Channel Myanmar

Xu Ke

Li Bai’s Adventure in Chang An ( 2019 ) 5.8
Li Bai’s Adventure in Chang An ( 2019 ) ဒါကတော့ ထန်ခေတ်ကနာမည်ကြီး ကဗျာဆရာဖြစ်တဲ့လီပိုင်ကို ဓားသမားတစ်ယောက်အဖြစ်သူရဲကောင်းဆန်ဆန် ရိုက်ပြထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဒီကားမှာတော့ လီပိုင်ကို ကဗျာပါရမီအပြင် ဓားစွမ်းပါထက်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အဖြစ်ပုံဖော်ထားပါတယ်။ လီပိုင်က သေရည်လေးသောက်လိုက် ကဗျာလေးရေးလိုက် မိန်းကလေးတွေကိုကျီစယ်လိုက်နဲ့ ပေါ့ပေါ့ပါးပါးနေရတာကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် မတရားမှုနဲ့ကြုံလာရင်တော့ တရားတဲ့ဘက်ကနေ ဝင်ပါတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။သူကရာထူးရာခံတွေကိုစိတ်မဝင်စားပေမယ့် သူငယ်ချင်းဖြစ်သူကြောင့် ချန်အန်းမြို့တော်ကိုအတူလိုက်လာခဲ့တယ်။ သူ့ရဲ့စူးစမ်းလိုစိတ်ကြောင့် မထင်မှတ်ပဲ ပြဿနာအရှုပ်အထွေးကြားထဲရောက်သွားပြီး တိုင်းပြည်ရေးအတွက် အန္တရာယ်ကြုံလာတဲ့အခါ မနေသာပဲ တရားမျှတတဲ့ဘက်ကနေ တိုင်းပြည်အပေါ်တာဝန်ကျေသွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Filesize : 887 MB / 532 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure Runtime : 1h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Li Bai’s Adventure in Chang An ( 2019 )

Catman (2021) 7.6
Catman (2021) Cat Man (2021)ဒီတစ်ခါတော့ ထူးထူးခြားခြားကားလေး ကြည့်ရအောင် CM မှကြိုးစားတင်ဆက်ပေးလိုက်ပါပြီနော်။EXO ဖန်ဖန်တွေ ကြည့်ကြပါ။ ကြောင်ချစ်သူတွေ ကြည့်ကြပါ။ ရိုချင်တဲ့သူတွေ ကြည့်ကြပါ။ ငယ်ချစ်ဉီးကို မမေ့နိုင်တဲ့သူတွေကြည့်ကြပါ။ဘာပဲဖြစ်ဖြစ် CM ကိုအားပေးရင်ကြည့်ပါ :P...EXO အဖွဲ့ဝင် Se-Hun ရဲ့ ပွဲဦးထွက်တရုတ်ကိုရီးယားဖက်စပ်ကားလေးပါ။ ထုံးစံအတိုင်း ချိုင်းနားမှာ ဘန်းခံထိလွန်းလို့ ပြသာနာတွေတက်ပြီး ရုပ်ရှင်ထုတ်လွှင့်ဖို့ ရက်ချိန်းခဏခဏအချိန်းခံရတဲ့ကားလေးဆိုလည်း မမှားပါဘူး။၉ နှစ်တာ ..... အချစ်ဉီးကို လက်လွှတ်ခဲ့ရတာ ၉ နှစ်တာ .....အကြောင်းက ချစ်စရာကြောင်လေးဖြစ်နေလို့ပါတဲ့.....ကြောင်လေးရဲ့ကျိန်စာက ၉ နှစ်အတွင်းဘယ်လူသားနဲ့မှ မေတ္တာသက်ဝင်ချစ်ခင်လို့မရပါဘူး။ စည်းကမ်းဖောက်ဖျက်ရင်တော့ လူဘဝကိုပြန်ပြောင်းလို့မရတော့မယ့်အပြင် ချစ်သူနဲ့ပါကွေကွင်းရမှာပါ။ဖူးစာပါလာပြန်တော့လည်း ဘယ်လိုပဲရှောင်ရှောင် ကစ်တီလေးနဲ့ဟူးမန်းတို့ ပြန်လည်ဆုံတွေ့ကြပါတော့တယ်။ ဟူးမန်းမမရဲ့အလုပ်က မြောင်လေးတွေစကားကိုနားလည်အောင် ဆော့ဖ်ဝဲတီထွင်တဲ့သူဖြစ်ပြီး Se-Hun ဆိုတဲ့ မြောင်မြောင်လေးကတော့ ဟူးမန်းမမကို မချစ်မိအောင်ကြိုးစားကြတဲ့အခါမှာ .....၉ နှစ်ဆိုတဲ့ကျိန်စာပြယ်သွားမလား????? ကျိန်စာသင့်အချစ်ဇာတ်လမ်းလေးပဲ ဖြစ်လာမလားဆိုတာ ကြည့်ကြည့်ရအောင်နော် ...အချစ်၊အလွမ်း၊အနမ်း၊အကြမ်း ရသစုံအောင်ရိုက်ပြထားတာမို့ပရိသတ်အကြိုက်တွေ့ဉီးမယ့် ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ။ဘာသာပြန်နဲ့ အညွှန်းကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ File size… 1GB Quality….WEB-rip 720p Format…mp4 Duration….1h ...
movie

Catman (2021)

2021