Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yoon Chan-young
Manhole (2014)
Manhole (2014)**************Hospital Playlist ထဲမှ Jung Kyung-ho၊ The School Nurse Files ထဲမှJung Yu-mi၊ Mirror of the Witch ထဲမှ Kim Sae-ron နဲ့ တခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Manhole ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားအညွှန်း-မိဘတွေကွယ်လွန်သွားပြီးနောက် စကားမပြောတတ်တဲ့ ဆူဂျောင်းကိုအစ်မဖြစ်သူ ယွန်းဆောက အစ်မကြီး အမိရာပီပီ စောင့်ရှောက်ပေးပြီးနှစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့သူတွေပါ။ဒါပေမဲ့ သူတို့မြို့နယ်လေးမှာ လူပျောက်တဲ့အမှုတွေက တစ်နေ့တခြားပိုပိုများလာပေမဲ့ ဘာသဲလွန်စမှ မကျန်တဲ့အတွက် ရဲဘက်ကလည်းစုံစမ်းစစ်ဆေးရာမှာ အရာမရောက်ဘဲ ခေါင်းခဲနေရသလိုပြည်သူတွေလည်း အထိတ်ထိတ်အလန့်လန့်နဲ့ သွားလာနေရတာပေါ့။တစ်နေ့ အလုပ်ကနေအိမ်ကို နောက်ကျမှပြန်လာတဲ့ ယွန်းဆောကိုဆူဂျောင်းက သွားကြိုရင်းနဲ့ မသင်္ကာစရာကောင်းတဲ့သူနဲ့ တွေ့ပြီးဆူဂျောင်းပျောက်သွားတဲ့အခါမှာတော့...ယွန်းဆောတစ်ယောက် ပျောက်သွားတဲ့ ညီမလေးကို ဘယ်လိုလိုက်ရှာမလဲ။ဘယ်မှာပြန်တွေ့ပြီး ဘယ်လိုကြောက်မက်ဖွယ်ကောင်းတာတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။(ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းတွေပါလို့ အသက်မပြည့်သေးတဲ့သူများ မကြည့်ရလို့သတ်မှတ်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။)File size…1.30GB ...
movie
Manhole (2014)
5.9
Mourning Grave (2014)
Mourning Grave (2014)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ horror, thriller ကျောင်းသားဇာတ်လမ်းလေးပဲဖြစ်ပါတယ်... ညဘက်ကျောင်းမှာနေရတဲ့ခံစားချက်ဆိုတာ နေ့ခင်းမှာနေရတာနဲ့ မတူတဲ့အပြင် အဲအချိန်မှာမှ အငြိုးကြီးတဲ့သရဲက အကုန်လုံးကိုရန်ရှာလာတဲ့အခါမှာ...ဂန်အင်းဆူဆိုတဲ့ကောင်လေးက သရဲတွေကိုမြင်ရပြီး သရဲတွေကလည်း သူ့ကိုဆို အကူအညီတောင်းချင်လို့ တန်းစီနေကြတာပါ အဲလိုနဲ့မွေးရပ်မြေကိုပြန်သွားတဲ့အခါမှာလည်း ကျောင်းတက်တာနဲ့ သူ့ကိုစပြီး အရိပ်အယောင်တွေပြရာကနေ တကယ့်နာကြည်းချက်တွေရှိတဲ့ သရဲဟာ အကုန်လုံးကို သတ်ပစ်ချင်လောက်အောင် အငြိုးကြီးနေတာကို သိလိုက်ရတော့တယ်...ဂန်အင်းဆူနဲ့ အဲဒီသရဲနဲ့ကရော ဘယ်လိုပတ်သက်မှုတွေရှိမလဲ၊ နောက်ဆုံးမှာ အငြိုးတွေဟာ ပိုကြီးလာမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်Kang Ha Neul, Kim So Eun တို့အဓိကပါဝင်ထားပြီး horror ကားကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာတန်စေမယ့် ဇာတ်ကားလေးတစ်ကားဆိုလည်းမမှားပါဘူးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 895MB | 485MB | 248MB Format… mp4 Duration…. ...
movie
Mourning Grave (2014)
2014
7.1
Light for the Youth (2019)
Light for the Youth (2019)IMDB - 7.1/10, 2 Winsဆယ်ကျော်သက်အရွယ်မှာတောင် လွတ်လွတ်လပ်လပ် မပျော်ရွှင်ခဲ့ရတဲ့အခါ အသက် ၂၀ ရောက်လာမှာကို ကြောက်ရွံ့နေခဲ့ဖူးလား ဘဝမှာ အပေါ့သွားဖို့အချိန်မရလောက်အောင်အထိ အလုပ်တွေလုပ်ခဲ့ရဖူးလား အစမ်းခန့်မဟုတ်တဲ့ တရားဝင်အလုပ်သမားဖြစ်ဖို့အတွက် ၃၂ ကြိမ်မြောက်အထိ အင်တာဗျူးတွေ ဖြေဆိုခဲ့ရဖူးသလား"အီဂျွန်း" ဟာ ငွေစုငွေချေးလုပ်ငန်းတစ်ခုရဲ့ ဖုန်းလက်ခံဖြေကြားဌာနမှာ အလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် အလုပ်သင်ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ။သူ့ရဲ့ အလုပ်သင်ဘဝ အခက်အခဲတွေကို နားလည်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူလို့ သူထင်မှတ်ခဲ့တဲ့ ကြီးကြပ်ရေးမှူး "အီဆယ်ယွန်း" ဟာ တကယ်ပဲ သူ့ဒုက္ခတွေကို စာနာနားလည်ပေးနိုင်မယ့်သူ ဟုတ်ပါရဲ့လား ။လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြတယ်ဆိုတာကို လူတိုင်းနီးပါး နားလည်ကြပေမယ့် တကယ်တမ်းတော့ လူတွေဟာ ကိုယ့်ဒုက္ခကိုသာ ရှေ့တန်းတင်မြင်တတ်ကြပါတယ် ။ကိုယ်ချင်းစာတရားဟာ လူအများစုမှာရှိတာ မှန်ပေမယ့်လည်း ကိုယ့်အခက်အခဲတွေကို ပြန်တွေးမိတဲ့အခါ ကိုယ်ချင်းစာတရားထက် ကိုယ့် အတ္တကိုသာ ရှေ့တန်းတင်မိတတ်ကြတဲ့ လူ့လောကကြီးရဲ့ သဘောထားတွေမပြည့်စုံတဲ့ဆယ်ကျော်သက်လူငယ်တွေရဲ့ စိတ်ခံစားချက်တွေအပြင် "အီဂျွန်း" ကြုံတွေ့ခဲ့ရတဲ့ ...
movie
Light for the Youth (2019)
2019
5.9
Mothers (2017)
[Unicode]ဒီဇာတ်လမ်းမှာတော့ Search WWW က မင်းသမီးချော Lim Soo-Jung က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်မိခင်မေတ္တာကို ဖော်ပြထားတဲ့ ဇာတ်လမ်းလေးမို့ ကြည့်ပြီးရင် ရင်ထဲမှာ တစ်ခုခုတော့ ကျန်ရစ်မယ်ထင်ပါတယ်ဇာတ်လမ်းအကျဉ်းဟျိုဂျင်ဟာ အသက် ၃၂ နှစ်အရွယ် ဆရာမ တစ်ယောက်ဖြစ်ပါတယ်ခင်ပွန်းဖြစ်သူ ဆုံးသွားပြီးနောက်ပိုင်း ဘဝကို မျှော်လင့်ချက်မဲ့ရှင်သန်နေသူတစ်ယောက်ပါတစ်ရက်မှာတော့ ဆုံးသွားတဲ့ ခင်ပွန်းရဲ့ သားဖြစ်သူကို ကျွေးမွေးစောင့်ရှောက်ပေးဖို့ ဖြစ်လာတဲ့အခါမှာ...ဒီကလေးကို စောင့်ရှောက်ပေးဖို့ ငြင်းပယ်မှာလားသူမရဲ့ သားအဖြစ်နဲ့ မွေးမှာလားဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်ကားလေးမှာဆက်လက်ကြည့်ရှုပါနော်...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ပါ ) [Zawgyi]ဒီဇာတ်လမ်းမှာတော့ Search WWW က မင်းသမီးချော Lim Soo-Jung က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်မိခင်မေတ္တာကို ဖော်ပြထားတဲ့ ဇာတ်လမ်းလေးမို့ ကြည့်ပြီးရင် ရင်ထဲမှာ တစ်ခုခုတော့ ကျန်ရစ်မယ်ထင်ပါတယ်ဇာတ်လမ်းအကျဉ်းဟျိုဂျင်ဟာ အသက် ၃၂ နှစ်အရွယ် ဆရာမ တစ်ယောက်ဖြစ်ပါတယ်ခင်ပွန်းဖြစ်သူ ဆုံးသွားပြီးနောက်ပိုင်း ...
movie
Mothers (2017)
7.0
Birthday (2019)
Birthday(2019)IMDb....7.0(unicode)နိုင်ငံခြားမှာနေရင်း မိသားစုအတွက် ငွေတွေတတ်နိုင်သလောက်ရှာပြီးပြန်လာတဲ့ ဖခင်ဖြစ်သူ ဂျောင်အီတစ်ယောက်ရဲ့ မိသားစုအိမ်ပြန်လမ်းဟာ တခြားသူတွေနဲ့ တူပုံမရဘူး.... သူ့ပုံစံကပျော်ရမယ့်အစား ဝမ်းနည်းကြေကွဲမှုတွေမျက်နှာပေါ်မှာအပြည့်.... သမီးလေးအတွက်အရုပ်လေးဝယ်ရင်း အိမ်တံခါးခေါက်တဲ့သူ့ကို ဇနီးဖြစ်သူက တံခါးမဖွင့်ပေးခဲ့သလို တစ်သက်လုံးအိမ်ပြန်မလာလည်းရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ကြိုဆိုခဲ့လေရဲ့....ဖခင်ဖြစ်သူဟာ နိုင်ငံခြားမှာနေပြီး မိန်းမပွေရှုတ်တာလည်းမဟုတ်..ရှာသမျှလည်းအိမ်ကိုပို့တယ်...မိန်းမဖြစ်သူရဲ့ ဒီလိုကြိုဆိုမှုကိုလည်း အပြစ်မဆိုခဲ့ဘူး....ဘာကြောင့် ဒီလိုဖြစ်နေကြတာလဲ...သမီးလေးနဲ့ မိန်းမဆီ နွေးထွေးတဲ့မိသားစုလေး အဖြစ်သူပြန်တည်ဆောက်လို့ရပါ့မလား...တခြားဘာအကြောင်းတွေရှိသေးလဲ... ကားနာမည် Birthdayဆိုတာနဲ့ရော ဘယ်လိုသက်ဆိုင်နေတာလဲဆိုတာကိုတော့ ခံစားကြည့်ပါဦး....ဒီကားက မိသားစုကားတစ်ကားပါ..အေးသလိုထင်ရပေမယ့် ဘာကြောင့်လဲဆိုတာတဖြည်းဖြည်းဆွဲခေါ်သွားပြီး ကြည့်ရှုသူကိုဖမ်းစားနိုင်တဲ့ကားပါ..သရုပ်ဆောင်တွေကလည်း နာမည်ကြီး မင်းသားမင်းသမီးတွေကြီးပါပဲ...ခံစားကြည့်လိုက်ပါဦး...IMDb...7.0တောင်ရရှိထားတာမို့ ထွေထွေထူးထူးမညွှန်းတော့ပါဘူးနော် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Fliex ပဲဖြစ်ပါတယ်... File Size : (945 MB) Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Fliex Encoded by Phyo Pyae
movie
Birthday (2019)
2019