Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yang Hyun-min
6.4
Champion (2018) Chaem-pieon
ကိုရီးယား ဒရာမာဆန်ဆန် ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြသူတွေအတွက် ဝတုတ်မင်းသားလို့ခေါ်ကြတဲ့ ကိုရီယားမင်းသား Ma Dong-Seok ရဲ့ ၂၀၁၈ ထွက်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်…မာ့ခ် လို့ခေါ်တဲ့ ကိုရီယားလူမျိုး တစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် အမေရိကန်လူမျိုးမိသားတစ်စုရဲ့ မွေးစားခြင်းကိုခံရပြီး အမေရိကန် နိုင်ငံမှာပဲ ကြီးပြင်းခဲ့ပါတယ်..သူဟာငယ်စဉ်ကတည်းက လက်မောင်းလှဲအားကစားကို ရူးသွပ်ပြီး ချန်ပီယံတစ်ယောက် ဖြစ်ချင်ခဲ့တာပါ…ဒီလိုနဲ့အရွယ်ရောက်လာချိန်မှာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ယူနေရင်း အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ သူဟာ ကလပ်တွေ ဘားတွေ ဈေးဆိုင်တွေမှာ လုံခြုံရေးအဖြစ် ကြုံရာ လုပ်ကိုင်နေထိုင်ခဲ့ရပါတယ်တစ်ရက်တော့ ညီအစ်ကိုလိုချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကိုရီးယားမှာ လက်မောင်းလှဲပြိုင်ပွဲကြီးရှိတဲ့အတွက် သူ့ကို ကိုရီးယားကိုခေါ်ပါတော့တယ်….မာ့ခ်တစ်ယောက် ပြိုင်ပွဲဝင်ဖို့ကိုရီးယားရောက်လာပြီး သူ့ရဲ့ပျောက်ဆုံးနေတဲ့မိသားစုကို ပြန်လည်ရှာဖွေရင်း ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်ပါမလား….။အရမ်းကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပြီး အသည်းနုသူတွေအတွက် မျက်ရည်ဝဲစေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်လို့ အာမခံပေးပါရစေ။Rating တွေအနေနဲ့ကတော့ IMDb- 6.4/10….Rotten Tomatoes – 89 %။ File size…(2.7 GB ...
movie
Champion (2018) Chaem-pieon
2018
6
Dream (2023)
Dream (2023)အားလုံးမေးနေကြတဲ့ Park Seo Joon နဲ့ IU တို့ရဲ့ ရုပ်ရှင်ထွက်လာပါပြီရှင်ဇာတ်လမ်းအကျဉ်းကိုပြောရရင် တအားကြိုးစားပေမဲ့ မဖြစ်မြောက်တဲ့ ဘောလုံးသမားယွန်းဟုန်းဒယ်ဟာ စိတ်ဆတ်ပြီး ဒေါသမထိန်းနိုင်ရာကနေ အနုပညာထဲဝင်မယ်ဆိုပြီး ဖြစ်လာပါတော့တယ်အဲဒီမှာ ပီဒီအီဆိုမင်းနဲ့တွေ့ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ အကြောင်းဖန်ရင်းနဲ့ ကြောင်နဲ့ကြွက်လို မတည့်အတူနေ အလုပ်အတူတွဲလုပ်ရပါတယ်သူတို့ရိုက်တဲ့အစီအစဉ်ကလည်း အိမ်ခြေရာမဲ့တွေကို ကမ္ဘာ့ဖလားဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးရတဲ့အလုပ်ဆိုတော့ အခက်အခဲတွေကြားက ရုန်းကန်ပြီး အိပ်မက်တွေကို ဖြည့်ဆည်းသွားကြမှာပါအမျိုးမျိုးကြုံတွေ့ရပြီးမှ ရေစက်လာဆုံကြတဲ့ သူတို့အသင်းက နောက်ဆုံးမှာ အောင်မြင်မလား ကျရှုံးမလားဆိုတာကို ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Sports Quality…. 1080p | 720p | 480p File size… 1.6GB | 814MB | 407MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Dream (2023)
2023
6.5
DAEMUGA (2022)
Daemuga (2022)ဒယ်မူဂါဆိုတာက နတ်ဆရာအဖြစ် ချီးမြှောက်ခံရဖို့ ရွတ်ရမယ့်ဂါထာပါတဲ့အလုပ်လက်မဲ့ဖြစ်နေတဲ့ ရှင်းနမ်ဆိုတဲ့ကောင်လေးက ဘယ်လိုမှအလုပ်ရှာဖို့မရတဲ့အဆုံးတော့ နတ်ဆရာလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမဲ့ နတ်ဆရာလုပ်ဖို့ ပါရမီမပါလာပေမဲ့ အကြွေးတွေကြောင့် ဆက်လိမ်နေခဲ့ပါတယ် အဲလိုနဲ့ ညာစားလာရင်း အရှုပ်ထုပ်ထဲပါသွားပြီး လက်စပျောက်သွားခဲ့ပါတယ် တကယ့်နတ်ဆရာကြီးဖြစ်တဲ့ မာဆောင်းဂျွန်းနဲ့ လူမိုက် ဆွန်းအစ်ဆူတို့ အဖွဲ့ကတော့ ပိုက်ဆံအချီကြီးရဖို့အရေး ဂွင်ဖန်နေကြတဲ့သူတွေပါ ရှင်းနမ်ပျောက်သွားတဲ့ ကိစ္စမှာ နတ်ဆရာကြီးနဲ့ လူမိုက်တို့ ပါဝင်နေမလား မာဆောင်းဂျွန်းတို့ကရော သူတို့အသည်းအသန်လိုက်နေတဲ့ ကိစ္စကို အောင်မြင်နိုင်မလားဆိုတာ ကြည့်ကြပါဦးနော်မင်းသားကြီး Park Sun Woong, Hospital Playlist ထဲက Park Kyung Ho နဲ့ Ryu Kyung Soo တို့က အဓိကပါဝင်ထားပါတယ်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ််။Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.8GB | ...
movie
DAEMUGA (2022)
2022
7.6
Extreme Job ( 2019 )
Extreme Job (2019) IMDb 7.3 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါတယ် အမှုလိုက်တိုင်း အလွဲလွဲအချော်ချော်ဖြစ်ပြီးရာထူးမတိုးပဲ အဖွဲ့ခေါင်းဆောင်သာ ဖြစ်နေတဲ့စုံထောက်ဂို နဲ့ သူ့အဖွဲ့ဟာ တစ်နေ့မှာ မူးယစ်ရာဇာ လီမွန်ဘယ်ကို ဖမ်းဖို့ဖြစ်လာတဲ့အခါမှာ..တော့ တလွဲတွေဆက်ဖြစ်ကြပြန်တာပါပဲ လီမွန်ဘယ်ကို အနီးကပ်စောင့်ကြည့်ဖို့ ကြက်ကြော်ဆိုင်မှာစောင့်ကြည့်ရင်းနဲ့ကြက်ကြော်ဆိုင်ကလည်းရောင်းထုတ်ရမယ့်အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ…တလွဲတွေလုပ်တတ်တဲ့ စုံထောက်ဂိုတစ်ယောက် လီမွန်ဘယ်ကို ဖမ်းဆီးနိုင်ပါ့မလားဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ 2019 အသစ်ထွက် ကိုရီးယားစုံထောက်ကားလေးပဲဖြစ်ပါတယ် This Movie is Brought To You By Channel MyanmarReview By Ei PyaeGenre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size…1.77GB | 792MB | 366MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Zoey Encoder ..... August
movie
Extreme Job ( 2019 )
2019
6.3
What a Man Wants (2018)
What a Man Wants (2018) IMDb - 6.3/10_____Rotten - 71%Rating 6.3 ရထားတဲ့ အခု ဇာတ်လမ်းလေးကတော့ What a Man Wants ဆိုတဲ့အတိုင်း 18+ ဆန်ဆန်ကို ဟာသာဆန်ကြည့်ရမယ့်ကားပဲဖြစ်ပါတယ်။ဒီကားထဲမှာ Running man အချစ်တော် ဆုန်းဂျီဟို နဲ့ Goblin ဇာတ်လမ်းထဲက Samshin lady အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Lee Ei တို့ ပါဝင်ထားတဲ့အတွက် ကြည့်လို့ကောင်းမယ့်ကားဆိုတာကို အထူးတလည် ပြောစရာလိုမယ်မထင်တော့ပါဘူး။ဇာတ်လမ်းကတော့ အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့ သူတွေအကြောင်းကို အဓိက မီးမောင်းထိုးပြ ထားပြီးတော့ အတွေးပေါင်းများစွာနဲ့ ကိုယ့်ကိုထားခဲ့မယ့် အချစ် Drama ကားလေးပဲဖြစ်ပါတယ်။ယောက်ျားတစ်ယောက် သူတို့လိုချင်တာဘာလဲ မိန်းမ တွေကရော သူတို့ယောက်ျားကို ပါရမီဘယ်လိုဖြည့်ပေးရမလဲ ဆိုတာ သင်ခန်းစာပေးထားတာဖြစ်ပါတယ်။ယောက်ျားတစ်ယောက်ကရော သူတို့ဖောက်ပြန်တာ သူတို့မိန်းမကို မချစ်တော့လို့လား လိင်ဆန္ဒ မပြည့်ဝလို့လား ...
movie
What a Man Wants (2018)
2018