Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yi Yang
6.5
The Hidden Fox ( 2022 )
ဒီဇာတ်ကားလေးကတော့ ဂန္တဝင်စာရေးဆရာကြီး Jin Yong ရဲ့ Fox Volant of the Snowy Mountain ( နှင်းတောင်သူရဲကောင်း ) ဇာတ်လမ်းတွဲကိုMovie Version အဖြစ် | ပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်က လီဇီချန်ဘုရင်ရဲ့ ထူးခြားအံ့ဩဖွယ် ရတနာတစ်ပါးကြောင့် မြောင်ရန်ဖုန်းဆိုတဲ့ မြောင်မျိုးနွယ်သူရဲကောင်းနဲ့ စောင့်ရှောက်သူဟူတို့ကြား မသင့်မြတ်မှုနဲ့အတူ တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး ၂ဦးလုံး ထူးဆန်းစွာ အသက်ဆုံးရှုံးခဲ့ရတယ်…နောက်တော့ ရတနာနဲ့အတူ မြေပုံရော သော့ပါ ပျောက်ဆုံးသွားခဲ့တာ၁၀ နှစိကျော် အားလုံးလိုက်ရှာခဲ့ပြီးနောက်မှာတော့ ရတနာမြေပုံ လမ်းစရလို့ သူရဲကောင်း ၈ဦး မြေပုံရှိရာ ဖေးဟူတောင်ကို ချီတက်ခဲ့တဲ့ ခရီးသွားမှတ်တမ်းလေးကိုတင်ဆက်ထားတာပါ…မြောင်နဲ့ ဟူ ဘယ်လို သေသွားတာလဲ… သူတို့ဆက်ခံသူတွေရောမြေပုံလမ်းစမသိဘူးလား ဒါမှမဟုတ် ဆက်ခံသူပါ ပျောက်ဆုံးသွားတာလား… ဒါဆို သူတို့ချင်းမသင့်မြတ်ကြရာက သေတာရော ဟုတ်ရဲ့လား… နောက်ပြီးဘာလို့သူရဲကောင်း ၈ ဦးကပဲ ဖေးဟူတောင် သွားခဲ့တာလဲ…ဒီလို စိတ်ဝင်စားစရာကောင်းပြီး နာမည်ကြီးကားကို movie version မှာ ဘယ်လိုပုံဖော်ထားတယ် သိရအောင် အမြန်လေး ဒေါင်းကြည့်လိုက်ကြပါတော့… Filesize : 838 MB / 489 MB Quality : ...
movie
The Hidden Fox ( 2022 )
Switch (2013)
Action, Crime, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသား Andy Lau က အေးဂျင့်ဖိုက်တာတစ်ယောက်အဖြစ် အဓိကပါဝင်ထားပါတယ်။သိပ္ပံနည်းနည်းဆန်တဲ့တရုတ်အက်ရှင်ကားလေးတွေအများစုကပေါသလိုလိုဖြစ်သွားတတ်တယ်ဗျ။ ဒါပေမဲ့အခုကားလေးကိုတော့မပေါဘူးလို့မထင်ပါနဲ့၊ အခုကားလေးလည်းပေါတာပဲ။ ဒါပေမဲ့ပေါပေမဲ့တော်တော်ကြည့်လို့ကောင်းနေတာဆိုတော့ ပေါကောင်းလေးပေါ့။ဒါပေမဲ့ပေါတယ်ဆိုတာကနိုင်ငံတကာပရိသတ်ရဲ့အမြင်မှာပေါနေတာမျိုးပေါ့ဗျာ၊ ထောက်ပြစရာလစ်ဟာတာတွေ၊ ဟိုဟာတွေ ဒီဟာတွေ ဘာညာကွိကွ ဘလာဘလာဆိုပြီး ပေါကားလို့သတ်မှတ်ခံရတာမျိုးပေါ့။ ဒါပေမဲ့ကြည့်လိုက်လို့အရမ်းကြီးငါ့အချိန်တွေသက်သက်ဖြုန်းလိုက်ရတယ်ဆိုတာမျိုးတော့မဖြစ်မယ့်ကားကောင်းလေးပါ။ နိုင်ငံကြီးသုံးနိုင်ငံပေါင်းကားဆိုတော့ ဗြိတိသျှရော တရုတ်ရော ဂျပန်ရောက စကီလန်းလန်းလေးတွေကိုကြည့်ရမယ်၊ ပိုပြီးကျစ်လျစ်အောင်လုပ်ရင်ရှယ်ကောင်းမယ့်ဇာတ်ကွက်ရှိနေတာရယ် အထဲက CGI တွေက ၂၀၁၃ နဲ့ဆိုအရမ်းကြီးမဆိုးနေတာရယ်ကတော့ ဒီကားလေးကို အဓိကကြည့်ပျော်ရှုပျော်ဖြစ်စေတဲ့အချက်ပါပဲ။အက်ရှင်ကားဆိုတဲ့အတိုင်း အက်ရှင်ကတော့ တကယ်အပြည့်အဝကိုပါတာပါ၊ အာရှမျက်စိနဲ့ဆိုကြည့်လို့တကယ်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟိုးဒဏ္ဍာရီတည်းကနှစ်ပိုင်းကွဲနေတာကြာပြီဖြစ်တဲ့ ပန်းချီကားတစ်ကားရဲ့အပိုင်း ၂ ပိုင်းကို သူပြိုင်ကိုယ်နိုင်အပြိုင်လုကြမယ့် ဗြိတိသျှ၊ တရုတ်၊ ဂျပန်သုံးနိုင်ငံပေါင်းကားလေးဖြစ်ပြီး ဒီထဲကအဓိကအေးဂျင့် ရှောင်ဂျင်ဟန်ရဲ့အက်ရှင်ကြမ်းကြမ်းတွေ တရုတ်၊ ဂျပန်၊ အင်္ဂလန်ဂျက်မတွေရဲ့ အက်ရှင်ကောင်းကောင်းတွေကို အာရှမျက်စိလေးနဲ့ခံစားဖို့ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Switch ဆိုတဲ့အက်ရှင်ကားကောင်းလေးကိုညွှန်းလိုက်ရပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p ...
movie
Switch (2013)
2013