Channel Myanmar

Ye Liu

The Last Supper ( 2012 ) 6.1
The Last Supper ( 2012 ) ဟန့်ခေတ်ရဲ့ ပထမဦးဆုံးဘုရင်ဖြစ်တဲ့လျိုပန်းရဲ့ ကြီးမားတဲ့ရည်မှန်းချက် ၊ လောဘ၊ ဒေါသနဲ့ အတ္တတွေပြည့်နေတဲ့ဘဝခရီးအကြောင်း သမိုင်းကြောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။BC 200 ခုနှစ်လောက်တုန်းက ချင်ဧကရာဇ်ဟာအရမ်းရက်စက်တဲ့အတွက် တိုင်းပြည်တစ်ဝှမ်းမှာပုန်ကန်မှုတွေစတင်လာခဲ့တယ်။ စစ်မက်တွေရှုပ်ထွေးပြီးငတ်မွန်းမှုတွေပြည့်နှက်နေတဲ့ဘဝကြီးမှာ လေလွင့်ကြရတဲ့ပြည်သူတွေကနေပြီးတော့ ရည်မှန်းချက်တူတဲ့လူချင်းစုပြီးတော့ သူရဲကောင်းတွေပေါ်လာခဲ့တယ်။ရှန့်ယွီဆိုတဲ့ မျိုးရိုးမြင့်မြတ်တဲ့ စစ်သူကြီးတစ်ယောက်နဲ့ လျိုပန်းတူပူးပေါင်းပြီး လောကကြီးကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်တဲ့ညီနောင်တွေကနေပြီးတော့ အကြီးမားဆုံးရန်သူတွေဖြစ်လာခဲ့ကြတယ်။ရှန့်ယွီဟာ လျိုပန်းကိုဟုန််မန်ညစာစားပွဲမှာသတ်ဖို့အခွင့်အရေးရှိခဲ့ပေမယ့် လက်လွှတ်ခဲ့တာ ရှန့်ယွီအတွက်မဟာအမှားကြီးဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ဘုရင်တစ်ပါးရဲ့အတ္တနဲ့ခင်းကြီးလျှောက်တဲ့လမ်းဟာ တစ်ဖြည်းဖြည်းအကျည်းတန်လာပါတော့တယ်။ Filesize : 1.63 GB / 831 MB Quality : WEB-DL HEVC 1080p , 720p Format : mkv  Genres : Action , History Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Last Supper ( 2012 )

Day Dreaming ( 2024 ) 5.9
Day Dreaming ( 2024 ) ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့ကို ကျူးထုံမူလတန်းကျောင်းသားလေးရဲ့ တစ်နေ့တာ စိတ်ကူးယဉ်အိပ်မက် ခရီးစဉ်ကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဖေဖေမေမေတို့အတွက် ကလေးကို ကျောင်းပြောင်းပေးတာ လွယ်ကူပေမယ်... ကျောင်းသစ်တစ်ခုကို ရောက်သွားတဲ့ ကလေးတစ်ယောက် ဘယ်လို ဒုက္ခတွေရင်ဆိုင်ရတယ် ဆိုတာလေးကို ဟာသနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ..ကလေးတစ်ယောက်က ဘာမှနားမလည်သေးပေမယ့်လည်း သူနားလည်တဲ့ပုံစံနဲ့ အရာအားလုံးကို အသစ်အဆန်းတွေကို ပုံဖော်ပုံလေးတွေလည်း စိတ်ဝင်စားဖို့ကောင်းသလို.. ကျောင်းသားချင်း ဆက်ဆံရေး၊ ကျောင်းသား ဆရာ ဆက်ဆံရေး၊ ဆရာချင်း ဆက်ဆံရေး၊ မိဘဆရာ ဆက်ဆံရေး အားလုံးကို နည်းနည်းချင်းစီ ပုံဖော်ပြထားတာလေးလည်း စိတ်ဝင်စားဖို့ကောင်းနေပြန်ရော...Baby's Day Out လိုမျိုးပဲ မူလတန်း တတိယနှစ်ကျောင်းသားလေးတစ်ယောက်ရဲ့ သူ့အမြင် သူ့အတွေး သူ့စိတ်ကူးကို ကလေးရှုထောင့်ကကြည့်ပြီး ရိုက်ကူးပြထားတာ အတော်လေး ပြောင်မြောက်တာမို့... ဖေဖေမေမေတို့ပဲဖြစ်ဖြစ် ဦးဦးဒေါ်ဒေါ်တို့ပဲဖြစ်ဖြစ် ဆရာဆရာမတို့ပဲဖြစ်ဖြစ် ကလေးတွေအကြောင်းနားလည်ချင်ရင် ကြည့်သင့်သလို... စိတ်ကူးစိတ်သန်း ကွန့်မြူးချင်ပါတယ်ဆိုရင်လည်း ဒီကားလေးကြည့်ပြီး သင်ယူနိုင်ပါလိမ့်မယ်...ဒီတစ်ကားလုံးရဲ့ အားနည်းချက်ကို ပြောရရင် ကြည့်လို့ မဝတာပဲ ဖြစ်လိမ့်မယ်... အတွဲ ၂ ဆက် ရှိမယ်ဆို ကြည့်ချင်ပါသေးတယ်လို့ ပြောရလောက်တဲ့ ဇာတ်ကားကောင်းလေးကို အားပေးကြပါဦးနော်... Filesize : 1.08 ...
movie

Day Dreaming ( 2024 )

Northeast Love Brother 2: Endless Love ( 2023 ) 6
Northeast Love Brother 2: Endless Love ( 2023 ) တုန်းပေရဲ့ ၉၀ခုနှစ်ကို နောက်ခံထားထားတဲ့ ခရီးသည်တင်ကားမောင်းတဲ့ ကောင်လေးနဲ့ ဘဲလေးအကမယ်လေး တို့ကြားက အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်တစ်ရက် ခရီးသည်တင်ကားမောင်းတဲ့ ကောင်လေး ရွှီထျယ်ရဲ့ ကားပေါ်မှာ လူပေါင်းစုံစီးကြတဲ့ အထဲမှာမှ ဘဲလေးအကမယ်လေး ချန်လိရှားက ပေါ်လွင်လို့နေပါတယ် ဒါကို ကလိမ်ကချေ တစ်ယောက်က ထိကပါးရိကပါး လုပ်လာတဲ့ အချိန်မှာ ရွှီထျယ်တစ်ယောက် ဝင်ကူညီပေးရင်းနဲ့ ချန်လိရှားနဲ့ စသိခဲ့ပါတယ် ဝင်ကူညီပေးရင်း ခိုက်ရန်ဖြစ်ပွားပြီးတော့ ကလိမ်ကချေကောင်က ကားမှန်ကို ခွဲသွားခဲ့ပါတယ်အဲ့တော့ ရွှီထျယ်တစ်ယောက် ယွမ်1000 လျော်ရဖို့ဖြစ်လာပါတယ် သူ့အပေါင်းသင်းတွေနဲ့ ယွမ်1000 ရဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားရင်း ချန်လိရှားရဲ့ အလုပ်ကတ်နဲ့ ကတ်ဆတ်လေးကို သူ့ဆီပြန်ပေးဖို့ကနေ တစ်ဆင့် အကြံထုတ်ရင်း သွားရှာခဲ့ပါတယ်စိတ်ရင်းကောင်းတဲ့ ရွှီထျယ်တစ်ယောက် ချန်လိရှားဆီကနေ ဘယ်လိုမှ အမြတ်မထုတ်နိုင်ခဲ့ဘဲ နှစ်ယောက်သား သံယောဇဉ် ငြိတွယ်ခဲ့ကြပါတယ် ကားမောင်းသမားနဲ့ ဘဲလေးအကမယ်က ဘယ်လိုမှ မလိုက်ဖက်သလိုပဲ ချန်လိရှားရဲ့အမေက သဘောမတူပါဘူး....... ပြဿနာတွေကနေ အစချီတဲ့ အချစ်ဇာတ်လမ်းလေးက အခက်ခဲတွေနဲ့ ကြုံလာရတဲ့ အချိန်မှာ ဘာတွေ ဆက်ဖြစ်လာမှာလဲ ရွှီထျယ်ရဲ့ အပေါင်းသင်းတွေကရော ဘယ်လောက်ထိ ကူညီထောက်ပံ့ပေးခဲ့မှာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုလို့ရပါတယ်နော်........ [ Reviewed ...
movie

Northeast Love Brother 2: Endless Love ( 2023 )