Channel Myanmar

Ye Qing

Detective Chinatown (2015) 6.6
Detective Chinatown (2015) Detective Chinatown ဟာ Rating မြင့်တဲ့ စုံထောက် အက်ရှင် စွန့်စားခန်း ဟာသ အမျိုးအစား တရုတ်ဇာတ်ကားတွေဖြစ်ပြီး ၃ ကားထွက်ရှိထားပါတယ်။ ၃ ကားလုံး အဓိကသရုပ်ဆောင်တွေ တူညီပြီးတော့ အချိတ်အဆက်မိမိနဲ့ရယ်ရပါတယ်... ၃ကားလုံးကို CM မှာ တင်ဆက်ထားပြီး  ဒီမှာ  https://www.channelmyanmar.to/?s=detective+chinatown ဒေါင်းလို့ရပါတယ်။++++++++++Detective Chinatown (1) (2015)IMDb Rating (6.6) / Rotten Tomatoes (74%)ချင်ဖုန်းဆိုတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဟာ စုံထောက်အလုပ်ကို ဝါသနာပါလွန်းလို့ ရဲကောလိပ်ကို တက်ဖို့ ကြိုးစားပေမယ့် ဝင်ခွင့်မရခဲ့ပါဘူး စိတ်ဓာတ်တွေ အလုံးအရင်းလိုက်ကျနေတဲ့ ချင်ဖုန်းကို သူ့အဘွားဖြစ်သူက ပျော်စေချင်တဲ့အတွက် သူနဲ့ အမျိုးဆယ့်နှစ်ဝမ်းကွဲလောက်တော်တဲ့ ဦးလေးထန်ရန်ရှိတဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးထွက်ဖို့ စီစဉ်ပေးခဲ့ပါတယ် သူ့ဦးလေးထန်ရန်ဟာဆိုရင်တော့ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းမှာ နာမည်ကြီးစုံထောက်လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့...တကယ်တန်းမှာတော့ သူက လမ်းပေါ်မှာပဲ ပေတေလေလွင့်နေတဲ့ လောင်းကစားသမားပါ သူ့တူဖြစ်သူ ချင်ဖုန်းရောက်လာတဲ့အခါ သူကြိုဆိုဧည့်ခံပုံတွေကလဲ အတော်ခွီရတဲ့ ...
movie

Detective Chinatown (2015)

2015
Brotherhood of Blades (2014) 6.6
Brotherhood of Blades (2014) Screenshots  မင် မင်းဆက် နောက်ဆုံးကာလများတွင် ဆရာတူ ညီအစ်ကိုသုံးယောက်သည် ဂျင်းရိဝေ ခေါ် ဘုရင့်လျှို့ဝှက်ရဲအဖွဲ့ တွင် ဝင်ရောက်အမှုထမ်းကြသည်။ တစ်ကယ်တော့ သူတို့က ညီအစ်ကို လေးယောက်ဖြစ်ပြီး တစ်ယောက်မှာ လေလွင့်နေ၍ ရံဖန်ရံခါ ညီအငယ်ဆုံးထံ အကြွေးလာ တောင်းလေ့ရှိသည်။ သူတို့လုပ်ခလစာမှာ တစ်နှစ်မှ ငွေစ နှစ်ဆယ်ခန့်သာရှိသည်။ အစ်ကိုကြီး ကရာထူးတိုးချင်သည်။ အထက်အရာရှိကို တောင်းပန် မျက်နှာချိုသွေးသော်လည်း အရာရှိက ငွေ သာလိုချင်၍ အခက်တွေ့ရသည်။ အစ်ကိုလတ်ကလည်း သူ့ပယောဂမကင်းဘဲ ဆောင်ကြာမြိုင် ရောက်သွားရရှာသော မိန်းကလေးကို ပြန်ရွေးချင်သည်။ အငယ်ဆုံးညီကလည်း လေလွင့်နေသော အစ်ကိုက ငွေစ တစ်ရာ လာတောင်းနေ၍ ဒုက္ခရောက်နေသည်။ တစ်နေ့တွင် ဘုရင့်နန်းတော်မှ ကုန်းကုန်းတစ်ယောက်ရောက်လာပြီး သစ္စာဖောက် ကုန်းကုန်း ဝေကျုံးရှန် ကို လိုက်လံဖမ်းဆီးဖို့ အမိန့်ပေးသည်။ ထိုကုန်းကုန်းက သူတို့ညီအစ်ကို သုံးယောက်ကို တိတ်တဆိတ်မှာသည်ကတော့ ဝေကျုံးရှန်ကို အသေသတ်ဖို့ဖြစ်ပေသည်။ (ဝေကျုံးရှန် ဆိုသော ကုန်းကုန်းမှာ သမိုင်းတစ်လျှောက် တန်ခိုးအာဏာအကြီးဆုံး၊ အဆိုးသွမ်းဆုံးကုန်းကုန်း တစ်ယောက်ဖြစ်သည်။ ဧကရာဇ် ထျန်းချိ ကို ...
movie


2014