Channel Myanmar

Yoshiko Kamei

Doraemon: Nobita’s Treasure Island (2018) 6.5
Doraemon: Nobita’s Treasure Island (2018) Doraemon: Nobita's Treasure Island (2018) ------------------------------------------------------------------- အခုတစ်ခေါက်မှာတော့ 2018 ခုနှစ်မှာ ထွက်ခဲ့တဲ့ ၃၈ကားမြောက် ဒိုရေမွန်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးက ၁၈၈၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Treasure Island ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး Your Name Anime ရဲ့ ထုတ်လုပ်သူ Genki Kawamura ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ ပင်လယ်ဓားပြပုံပြင်တွေဖတ်ပြီး ရတနာကျွန်းရှာဖို့ရူးသွပ်နေတဲ့ နိုဘီတတစ်ယောက် သတင်းမီဒီယာကနေ အမည်မသိကျွန်းတစ်ခုပေါ်လာကြောင်း ကြေညာချိန်မှာတော့ ရတနာသွားရှာချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတော့တယ်။ဒါကို သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတော့ စိတ်တိုတိုနဲ့ကျွန်းကို တွေ့အောင်ရှာမယ်လို့အလောင်းအစားပြုလုပ်ပြီး ထုံးစံအတိုင်း ဒိုရေမွန်ကိုအကူညီတောင်းပါတယ်။ ဥပေက္ခာမပြုနိုင်တဲ့ ဒိုရေမွန်ကလည်း နိုဘီတအလိုကျအတိုင်း အဲဒီကျွန်းကို သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ပင်လယ်ဓားပြတွေနဲ့ ဘယ်လိုစခန်းသွားရမလဲ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုခံစားပေးကြပါဦးနော်။ File size…1.7GB / 894MB Quality…1080p BluRay / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Doraemon: Nobita’s Treasure Island (2018)

2018
Kiki’s Delivery Service (1989) 7.8
Kiki’s Delivery Service (1989) ၁၃နှစ်ပြည့်တဲ့စုန်းလေးတွေဟာ အိမ်ကထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့ စုန်းတို့ရဲ့ရိုးရာအတိုင်း ၁၃နှစ်အရွယ်စုန်းမလေးခီခီဟာ တိမ်ကင်းစင်တဲ့လပြည့်ညတစ်ညမှာ သူ့ရဲ့ကြောင်နက်လေးဂျီဂျီရယ် အဖေ့ရေဒီယိုလေးရယ်နဲ့အတူ တံမြက်စည်းပျံစီးပြီး အိမ်ကထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နာရီ​စင်ကြီးရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ အခြေချဖို့ဖြစ်လာတဲ့အခါ စုန်းမလေးခီခီဟာ အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ရပါတော့တယ်။ ​ တဖြည်းဖြည်းနဲ့ ခီခီ့ရဲ့တစ်ပါးသူအပေါ်ကူညီပေးမှုတွေ၊ သနားကြင်နာတတ်မှုတွေကြောင့် လူချစ်လူခင်ပေါလာပြီး သူ့ကိုယ်ပိုင်ပစ္စည်းပို့လုပ်ငန်းလေးကိုလည်း တစ်နိုင်တစ်ပိုင်ထူထောင်လာနိုင်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ခီခီ့ရဲ့ ကိုယ်ပိုင်အလုပ်သစ်လေးမှာ အလုပ်အပ်သူတစ်ယောက်ပေါ်လာရင်ကို စိတ်လှုပ်ရှားနေတတ်တာမျိုးတွေ၊ သူငယ်ချင်းကြောင်နက်လေးဂျီဂျီ သူငယ်ချင်းအသစ်ရသွားတဲ့အခါ စိတ်ပျက်ဝမ်းနည်းပုံလေးတွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့အခါ အတက်အကျတွေအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရပုံလေးတွေကို လူငယ်သဘာဝအလျောက် တွေ့မြင်ရမှာဖြစ်ပြီး ကိုရိုကိုဆိုတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးရဲ့ သဘာဝအလှအပလေးတွေကိုလည်း စိတ်ချမ်းမြေ့ဖွယ်ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်... IMDb 7.8/10 Rotten tomatoes 98% ထိရရှိထားတဲ့ anime ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားပေးကြပါဦး....   File Size - 1.4 GB Quality - BluRay 1080p Subtitle - Burmese (hardsub) Translator - May Thu Aung Encoder -  Thit San Khant
movie

Kiki’s Delivery Service (1989)

1989