Channel Myanmar

Yama Carlos

The Train of Death (2024)
The Train of Death (2024)  သရဲကားကောင်းတွေ ကြိုက်နှစ်သက်သူ cm ပရိသတ်ကြီးကိုအင်ဒိုသရဲကားကောင်း တစ်ကားဖြစ်တဲ့ The Train of Death(အင်ဒိုလို Kereta berdarah)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူရ်နားမားနဲ့ ကမ်ဘန်လို့ခေါ်တဲ့ ညီအစ်မနှစ်ဦးဟာ ဆန်ခါရာအပန်းဖြေစခန်းကို အလည်အပတ်သွားရောက်ဖို့ အတွက်အထူးစီစဉ်ထားတဲ့ ရထားကို စီးနင်းလာခဲ့ကြပါတယ်။ရထားစီးနင်းလာတဲ့ လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့အရာတွေကိုရထားပေါ်မှာ ကြုံရတဲ့အပြင် လှိုဏ်ခေါင်းတစ်ခုကို ဝင်ရောက်ချိန်မှာရထားနောက်ဆုံးတွဲဖြစ်တဲ့ ပဥ္စမမြောက်အတွဲ ပြုတ်ထွက်ကျန်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ သူမတို့ ညီအစ်မနှစ်ဦးဘယ်လိုတွေဆက်လုပ်ကြမလဲ။ကျန်ရစ်ခဲ့တဲ့ ရထားတွဲထဲက ခရီးသည်တွေက ဘယ်လိုကံကြမ္မာတွေ ရင်ဆိုင်ကြရမလဲ။ ဒီရထားနဲ့ ပတ်သတ်ပြီးကြောက်မက်ဖွယ် အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အချိန်ရထားတွဲ ခေါင်းတွဲတစ်တွဲသာ ကျန်တော့တဲ့အချိန်မှာတော့.....။ File size…1.49GB / 688MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

The Train of Death (2024)

Pasukan Garuda: I Leave My Heart In Lebanon (2016) 7.1
Pasukan Garuda: I Leave My Heart In Lebanon (2016) Pasukan Garuda: I Leave My Heart in Lebanon (2016)IMDb - 7.2/10စစ်ပွဲဆိုတဲ့အရာက လူသားတွေရဲ့သမိုင်းမှာ ခေတ်အဆက်ဆက် တည်ရှိလာခဲ့တဲ့အရာ။ အဆိုးဆုံးဖြစ်ရပ်လို့ လက်ညှိုးထိုးပြရရင် ဒုတိယကမ္ဘာစစ်ပေါ့၊ အရပ်သားပြည်သူတွေနဲ့ စစ်တပ်ဖွဲ့ဝင် နှစ်ခုလုံးပေါင်းလိုက်ရင် အသက်ပေါင်း ၆၂သန်းဆုံးရှုံးခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတဲ့အချိန်မှာတော့ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ သိလာကြတာက နောက်ထပ် တတိယကမ္ဘာစစ်ဆိုတာကြီး ဖြစ်ပွားခဲ့ရင် နျူကလီးယားလက်နက်တွေ ဓာတုဇီ၀လက်နက်တွေ စတာတွေကြောင့် လူသားတွေ မျိုးတုန်းသွားနိုင်စေတယ်ဆိုတာပါပဲ။ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ဖွဲ့စည်းထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ၁၉၄၅ခုနှစ်မှာ ကုလသမဂ္ဂကိုဖွဲ့စည်းတည်ထောင်ခဲ့တယ်။ ၁၉၅၇ခုနစ်မှာ အီဂျစ်နဲ့ အစ္စရေးကြား တိုက်ပွဲဖြစ်ပွားတော့ အင်ဒိုနီးရှားနိုင်ငံကနေ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းဖို့ တပ်ဖွဲ့တစ်ခုကို စေလွှတ်ခဲ့တယ်။ အဲဒီတပ်ဖွဲ့ကို ဂါရူဒါလို့ နာမည်ပေးထားတယ်။ဂါရူဒါတပ်ဖွဲ့ကို တခြားစစ်ရေးပဋိပက္ခဖြစ်ပွားတဲ့ ဆူဒန် ကွန်ဂိုနဲ့ လက်ဘနွန်တို့လိုနိုင်ငံတွေကိုလည်း စေလွှတ်ခဲ့တယ်။ ဒီဇာတ်လမ်းမှာတော့ လက်ဘနွန်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောက်ရွက်ဖို့ စေလွှတ်ခြင်းခံရတဲ့ စစ်သည်တွေနဲ့ အမိမြေမှာကျန်ခဲ့တဲ့ ချစ်ခင်ရသူတွေကြားက ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ အင်ဒိုနီးရှားမှာ ချစ်ရသူရှိရက်နဲ့ ...
movie

Pasukan Garuda: I Leave My Heart In Lebanon (2016)

2016
Virgo and the Sparklings (2023) 5.8
Virgo and the Sparklings (2023) Virgo and The Sparkling (2023a)ရီအာနီ ဆိုတဲ့ ကျောင်းသူလေးတစ်ယောက်က မွေးရာပါ မီးစွမ်းအားနဲ့မွေးဖွားလာသူတစ်ယောက်ပါ သူကစိတ်လှုပ်ရှားလာတဲ့အခါ မီးပွားတွေ ထွက်လာတတ်ပြီး မီးတောက်တွေကိုပါ ဖြစ်လာစေတတ်လို့ သူ့မိဘတွေက သူ့သမီးရဲ့သရုပ်မှန်ကို မပေါ်စေဖို့ ကျောင်းခဏခဏပြောင်းပေးကြရပါတယ်သူမက တီးဝိုင်းတစ်ခုထောင်ပြီး အဆိုတော်ဖြစ်ချင်နေတဲ့ ဝါသနာအိုးလေးတစ်ယောက်လည်းဖြစ်တဲ့အပြင် သူမဟာ သံစဉ်တွေရဲ့အ‌ရောင်တွေကိုလည်း ခွဲခြားမြင်နိုင်ပါတယ် တစ်နေ့မှာတော့ လူငယ်တွေကိုပဲ ကူးစက်တတ်တဲ့ရောဂါပိုးတစ်ခုဟာ အွန်လိုင်းပေါ်က ဗွီဒီယိုတွေကနေတစ်ဆင့်ပျံ့နှံ့လာပါတော့တယ် ဗွီဒီယိုကိုကြည့်မိတဲ့လူငယ်တွေက ညို့ယူခံလိုက်ရပြီး သူတို့ရဲ့မိဘတွေကို စတင်တိုက်ခိုက်ကြပါတော့တယ် ဒီအခါမှာ ရီအာနီက သူ့မီး‌တောက်တွေက ညို့ယူခံရတဲ့သူတွေကိုသတိဝင်စေမှန်းသိပြီးတဲ့နောက် သူနဲ့သူ့သူငယ်ချင်းတွေက သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း လူတွေကို ဘယ်လိုအကူအညီပေးကြမလဲဆိုတာကြည့်လိုက်ကြရ‌အောင်အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။Genre..... Acion, Adventure, Comedy File size… 2.1GB | 841MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator .....Thae Thae Encoder ..... Aaron
movie

Virgo and the Sparklings (2023)

2023
Kamu Tidak Sendiri (2022) 5.2
Kamu Tidak Sendiri (2022) Kamu Tidek Sendiri (2022)-အင်ဒိုနီးရှားဇာတ်ကားထဲမှာ ဒီကားသဘောအကျဆုံးပဲ ။ အင်ဒိုနီးရှားနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် အထူးသဖြင့် ငလျင်၊ ဒါတွေကြောင့် လူတွေထိခိုက်သေဆုံးရတာတွေ ၊ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့သူတွေ ခံစားရတာတွေ ၊ ကိုယ်ချစ်တဲ့သူ တန်ဖိုးထားရတဲ့သူတွေကို မေ့လျော့ပစ်ပယ်မထားသင့်ဘူးဆိုတာတွေ၊ စတာစတာတွေကို အရိုးရှင်းဆုံး ဘာလှည့်ကွက် ဘာဝှက်ကွက်မှမပါပဲ ရိုက်ပြထားတာပါ။ဇာတ်လမ်းက ဓာတ်လှေကားမှာ စပြီးတော့ ဓာတ်လှေကားမှာပဲ ဆုံးသွားတာပါ။ မင်းသားကြီး Ryan Reynolds ရဲ့ Burn ကိုတောင် သွားသတိရမိတယ် အဲ့လောက်တော့ မမွန်းကျပ်ဘူးပေါ့လေ။-ဇာတ်အိမ်ကတော့ မင်းသမီးက ကုမ္ပဏီမှာ အထက်လူကြီးတစ်ယောက်၊မသိတဲ့သူကိုစကားပြောဖို့ဝန်လေးသူ ။ အပေါက်ဆိုးတယ် ဆက်ဆံရေးမကောင်းဘူးလို့ သတ်မှတ်ခံထားရတဲ့သူ။ တစ်နေ့ မနက်ဖြန်အမှီအလုပ်အပြီးသတ်ရမှာဆိုတော့ ညနက်မှအလုပ်ကဆင်းမယ့်အချိန် ဓာတ်လှေကားကနေအဆင်း တစ်လွှာတည်းအလုပ်လုပ်ကြတဲ့ကောင်လေးနဲ့ကြုံ ဓာတ်လှေကားစီးနေတုန်း ငလျင်လှုပ်ရာ ကြုံရဆုံရ လူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ကြလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama, Thrillee Quality…. 1080p | 720p | ...
movie

Kamu Tidak Sendiri (2022)

2022