Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yonel Dorelis
Temptation Under the Sun (2022)
ဒီထရိုက်မြို့မှ စုံထောက်မလေး"ကာဆေဒီခရူးဇ်"ဟာ အာဏာရှိအကောင်ကြီးကြီးတစ်ယောက်ရဲ့အမှုကို အလွတ်မပေးဘဲ စုံစမ်းစစ်ဆေးနေတာကြောင့် သူမကိုခဏပထုတ်ချင်တာကြောင့် အားလပ်ရက်ခရီးတစ်ခုစေလွှတ်ခြင်းခံလိုက်ရပါတယ် သူမကို ကာရေဘီယာပင်လယ်နားက စိန့်လုခ်ဆိုတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို အပန်းခရီးထွက်ခိုင်းခဲ့တာပါ အဲ့ကျွန်းပေါ်မှာ ခရီးသွားဧည့်သည်တွေအတွက် လှေငှားတဲ့အလုပ်လုပ်တဲ့ "ထရာဗစ်ကင်း"ဆိုတဲ့ လူနဲ့ဆုံမိပြီး ရင်ခုန်သံတွေနိုးကြားခဲ့ပါတယ်ဒါပေမဲ့ တစ်ရက်မှာ ထရာဗစ်ရဲ့ရည်းစားဟောင်းဖြစ်တဲ့ "မင်နာဗာ"တစ်ယောက်အသတ်ခံလိုက်ရတာနဲ့ပက်သက်ပြီး အဲ့ကျွန်းရဲ့ရဲမှူးက တရားခံဟာ "ထရာဗစ်"ဖြစ်တယ်လို့ သတ်မှတ်ပြီး ဖမ်းခေါ်သွားခဲ့ပါတယ် အဲ့တော့ အမှုတစ်ခုကိုအမှန်တရားမပေါ်မချင်းလိုက်လံဖော်ထုတ်တတ်တဲ့ စုံထောက်မလေးဟာ ထရာဗစ်မှာအပြစ်မရှိကြောင်းသက်သေပြဖို့နဲ့ တရားခံအစစ်ကိုရှာဖွေဖို့အတွက်ကူညီပေးပါတော့တယ်မင်နာဗာကို သတ်တဲ့တရားခံကတကယ်ပဲ ထရာဗစ်လား ဒါမှမဟုတ် အခြားတစ်ယောက်လား....... သတ်ရတဲ့အကြောင်းပြချက်ကရော ဘာဖြစ်မလဲ...... ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.7 GB)/(888 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre... Thriller, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
Temptation Under the Sun (2022)
6.3
Prisoner’s Daughter (2023)
Prisoner's Daughter (2023)လူတိုင်းဟာအမှားနဲ့တော့ မကင်းနိုင်ကြပါဘူး တစ်ဘဝလုံးစာအမှားပဲကျုးလွန်ခဲ့ကျူးလွန်ခဲ့ အမှားသေးသေးလေးပဲ ကျူးလွန်ခဲ့ကျူးလွန်ခဲ့ လူတိုင်း ဒုတိယအခွင့်အရေးနဲ့ထိုက်တန်စမြဲပါပဲ။ လူတိုင်းဒုတိယအခွင့်ရေးလဲ ရထိုက်တယ်လို့ ထင်မိပါတယ်။ လူတိုင်းဟာလဲ အဲ့လိုပဲတွေးမိကြမှာပါပဲ ငါသာအဲ့လိုမလုပ်ခဲ့ဘူးဆိုပြီး တွေးမိတဲ့သူတွေလဲ ရှိကြမှာပါပဲ။ယခုဇာတ်ကားလေးကလဲ လူမိုက်ကြီးတစ်ယောက် သူ့ကြောင့်ထိခိုက်ခဲ့ရတဲ့ မိသားစုဘဝကို ဘယ်လိုပြန်အဖတ်ဆယ်မလဲဆိုတာ ကြည့်ရှုရမဲ့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ Family Drama ကားလေးပါ။ Rating တွေကလဲကောင်းသလို ဇာတ်လမ်းလေးကလဲကောင်းပြီး သရုပ်ဆောင်ထားတဲ့သူတွေကလဲ ထိတ်ထိတ်ကြဲတွေပါပဲ။ Leading Role မှာတော့ စကော့လူမျိုးမင်းသားကြီး Brian Cox ( Troy ဇာတ်ကားမှာ သူ့မိန်းမကိုခိုးသွားလို့ Troy မြို့ကိုစစ်သွားခင်းတဲ့ စစ်ဘုရင်ကြီး Agamemnon အဖြစ်သရုပ်ဆောင်ထားသူပါ) ကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ်ဆိုတဲ့လူမိုက်ကြီးတစ်ယောက် ထောင်ကျနေတဲ့အချိန်မှာပဲ ပန်ကရိယပ်ကင်ဆာဖြစ်နေတော့ ထောင်မှူးကလဲသနားပြီး သူ့သမီးသာ သူ့ကိုခေါ်ထားမယ်ဆို နေအိမ်အကျယ်ချုပ်နဲ့ နေလို့ရမယ်လို့ ပြောလာပါတယ်။ ခက်တာက သူ့သမီးနဲ့အဆက်အသွယ်မရှိတော့တာ ၁၂ နှစ်လောက်တောင်ရှိနေပါပြီ။ ခုမှပဲပြန်ဆက်သွယ်ရင်လဲ သူသမီးကပြန်လက်ခံမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့သူ့သမီးမှာလဲ ခွားမသေးတစ်ကောင်နဲ့ရတဲ့သားလေးတစ်ယောက်ကလဲ ရှိနေပြီး သူတို့သားအမိနှစ်ယောက်တည်း လောကကြီးအလယ် ရင်ဆိုင်ရှင်သန်နေရပါတယ်။ တစ်နေ့မှာတော့ သူ့အရင်ယောကျာ်းက ပြဿနာလာရှာတဲ့အတွက် သူ့ရဲ့လက်ရှိအလုပ်လေးကလဲ ပြုတ်သွားပြီး ...
movie
Prisoner’s Daughter (2023)
2023