Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yasuko Matsuyuki
7.0
Hula Girls (2006)
The Wandering Moonတို့ Rageတို့လို ဂျပန်ကားကောင်းတွေကို ရိုက်ခဲ့ဖူးတဲ့ကိုရီးယားဂျပန် ဒါရိုက်တာ အီဆန်းဂီရိုက်ထားတဲ့ကား။ဒီဒါရိုက်တာကလည်း အကောင်းကြီးလည်းမဟုတ်ဘူးမကောင်းတာလည်းမဟုတ်ဘူး။ ထားတော့ အဲဒီထက်အခရာကျတာက ဒီရုပ်ရှင်မှာသူမတူတဲ့ဆွဲဆောင်မှုက သက်သက်ပါပြီးသား။ Yu Aoi(ယုအအိုအိ)ပေါ့။ ဂျပန်စီနီမာကြီးတစ်ခုလုံးက မင်းသမီးတွေထဲ ယုအအိုအိက ဘယ်သူနဲ့မှမတူဘူး။ဆွဲဆောင်မှုရှိတယ်။ တစ်ချိန်တည်းမှာပဲ အပြစ်ကင်းတယ်။ကလေးလေးတစ်ယောက်ကို မြင်တဲ့အမြင်နဲ့ရော လိင်စိတ်နိုးကြွစရာအရာတစ်ခုအဖြစ်နဲ့ရောယုအအိုအိကို ခင်ဗျားနှစ်ခုလုံးမြင်ကြည့်လို့ရတယ်။ ရုပ်လှပေမဲ့လည်း အဲဒီလှနေတဲ့ရုပ်က သရုပ်ဆောင်မှုကို ထိခိုက်သွားခဲ့တဲ့သာဓကတွေ ကျွန်တော်တို့အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ယုအအိုအိကတော့ အဲဒီဘောင်ကို အလိုလိုကျော်လွှားနိုင်ခဲ့တယ်။သူရိုက်ခဲ့တဲ့ ဒါရိုက်တာတွေဆိုတာကလည်း ဒိတ်ဒိတ်ကြဲတွေများတယ်။One Million Yen Girlတို့ All About Lily Chou-Chouတို့ Birds Without Namesတို့Wife of a Spyတို့လို ကားတွေကို တော်တော်များများကြည့်ဖူးကြမှာပါ။ဂျပန်ရုပ်ရှင်တစ်ကားကို ယုအအိုအိထည့်လိုက်တယ်ဆိုတာကညနေခင်းထဲ သက်တန့်ရောင်တိမ်တွေ ပစ်ထည့်ပေးလိုက်သလိုပဲ။ကျွန်တော်တော့ ယုအအိုအိရဲ့ ဘယ်ကားကိုမှ ဝန်လေးနေမှမဟုတ်ဘူး။ ဇာတ်ကတော့ ကျောက်မီးသွေးလုပ်ငန်းနဲ့အသက်မွေးတဲ့ မြို့လေးတစ်မြို့မှာအပြောင်းအလဲတစ်ခုဖြစ်လာတယ်။မိုင်းလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။သူတို့သမီးတွေက သူတို့တာဝန်ကို ဟူလာအကသမတွေအဖြစ်အကသင်ပြီး အိမ်ထောင်တာဝန်ကို ကူထမ်းဖို့လုပ်ကြပေမဲ့သူတို့ဘဝကို ...
movie
Hula Girls (2006)
7.9
Drawing Closer (2024)
"အချစ်ဟာ ကံဆိုးတဲ့လူတစ်ယောက်ရဲ့ကမ္ဘာကြီးထဲကအနက်ရောင်စုတ်ချက်တွေကိုတောင် မျက်စိကျိန်းလောက်အောင်တောက်ပတဲ့အရောင်တွေအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်” တဲ့။ ဇွန်လ ၂၇ ရက်ကမှထွက်ရှိထားတဲ့ Drawing Closer ရုပ်ရှင်ဟာRomance ၊ Drama အမျိုးအစားဖြစ်ပါတယ်။အသက်ရှင်ဖို့တစ်နှစ်ပဲ ကျန်တော့တယ်ဆိုတာသိလိုက်ရတဲ့အသက် ၁၇ နှစ်အရွယ်ကောင်လေးအာကီတိုအတွက် ဘဝကရုတ်တရက်အဓိပ္ပါယ်မဲ့သွားပြီး သူအကြိုက်ဆုံးပန်းချီဆွဲတဲ့ဝါသနာကိုတောင် စွန့်လွှတ်ခဲ့ပါတယ်။ အာကီတိုက ကျန်ရှိတဲ့အချိန်တွေမှာ မိသားစုနဲ့တခြားသူတွေအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်နေသွားပြီးပဲ ဘဝကိုအရှုံးပေးလိုက်တော့မယ်လို့ဆုံးဖြတ်ထားခဲ့ပါတယ်။တစ်ရက်မှာတော့ ဆေးရုံမှာ ခြောက်လသာအသက်ရှင်ရတော့မယ့်သက်တူရွယ်တူကောင်မလေးဟာရူနာနဲ့တွေ့ဆုံခဲ့ပါတယ်။ဘဝမှာနေရမယ့်အချိန်သိပ်မကျန်တော့တဲ့ ဘဝတူတွေချင်းအတူတူဖြစ်နေတာကြောင့် အာကီတိုက ဟာရူနာမသေခင်မှာဟာရူနာဖြစ်ချင်တာအားလုံးလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ အာကီတိုထင်မထားခဲ့တာက ဟာရူနာရဲ့နောက်ဆုံးဆန္ဒတွေကိုလိုက်လံဖြည့်ဆည်းပေးခဲ့တာတွေက သူ့အတွက်ရှေ့ဆက်အသက်ဆက်ရှင်အောင်အတတ်နိုင်ဆုံးကြိုးစားကြည့်ချင်စိတ်ဖြစ်ပေါ်လာစေဖို့ ဘဝရဲ့အဓိပ္ပါယ်ကိုရှာဖွေတွေ့ရှိသွားစေခဲ့တာပဲဖြစ်ပါတယ်။ File size…1.76GB / 717MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Drawing Closer (2024)
7.4
Suspect X (2008)
Suspect X (2008)~ IMDb – 7.4/10, MyDramaList – 8/10 ~"ပုစ္ဆာတစ်ပုဒ်ကိုဖန်တီးရတာနဲ့ ဖြေရှင်းရတာမှာ ဘယ်ဟာကပိုခက်မလဲ"ဟာနာအိုကာ ယာဆုကို (Hanaoka Yasuko) ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင်လည်းဖြစ်သလို တစ်ခုလပ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး သူ့သမီး မီဆာတို (Misato) နဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူတို့သားအမိရဲ့တိုက်ခန်းဆီ ယာဆုကိုရဲ့ခင်ပွန်းဟောင်း တိုဂါရှိ (Togashi) ပေါက်ချလာပြီး သူ့ထုံးစံအတိုင်း မိန်းမနဲ့သမီးကို ခြိမ်းခြောက်ငွေညှစ်ရာမှ လက်တွေပါကုန်ရင်း နောက်ဆုံးမှာ ယာဆုကိုတို့သားအမိဟာ တိုဂါရှိကို မတော်တဆသတ်မိသွားတော့တယ်။ ယာဆုကိုတို့ရဲ့ဘေးတိုက်ခန်း အိမ်နီးချင်းဖြစ်တဲ့ အီရှီဂါးမိ တဲ့ဆုယ (Ishigami Tetsuya) ဟာ သူ့ဘေးခန်းကဝရုန်းသုန်းကားဆူညံသံတွေကိုကြားလို့ လာမေးရင်း အကြောင်းရင်းကိုသိသွားကာ ချက်ချင်းဆိုသလို ကူညီပေးပါတော့တယ်။ကြည့်လိုက်ရင် စိတ်ဓာတ်ကျနေသလိုလိုနဲ့ ကုပ်ချောင်းကုပ်ချောင်းနေတတ်တဲ့ အီရှီဂါးမိတဲ့ဆုယဟာ တကယ်တော့ အလွန်ထူးချွန်ထက်မြက်ပြီး ပါရမီရှင်လို့တောင် ခေါ်ထိုက်တဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။ သူ့တစ်နေ့တာရဲ့အပျော်ရွှင်ဆုံးအချိန်က ...
movie
Suspect X (2008)
2008
6.0
Fullmetal Alchemist (2017)
Fullmetal Alchemist ဇာတ်ကားဟာ လတ်တလောထွက်ရှိထားတဲ့ ဂျပန် Anime Live Action ဇာတ်ကားတစ်ကားဖြစ်ပါတယ်Imdb rating 5.8/10ရရှိထားပါတယ်။ပါဝင်သရုပ်ဆောင်ထားသူတွေက တော့ Ryosuke Yamada,Tsubasa Honda,Dean Fujioka တို့ဖြစ်ပါတယ်ဒီဇာတ်ကားဟာ နာမည်ကြီး ဂျပန် anime series တစ်ခုဖြစ်တဲ့ Fullmetal Alchemist ကို အသက်သွင်းရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်......ဇာတ်လမ်းအကျဉ်းကတော့ညီအစ်ကို၂ယောက်ပေးဆပ်ရတဲ့တန်ဖိုးကတော့ အစ်ကိုဖြစ်သူ Ed ရဲ့ လက်တစ်ဖက်နဲ့ ညီဖြစ်သူ Al ရဲ့ကိုယ်ခန္ဓာဖြစ်ပါတယ်.....အစ်ကိုဖြစ်သူက ပညာနဲ့ဝိဉာဉ်ကိုအရဆွဲယူပြီး သံမဏိခန္ဓာကိုယ်ထဲမှာထည့်ပေးထားတာပါAlchemy ပညာမှာကျွမ်းကျင်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ မွေးမိခင်ကို ပြန်လည်အသက်သွင်းဖို့ကြိုးစားရင်း ၂ယောက်လုံး ကြီးမားတဲ့တန်ဖိုးတွေပေးဆပ်ခဲ့ရပါတယ်....ဒီလိုနဲ့ alchemy ပညာကိုဆက်လက်လိုက်စားရင်း Fullmetal Alchemist လို့အမည်တွင်လာခဲ့ပါတော့တယ်......တစ်နေ့မှာတော့ သူတို့်အတွက်မျှော်လင့်ချက်ပေါ်လာပါပြီ.....ဒါကတော့ ညီလေး Al ရဲ့ခန္ဓာကိုယ်အစစ်ပြန်ရအောင်လုပ်ပေးနိုင်မယ့် Philosopher's Stone ပါ......Philosopher's Stone ကိုရှာဖွေရင်း ဘယ်လိုအခက်အခဲတွေကြုံရမလဲ......ညီလေး Al ရဲ့ခန္ဓာကိုယ်ကိုပြန်ရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်(ဘာသာပြန်သူကတော့ ...
movie
Fullmetal Alchemist (2017)
2017