Channel Myanmar

Yamé Pertzing

Marinette (2023)
Marinette (2023)  CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပြင်သစ်အမျိုးသမီးဘောလုံးသမား မာရီနက်ပီရွှန်အကြောင်းရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်ပါတယ်။ မာရီနက်ဟာ ယူအက်စ်မှာ ပရော်ဖက်ရှင်နယ်အဆင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးပြင်သစ်အမျိုးသမီးဘောလုံးသမားဖြစ်ပါတယ်။ ဒါ့အပြင် LGBTQတစ်ယောက်ဖြစ်ပြီးတော့ တရားဝင်လက်ထပ်ယူထားတဲ့ဇနီးနဲ့ သားလေးတစ်ယောက်ရှိပါတယ်။သူ့ရဲ့ဘောလုံးသမားဘဝအစပိုင်းက လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ သူ့ရဲ့ငယ်ဘဝဟာ အရက်သမားအဖေရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အတော်စိတ်ညစ်စရာကောင်းခဲ့တာပါ။ ကံကောင်းတာကတော့ သူ့အမေက သူ့အိပ်မက်ကိုအားပေးပေးခဲ့ပါတယ်။ ကျောင်းပွဲတွေမှာ ယောက်ျားလေးအသင်းထဲဝင်ကစားခဲ့ရာကနေ Saint-Memmie Olympique အမျိုးသမီးဘောလုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ကနေ သူ့ရဲ့ဘောလုံးအားကစားသမားဘဝအစပြုခဲ့တယ်လို့ဆိုရမှာပါပဲ။ သူ့ခေတ်သူ့အခါတုန်းက ပြင်သစ်ဟာ အမျိုးသမီးဘောလုံးအားကစားကို သိပ်အရေးမထားပေးခဲ့ပါဘူး။ မာရီနက်ဟာ ၂၀၀၇ခုနှစ်မှာ ဘောလုံးအားကစားလောကကနေ အနားယူသွားခဲ့ပါတယ်။ သူ့ကို အာဂပြင်သစ်အမျိုးသမီးဘောလုံးသမားအဖြစ် သတ်မှတ်ထားကြဆဲပါပဲ။ ပြင်သစ်အမျိုးသမီးဘောလုံးသမားတွေအကြောင်း သေချာရိုက်ပြထားတာဖြစ်လို့ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.6 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ngwe Zin 
movie

Marinette (2023)