Channel Myanmar

Yan-Kay Crystal Lowe

I Spy (2002) 5.5
I Spy (2002)  ဒီကားလေးကတော့ Owen Wilson နဲ့ Shrek animationထဲက Donky အသံသရုပ်ဆောင် Eddie Murphy တို့နှစ်ယောက်တူတူပါဝင်ထားတဲ့ ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်.ဇာတ်လမ်းအကျဥ်းလေးကတော့ အစိုးရဆီကအခိုးခံလိုက်ရတဲ့ကိုယ်ပျောက်လေယာဥ်ကို ပြန်ယူပေးဖို့အထူးအေးဂျင့် အဲလက်စ် (Owen Wilson) နဲ့ အစိုးရကနေအကူအညီတောင်းခေါ်ယူထားတဲ့ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား ကယ် ရော်ဘင်ဆန် (Eddie Murphy)တို့နှစ်ယောက် တာဝန်ပေးခံရပါတယ် ။နယ်ပယ်မတူတဲ့သူတို့နှစ်ယောက် အဖွဲ့​​​ဖြစ်သွားပြီးလေယာဥ်ကိုပြန်ရအောင်ဘယ်လိုကြိုးစားကြမလဲဆိုတာဟာသတွေအလွဲတွေနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ.. File size…1.87GB /1.1GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BELYS
movie

I Spy (2002)

Good Luck Chuck (2007)
Good Luck Chuck (2007)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၀၇ ခုနှစ်ထွက် အချစ်ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကပေါ့ပေါ့ပါးပါးနဲ့ စိတ်ကိုလွတ်လပ်ပေါ့ပါးစေမဲ့ကားလေပါ။ဆု‌တွေလည်းရရှိထားပါတယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေကတော့ Dane Cook၊ Dan Foglerနဲ့ မင်းသမီးကတော့ Fantastic four ဇာတ်ကားထဲကမင်းသမီး Jessica Alba ကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ဆန်းဆန်းလေးနဲ့ရီရပါတယ်။ သွားဆရာဝန် ဒေါက်တာချာလီလိုဂန်ဟာ ငယ်စဉ်ကလေးဘဝတုန်းက ဆော့ကစားရင်နဲ့ ကလေးတစ်‌ယောက်ရဲ့ကျိန်စာအတိုက်ခံခဲ့ရပါတယ်။ သူနဲ့တွဲတဲ့မိန်းကလေးတိုင်း နောက်ကောင်တစ်ယောက်ဆီပါသွားစေရမယ်ဆိုပြီး ကျိန်စာတိုက်ခံလိုက်ရတာပါ။ အသက်ကြီးလာတော့ ရည်စားအများကြီးတွဲခဲ့ဖူးပေမဲ့လည်း အချစ်စစ်ကိုမခံစားဖူးခဲ့ပါဘူး။သူဟာသူရည်းစားဟောင်းရဲ့မင်္ဂလာဆောင်ကိုသွားရင်းနဲ့ အမျိုးသမီးတွေကြားနာမည်ကျော်ကြားသွားပါတယ်။ သတို့သမီးကချာလီနဲ့ပြတ်ပြီးတော့မှ သူ့ရဲ့အချစ်စစ်ကိုတွေ့ရှိခဲ့ကြောင်းပြောလိုက်တဲ့အတွက် ချာလီကိုလာဘ်ကောင်လေး‌ဆိုပြီးအမျိုးသမီးတွေကထင်မှတ်လာကြပါတယ်။ ဒီတော့အမျိုးသမီးတွေကချာလီနဲ့အတူအိပ်ခွင့်ရဖို့ကြိုးစားလာကြပါတယ်။ ချာလီကတော့ ဒီကိစ္စကိုအယုံအကြည်မရှိပေမဲ့လည်း သူ့သူငယ်ချင်း ‌ဒေါက်တာစတူရဲ့မြှောက်ပင့်ပြောဆိုမှုကြောင့် မိန်းကလေးတွေကိုပါရမီဖြည့်ပေးတဲ့အနေနဲ့ သူတို့နဲ့အတူအိပ်ပေးခဲ့ပါတယ်။ (အတော်ကံကောင်းတဲ့လူပါ) ကြာလာတဲ့အခါချာလီဟာဒီကိစ္စကိုစိတ်ကုန်လာပါတယ်။ အချစ်မပါတဲ့လိင်ဆက်ဆံရေးလည်းဖြစ်၊ဒီမိန်းကလေးတွေကလည်းသူနဲ့အတူဆက်ဆံနေချိန်မှာတောင် သူ့အပေါ်စိတ်မရောက်နေပဲ အချစ်စစ်ဖြစ်လာမဲ့ နောက်ကောင်တစ်ယောက်အကြောင်းတွေးနေကြလို့ပါ။ချာလီဟာဒီလိုလာဘ်ကောင်ကိစ္စဖြစ်ပြီးတဲ့နောက်မှာ သူဟာအမျိုးသမီး‌တွေရဲ့အသုံးချခံပဲဖြစ်နေတယ်လို့ထင်မှတ်လာပြီး အချစ်စစ်ကိုလိုချင်လာပါတော့တယ်။ သူကသူရဲ့လက်တွဲဖော်ဟာ မင်္ဂလာဆောင်မှာတွေ့ခဲ့တဲ့ ပင်ဂွင်းစောင့်ရှောက်ရေးမှာအလုပ်လုပ်တဲ့ ကမ်ဝက်ဇ်လာလို့ထင်မှတ်ပါတယ်။ကမ်ဝက်ဇ်လာကတော့ချာလီရဲ့လာဘ်ကောင်ကိစ္စကြောင့်ချာလီကိုမတွဲချင်ခဲ့ပါဘူး။ ဒါပေမဲ့ ချာလီရဲ့ကြိုးစားမှုကြောင့်ကမ်ဝက်ဇ်လာကချိန်းတွေ့ကြဖို့သဘောတူလိုက်ပါတယ်။ အဲ့ဒီမှာပြဿနာစတာပါပဲ။ ချာလီဟာကမ်နဲ့အတူအိပ်လို့မရပါဘူး။ အိပ်လိုက်တာနဲ့နောက်ကောင်တစ်ယောက်ဆီကိုပါသွားမှာပါ။ ဒီတော့ချာလီနဲ့ကမ်တို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ...ပေါင်းဆက်ဖြစ်မလားဆိုတာကိုဆက်လက်ခံစားကြပါခင်ဗျာ။ဒီဇာတ်လမ်းလေးကမထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ဟာသပြကွက်လေးတွေနဲ့ဆို‌တော့ကြည့်ပျော်ပါတယ်။ မင်းသမီးရဲ့နမော်နမဲ့နိုင်ပုံလေး‌တွေကလည်းချစ်ဖို့ကောင်းပါတယ်။ ...
movie

Good Luck Chuck (2007)

Break In (2023)
Break In (2023)  ဟယ်သာဟာ ယောကျာ်းဖြစ်သူနဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီးနောက်ကွာရှင်းဖို့ဆိုပြီး မိခင်ဖြစ်သူရဲ့စံအိမ်ဟောင်းကြီးကိုပြန်လာခဲ့ပါတယ်....။အဲ့ဒီအိမ်ကြီးဟာ မြို့ပြင်ခပ်လှမ်းလှမ်းမှာတည်ရှိပြီး ဖုန်းလိုင်းလည်းမမိတဲ့နေရာမျိုးမှာရှိတာပါ....။အိမ်ထဲမှာလည်း တန်ဖိုးကြီးအနုပညာပစ္စည်းတွေ အများကြီးပါ...။ဒီလိုနေရာကြီးကိုမှ ဟယ်သာကတစ်ယောက်တည်း လာနေဖြစ်ခဲ့ရင်းတစ်ရက်မှာတော့....လူစိမ်းတစ်ယောက်ဟာ ခြံထဲကိုတိုးတိုးတိတ်တိတ်ဝင်ရင်း အိမ်ကိုဖောက်ထွင်းဖို့ကြံပါတော့တယ်....ဒီလူကရော သာမန်ဖောက်ထွင်းသူခိုးပဲလား...ဒါမှမဟုတ် ဟယ်သာ့ကိုအန္တရာယ်ပြုဖို့တမင်ရောက်လာတဲ့လူလား....ဟယ်သာတစ်ယောက်ရော အသက်ဘေးကလွတ်ပါ့မလားဆိုတာဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ....။ File size…1.16 GB / 449 MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 18m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Break In (2023)