Channel Myanmar

Yasushi Kimura

Lumberjack the Monster (2024) 5.9
Lumberjack the Monster (2024) Lumberjack the Monster (2023)Thriller/ Horror/ Crime Drama အမျိုးအစားကိုမှ နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုမှာ လူသတ်သမားဟာ သေဆုံးသူတွေရဲ့ဦးနှောက်ကို ထုတ်ယူသွားတတ်ရာကနေ အစပြုထားပါတယ်။ ဦးနှောက်သူခိုး လို့ ခေါ်တွင်ထားတဲ့ ဒီလူသတ်သမားဟာ ဘာကြောင့်များ လူတွေကိုသတ်ပြီး ဦးနှောက်တွေကို ထုတ်ယူသွားတာဖြစ်မလဲ ။အသတ်ခံရတဲ့လူတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေများရှိနေလို့လဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က တားမြစ်ပိတ်ပင်ခံထားရတဲ့ တရားမဝင် အာရုံခံချစ်ပ်ပြားတွေနဲ့ရော ပတ်သက်မှုရှိနေမလား ဒါမှမဟုတ် လူသတ်သမားဟာ စိတ္တဇသမားသက်သက်ပဲလား စတဲ့ မေးခွန်းပေါင်းမြောက်မြားစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime Thriller ဇာတ်ကားတစ်ကားပါ။ကဲ ပိတ်ရက်လေးမှာ အတွေးပေါင်းမြောက်မြားစွာနဲ့ Thriller ကားလေး ကြည့်ချင်နေတယ်ဆိုရင်တော့ အခုပဲ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာလိုက်ကြရအောင်လားဗျာ။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | ...
movie

Lumberjack the Monster (2024)

2024
Ringu 0 (2000) 6.1
Ringu 0 (2000) Ringu 0: Birthday (2000)             1998 နဲ့ 1999 တုန်းက ထွက်ရှိခဲ့တဲ့ Ring ဇာတ်ကားတွေရဲ့ ပုံပြင်လိုဖြစ်တဲ့ဒီဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့နှစ် ၃၀ ကအကြောင်းကို တင်ဆက်ပေးထားပါတယ်…             ငယ်ရွယ်ပြီးလှပတဲ့ ဆာဒါကိုလေးဟာ သူ့ရဲ့ ရှုပ်ထွေးပြီးပြဿနာများတဲ့ အတိတ်ကနေ လွတ်မြောက်ဖို့အတွက် ပြဇာတ်အဖွဲ့ထဲမှာ ပျော်ရွှင်မှုကို ရှာတွေ့ပြီး သရုပ်ဆောင်မင်းသမီးဖြစ်ဖို့ မျှော်လင့်လာတာပါပဲ…             ‘ဒါပေမယ့်လည်း ထူးဆန်းတဲ့အမြင်အာရုံနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝလွန်အစွမ်းတွေဟာ လူတွေသတိထားမိလာအောင်လုပ်မိရာကနေစတင်လာပါတယ်…             ပြဇာတ်အဖွဲ့မှာပါတဲ့သူတွေဟာ တူညီတဲ့အိမ်မက်ကို မက်လာကြတယ် တစ်ချို့တစ်လေဆို သူ့နောက်မှာ တစ်ယာက်ယောက်ရပ်နေတာကိုမြင်တယ်ဆိုပြီး ထိတ်လန့်လာကြတယ်             အားလုံးကြည့်ဖူး ကြားဖူးကြလို့ ဇာတ်လမ်းအဆုံးသတ်ကို သိထားမှာမှန်ပေမယ့် ကြောက်စရာကောင်းတဲ့ ဆာဒါကိုကို ဒီဇာတ်လမ်းလေးထဲမှာတော့ တည်ငြိမ်တဲ့ဘဝကိုရဖို့ကြိုးစားနေတဲ့ အမြဲတမ်းအေးဆေး တိတ်ဆိတ်ပြီး ရှက်တတ်တဲ့ လူတစ်ယောက်အနေနဲ့ ခံစားကြည့်ရှူရမှာဖြစ်ပါတယ်             ပရိသတ်အားလုံးအတွက် မရိုးနိုင်တဲ့ ရသကိုပေးနိုင်မယ့် ဒီဇာတ်လမ်းလေးဟာ 2000 ခုနှစ်မှာ Rating 6.1 နဲ့ရပ်တည်ခဲ့ပါတယ်…   ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးတာကတော့ Htoo Htoo Ka Joe ဖြစ်ပါတယ်
movie

Ringu 0 (2000)

2000