Channel Myanmar

Yekta Kopan

Brother Team / Kardes Takimi 2024
Brother Team / Kardes Takimi 2024  မတည့်အတူနေ မောင်နှမ ၄ ယောက် အထူးအေးဂျင့် မိဘနှစ်ပါးကို ကယ်တင်ရသောအခါ….ဒီဇာတ်ကားလေးကတော့ ဒီနှစ်ထဲမှာမှ ထွက်ရှိထားပြီး ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင် ကြည့်ရှုရမယ့် တူရကီမိသားစု စွန့်စားခန်း ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီနစ် ဒါရာ အလီ ရာ့စ် ဆိုတဲ့မောင်နှမလေးယောက်ဟာ မိဘနှစ်ပါးနဲ့အတူ ပြည့်ပြည့်စုံစုံနေထိုင်ရပြီးတော့ ပျော်ရွှင်သုခနဲ့ ပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ တစ်ယောက်တစ်မျိုးစီ ထူးချွန်ကြပြီးတော့ မိဘတွေကလည်း အလိုလိုက်ထားတော့ ကျောင်းမှာ တစ်ယောက်တစ်မျိုးပတ်မွေနေကြတာမျိုးတော့ ရှိပါတယ်။တစ်နေ့မှာတော့ သူတို့မိဘတွေဟာ အလုပ်ခရီးဆိုပြီး ထွက်သွားရာက ပြန်မလာတော့ပဲ သူတို့မိဘတွေအစား လူဆိုးတွေက လာဖမ်းတဲ့အခါ အိမ်ထဲမှာ TM-OZ 4000 ဆိုတဲ့ ဉာဏ်ရည်တုစနစ်က လျှို့ဝှက်ခန်းကို ဖွင့်ပေးရာကနေ သူတို့မိဘတွေက သူတို့ထင်ထားသလိုမဟုတ်ပဲ အထူးအေးဂျင့်တွေဖြစ်ပြီး လူဆိုးတွေဖမ်းဆီးတာ ခံထားရကြောင်း သိလိုက်ရတဲ့အခါမှာတော့ မတည့်အတူနေ မောင်နှမလေးယောက်သား သူတို့မိဘတွေကို ကယ်တင်မဲ့စွန့်စားခန်းလေးထွက်ကြပါတော့တယ်။ ဒီတော့ သူတို့မိဘတွေကို ဘယ်လိုအလွဲပေါင်းများစွာနဲ့ ...
movie

Brother Team / Kardes Takimi 2024

Bad Cat (2016) 7.0
Bad Cat (2016)  ဒီဇာတ်ကားက က​လေးကြည့်လို့မရတဲ့ ကာတွန်းဇာတ်ကားပါ။၂၀၁၆ခုနှစ်က တူရကီနိုင်ငံက ဖြန့်ချိခဲ့တဲ့ Animationဖြစ်ပြီးIMDb 7နဲ့ RTမှာ 44% ရထားပါတယ်။ ဇာတ်လမ်းက PG 15ratingဖြစ်ပြီး အ​ဆဲအဆို​တွေ ​အ​တော်သုံးထားပြီး သတ်ဖြတ်တာ​တွေလည်း ပါပါတယ်။ဇာတ်​ကြောင်းက​တော့ အရက်​သောက် ​ဆေးချ ခိုးဆိုးလုနှိုက်အလုပ်​တွေပဲ အမြဲလုပ်​နေတဲ့ ရှဲရိုဆိုတဲ့​ ကြောင်ဆိုးတစ်​ကောင်တစ်​နေ့မှာ ​ကြောင်မ​လေးတစ်​ကောင်ကို နှာဘူးထဖို့အသွားမှာ​ကြောင်မ​လေးခမျာ သူ့ရုပ်ရည်မြင်ပြီး လန့်ဖျပ်ထွက်​ပြေးရာမှဓါတ်လိုက်​သေဆုံးသွားပါ​တော့တယ်။အဲဒီမှာ ​ကြောင်မ​လေးရဲ့သခင်နဲ့ ထိပ်တိုက်တိုးပြီး ဘိုင်ဝမ်းဆွဲရာက​နေ သခင်ဖြစ်သူပါတိုက်​ပေါ်ကပြုတ်ကျ​ပြီး ဦး​နှောက်ပွင့်သေဆုံးသွားပါ​တယ်။ဒါ​ပေမဲ့ အ​တော်​လေးအစွဲကြီးလှတဲ့ ​ကြောင်မ​​လေးရဲ့သခင်က​ခေါင်းပွင့်တာ​တောင် ဇွန်ဘီအ​နေနဲ့ပြန်အသက်ဝင်လာပြီး ရှဲရိုတစ်​ကောင်ကို လိုက်သတ်ပါ​တော့တယ်။ ဇာတ်လမ်းက​တော့ခပ်စားစားပါပဲ။ အ​ပြောအဆိုတွေနဲ့ ​အောက်လုံးစကား​တွေကိုရေလည်သုံးထားလို့ က​လေး​တွေကို ပြလို့ရတဲ့ ကာတွန်းကားမဟုတ်တာကို ထပ်​လောင်း​ညွှန်းလိုက်ရပါ​တယ်။ File size…1.45GB / 827MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 26m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Bad Cat (2016)