Channel Myanmar

Yolande Moreau

The Brand New Testament (2015) 7.1
The Brand New Testament (2015)  Dark Comedy ဟာသကားကိုမှ Rating ကောင်းကောင်းနဲ့ဆုတွေ အများကြီးရထားတဲ့ ဇာတ်ကားကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီ Brand New Testament ဆိုတဲ့ဟာသ ဇာတ်ကားကို ကြည့်ဖို့ ၁၀၀ ရာခိုင်နှုန်း တိုက်တွန်းချင်ပါတယ်။ဘုရားသခင်က သူ့ဘဝကိုယ်သူ ငြီးငွေ့နေပြီး စိတ်တိုလွယ်တဲ့အဘိုးကြီးတစ်ယောက်ဖြစ်တဲ့အပြင် လူသားတွေကို ဆင်းရဲဒုက္ခတွေ တစ်ခုပြီးတစ်ခုပေးရင်း သူ့ကိုယ်သူ မပျင်းအောင်လုပ်နေတဲ့ ဘိုးတော်ကြီးတစ်ယောက်အဖြစ် ဒီဇာတ်ကားထဲမှာပုံဖော်ထားတာပါ။ဒီဇာတ်ကားထဲမှာ ဘုရားသခင်က ဘရပ်ဆဲလ်မြို့မှာ သူ့ရဲ့မိန်းမနဲ့ သမီးဖြစ်သူ အီယာနဲ့တူနေတာပါ။ ဇာတ်ကားကဘယ်လိုစပြီး ကြည့်ကောင်းလာသလဲဆိုတော့ သမီးဖြစ်သူအီယာက ဖခင်ဖြစ်သူ ဘုရားသခင်ကို ဆန့်ကျင်ပြီး လူတွေရဲ့သေဆုံးရက်တွေကို ဖြန့်လိုက်တာကနေ စပြီး ကြည့်ကောင်းလာတာပါပဲ။Brand New Testament က အတွေးအခေါ် အသစ်တွေကိုကြိုက်ပြီး ဟာသကားတွေ ကြည့်တတ်တဲ့သူတွေအတွက်ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားလို့ပဲပြောလိုက်ချင်ပါတယ်။  File size…1.59GB / 712MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ...
movie

The Brand New Testament (2015)

In the House (2012) 7.4
In the House (2012) ပြင်သစ်စာပေသင်တဲ့ဆရာတစ်ယောက်ဟာ ကလော့ဂါဆီရာ‌ဆိုတဲ့ကျောင်းသားတစ်ယောက်ရဲ့ထူးဆန်းတဲ့စာစီစာကုံးကိုဖတ်မိရာကနေ ကလော့ရဲ့သူ့သူငယ်ချင်းမိသားစုအပေါ်အမြင်တွေ၊အတွေးတွေကိုပိုသိချင်လာပါတော့တယ် သူကကလော့ကိုစာအရေးအသားသင်ပေးဖို့ဆုံးဖြတ်လိုက်ပြီး ၁၆ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့စာစီစာကုံးတစ်ပုဒ်ကိုအရင်းပြုရင်း ဆရာတပည့်နှစ်ယောက်ဇာတ်လမ်းနဲ့အပြင်လောကရဲ့ဆက်စပ်မှုတွေကိုရှာဖွေပြီး ဘယ်လိုအလှည့်အပြောင်းမျိုးတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကိုကြည့်ရှုရမှာပါ Drama & mystery အမျိုးအစားဖြစ်ပြီး စိတ်လှုပ်ရှားစရာသိပ်မပါပေမဲ့အေးအေးလေးနဲ့ဇာတ်လမ်းအဆုံးထိဆွဲသွားနိုင်တာမို့ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားတစ်ပုဒ်ပါပဲ File size…(2.1 GB)/(1 GB)/(530 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama, Comedy, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

In the House (2012)

Micmacs (2009) 7.2
Micmacs (2009) Micmacs (2009)ဘာဇီးလ် ဆိုတဲ့ကောင်လေးရဲ့ ဖခင်စစ်သားဟာ မြေမြှုပ်မိုင်းကြောင့်သေဆုံးသွားပြီး ဘာဇီးလ်ရဲ့အမေလည်း ခင်ပွန်းဖြစ်သူကိုဆုံးရှုံးရတဲ့သောကကြောင့် စိတ်ကျန်းမာရေးဆေးရုံကိုရောက်သွားပါတယ်။ ဘာဇီးလ်ဟာ မိဘမဲ့ဂေဟာရောက်သွားပြီး တစ်နေ့မှာတော့ ဂေဟာကထွက်ပြေးသွားပါတယ်။ နှစ်၃၀အကြာမှာ ဗီဒီယိုအခွေဆိုင်တစ်ဆိုင်မှာအလုပ်လုပ်​နေရင်း လမ်းပေါ်မှာ သေနတ်ပစ်ခတ်သံတွေကြားပြီး ဆိုင်ကိုလာမှန်လို့ ထွက်ကြည့်ရာကနေ ခေါင်းကိုကျည်ဆန်မှန်သွားပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေဘဲ ခေါင်းထဲမှာကျည်ဆန်ကျန်နေခဲ့ပြီး ဆေးရုံကဆင်းလာတဲ့အချိန်မှာတော့ သူ့ရဲ့အလုပ်နေရာကိုအစားထိုးခံလိုက်ရပါတယ်။ သူ့အစားဝင်လုပ်နေတဲ့မိန်းကလေးက ဆိုင်နားမှာပစ်ခတ်မှုဖြစ်တုန်းက ကျည်ဆန်တစ်တောင့်ကို ရထားကြောင်း ပြောပြီး ဘာဇီးလ်ကိုပေးလိုက်ပါတယ်။ နေစရာမရှိတော့တဲ့ဘာဇီးလ်ဟာ လမ်းပေါ်မှာလှည့်လည်ဖျော်ဖြေရင်း ပိုက်ဆံရှာနေခဲ့ရာက အဖိုးကြီးတစ်ယောက်နဲ့တွေ့ခဲ့ပြီး ဘာဇီးကို သူ့ရဲ့မိသားစုဆီခေါ်သွားခဲ့ပါတယ်။ အဖိုးကြီးရဲ့မိသားစုဟာ ကားသင်္ချိုင်းအပျက်အစီးတွေထဲ အိမ်ဖြစ်အောင်ဖန်တီးပြီး နေထိုင်နေကြတဲ့ အိမ်ခြေရာမဲ့တွဖြစ်ကြပေမယ့် သာမန်လူတွေမဟုတ်ဘဲ ပစ္စည်းအပျက်တွေသုံးပြီးစက်ပစ္စည်းတွေတီထွင်နိုင်သူ၊ ဘယ်အတိုင်းအတာပမာဏကိုမဆို မျက်လုံးနဲ့ကြည့်ရုံနဲ့တိုင်းထွာတတ်သူ၊ ခန္ဓာကိုယ်ကို ကောက်ကွေးနိုင်သူ စတဲ့ စွမ်းရည်ကိုယ်စီနဲ့ လူထူးဆန်းတွေစုနေကြတာဖြစ်ပါတယ်။ဘာဇီးဟာ အဲ့မိသားစုနဲ့အတူနေထိုင်ပြီး တွေပစ္စည်းအပျက်လိုက်ကောက်တဲ့အလုပ်ကိုလုပ်ရင်း လမ်းပေါ်မှာ သူရင်းနှီးနေတဲ့တံဆိပ်နှစ်ခုကိုတွေ့လိုက်ရပါတယ်။ သူ့အဖေကိုသေစေခဲ့တဲ့မြေမြှုပ်မိုင်းပေါ်က တံဆိပ်နဲ့၊ သူ့ခေါင်းထဲမှာဝင်နေတဲ့ ကျည်ဆန်ရဲ့ တံဆိပ်တွေကိုယ်စီနဲ့ မျက်နှာချင်းဆိုင်ရှိနေကြတဲ့ ကမ္ဘာ့ထိပ်တန်းလက်နက်ကုမ္ပဏီကြီးနှစ်ခုဖြစ်နေပါတယ်။ အဲ့လက်နက်ကုမ္ပဏီတစ်ခုထဲကိုခိုးဝင်ခဲ့ပြီးနောက် သူတို့ဖြန့်ချီနေတဲ့လက်နက်တွေကြောင့် လူတွေသေကြေဒုက္ခရောက်နေကြတာကို သိသွားရတဲ့ဘာဇီးလ်ဟာ သူ့ရဲ့လူထူးဆန်းမိသားစုကိုအကူအညီတောင်းပြီး လက်နက်ကုမ္ပဏီနှစ်ခုရဲ့ပိုင်ရှင်နှစ်ယောက်ကို သင်ခန်းစာပေးနိုင်ဖို့ အစီအစဥ်ဆွဲပါတော့တယ်။ဒီကားကတော့ ပြင်သစ်ဇာတ်ကားဖြစ်ပြီး၊ Comedy အမျိုးအစားဖြစ်တာမို့ ဟာသလေးတွေနဲ့ ဇာတ်လမ်းပုံစံ သွက်သွက်လက်လက်ပေါ့ပေါ့ပါးပါးဖြစ်ပါတယ်။ Hugo ဇာတ်ကားလို fantasy ဆန်ဆန်ကားမျိုး၊ Tim Burton ရဲ့ဇာတ်ကားတွေလို ကာတွန်းဆန်သလိုလို ထူးထူးဆန်းဆန်းကားမျိုးကြိုက်တဲ့သူတွေ သဘောကျမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။File size… 2.9GB and 753MB Quality…. ...
movie

Micmacs (2009)

2009
Amélie (2001) 8.3
Amélie (2001) Amélie(2001)========================IMDb Rating- 8.3/10 Rotten Tomatoes- 89% "အဲ့ကောင်မလေးက သူများရဲ့ ကမောက်ကမ ဘ၀တွေကို ကူပြင်ပေးဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်လေ" "ကိုယ့်ဘ၀ကိုယ်ကျတော့ရော မပြင်ဘူးလား? ကိုယ်ရဲ့ ကမောက်ကမဖြစ်နေတဲ့ ဘ၀ကို မပြင်ဘူးလား? ကိုယ်မှ မပြင်ရင် ဘယ်သူက လာပြီး ကူပြင်ပေးမှာလဲ? " -Amélie(2001) ကျောင်းတက်ဖို့အရွယ်ရောက်လာတဲ့Amélie Poulainကို သူ့အဖေက နှလုံးရောဂါရှိတယ်လို့ အမှတ်မှားပြီး ကျောင်းမထားပါဘူးဒီတော့ သူ့အမေက သူ့ကို အိမ်မှာပဲ ထားပြီး ကိုယ်တိုင် စာသင်ပေးပါတယ်အဲ့အချိန်ကစပြီး Amélieက အထီးကျန်တဲ့လူတစ်‌ယောက်ဖြစ်လာပြီး သူ့အထီးကျန်မှု‌တွေကို စိတ်ကူးယဉ်မှု‌တွေနဲ့ပဲ အဖော်ပြုခဲ့ပါတယ်ဒါကြောင့် အရွယ်ရောက် အလုပ်လုပ်နေတဲ့အချိန်မှာ ကိစ္စတိုင်းကို သူမတူတဲ့အမြင်နဲ့ ရှုမြင်တတ်တဲ့လူတစ်ယောက်ဖြစ်လာပါတယ်မင်းသမီး ဒိုင်ယာနာဆုံးတဲ့ ၁၉၉၇ခုနှစ် ဩဂုတ်လ ၃၁ရက်မှာ သူ့ကံကြမ္မာပြောင်းဖို့ ဖြစ်လာပါတယ်အဲ့နေမှာ Amélieက သူ့တိုက်ခန်းထဲကနေ ဘူးတစ်ဘူးရှာတွေ့ပါတယ်အဲ့ဘူးက တခြားတော့ မဟုတ်ပါဘူးလွန်ခဲ့တဲ့ နှစ်လေးဆယ်က သူ့တိုက်ခန်းမှာနေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ပစ္စည်းပါအဲ့ဘူးလည်း တွေ့တော့ Amélieက ...
movie

Amélie (2001)

2001