဲငင်အားကိုတီထွင်နိုင်ဖို့သုတေသနပြုနေတဲ့ ဂျပန်သိပ္ပံပညာရှင်ဟရှိမိုတို တစ်ယောက် မထင်မှတ်ထားဘဲ တစ္ဆေတစ်ကောင်ကိုဖမ်းမိခဲ့ရာက ဇာတ်လမ်းအစပြုပါတယ်။ဟရှိမိုတိုတီထွင်ထားတဲ့ မန်ဂျာတုံး(Manger Sponge)ဟာလျှပ်စစ်သံလိုက်လှိုင်းအလျားများစွာကိုဖမ်းယူနိုင်ပြီး ၃၁ဘုံမှ မမြင်အပ်သော ပြိတ္တာဘုံမှတစ္ဆေများကိုပါထိုးထွင်းမြင်နိုင်တယ်။ ဟရှိမိုတို၏အလိုအရတော့တစ္ဆေဆိုသည်မှာစွမ်းအင်ပုံစံတစ်မျိုးဖြစ်တယ်။ အမှုန်အမွှားအရွယ်အစားမန်ဂျာတုံးလေးများကိုစပရေးဖြန်း သလိုမျက်လုံးကိုဖြန်းလိုက်လျှင်သရဲတစ္ဆေများမြင်နိုင်သောတာတေ၏မျက်ကွင်းဆေးကဲ့သို့အလုပ်လုပ်ပါတယ်။ဟရှိမိုတို၏အဖွဲ့သည်နိုင်ငံတကာမှသိပ္ပံပညာရှင်များဖြင့်ဖွဲ့စည်းထားသည်။ ဖွဲ့စည်းပြီး ၄နှစ်အကြာ တစ္ဆေတစ်ကောင်အားဖမ်းမိသောအချိန်၌ သဘောထားကွဲလွဲမှုများဖြစ်ကြသည်။ ပရလောကကိုသိပ္ပံ၏ကျိုးကြောင်းဆက်သွယ်မှုအမြင်ဖြင့် လက်ခံရှုမြင်ကြည့်သော၊ ခေါင်းမာသော ဟရှိမိုတိုသည်အဆိုပါတစ္ဆေ၏အဆုံးမရှိသောစွမ်းအင်ရင်းမြစ်ကို ရှာချင်သည်။ အခြားအဖွဲ့ဝင်များမှာအဆိုပါသဘောထားကိုသိပ်လက်မခံချင်ကြပေ။ ဖမ်းမိထားသော တစ္ဆေ၏ နောက်ကြောင်းရာဇဝင်များကိုဖော်ထုတ်ရင်း အမှတ်မထင်သောအလှည့်ပြောင်းများ ဖြစ်ကာ အဖွဲ့ဝင်များ၏အသက်အန္တရာယ်များကိုပါ ထိပါးလာခဲ့တယ်။ဇာတ်ခုံကန့်လန့်ကာကို ဆွဲလှန်ကြည့်ရင်း မထင်မှတ်ထားသည်များကိုတွေ့ရှိ၊မရည်ရွယ်သည်များဖြစ်ပွားကာ၊ ဝှက်သယ်ဖက်မိုးမန့်များအား ခံစားနိုင်ကြပါစေခင်ဗျာ။ File size…1.43 GB / 569.5 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 48m Genre ..... Horror ...
movie
Silk(2006)
6.6
Goemon (2009)
Goemonဂျပန်သမိုင်းနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေ နင်ဂျာတွေ ရှိုးဂန်းတွေအကြောင်း စိတ်ဝင်စားတဲ့သူတွေ အတွက် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရှင် နိုဘုနဂါက ဂျပန်ပြည်ကို စုစည်းဖို့ကြိုးစားခဲ့ပြီး သူ့ရည်ရွယ်ချက်တွေ မအောင်မြင်ခင်မှာပဲ သူ့ရဲ့ယုံကြည်ရတဲ့ လက်အောက်ခံက လုပ်ကြံတာကိုခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့ အရှင် ဟိဒဲရောရှိက နန်းတက်လာပြီး ဆယ်စုနှစ်ကျော်ကြာအောင် အုပ်ချုပ်နေခဲ့ပါတယ်။ ၁၅နှစ်ခန့်အကြာမှာတော့ သူဟာ စစ်အင်အားစုစည်းပြီး ကိုရီးယားနဲ့တရုတ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ကြံစည်နေပါတယ်။အဲဒီအချိန်မှာ လျင်မြန်ဖြတ်လတ်ပြီး ဆင်းရဲသားတွေအပေါ်ကျ ကြင်နာတတ်တဲ့ ရော်ဘင်ဟုလိုမျိုး သူခိုးတစ်ယောက်က ရှိနေပါတယ်။ သူ့ရဲ့နာမည်ကတော့ ဂိုအဲမွန်ဖြစ်ပြီးတော့ လူတွေကသူ့ကိုသဘောကျကြပြီး ဖမ်းမမိနိုင်တဲ့သူခိုး တစ်ယောက်ပါ။ အများစုအမြင်မှာတော့ သူခိုးတစ်ယောက်ပေမဲ့ သူ့မှာ လျှို့ဝှက်ထားတဲ့အတိတ်နဲ့ ဆက်နွယ်မှုတွေက ရှိနေပါတယ်။ ဂိုအဲမွန်ရဲ့အကြောင်း ထီးနန်းနဲ့နန်းတွင်းရဲ့စစ်ပွဲတွေအကြောင်း နင်ဂျာတွေအကြောင်းကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.4GB) Quality__WEB-DL_720p IMDb Rating__6.6/10 Format__mp4 Duration__02:08:00 Type__Action, History Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie
Goemon (2009)
6.5
The Confidence Man JP Hero (2022)
The Confidence man JP: The final game (2022)ဒကို သခင်လေးနဲ့ ရစ်ချက်တိုက စုစုပေါင်း ဂျပန်ယန်း၅ဘီလီယံလောက်ကို လိမ်လည်နိုင်ခဲ့တဲ့ စူပါလူလိမ်သုံးယောက်ပါ။ သူတိုတွေက ဆွတ်ချိနော့ခို တတိယမျိုးဆက်ဆရာကြီးရဲ့ တပည့်ရင်းတွေလည်းဖြစ်ကြပါတယ်။ဆွတ်ချိနော့ခိုဆိုတာက ဂျပန် dandariလာမြွေတစ်မျိုးရဲ့နာမည်ပါ။ ဒီမြွေက လိမ်ရတာကိုကြိုက်နှစ်သက်ပြီးတော့ ခန္ဓာကိုယ်က အရက်နံ့ထွက်နေတယ်လိုဆိုကြပါတယ်။ ဂျပန်မှာလည်း ဒီ ဆွတ်ချိနော့ခိုကို ဖမ်းပြီးတော့ ရွာလူကြီးဆီပိုနိုင်ရင် ယန်း၂သန်းတိတိ ချီးမြှင့်မယ်လို ကြေညာထားတာမျိုးလည်းရှိပါတယ်။အခုတော့ တတိယမျိုးဆက်ဆရာကြီးလည်းဆုံးသွားပြီး သူတိုအဖွဲလည်း လိမ်လည်မှုတွေမလုပ်ရတာ ၂နှစ်လောက်ရှိပါပြီ။ ဒါ့ကြောင့် သူတို ၃ယောက်ထဲက ဆရာအကျဆုံးတစ်ယောက်ကိုရွေးဖိုအတွက် နောက်ဆုံးပြိုင်ပွဲလိုခေါ်တွင်မဲ့ လိမ်ပွဲကြီးကျင်းပကြဖိုဆုံးဖြတ်လိုက်ကြပါတယ်။ဘာကိုလိမ်မှာလဲဆိုတော့ မော်လတာနိုင်ငံမှာ အခြေချနေတဲ့ ဂျရယ် ဆိုတဲ့ စပိန်မာဖီးယားဆီက "ဗီးနပ်စ်ရုပ်တု"ကိုပါ။ တစ်ဖက်မှာလည်း သူတိုကို ဖမ်းမိဖိုအတွက် သဲသဲမဲမဲလိုက်နေတဲ့ အင်တာပိုကစုံထောက် မာရိမုရနဲ့ ဂျပန်စုံထောက် တန်ဘာတိုကလည်း ရှိနေပါတယ်။သူတို၃ယောက်ကြားကယှဉ်ပြိုင်မှုတွေနဲ့ သူတိုကိုဖမ်းချင်နေတဲ့သူတွေဆီက လက်တစ်လုံးခြား ဘယ်လိုရှောင်တိမ်းလိမ်လည်ကြပြီး... တကယ်တမ်း ...
movie
The Confidence Man JP Hero (2022)
8.0
Rurouni Kenshin: The Beginning (2021)
ယောက်ဖတော်နဲ့ အသေအကြေတိုက်ခဲ့တဲ့ Rurouni Kenshin: The Final အပြီးမှာထပ်ထွက်လာတဲ့ Rurouni Kenshin: The Beginning ဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ လေ့လွင့်ရိုနင် ခန်းရှင်း ရယ်လို့မဖြစ်လာမီ လူသတ်သမား ဘတ်တိုဆိုင်းအဖြစ် နိုင်ငံရေးရှုတ်ထွေးတွေကြားထဲမှာခန်းရှင်းကျင်လည်ခဲ့ရတဲ့ဘဝ အစိတ်အပိုင်းကို နောက်ကြောင်းပြန်တဲ့ပုံမျိုးနဲ့ပြောပြရင်း ဇတ်အိမ်တည်ထားတာဖြစ်ပါတယ် ၁၈၆၀ ခုနှစ်မှာ ဂျပန်ပြည်တွင်း အဆုံးသတ်စစ်ပွဲဆင်နွှဲနေကြချိန် မြို့ထဲလမ်းမတွေမှာ တိုက်ပွဲတွေနေရာအနှံဖြစ်ပွားနေပြီးလူသတ်သမား ဘတ်တိုဆိုင်းဆိုတဲ့ နာမည်ကြီး ဓားသမားတစ်ယောက်ဟာ အကျင့်ပျက်အစိုးရအရာရှိကြီးတွေကိုလိုက်လံသုတ်သင်လျှက်ရှိပြီးအင်အားဘယ်လောက်များများသူ့ကိုဘယ်သူကမှမတားဆီးနိုင်ခဲ့ကြရုံမက ရှိုးဂန်းခေတ်နှောင်းရဲ့ ရဲတပ်ဖွဲ့ကြီးကတောင် လက်မြှောက်ထားရပါတယ်။ဘတ်တိုဆိုင်းအနေနဲ့နှုတ်ယူခဲ့ရတဲ့အသက်တွေကြောင့် ဂျပန်ပြည်ကြီးကို ခေတ်သစ်တစ်ခုဆီခေါ်ဆောင်သွားချင်တဲ့စိတ်သာရှိတဲ့လူငယ်လေးကို ခံစားချက်မဲ့လူသတ်စက်ကြီးလိုခေါ်ရလောက်အောင်ရင့်သီးသွားစေခဲ့ပါတယ်။တစ်နေ့မှာတော့ သူ့လိုဘဝတူ ကျိုးပဲ့နေတဲ့ဘဝထဲက မိန်းမလှလေးတစ်ယောက်နဲ့ဆုံခဲ့ပြီး ကံကြမ္မာအလှည့်အပြောင်းတွေကြားကနေ ကြမ်းတမ်းခက်ထန်တဲ့လူသတ်သမားအဖြစ်ကနေ နောက်ထပ် လူမသတ်တော့ဖို့ရာကျိန်ဆိုတဲ့အထိအောင်ဖြစ်သွားခဲ့ရပါတော့တယ်။Rurouni Kenshin: The Beginning ကတော့ ခန်းရှင်းနဲ့ တိုမိုအဲတို့ရဲ့ အချစ်ဇတ်လမ်းလေးကနေအသွားပြောင်းပြန်ဓားသမား ခန်းရှင်းအဖြစ်ပြောင်းလဲသွားခဲ့ရတဲ့ သခင်မဲ့ဓားသမား ခန်းရှင်းရဲ့ ...
movie
Rurouni Kenshin: The Beginning (2021)
2021
8.1
Rurouni Kenshin: The Final (2021)
Rurouni Kenshin : The Final (2021)လူသတ်သမား ဘတ်တိုဆိုင်း၊ ကင်ရှင်း ပြန်လာပါပြီ။ဒီရုပ်ရှင်မှာတော့ အစိုးရသစ်ခေတ်သစ်မှာ ကင်ရှင်းတစ်ယောက် တိုကျိုမှာ ခါအိုရူ တို့နဲ့အတူ ငြိမ်းချမ်းစွာ အတူရှိနေပါပြီ။ ဒါပေမယ့် အတိတ်က ရန်သူတွေလိုက်လာပြီး သူ့ကိုလက်စားချေဖို့ ကြိုးစားလာပြန်တယ်။ဒီတစ်ခါတော့ သူ့ကိုမသတ်ခင် သူချစ်ခင်တဲ့သူတွေကို အရင်သတ်ဖို့ ကြိုးစားလာတဲ့အခါလူမသတ်ဘူးဆိုတဲ့ သစ္စာကို ဖျက်ရတော့မလား?????အသွားပြောင်းပြန်ဓားကို လှည့်ခုတ်ဖို့ အချိန်တန်ပြီးလား????ဆက်ကြည့်ကြတာပေါ့။ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။File size…2.8 GB and 1.44 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 18min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie
Rurouni Kenshin: The Final (2021)
2021
7.6
Rurouni Kenshin: The Legend Ends (2014)
Rurouni Kenshin: The Legend Ends (2014)_____IMDb - 7.6/10 2014 ခုနှစ်ထဲမှာပဲ ဒုတိယကား Kyoto Inferno နဲ့ ဆက်တိုက် ထွက်ရှိခဲ့တဲ့ တတိယာကားဖြစ်တဲ့ The Legend End ကိုဆက်လက် တင်ဆက်ပေးလိုက်ပါတယ် ဗျ Kenshin ဆိုတာတော့ ထွေထွေထူးထူးမိတ်ဆက်ဖို့လိုမယ်မထင်ပါဘူး။ ခရီးသွားဆာမူရိုင်းဆိုတဲ့ Animeရုပ်သံဇာတ်လမ်းနဲ့ စတင်ရင်းနှီးပြီးသားဖြစ်မယ့် ဒီဇာတ်လမ်းတွဲဟာ Watsuki Nobuhiro ရဲ့ ကမ္ဘာကျော် မန်ဂရုပ်ပြ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဒါရိုက်တာOutomo Keishi ရိုက်ကူးပြီး၊ မင်းသား Satoh Takeru က Himura Kenshin အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ Live-action ဇာတ်ကားကို ရုံတင်ခဲ့ပြီး၊ အဆင့်မြင့်တဲ့ထုတ်လုပ်ရေးကွာလတီ၊ မြန်ဆန်လှပတဲ့ အက်ရှင်ရိုက်ချက်တွေကြောင့် ပရိသတ်အားပေးမှုအထူးရခဲ့ကာ အက်ရှင်-မန်ဂ ကနေ ရုပ်ရှင်ပြောင်းရိုက်တဲ့ ဇာတ်ကားတွေအကြား စံပြ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မန်ဂဇာတ်လမ်းရဲ့ Kyoto Arc ကို Kyoto Inferno နဲ့ The ...
movie
Rurouni Kenshin: The Legend Ends (2014)
2014
7.6
Rurouni Kenshin: Kyoto Inferno (2014)
Rurouni Kenshin: Kyoto Inferno (2014)_____IMDb - 7.6/10 ကဲဒီတစ်ခါတော့ တနေ့က တင်ပေးလိုက်တဲ့ ဇာတ်ကားရဲ့ အဆက်လေးကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ကန်ရှင်းဟီမူယာတယောက် ဟာ သရဲသိုင်းသမားကြီး မာကိုတိုကို ယှဉ်ပြိုင်တိုက်ခိုက်နေရာမှာ တိုင်းပြည်ရဲ့ ကံကြမ္မာဟာလည်း သူ့အပေါ်တွင်မူတည်လာ တဲ့အခါမှာတော့ ကန်ရှင်းတယောက် ဘယ်လိုများဆက်လက်ရင်ဆိုင်မလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျ ဘာသာပြန်ပေးထားသူကတော့ ခန့်ဇော်ဟိန်း ဖြစ်ပါတယ်ဗျ :DFile Size - 2.8 GB (1080P) File Type - Mp4 Quality - Blu-Ray Rip 720p Duration - 02:18:00 Translator - Khant Zaw Hein Encoder - kyaw Ye Aung
movie
Rurouni Kenshin: Kyoto Inferno (2014)
2014
7.5
Rurouni Kenshin: Origins (2012)
movie
2012
7.1
ဒီကားလေးကတော့....ဂျပန်နိုင်ငံရဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက စစ်ပွဲကိုတားစီးဖို့ကြိုးစား အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါဒီကားဟာဆိုရင် ဂျပန်နိုင်ငံရဲ့ အကယ်ဒမီဆု ငါးခုလောက်ကို သိမ်းပိုက်ထားတာပါနော်ဒီကားလေးမှာအကောင်းဆုံး ဇာတ်ကားဆုအပြင် မင်းသားနှစ်လတ်လုံးကလည်း ဆုရသွားကြတာပါယာခူဇာဂိုဏ်းတွေ ကြောက်ရတဲ့ စုံထောက် ဝံပုလွေလို့ လူသိများတဲ့ အိုဂမိဟာဆိုရင်အမှုတစ်ခုမှာ သက်သေရဖို့ဆိုရင် ဥပဒေကို မလိုက်နာဘဲ ရအောင်ယူတတ်တဲ့ စုံထောက်တစ်ယောက်ပါဟီအိုခ ဆိုတဲ့စုံထောက်ကတော့ အမြဲဥပဒေကို လိုက်နာပြီး ရာဇဝတ်သားတွေကို ဖမ်းချင်တဲ့ လူပါအဲလိုမတူညီတဲ့လူနှစ်ယောက်က ပါတနာစုံထောက်အဖြစ် အတူတူအလုပ်လုပ်ရပြီး ခုရဲဟရမြို့မှာ ဖြစ်လာမယ့် ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားကစစ်ပွဲကို တားဆီးကတြဲ့အခါ....ဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာကိုအက်ရှင်အကြမ်းစားဇာတ်ကွက်တွေနဲ့ ဆက်လက်ကြည့်ရှုရမှာပါTranslated & Review By Yamin EiEncoded By LK
movie
The Blood of Wolves ( 2018 )
6.4
Bleach (2018)
Bleach (2018) IMDb - 6.4/10_____Rotten - 67% တစ်လောကမှထွက်ရှိထားတဲ့ဂျပန်live action ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဂျပန်အန်နီမေးရှင်းကိုပြန်ပြောင်းရိုက်ကူးထားတဲ့ဒီကားလေးဟာဂျပန်မှာတော့အတော်ရေပန်းစားသွားပါတယ်ငယ်ငယ်လေးကတည်းကမိခင်ဖြစ်သူမတော်တဆမှုတစ်ခုကြောင့်သေဆုံးသွားတဲ့ကောင်လေးခုယိုစကိထိုမတော်တဆမှုကြောင့်သူဟာမကောင်းဆိုးဝါးတွေကိုမြင်တွေ့လာနိုင်ခဲ့တယ်ကောင်းမွန်တဲ့မကောင်းဆိုးဝါးတွေကိုလမ်းမှန်သွားနိုင်အောင်သူသင်ပြပြောပြပေးခဲ့တယ်လောကမှာကောင်းတဲ့မကောင်းဆိုးဝါးတွေရှိသလိုမကောင်းတဲ့မကောင်းဆိုးဝါးတွေလည်းရှိနေခဲ့တယ်ကောင်းမွန်တဲ့သရဲတစ္ဆေတွေကိုဝိညာဉ်လောကကိုကောင်းကောင်းမွန်မွန်သွားနိုင်အောင်လုပ်ဆောင်ပေးသူတွေကတော့သေမင်းနတ်ဘုရားတွေပါပဲဝိညာဉ်ဖမ်းသူတွေလို့လည်းအလွယ်ခေါ်နိုင်ပါတယ်သူတို့ဟာမကောင်းတဲ့သရဲတစ္ဆေတွေကိုလည်းနှိမ်နင်းနိုင်တဲ့အစွမ်းရှိသူတွေပါသူတို့ဟာနှစ်ပေါင်းရှည်ကြာပြီးအလွန်အစွမ်းထက်တဲ့မကောင်းဆိုးဝါးးတစ်ကောင်ကိုနှိမ်နင်းဖို့သေမင်းနတ်ဘုရားမလေးကိုလူ့လောကကိုစေလွတ်လိုက်ပါတယ်လူသာမာန်တွေမမြင်နိုင်တဲ့ထိုသေမင်းနတ်ဘုရားမလေးကိုခုယိုစကိကမြင်တွေ့နိုင်တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲသူတို့နှစ်ယောက်ပေါင်းပြီးမကောင်းဆိုးဝါးတွေကိုဘယ်လိုနှိမ်နင်းမလဲဆိုတာကိုကြည့်လိုက်ကြပါဒီဇတ်ကားကိုအမျိူးမျိူးဝေဖန်ကြပါတယ် မူရင်းကိုမမှီဘူးဆိုတာတွေ မုူရင်းထက်ကောင်းတယ်လို့ပြောသူတွေအမျိူးမျိူးပါပဲကြည့်ပြီးမှဆုံးဖြတ်ကြပါလို့ပဲပြောချင်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုစိုးထွေးပါ) File Size : (900 MB) Quality : NF WEB-DL 720p Running Time : 1h 48min Format : Mp4 Genre : Action , Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p NF WEB-DL DD+5.1 x264-NTG Translated by Soe Htwe Encoded by Thanhtike Zaw
movie
Bleach (2018)
2018