Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yang Di
5.3
Tiger Robbers ( 2021 )
Tiger robbers တဲ့ ကျားပြန်ပေးဆွဲကြသူများပေါ့... ဒီဇာတ်လမ်းလေးက နည်းနည်းတော့ ရိုးရှင်းတယ် ဒါပေမယ့် နက်နဲတယ် ရှုပ်ထွေးတယ်။ အကျဉ်းနည်းနည်းပြောပြရရင် အများနဲ့မတူ တစ်မူထူးနေတဲ့ ဂေါက်သီး ၃ ယောက်က ပေါင်းပြီး ပိုင်ရှင်မဲ့တိရစ္ဆာန်လေးတွေကို ကယ်တင်ပြီး ပိုင်ရှင်ပြန်လာတဲ့အထိ စောင့်ပေးတယ်။ ပိုင်ရှင်ပြန်မပေါ်လာရင်လည်း ပိုင်ရှင်လိုက်ရှာပေးတယ်။ဒီဂေါက်သီး ၃ ယောက်အကြောင်းပြောရမယ်ဆိုရင် မကောင်းတဲ့သူတွေလက်ထဲက ဘာမဆို ခဏလေးနဲ့ ခိုးတတ်တဲ့ ခေတ်သစ်ရော်ဘင်ဟုဒ်ရယ် အိုင်းစတိုင်းကို အားကျပြီး ပေါက်ကရတီထွင်နေတဲ့ ဦးထုပ်ဆန်းဆန်းဝတ်တတ်တတဲ့ ကိုတီထွင်ကြီးရယ်၊ ယောက်ျားတွေတောင်အရှုံးပေးရလောက်တဲ့ အကြည့်တစ်ချက်နဲ့ အလိမ်အညာစကားအကုန် မှန်းနိုင်တဲ့ ကုတုံးဆံပင်ပေါက် မမရယ်ပေါ့။တစ်နေ့ သူတို့က သူတို့ထက်ပိုဂေါက်တဲ့ သမီးပျောက်ရှာနေတဲ့ အမျိုးသမီးတစ်ယောက်ကို ရှာတွေ့တော့တယ်။ ဇာတ်လမ်းက အဲ့ဒီမှာစတော့တာပဲ။ သမီးပျောက်လိုက်ရှာတဲ့အမျိုးသမီးရဲ့ သမီးက လူမဟုတ်ဘဲ ကျားဖြစ်နေတဲ့အခါကြတော့ ရဲတိုင်လို့လည်းမရ။ အလွတ်တန်းစုံထောက်တွေအပ်တော့လည်း ငွေလိမ်ပြီးပြေးကြတာပဲ။ဒီဂေါက်သီး ၃ ယောက်ကတော့ ငွေလည်းလိမ်မပြေးသလို သေချာလည်း ရှာပေးပါတယ်။ တစ်ခုပဲ... ဂေါက်သီး ၃ ယောက်ရယ် ဂေါက်သီးမလေးရယ်ပေါင်းပြီးလိုက်ရှာတော့ အလွဲလေးတွေရှိတာပေါ့။ ကြားထဲ ကျားသမီးလေးကို ခိုးသွားတဲ့တစ်ဖက်ကလည်း ဂေါက်သီးကြီးဆိုတော့ ဇာတ်လမ်းလေးက ရယ်မဆုံးဖြစ်နေပါတော့တယ် စိတ်ပြေလက်ပျောက်ကြည့်ဖို့အတွက်သင့်တော်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် Filesize : 1.71 ...
movie
Tiger Robbers ( 2021 )
6.8
Journey to the West: Conquering the Demons (2013)
Journey to the West Conquering the Demons (2013)IMDb Rating (6.7) / Rotten Tomatoes (94%)ဒီရုပ်ရှင်ကို Stephen Chow က ဒါရိုက်တာအဖြစ်ရော တွဲဖက်ပရိုဂျူဆာအဖြစ်ပါ ဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အနောက်ဖက်သို့ခရီးသွားခြင်း ဒဏ္ဍာရီကို အခြေခံထားပြီး ကျမ်းစာသယ်တဲ့ ခရီးစဉ်မစတင်မီ ဆရာတော်ထန်စန်းကျန့်ဆိုပြီးဖြစ်မလာခင် သူ့ရဲ့တပည့်၃ယောက်ဖြစ်လာမယ့် ဝူခုန်းတို့ ပါကျဲတို့ မိစ္ဆာဘဝဖြစ်စဉ်နဲ့ မိစ္ဆာတွေကို နှိမ်နင်းတဲ့အကြောင်းကိုရိုက်ကူးထားတာပါ။ဇာတ်လမ်းလေးကတော့ မြစ်ဘေးကရွာတစ်ရွာမှာ ငါးမိစ္ဆာကြီးတစ်ကောင်သောင်းကျန်းနေတာကို ထန်စန်းကျန့်ကနှိမ်နင်းဖို့ကြိုးစားရာကနေစတင်ပါတယ်... မိစ္ဆာကိုမသတ်ဘဲ မေတ္တာနဲ့အစွဲချွတ်ချင်တဲ့သူ့ရဲ့လမ်းစဉ်ဟာ ထင်သလောက်မအောင်မြင်ပါဘူး... သူက လောကကြီးကိုကယ်တင်ဖို့ရာ ကြီးမားတဲ့မေတ္တာတရားကသာ အခရာလို့ သိထားပေမယ့် အစွမ်းမရှိတဲ့ သာမန်လူဖြစ်နေတော့ အခက်အခဲတွေအများအပြားနဲ့ စမ်းတစ်ဝါးဝါးဖြစ်နေခဲ့ပါတယ်။ဆိုတော့ကာ ထန်စန်းကျန့်ကိုအစွမ်းထက်အောင် ဘယ်သူကအလင်းပြမလဲ....လာပါပြီ မမရှုကြည်(Shu Qi)ပါပဲခင်ဗျာ....ထန်းစန်းကျန့်အဖြစ် မင်းသား Wen Zhang ရော မင်းသမီးရှုကြည်ရော အတိုင်အဖောက်ညီတာမလို့ ဒီရုပ်ရှင်က Rating မြင့်မားတဲ့ ...
movie
Journey to the West: Conquering the Demons (2013)
2013
6
Keep You Safe ( 2023 )
ပိုင်ဆိုင်မှုအားလုံးကို မိဘမဲ့ဂေဟာသို့ လှူဒါန်းခဲ့တဲ့အတွက် နာမည်ကြီးသွားတဲ့ "အလှူရှင်အစ်မ" ကြီးဟာ တစ်ညအတွင်းမှာပဲ ကလပ်မှ "ကောင်မလေး" အဖြစ် သတင်းထွက်လာသောအခါ......အခုတစ်ခေါက် CM ပရိသတ်တွေအတွက် Keep you safe ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -သူငယ်ချင်းအတွက်နဲ့ ရန်ဖြစ်ပြီး ထောင်ကျခဲ့တဲ့ ဝေ့ဖျင်အန်းဟာ ထောင်ထွက်ပြီးနောက် သင်္ချိုင်းမြေရောင်းသူအဖြစ်နဲ့ အသက်မွေးနေခဲ့ပါတယ်။ လူလတ်အရွယ်မှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေတဲ့ ဝေ့ဖျင်အန်းဟာ သူ့ရဲ့ သေဆုံးသွားပြီဖြစ်တဲ့ ဖောက်သည်ဖြစ်သူ ဟန်လုရဲ့ ကောလာဟလ သတင်းကို ကြားသိခဲ့ရပါတယ်။ထို ကောလာဟလသတင်းကို ဖြေရှင်းနိုင်ရန်အတွက်၊ ကတိတစ်ခုအတွက် ဝေ့ဖျင်အန်းဟာ ကောလာဟလတွေရဲ့ အရင်းအမြစ်ကို လိုက်ရှာပါတော့တယ်။ လမ်းတစ်လျှောက်မှာ အခက်အခဲတွေနဲ့ ပြည့်နက်နေခဲ့တယ်။ သူ့ညီမဖြစ်သူ ဝေ့ရူရိကလဲ ကောလာဟလဖြန့်တဲ့ထဲ ပါနေပြီး ချမ်းသာကြွယ်ဝလှတဲ့ ဒါရိုက်တာဖုန်ရဲ့ လိုက်လံ နှောင့်ယှက်ခြင်းကိုလဲ ခံခဲ့ရပါတယ်။တဖြည်းဖြည်းနဲ့ သူဟာ "ကိုယ်မှန်တယ်ထင်တဲ့အရာကိုလုပ်ခြင်း" က ပိုပြီးတော့ စိတ်ချမ်းသာစေတယ်ဆိုတာ နားလည်လာခဲ့ပါတယ်။ ဝေ့ဖျင်အန်းတစ်ယောက် ကောလာဟလတွေကို ဖြေရှင်းနိုင်ပါ့မလား...... ဟန်လုရဲ့ သင်္ချိုင်းနေရာကိုရော ထိန်းသိမ်းထားပေးနိုင်မလာ...... ဆိုတာကို CM ရဲ့ ဘာသာပြန်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL ...
movie
Keep You Safe ( 2023 )
6
Five Hundred Miles ( 2023 )
ဘဝချင်းလဲကြမယ်ဆိုတဲ့အခါ မိသားစုတွေပါလဲရမယ်ဆိုရင် လဲနိုင်ပါ့မလား..... သာမန်ဘဝကနေရုန်းထွက်ပြီး မတူညီတဲ့ဘဝတစ်ခုနဲ့ ရှင်သန်ချင်တဲ့လူငယ်လေး လုရှောင်ကူ။လုရှောင်ကူကအသက်ကွာတဲ့မမကြီးကျင်းဟောင်ကို တိတ်တခိုးချစ်နေတဲ့လူတောမတိုးရဲတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။မမရဲ့ရည်းစားဖြစ်ချင်ပါတယ်လို့ ဆုတောင်းမိရာကနေ မမရဲ့ရည်းစားနဲ့လူချင်းလဲသွားတဲ့အခါ..... ရှောင်ကူအမြဲဖြစ်ချင်နေတဲ့ မတူညီတဲ့ဘဝတစ်ခုကိုရောက်သွားပြီး မိသားစုပါပြောင်းသွားတဲ့အခါ ဘယ်လိုရယ်စရာတွေဖြစ်လာမလဲ၊လူမှန်နေရာမှန်ပြန်ဖြစ်ဖို့ဘယ်လိုအလွဲလွဲအချော်ချော်နဲ့ ကြိုးစားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်မောရင်းကြည့်လိုက်ပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy, Family , Fantasy Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Five Hundred Miles ( 2023 )
6.2
Maoshan Heavenly Master ( 2022 )
CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ Maoshan Heavenly Master ဆိုတဲ့ မကောင်းဆိုးဝါးဖမ်းတဲ့ကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ကျန်းကျောက်လင်ဆိုတဲ့ ပယောဂဆရာက ချီလျန်ဆိုတဲ့ မကောင်းဆိုးဝါးကို ဖမ်းပြီး ခွင်းလွန်တောင်မှာ ပြစ်ဒဏ်ပေးဖို့ ခေါ်လာခဲ့ရာမှာ မထင်မှတ်ဘဲ လှည့်စားခံလိုက်ရပြီးချီလျန်ဟာ လွတ်မြောက်သွားခဲ့ပါတယ်တာဝန်မကျေပွန်ခဲ့တဲ့ ကျန်းကျောက်လင်ကို သူ့ဆရာက ပြစ်ဒဏ်ပေးတဲ့အနေနဲ့ သူ့အနားကနေ ထွက်သွားခိုင်းလိုက်ပါတယ် ကျန်းကျောက်လင်က အဲ့အချိန်ကစလို့ ချီလျန်ကိုသတ်ပစ်ဖို့ ရေဆုံးမြေဆုံးလိုက်ရှာရင်း တခြားမကောင်းဆိုးဝါးတွေဖြစ်တဲ့ ဟေးဝူချန်နဲ့ ပိုင်ဝူချန်တို့ကို ဖမ်းဆီးရင်း နံပါတ်တစ်ဓါးသမား လျောက်ဖုန်းရီနဲ့ဆုံခဲ့ပါတယ်ရွမ်ထျန်းမြွေကြီးအဖြစ်ပြောင်းလဲဖို့ ယန်ဓာတ်ပြည့်ဝတဲ့သူတွေကို လိုအပ်နေတဲ့ ချီလျန်အတွက်တော့ လျောက်ဖုန်းရီဟာ သားကောင်တစ်ယောက်ဖြစ်လာခဲ့ရာမှာ ကျန်းကျောက်လင်က ကူညီပေးခဲ့ရာကနေ နောက်ဆုံးမှာ ချီလျန်ကို ပူးပေါင်းနှိမ်နင်းပြီး လောကကြီးကို အေးချမ်းသာယာအောင် ဘယ်လိုလုပ်ဆောင်သွားမှာလဲဆိုတာကိုတော့ CM ကနေတင်ဆက်ပေးထားတဲ့ Maoshan Heavenly Master ဆိုတဲ့ ရုပ်ရှင်မှာ ကြည့်ရှုလို့ရပါပြီနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Horror , Drama Runtime : 1h 9min Subtitle ...
movie
Maoshan Heavenly Master ( 2022 )
4.1
Monster Run 2020
Monster Run 2020 2020 August လကထွက်ခဲ့တဲ့ ဇာတ်ကားလေးတကားတင်ဆက်ပေးချင်ပါတယ် မွန်းစတားလေးတွေပါဝင်တဲ့ချစ်စရာဇာတ်ကားလေးပါ မင်းသမီးလေးကဒီကားရဲ့အဓိကဇာတ်ကောင်ပေါ့ (ကြည့်နေရင်းခင်ဝင့်ဝါနဲ့တောင်ဆင်သလိုလိုပါပဲ) ဇာတ်လမ်းအကြောင်းကတော့ လူ တွေကြားထဲမှာ တခြားကမ္ဘာကရောက်လာတဲ့မွန်းစတားတွေဟာလူတွေမသိအောင် နေထိုင်လျက်ရှိပါတယ် မင်းသမီးလေးကတော့ငယ် ငယ်ကတည်းကဘေးမှာမွန်းစတားတွေလိုက်ကပ်နေတာကိုခံနေရတာပေါ့ သာမာန်လူမမြင်နိုင်တဲ့ဒီသတ္တဝါတွေကိုသူတယောက်ထဲမြင် နေရတော့ အားလုံးကရှောင်ဖယ်ခံရပြီး စိတ်ရောဂါဆေးရုံအပို့ခံရပါလေရောဆေးရုံကဆင်းပြီးနောက် စူပါမားကပ်ဆိုင်တဆိုင်မှာ အလုပ် ဝင်လုပ်နေခဲ့ပါတယ် ဒီလိုနဲ့တညမှာ သူတို့ဆိုင်ကိုမွန်းစတားဖမ်းဖို့ဆိုပြီး ဆရာတစ်ဦးရောက်လာတာကနေသူ့ဘဝအပြောင်းအလဲစတင် ဖြစ်ခဲ့တော့တာပါပဲ ဘာတွေဆက်ဖြစ်မလဲသိချင်ရင်တော့ဇာတ်ကားလေးကို ကြည့်ရှုလိုက်ပါလို့ .... Translator : Nay Chi Encoder :Thit San Khant Quality :1080p and 720p Size : 1.1GB and 509MB
movie
Monster Run 2020
2020
5.4
Wu Kong (2017)
ကဲနာမည်လေးမြင်လိုက်တာနဲ့သိမှာပါ။ကျွန်တော်တို့ငယ်ဘဝကတည်းကအသည်းစွဲအားပေးလာတဲ့မျောက်မင်းဝူခုန်းကားလေးဖြစ်ပါတယ်။ယခုနှစ်၂၀၁၇ထွက်ကားသစ်လေးပါ။Action/Fantacyကားအမျိုးအစားဖြစ်ပြီးဝူခုန်းကိုအသွင်တမျိုးနဲ့မြင်ရမှာပါ။ဒီကားကိုအင်တာနက်မှာနာမည်ကြီးဝတ္ထုကိုမှီငြမ်းပြီးရိုက်ကူးထားတယ်လို့ဆိုပါတယ်။ရုံဝင်ငွေအနေနဲ့လည်းဒေါ်လာ၁၀၄သန်းအထိရရှိခဲ့တဲ့ကားလေးပါ(ဝူခုန်းဆိုတော့လည်း..)။ဇာတ်လမ်းလေးကိုတော့ဝူခုန်းကောင်းကင်ဘုံကိုပွဲသွားမကြမ်းခင်နှစ်၅၀၀အချိန်ကိုတည်ထားပါတယ်။ကျန်တဲ့အပိုင်းတွေကတော့ဝူခုန်းအကြောင်းဇာတ်လမ်းအတိုင်းကောင်းကင်ဘုံကိုအံ့တုဖို့ကြိုးစားတာမျိုးမို့ထွေထွေထူးထူးမပြောတော့ပါဘူး။ဒီကားမှာထူးခြားတာကဝူခုန်းရဲ့စွမ်းအားတွေကိုEffectကောင်းကောင်းနဲ့ဇာတ်ကားတစ်ကားလုံးကိုဖန်တီးသွားတာပါ။ဝူခုန်းချစ်သူများအတွက်နောက်ထပ်ပုံစံသစ်တစ်မျိုးနဲ့ဟောင်ကောင်ကားလေးတစ်ကားဖြစ်ပါတယ်။နိုင်ငံတကာမှာလည်းဝေဖန်မှုမျိုးစုံရထားတဲ့ကားဖြစ်ပါတယ်။Action/Fantacyအပြင်ဝူခုန်းရဲ့မေတ္တာရေးပါထည့်သွင်းထားပြီးcomputerအထူးပြုလုပ်ချက်မြိုင်မြိုင်ဆိုင်ဆိင်ရသစုံအောင်ထည့်သွင်းဖန်တီးထားတာတွေ့ရမှာပါ။သေချာတာတော့ခေတ်သစ်အမြင်တမျိုးနဲ့တွေ့ရမှာဖြစ်တဲ့အတွက်ဝူခုန်းချစ်သူများကိုယ်တိုင်ဇာတ်ကားကိုကြည့်ရှုပြီးအမြင်ဖလှယ်ကြည့်ကြပါဦးဗျာ။(ဘာသာပြန်သူကတော့ ခင်ပြည့်စုံကျော်ပါ)File Size : (950 MB) and (500 MB) Quality : 720pWebdl Running Time : 2hr 10minutes Format : Mp4 Genre : Action, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Khin Pyae Sone Kyaw Encode by Thanhtike Zaw
movie
Wu Kong (2017)
2017