Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Xu Zheng
7.0
Ash Is Purest White ( 2018 )
ပြာဆိုတာ အသန့်စင်ဆုံး အဖြူရောင်ပါတဲ့။ အရမ်းကိုပူပြင်းတဲ့အခြေအနေတစ်ခုမှာ အရာဝတ္ထုတွေက စင်ကြယ်သွားတတ်ပါတယ်တဲ့။ အဲဒါကြောင့် အပူချိန်အများဆုံးကိုခံရတဲ့ ပြာရဲ့ အဖြူရောင်ကို အစင်ကြယ်ဆုံးပါလို့ပြောထားပါတယ်။ဒီဇာတ်ကားမှာမြေအောက်လောက အဖွဲ့တစ်ခုက ခေါင်းဆောင်ရဲ့ ချစ်သူဖြစ်တဲ့ Zhao Qiao ရဲ့ လောကဓံကြားမှာ အပူပြင်းပြင်းပေးခံရပြီး သူ့ရဲ့ အကောင်းဆုံးအရည်အသွေးကို ရရှိလာတဲ့အကြောင်းရိုက်ကူးထားပါတယ်။ပြီးတော့ သူ့ရဲ့ချစ်သူအပေါ်ထားတဲ့ အချစ်ကြီးပုံကို ကြည့်တဲ့သူတိုင်း ကူးစက်ခံစားစေမှာအသေအချာပါပဲ။ မျက်ရည်ဝဲရမယ့် ဇာတ်ကားမဟုတ်ပေမဲ့ မဲ့ပြုံးလေးတော့ ပြုံးဖြစ်မှာ သေချာပါတယ်။ဒီဇာတ်ကားကို Cannes Film Festival မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။ IMDB Rating ကတော့ 7 ဖြစ်ပြီး အမှတ်ပေးကပ်စေးကုတ်တဲ့ Rotten Tomato ဆိုတဲ့ ခရမ်းချဉ်သီးတွေကတော့ 100% ပေးထားပါတယ်။ဒီဇာတ်ကားလေးက ခပ်အေးအေး Drama ဖြစ်ပေမယ့် ဇာတ်ကားနဲ့အတူ စီးမျောသွားစေမှာ အသေအချာပါပဲ။ ကျွန်တော့်အမြင်ကတော့ Gone With the Wind ဇာတ်ကားကို Chinese Version နဲ့တွေ့လိုက်ရသလိုပါပဲ။ ဘာသာပြန်နဲ့ အညွှန်း d3mon ဖြစ်ပါတယ် Filesize : 1.85 GB / 1.01 GB Quality : WEB-DL ...
movie
Ash Is Purest White ( 2018 )
6.2
Crazy Alien ( 2019 )
တရုတ်မှာတောင်5ပတ်မြောက်ရုံတင်နေဆဲဇာတ်ကားဖြစ်ပြီး ဝင်ငွေအားဖြင့်လည်း ၂ ရက်အတွင်းမှာ 100 Milions ရရှိထားတဲ့ နောက်ဆုံးထွက်ဇာတ်ကားအသစ်ပဲဖြစ်ပါတယ်..ကြားထဲမှာလည်း အပတ်စဉ်တိုင်းမှာ China Box Office ရဲ့ Top 10 ဝင်ငွေအကောင်းဆုံး ကားအဖြစ် 5 ပတ်ပတ်တိတိရပ်တည်နေဆဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းလေးကိုတင်ဆက်ပေးလိုက်ပါမယ် တရုတ်ပြည်ရဲ့မျောက်လေ့ကျင့်ပေးသူတစ်ယောက်ဆီကို တခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်ကောင်ဟာ သူတို့ရဲ့ DNA Ball ကို လူသားတွေနဲ့ လဲလှယ်ရာကနေ မှားယွင်းမှုဖြစ်ပြီး ကမ္ဘာပေါ်ကိုပြုတ်ကျလာခဲ့တယ်..ဖြစ်ချင်တော့ သူဟာ မျောက်ကလေးနဲ့ပေါင်းစပ်သွားတယ်..ဒါကို မျောက်လေ့ကျင့်ပေးသူက ဂြိုလ်သားကိုမျောက်တစ်ကောင်လိုကျင့်ပေးနေပါတော့တယ်ဒီလိုနဲ့ဂြိုလ်သားလေးဟာ သူ့စွမ်းအားတွေပြန်ရလာတဲ့အချိန်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Science Fiction Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK
movie
Crazy Alien ( 2019 )
2019
6
Hello, Beijing ( 2022 )
လူတိုင်း လူတိုင်းမှာ အိမ်မက်ကိုယ်စီရှိကြပါတယ် အိမ်မက်တိုင်းကို အကောင်အထည်ဖော်ဖို့က ကလဲ စျေးပေါပေါ လွယ်လွယ်ကူကူနဲ့ ရတတ်ကြတာမဟုတ်ပါဘူး ။ ပေးဆပ်မှုတွေ ရင်းနီးမှုတွေ စတေးမှုတွေနဲ့ မြှုပ်နှံပြီးမှ အကောင်အထည်ဖော်လို့ရကြတာပါ ။ဒီနေ့မှာဆိုရင်တော့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြနေတဲ့ အသက်အရွယ်မတူညီတဲ့ လူ ၃ ယောက်အကြောင်း ရိုက်ကူးပုံဖော် ထားသော ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။❏ ပရော့ဂျက်အောင်မြင်ခါနီးမှာမှ ရင်းနှီးမြှုပ်နှံသူတွေ နှုတ်ထွက်သွားပြီး အကြွေးတွေ ဝိုင်းဝိုင်းလယ်ကာ ကူရာမဲ့ ဖြစ်နေတဲ့ ကုမ္ပဏီ သူဌေး - လီမင်ချီ❏ အိမ်က သဘောမတူတဲ့ကြားထဲမှာမှ အိမ်ကိုဆန့်ကျင် အတိုက်အခံလုပ်ကာ ပေကျင်းသို့ သူ့ရဲ့ အဆိုတော်ဖြစ်ချင်တဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ အိမ်ပေါ်ကဆင်းလာသူ ထက်မြတ်တဲ့ လူငယ်လေး - ယန်နမ်❏ ချစ်ရသူနဲ့ လက်ထပ်ပြီး နေထိုင်ဖို့ အိမ်လေးဝယ်ချင်နေပေမဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသူ ရိုးသားကြိုးစားတဲ့ အမြန်ချောပို့သမားလေး - လျိုရွှင့်အကျပ်အတည်း တစ်မျိုးစီနဲ့ ရင်ဆိုင်နေရတဲ့ သူတို့တွေ ပေကျင်းမှာ ဘယ်လိုများဆက်လက်ပြီးရှင်သန်ကြမှာလဲ ? သူတို့ရဲ့ အိမ်မက်တွေကရော အကောင်အထည်ဖော်နိုင်ပါ့မလား ? အိမ်မက်ကိုအကောင်အထည်ဖော်နေစဥ်အတွင်းမှာ ဘယ်လို စိန်ခေါ်မှုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ? ဆိုတာ ကြည့်ရှုလိုက်ရအောင်ပါနော် ...
movie
Hello, Beijing ( 2022 )
6.7
Nice View (2022)
"ဘာလုပ်လုပ် တင့်တယ်"ဆိုတဲ့စကားက ဂျင်ဟောင်ဆိုတဲ့ လူငယ်နဲ့လားလားမှပင် မသက်ဆိုင်ဟုဆိုရမည်။ အထက်တန်းကျောင်းသားဘဝကတည်းက မိတဆိုးဖြစ်ခဲ့သည့် ဂျင်ဟောင်ကို အဖေဖြစ်သူပါ ပစ်ထားခဲ့တာကြောင့် ကျောင်းထွက်ကာ ဖုန်းပြုပြင်ရေးဆိုင်ဖွင့်ပြီး ရောဂါသည်ညီမနဲ့အတူ ဘဝကို ရုန်းကန်ရှင်သန်နေသူပါ။ရောဂါသည် ညီမလေးက မွေးရာပါနှလုံးရောဂါကြောင့် ခွဲစိတ်မှုကို မဖြစ်မနေလုပ်ရမယ့်အချိန် ငွေအင်မတန်လိုလာတဲ့ ဂျင်ဟောင်ဟာ သူတတ်ကျွမ်းတဲ့ ဖုန်းပြုပြင်ပညာနဲ့ အခက်အခဲများစွာကို ရင်ဆိုင် ကျော်ဖြတ်ရင်း လိုအပ်နေတဲ့ ခွဲစိတ်စရိတ်ကို ဘယ်လိုရှာဖွေမလဲ။ လောကဓံတွေ၊ အနိမ့်အမြင့် အတက်အကျတွေက ဘယ်လိုပုံစံမျိုးပေါ်လာကြမလဲ၊ ဒါတွေကို မောင်နှမ၂ယောက် ဘယ်လိုကြံ့ကြံ့ခိုင် ရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ဇာတ်ကြောင်းကို ဖတ်မိလိုက်ရင် ဇာတ်ကားရဲ့ အရသာအတော်ကို လျော့သွားနိုင်တယ်လို့ ယူဆမိလို့ အများကြီးမညွှန်းဆိုတော့ပါဘူး။ IMDbမှာ 6.7, MyDramaListမှာ 8.3အထိ ရထားပြီး ၂၀၂၂ခုနှစ် ပြည်တွင်းရုံဝင်ငွေအကောင်းဆုံး ထိပ်ဆုံး၁၀ကားထဲမှာ ကန်ဒေါ်လာ ၂၂၁သန်းနဲ့ ရပ်တည်နေပါတယ်။ ဒီ statsတွေက အလကားရခဲ့တာမဟုတ်ကြောင်း ဒီDramaဇာတ်ကားက သေချာလေးပုံဖော်ရိုက်ကူးထားပါတယ်။ တစ်ခါတလေ မဲပြာပုဆိုးဇာတ်တွေကပဲ ရိုးရိုးလေးနဲ့ လှပနေတတ်တာ မဟုတ်ပါလား။ ...
movie
Nice View (2022)
7.0
The Great Hypnotist (2014)
[Unicode]ဇာတ်လမ်းအမျိုးအစားကတော့ အားလုံးစိတ်ဝင်စားကြမယ့် Mystery - Thriller ပဲဖြစ်ပါတယ်အိပ်မွေ့ချကုထုံးမှာ အရမ်းတော်တဲ့စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာရွှီယွေနင်ဆီကို ထူးခြားတဲ့ case အနေနဲ့ သရဲတွေကိုမြင်နိုင်တယ်လို့ပြောလာတဲ့ လျန်ရှောင်ရန်ဆိုတဲ့မိန်းမတစ်ယောက် ကုသခံဖို့ရောက်လာခဲ့တာကနေ အစပြုဇာတ်ကြောင်းဆင်ထားပါတယ်သူ့ပညာကို အတော်လေးယုံကြည်မှုရှိပြီး မာနကြီးတဲ့ ဒေါက်တာရွှီယွေနင်တစ်ယောက် အချက်အလက်ကျစွာနဲ့ သူ့ကိုတန်ပြန်တုန့်ပြန်လာတဲ့ လူနာနဲ့တွေ့ကြုံလာရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ အဲဒီအချက်အလက်ဆိုတာတွေကရော အမှန်တကယ်ပဲလား နောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေဆက်ရှိနေမလဲဆိုတာ ရင်သပ်ရှုမောရင်းကြည့်ရှုရပါလိမ့်မယ်အဓိကဇာတ်ကောင်နေရာတွေကတော့ Forbes China Celebrity 2020 ရဲ့ နံပါတ်၂နေရာမှာရှိနေတဲ့ နာမည်ကြီးအနုပညာပါရမီရှင် Xu Zheng ဖြစ်ပြီး တွဲဖက်အားဖြည့်ထားသူကတော့ So Close ဇာတ်ကားရဲ့ရဲမေဆိုရင် ရုပ်ရှင်ပရိသတ်အားလုံးသိနိုင်ကြမှာဖြစ်ပါတယ်ဆရာဝန်နဲ့လူနာ ဆွေးနွေးကုသနေတဲ့ဟောခန်းထဲမှာ ဇာတ်ကားပြီးသွားတာဖြစ်ပေမယ့် အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပြီး ပြီးလို့ပြီးလိုက်မှန်းတောင်မသိဖြစ်သွားမယ်ဆိုတာ လုံးဝအာမခံပါတယ် ။( အညွှန်းရေးသားထားသူကတော့ Phu Nge Nge Thein ဖြစ်ပါတယ် ) [Zawgyi]ဇာတ်လမ်းအမျိုးအစားကတော့ အားလုံးစိတ်ဝင်စားကြမယ့် Mystery - Thriller ပဲဖြစ်ပါတယ်အိပ်မွေ့ချကုထုံးမှာ အရမ်းတော်တဲ့စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာရွှီယွေနင်ဆီကို ထူးခြားတဲ့ case အနေနဲ့ သရဲတွေကိုမြင်နိုင်တယ်လို့ပြောလာတဲ့ ...
movie
8.1
Dying to Survive ( 2018 )
Chinese All Time Box Office မှာ 3.097 billion ၀င်ငွေရရှိထားပြီးနံပါတ် ၅ ချိတ်ထားတဲ့ဇာတ်ကားလေးဖြစ်တဲ့ Dying To Survive ကိုတင်ဆက်ပေးလိုက်ပါတယ် IMDb Rate ကလည်း 8.1 ပဲဖြစ်ပါတယ်ကောင်းလားမကောင်းလားဆိုတာတော့ သိပ်ပြောနေစရာတောင်မလိုပါဘူး ဇာတ်လမ်းအကျဉ်းကတော့ တိုင်းပြည်ထဲမှာCMLရောဂါသည်တွေအများအပြားရှိနေပါတယ်..CMLလူနာတွေဟာ Glinicဆိုတဲ့ဆေးကိုအမြဲမပြတ်သုံးစွဲနေရမယ့်သူတွေပါ...တရားဝင်Glinicဆေးတွေဟာဈေးနှုန်းမြင့်မားလွန်းတဲ့အတွက်သာမန်လူတွေအဖို့လက်လှမ်းမမှီနိုင်ဖြစ်ရပြီးဆေးမရပဲသေဖို့စောင့်နေသူတွေများလာပါတယ်..ဒီအချိန်မှာပဲ အိန္ဒိယက copyယူပြီးထုတ်ထားတဲ့ Glinicဟာဈေးနှုန်းအားဖြင့်အရမ်းနည်းနေပြီးအာနိသင်တူနေတာကိုCML လူနာတစ်ယောက်ကသတိထားမိလာပါတယ်..ဒါပေမယ့်အိန္ဒိယGlinicဟာတားမြစ်ဆေးအဖြစ်သတ်မှတ်ခံထားရပါတယ်..ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ အညွှန်းနဲ့ဘာသာပြန် ဖြိုးဇော်ဖြစ်ပါတယ်Encoded By LK
movie
Dying to Survive ( 2018 )
2018
5.4
Lost in Hong Kong (2015)
Lost in Hong Kong (2015)IMDb - 5.4/10_____Rotten - 60% ဒီနေ့တော့ ရယ်ရယ်မောမောလေးကြည့်ရမယ့် တရုတ်ဟာသ ဇာတ်ကားလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။၁၉၉၀ နှစ်လယ်ပိုင်းကာလ မြင်ကွင်းနဲ့အတူ အနုပညာကျောင်းသားလေး ရှုလိုင်နဲ့ ရန်ယိတို့က ချစ်သူတွေဖြစ်ကြပြီး ပထမဆုံး အကြင်နာတောင်မပေးရသေးခင်မှာ ရန်ယိဟာ ဟောင်ကောင်မှာရှိတဲ့ တရုတ်တက္ကသိုလ်တစ်ခုကို ပြောင်းရွှေ့ခဲ့ရကာ ရှန်ဟိုင်းကို လုံးဝပြန်မလာတော့ပါဘူး။ ဒီလိုနဲ့ နှစ်နှစ်ဆယ်နီးပါးကြာသွားပြီးနောက်မှာ ရှုဟာကတုံးပြောင်ပြောင်ပုံစံနဲ့ ဖြစ်နေပြီး အမျိုးသမီးအတွင်းခံ အင်္ကျီဒီဇိုင်နာအလုပ်ကိုလည်း တော်တော်ကို ငြီးငွေ့နေကာ အနုပညာရှင် တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ အရင်က သူ့စိတ်ကူးအိပ်မက်တွေတောင်မေ့ပျောက်ကုန်ပါပြီ။အခုဆိုရင် သူချစ်ရတဲ့ ဇနီးသည် ချိုင်ဘိုနဲ့ ဘဝလမ်းအတူ လျှောက်နေတာတောင်မှ သူ့စိတ်ထဲမှာတော့ အမြဲအမှတ်ရနေတာကတော့ ရန်ယိကိုပါပဲ။ ရှုလိုင်နဲ့ ချိုင်ဘိုနှစ်ယောက်ဟာ သားသမီး မရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်နေကြပါတယ်။တစ်ရက်မှာတော့ ဟောင်ကောင်မှာရှိတဲ့ ချိုင်ဘိုရဲ့ မိသားစုတွေဆီကို သွားလည်ခဲ့ပြီး ဟောင်ကောင်ကို ရောက်တုန်းရောက်ခိုက် သူစိတ် ...
movie
Lost in Hong Kong (2015)
2015
6.2
Lost in Thailand (2012)
Lost in Thailand (2012)IMDb - 6.2/10_____Rotten - 67% IMDb Rating (6.2) ရရှိထားတဲ့ ဟာသ စွန့်စားခန်း တရုတ်ဇာတ်ကားလေးပါ။ ဟာသ သရုပ်ဆောင်တွေနဲ့ အဓိကပုံဖော်ရိုက်ကူးထားပြီး မင်းသမီး ဖန်ပင်းပင်းလဲ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ထိုင်းနိုင်ငံမှာ လိုချင်တာ လာရှာကြတဲ့ တရုတ်နှစ်ကောင်ရဲ့ လွဲချက်က ကမ်းကုန်တဲ့ရွာလည်မှု ဇာတ်လမ်းဖြစ်ပါတယ်။ ဘတ်ဂျက် US$4.6 million ပဲကုန်ကျခဲ့ပေမယ့် တရုတ် Box office မှာ US$208 million ဝင်ငွေပြန်ရခဲ့တာမို့ အကျိုးအမြတ်အများဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပါတယ်။ 2015 ခုနှစ်မှာ Lost in Hong Kong ဆိုပြီး ထွက်ရှိခဲ့ပါသေးတယ်။ https://channelmyanmar.to/lost-in-hong-kong-2015/ မှာဒေါင်းလို့ရပါတယ်။ File size…(936 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Suzy Jirakit Thawornwong
movie
Lost in Thailand (2012)
2012