Channel Myanmar

Yang Yu

One Night Stand ( 2024 ) 5.8
One Night Stand ( 2024 ) ကျောင်းပြီးဘွဲ့တွေရကြပြီးတော့ အသီးသီးကိုယ်စီ ကိုယ့်လမ်းကိုယ်လျှောက်နေကြတဲ့အခါ ကျောင်းတုန်းကအတူတူအတန်းလစ်ခဲ့တာ၊ဆိုးခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ဝေးကွာနေကြတယ်ဆိုရင် ဒီဇာတ်ကားလေးကိုကြည့်ရင်းဘဝအမောတွေဖြေဖျောက်နိုင်ဖို့ တင်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးကတော့ကြော်ငြာကုမ္ပဏီမှာလက်ထောက် ဒါရိုက်တာရာထူးကနေ ဒါရိုက်တာရာထူးကိုလိုချင်လို့အလုပ်ကြိုးစားနေတဲ့ လင်သာ့ချုံ၊ ဘေးပတ်ပတ်လည်မိန်းကလေးတွေ ဝိုင်းရံနေတဲ့ခန့်ညားချောမောတဲ့ဓါတ်ပုံဆရာ ဖန့်သာ၊ တက္ကစီမောင်းရင်းမိန်းမနဲ့ကလေးကိုရှာကျွေးနေတဲ့ လျိုရှောင်သောင်း၊ ငယ်စဉ်တည်းကသူဌေးသား လွီဖန့်ဖန့် ၊ သူတို့လေးယောက်ကတော့ ကျောင်းနေဖက်သူငယ်ချင်းဆိုးဖော်ဆိုးဖက်တွေဖြစ်ကြတာပေါ့။တနေ့မှာ ဖန့်ဖန့်ကတော့လင်သာ့ချုံရှိရာဆီလာပြီး မတွေ့ကြာတဲ့သူငယ်ချင်းတွေနဲ့ စုံစည်းချင်တယ်လို့ပြောတယ်။ သို့ပေမဲ့သာ့ချုံက သူလိုချင်တဲ့ဒါရိုက်တာရာထူးကို မက်မောနေတာကြောင့် ငြင်းဆိုခဲ့တာကြောင့်ဖန့်ဖန့်တစ်ယောက် သူ့အမေသေဆုံးသွားပြီး သူ့မှာနှလုံးရောဂါကြောင့် ဘယ်လောက်မှမခံတော့ကြောင်းဇာတ်လမ်းဆင်ခဲ့ရာမှာ သာ့ချုံလည်းသနားသွားပြီး တစ်နေ့တာသူငယ်ချင်းတွေနဲ့ အလုပ်လုပ်ရင်းလည်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ဒီလိုနဲ့သူငယ်ချင်းလေးယောက်သား စကားဝိုင်းမှာ တစ်ယောက်တစ်မျိုးစီကိုယ်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုစီပြောရင်း အဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးကြဖို့ သဘောတူခဲ့ကြတယ်။ ဒီလိုနဲ့သမီးလေးရှိတဲ့ရှောင်းသားကတော့ သူ့သမီးဆန္ဒဖြစ်တဲ့ ဝက်ဝံလေးမွေးဖို့၊ဓါတ်ပုံဆရာ ဖန့်သာကတော့ သူ့အချစ်ဦးနဲ့တွေ့ဖို့၊ရုံးမှာစိတ်ကျဉ်းကျပ်လာတိုင်း လမ်းဘေးခေါက်ဆွဲဆိုင်လေးမှာ ခေါက်ဆွဲစားချင်တဲ့ သာ့ချုံ၊ငယ်စဉ်ကချမ်းသာပေမဲ့ သူများကဘောင်းဘီခွကြားထဲကနေ ဝပ်သွားဖြတ်လျှောက်ခိုင်းတာကြောင့် လက်စားပြန်ချေချင်တဲ့ ဖန့်ဖန့်။ဒီဆန္ဒလေးခုကို အကုန်အတူတူဖြည့်ဆည်းပေးကြတဲ့ အချိန်မှာဘယ်လိုတွေဖြည့်ဆည်းပေးကြမလဲ။ ဘယ်လိုတွေများသူငယ်ချင်းတွေစုပြီး ကယက်ထကြမလဲဆိုတာတွေနှင့်အတူ ဒီဇာတ်ကားလေးထဲမှာကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ ပြန်တွေ့ဆုံကြတဲ့ခံစားချက်မြင်ကွင်းလေးတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့အပြင် ပေါ့ပေါ့ပါးပါးဟာသဇာတ်လမ်း ဆိုပေမဲ့လည်း ရင်ထဲမှာတခုခုစွဲကျန်သွားစေရုံတင်မက One Night Stand ဆိုသည့်အတိုင်းတစ်ညတာပျော်ပါးကြပုံတွေကို ဇာတ်လမ်းလေးထဲမှာ မြင်တွေ့ရမှာဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Filesize : 1.93 GB / 998 MB Quality : WEB-DL 1080p HEVC  , 720p HEVC Format : mkv  Genres : Comedy , Drama Runtime : 1h 44 min Subtitle : Myanmar Subtitle ( ...
movie

One Night Stand ( 2024 )

Ace bodyguard ( 2023 ) 5.8
Ace bodyguard ( 2023 ) ကျွမ်းကျင်ပညာရှင်သက်တော်စောင့်တွေရဲ့ ဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ထုံစုန်းဟာ ပညာရှင်အဆင့် သက်တော်စောင့်ကုမ္ပဏီတစ်ခုထောင်ထားပါတယ်။ ကံမကောင်းအကြောင်းမလှတော့ စားဝတ်နေရေးအတွက် Live လွှင့်စျေးရောင်းပြီး သက်တော်စောင့်ကုမ္ပဏီကိုကြော်ငြာနေရပါတယ်။သက်တော်စောင့်အလုပ်ကအလုပ်မရတော့ တစ်သက်လုံးစျေးပဲ ရောင်းစားရတော့မှာလားဆိုပြီး လမ်းတွေပျောက်နေတဲ့အချိန်မှာ အမည်မသိအလုပ်အပ်စာတစ်ခုရောက်လာပါတယ်။သူတို့စောင့်ရှောက်ပေးရမယ့်သူက သူတို့ကုမ္ပဏီကအန်းနင်ရဲ့ ညီမလေးဖြစ်နေတော့ စရံမရလဲ စောင့်ရှောက်ရပြီပေါ့။ အဖေဆုံးသွားပြီးကတည်းက အန်းနင်တို့ညီအစ်မကြားမှာ အဖုအထစ်လေးတွေရှိခဲ့တယ်။ အမည်မသိအလုပ်အပ်သူကြောင့် သူတို့ညီအစ်မနှစ်ယောက်ကြားကအဖုအထစ်လေးတွေတဖြည်းဖြည်းပြေလာနိုင်မလား..... ဘယ်သူကများ ဘိုးဘွာရိပ်သာမှာလုပ်အားပေးနေတဲ့ ကောင်မလေးကို ဘာကြောင့်သတ်ချင်ရတာလဲ...... အမည်မသိအလုပ်အပ်တဲ့သူကရော ဘယ်သူဖြစ်နေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 53 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Ace bodyguard ( 2023 )

I Like You More ( 2023 ) 5.9
I Like You More ( 2023 ) ရိုးရိုးလေးနဲ့ တသသတွေးနေရမဲ့ အချစ်ကားလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ရောခ်ဂီတအဖွဲ့တစ်ခုနဲ့ အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဖန့်ခွေအန်းဟာ သူမရဲ့ ဂီတအိပ်မက်ကို လက်လျှော့လိုက်ရချိန်မှာပဲ သူမရဲ့အဖေ ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံရောက်သွားခဲ့တဲ့ သတင်းကို ရခဲ့ပါတယ်။အဖိုးလက်ထပ်ကတည်းက အောင်မြင်ခဲ့တဲ့ စားသောက်ဆိုင်က ဒီလိုနဲ့ပဲ သူ့လက်ထဲကို ရောက်လာပါတော့တယ်။ မိသားစုလုပ်ငန်းဖြစ်သော်လဲ သူမမှာ ဟင်းချက်နည်းတွေကို မြင်သာမြင်ဖူးပြီး ကိုယ်တိုင်က မလုပ်တတ် မကိုင်တတ်ဖြစ်နေပါတယ်။တိုက်ဆိုင်စွာနဲ့ သူမတို့ စားသောက်ဆိုင်မှာ စားပြီး ဝမ်းလျှောသွားတာကြောင့် သူမက လျော်ကြေးမပေးနိုင်ပဲ အိမ်မှာ လက်ခံထားတဲ့ ကုန်းပေါင်ဆိုတဲ့ လူကြီးဟာ Michelin စားဖိုမှူးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ......သူတို့နှစ်ယောက် အတူတကွ စားသောက်ဆိုင်ရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ပါ့မလား ...... သူတို့ နှစ်ယောက်ကရော မတည့်အတူနေ ကနေ ချစ်မေတ္တာတွေက ဘယ်လို ပေါက်ဖွားလာမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ကြည့်ရှု ခံစားကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Romance Runtime : 1h ...
movie

I Like You More ( 2023 )