Channel Myanmar
Yayo Aguila
One Night (2024) 5.0
One Night (2024)  2024 မှာအသစ်စက်စက်ထွက်ထားတဲ့ အင်ဒိုဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ညတစ်ညမှာ ကာလာဟာဘားတစ်ခုမှာတစ်ယောက်တည်းသောက်နေတယ်။သူနဲ့မလှမ်းမကမ်းမှာ အမျိုးသားတစ်ယောက်က သူ့ကိုခိုးကြည့်နေတယ်။ ဒါကိုကာလာလည်းသတိထားမိတယ်။အချိန်အနည်းငယ်ကြာတော့ အဲ့အမျိုးသားဟာ ဘေရှင်းပြီးပြန်ဖို့လုပ်တယ်။ ဒါပေမယ့်သူ့ပိုက်ဆံအိတ်က ကားပေါ်မှာကျန်ခဲ့တဲ့အတွက် ဝိတ်တာနဲ့အချင်းများနေတယ်။ဒီအခြေအနေကို မကြည့်ဝံ့တဲ့ ကာလာလည်း ထိုအမျိုးသားအတွက်ပိုက်ဆံရှင်းပေးပြီး နှစ်ယောက်သားဘားကနေထွက်လာလိုက်တယ်။ ကျေးဇူးတင်တဲ့အနေနဲ့ ကာလာကိုကားပါကင်ဆီလိုက်ပို့ရင်းနှစ်‌ယောက်သား လမ်းလျှောက်ထွက်လာကြတယ်။ အပြန်အလှန်စကားပြောရင်းနဲ့ တစ်ညတာပဲ သိကျွမ်းခွင့်ရတဲ့အတွက် တစ်ယောက်အကြောင်းတစ်ယောက်သိအောင် ဘာလျှိုဝှက်ချက်မှ မထားဘဲအပွင့်လင်းဆုံး ရင်ဖွင့်ကြမယ်လို့ သဘောတူလိုက်ကြတဲ့အခါမှာတော့..... File size…1.13GB / 657MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
One Night (2024)
Firefly (2023) 7.8
Firefly (2023) Firefly ( 2023 )Firefly က ဖိလစ်ပိုင် က ရိုက်တဲ့ကားဆိုပေမဲ့ ပုံမှန်မြင်နေကျ ဖိလစ်ပိုင်ကားတွေနဲ့ တော်တော်လေး ကွဲထွက်တယ်လို့ပြောရမယ်။ ဇာတ်အမျိုအစားကလည်း Fantasy , Drama အမျိုးအစား။ ဒီအမျိုးအစားကိုလည်း ဖိလစ်ပိုင်ကားကောင်းတွေထဲ သိပ်တော့မတွေ့ရတတ်ဘူး။ ဒီဇာတ်က ပုံပြင်တွေနဲ့ လက်တွေ့ဘဝကို ချိတ်ထားတဲ့ဇာတ်မျိုးပဲ။ ဒါမျိုးကို ကျွန်တော်တို့ ဟောလိဝုဒ်ကားတွေမှာတော့ ပမာဏတစ်ခုအထိတော့ မြင်တွေ့ခဲ့ရပြီးပြီ။ ဒီလိုကားအကုန်နီးပါးလည်း ကောင်းကြတယ်။ ဥပမာဆို Bigfishတို့ The Imaginarium of Doctor Parnassusတို့ A Monster Callsတို့လိုပေါ့။ ဒီကားက A Monster Callsနဲ့တော့ ပိုဆင်မယ်။ ဒီကားတွေရဲ့တန်းနဲ့တော့ သွားယှဉ်မရပေမဲ့ ဒီကားတွေရဲ့ အငွေ့အသက်မျိုးကို အာရှကားအငွေ့အသက်နဲ့ပါ ပေါင်းကြည့်ရတာတော့ တစ်မျိုးထူးတယ်။ နောက် သူက သူ့ဖိလစ်ပိုင် အငွေ့အသက်ကိုလည်း မဖျက်ထားဘူး။ ဘိုကားတော့မဆန်သွားဘူး။ အားနည်းချက်ကတော့ ဇာတ်လမ်းဟာ အီမိုရှင်နယ်ကိုတော့ ထိခတ်အောင်လုပ်နိုင်ပေမဲ့ သူ့ဇာတ်မှာ သူ့ဇာတ်ကောင်ရဲ့ ဆန့်ကျင်ဘက်မှာနေပြီး သူ့ဇာတ်ကောင်ကို ပိုအားကောင်းလာအောင်လုပ်ပေးနိုင်မယ့်အရာမျိုးက ထည့်တော့ထည့်ထားပေမဲ့ အားမပါလှတာမို့ မပါသလိုဖြစ်နေတော့ ဇာတ်ကောင်ရဲ့ ...
movie
Firefly (2023)
2023
Kidnap For Romance (2023) 7.1
Kidnap For Romance (2023) Kidnap for Romance (2023) IMDb - 7.1/10ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေစရာ အချစ်၊ ဟာသဖိလစ်ပိုင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဖရက်ဒ်ဆိုတာ ဖိလစ်ပိုင်ရဲ့အချမ်းသားဆုံးသူဌေးကြီးတွေထဲက တစ်ဦးရဲ့ မြေး။ သူသိတာပါတီပေးဖို့နဲ့ မိန်းမပွေဖို့။ တစ်ရက် အဘိုးဖြစ်သူက အိမ်ထောင်ပြုဖို့ပြောပြီး သူနောက်ဆုံးတွဲမဲ့မိန်းကလေးကို အတည်ယူဖို့နဲ့ မယူဘူးဆိုရင် သုံးစရာတစ်ပြားမှာ မပေးတဲ့အပြင် အဆောင်အယောင်တွေအကုန်ပြန်သိမ်းမယ်လို့ အမိန့်ထုတ်ပါတော့တယ်။အယ်လီနာကကျ ဘ၀ကို ခက်ခက်ခဲခဲရုံးကန်နေရတဲ့ မိန်းမပျိုလေးတစ်ဦး။ မိခင်ဆေးစရိတ်အတွက် ကြုံတဲ့အလုပ်ကိုဝင်လုပ်ရင်း အဖေနဲ့မောင်ဖြစ်သူ ရှာတဲ့ဒုက္ခတွေကိုပါ လိုက်ဖြေရှင်းနေရသူ။ တစ်ရက်တော့ သူဌေးမြေးဖြစ်တဲ့ ဖရက်ဒ်ကို ပြန်ပေးဆွဲဖို့အစီအစဉ်ထဲမှာ ကြံရာပါဖြစ်လာပါတော့တယ်။ဒီလိုကနေ သူတို့နှစ်ဦး ဘယ်လိုအလွဲလွဲ အကွဲကွဲတွေနဲ့ ဘယ်စခန်းဆက်ကြမလဲဆိုတာ ကြည့်ရှုခံစားကြပါဦးဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 679MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie
Kidnap For Romance (2023)
2023
Baby Boy, Baby Girl (2023)
Baby Boy, Baby Girl (2023) Baby Boy, Baby Girl (2023)ဖိလစ်ပိုင် လူငယ်ဟာသအချစ်ဇာတ်လမ်းကောင်းလေးလာပါပြီ။ လူငယ်ဇာတ်လမ်းဆိုတဲ့အတိုင်းပဲ ဒီဇာတ်လမ်းထဲက ကောင်မလေးဂျိုစီက ဒီခေတ်ရဲ့ကောင်မလေးတွေကို ကိုယ်စားပြုနိုင်တယ်ပြောရမယ်။ သူကအွန်လိုင်းရှော့လုပ်တယ်။ ခေါင်းအုံးတံဆိပ်ရိုက်တာ ပူတင်းရောင်းတာ တခြားအစုံပလုံပဲ။ ဒါပေမဲ့သူများကိုလဲမယုံကြည်တတ်တော့ ဝန်ထမ်းမခေါ် သူကိုယ်တိုင်အလုပ်တွေသိမ်းကြုံးလုပ်ပြီး စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကောင်မလေး။ အလုပ်တွေကလဲ အဆင်ပြေလိုက်မပြေလိုက်အမျိုးမျိုး။တစ်နေ့တော့ဂျိုစီက အချိန်ပိုင်းဧည့်ကြိုသွားလုပ်တယ်။ အဲ့ဒီပွဲကို သူဌေးမတစ်ယောက်ရဲ့ကိုယ်စားတက်လာတာက သူ့ရဲ့ရည်းစားဟောင်း ဆက်ဘ်။ အဲ့ဒါနဲ့ပွဲအပြီးမှာ သူတို့ပြန်ဆုံကြ ဂျိုစီကလဲဆက်ဘ်အိမ်လိုက်သွားပြီး တစ်ညမတ်တပ်ရပ်ကြတယ်ပေါ့။ ဂျိုစီ မနက်နိုးလာမှသတိထားမိတယ် ဆက်ဘ်အိမ်ကခမ်းနားလိုက်တာ သူတက်တဲ့ပွဲတွေ အိုင်ဂျီကပုံတွေကလဲမြင့်မြင့်မားမားတွေချည်းပဲ။ ထူးဆန်းဆို ဆက်ဘ်က ဂျိုစီနဲ့ကြိုက်နေတုန်းက သန့်ရှင်းရေးကုမ္ပဏီတစ်ခုကအလုပ်သမားလေးလေ။ အဲ့ဒါနဲ့ဆက်ဘ်ကို အချိန်တိုအတွင်းချမ်းသာနည်းကိုမေးတာပေါ့။ ဆက်ဘ်ကလဲ သူရှူးဂါးဘေဘီလုပ်နေတာဖြစ်ကြောင်း ရှူးဂါးဒိတ်တင်းလောကကဘယ်လိုကောင်းကြောင်းတွေပြောတာပေါ့။ သူ့အလုပ်တွေကိုစိတ်ကုန်နေတဲ့ဂျိုစီ့ကိုလဲ ဆက်ဘ်က ရှူးဂါးဘေဘီတို့တတ်ထားသင့်တဲ့ အသိပညာအတတ်ပညာတွေ သင်ပေးရင်း ဘာတွေဆက်ဖြစ်မလဲကြည့်ကြရမှာပါ။ဒီဘာသာပြန်သူကိုတော့ နောက်ကားတွေမှာမရှာပါနဲ့တော့။ ရှူးဂါးဘေဘီ သွားလုပ်ပါပြီ။ ဒီဇာတ်ကားကိုကြည့်သူတွေလဲ ပြီးရင်ရှူးဂါးဘေဘီဖြစ်ချင်စိတ်မပေါက်ဘူးလို့ အာမမခံနိုင်ပါဘူးနော်။ Watch at your own risk ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File ...
movie
Baby Boy, Baby Girl (2023)
2023
[18+]May-December-January(2022) 6.4
[18+]May-December-January(2022) May December January(2022)BL ဇာတ်ကားလေးကိုမှ ဇာတ်လမ်းဆန်းဆန်းလေးနဲ့ ရိုမန့်တစ်ဆန်ဆန် ကြည့်ရမဲ့အပြင် အချစ်ဇာတ်ကားဆိုတာထက် လူတွေအကြောင်းကိုမြင်ရမယ့်အပြင် လူ့သဘာဝကသတ်မှတ်ထားတဲ့ စည်းတွေဘောင်တွေကို ဂရုစိုက်မနေပဲ ကိုယ်ချစ်ချင်ရာချစ်ပလိုက်ဖို့ ဘာကိုမှ အလေးမထားပဲ ကိုယ့်ဘဝပျော်ရွှင်မှုအတွက်ပဲ ရှင်သန်ဖို့ စသဖြင့်သရုပ်ဖော်ပြထားဝာကိုတွေ့ရမှာပါဇာတ်ကားနာမည်လေးအတိုင်း ဇာတ်ကောင်လေးသုံးယောက်ပါဝင်ပြီး ဂေးတစ်ယောက်ရယ် သူ့ရဲ့ ခပ်ဟော့ဟော့အမေရယ် သူချစ်တဲ့ သူငယ်ချင်းရယ် သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကို ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် ထုံးစံအတိုင်း မြူးဇစ်နဲ့‌ဖော်ချွတ်‌လေးတွေလဲပါတာမို့ မိသားစုနှင့်‌တော့ကြည့်ရန်မသင့်တော်ပါကြောင်း.... File size…1.6GB / 600MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle(Hard Sub) Encoder….X Cross Translated by Andrew Mason
movie
[18+]May-December-January(2022)
2022
[18+] Nightbird (2023) 7.8
[18+] Nightbird (2023) Nightbird (2023)ရေချယ်ဟာ ဘာဂီယိုမှာမွေးဖွားကြီးပြင်းခဲ့တဲ့ ရှေးဟောင်းသုသေသနပညာရှင်ဖြစ်သလို ကရာတေးမှာလည်း ခါးပတ်နက်ရထားပြီး မတရားတာတွေ့ရင်လက်ပိုက်ကြည့်မနေတတ်တဲ့ ဆတ်ဆတ်ကြဲကောင်မလေးတစ်ယောက်ပါ။ မကြာခင်မှာ နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ရှိပေမဲ့ မသွားခင်တစ်ညမှာ သူ့သူငယ်ချင်းတွေ အဆွယ်ကောင်းမှုကြောင့် ကလပ်ရောက်သွားခဲ့ပြီး မနီလာအလည်လာတယ်ဆိုသူ သူစိမ်းယောက်ျားသုံးယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း ကလပ်မှာတင်မပြီးပဲ အဲ့ဒီလူတွေရဲ့ဖိတ်ခေါ်မှုကိုလက်ခံပြီးတော့ သူတို့မိတ်ဆွေ ဒေသခံဆိုတဲ့သူရဲ့လူသူမဝေးတဲ့အရပ်က အိမ်အကြီးကြီးတစ်လုံးကိုပါ ရောက်သွားခဲ့ပြီးတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့ ဖြစ်ရပ်ဆိုးတွေကိုကြုံဆုံဖို့ဖြစ်လာပါတော့တယ်။ကရာတေးခါးပတ်နက် ရေချယ်တစ်ယောက် ဒီယောက်ျားတွေကို အနိုင်ကြဲနိုင်မှာလား... ဒီလူတွေရဲ့အကြံအစည်ကဘာတွေရှိနေမလဲ... သူ့အချစ်ဆုံး သူငယ်ချင်းတွေကိုရော အချိန်မှီကယ်တင်နိုင်ပါ့မလား...ပုရိသတို့နဲ့ မစိမ်းလောက်မယ့် Christine Bermas လေးကို ဒီကားမှာတော့ စရိုက်တစ်မျိုးနဲ့ကြမ်းချင်တိုင်းကြမ်းပြမယ့် ဖိလစ်ပိုင်ဂျက်မအဖြစ်ထူးထူးခြားခြားတွေ့မြင်ရမှာမို့ ကြည့်သင့်တဲ့ကားတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.3GB, 570MB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 1H 37Min Genre - Thriller Subtitle ...
movie
[18+] Nightbird (2023)
2023
All of You(2017) 6.0
movie
All of You(2017)
Never Not Love You (2018) 7.1
Never Not Love You (2018) Never Not Love You (2018)_____IMDb - 7.1/10    အရမ်းချစ်ကြတဲ့စုံတွဲလေး သူတို့ရဲ့အလုပ်တွေကြောင့် ခွဲခွာနေရတဲ့အချိန်မှ ာ ကြုံတွေ့ရတဲ့ ပြသနာတွေနဲ့ ဒီ relationship ကို ဆက်ထိန်းနိုင်ပါ့မလား နောက် ၅နှစ်အကြာမှာ ပြန်ဆုံကြတဲ့အခါ အရင်ကလိုအချစ်မျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် မချစ်နိုင်ကြတော့တဲ့အခါ ဘယ်လိုတွေဖြစ်မလဲဆိုတဲ့ ဇာတ်လမ်းလေးပါနော် ကောင်မလေးတွေ အသည်းကျော် ဖိလစ်ပိုင်မင်းသားလေး James Reid ရဲ့ 2018 မှာထွက်ရှိထားတဲ့ဇာတ်ကားလေးဆိုတော့ ကြိုက်ကြမယ်ထင်ပါတယ် LDRS လေးတွေကြည့်သင့်တယ်နော် ?   (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ)     အရမ်းချစ်ကြတဲ့စုံတွဲလေး သူတို့ရဲ့အလုပ်တွေကြောင့် ခွဲခွာနေရတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ ပြသနာတွေနဲ့ ဒီ relationship ကို ဆက်ထိန်းနိုင်ပါ့မလား နောက် ၅နှစ်အကြာမှာ ပြန်ဆုံကြတဲ့အခါ အရင်ကလိုအချစ်မျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် မချစ်နိုင်ကြတော့တဲ့အခါ ဘယ်လိုတွေဖြစ်မလဲဆိုတဲ့ ဇာတ်လမ်းလေးပါနော် ကောင်မလေးတွေ အသည်းကျော် ဖိလစ်ပိုင်မင်းသားလေး James Reid ရဲ့ 2018 မှာထွက်ရှိထားတဲ့ဇာတ်ကားလေးဆိုတော့ ကြိုက်ကြမယ်ထင်ပါတယ် LDRS လေးတွေကြည့်သင့်တယ်နော် ?   (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ)     File Size : (900 MB) Quality : ...
movie
Never Not Love You (2018)
2018