Channel Myanmar

Xing Hanqing

Fight Against Evil Ⅱ (2023) 5.9
Fight Against Evil Ⅱ (2023) 2021 ခုနှစ်က ထွက်ခဲ့တဲ့ Fight Against Evil ဇာတ်လမ်းရဲ့ အဆက်လေးပဲဖြစ်ပါတယ် ပထမကားကို ကြည့်ချင်တယ်ဆိုရင် ဒီလင့်လေးကိုနိပ့်ပီး ကြည့်နိုင်ပါတယ်ဇာတ်လမ်းအညွန်းလေးကတော့ ရဲဝန်ထမ်းလုပ်နေတဲ့ လီဟုန်ချီးတစ်‌ယောက်ဟာ KTV တစ်ခုမှာအလုပ်လုပ်နေတဲ့ကောင်မလေးတွေအပေါ် လိင်အမြတ်ထုတ်တာတွေ တရားမဝင် မူးယစ်ဆေးဝါးရောင်းတာတွေလုပ်ပြီး ငွေမည်းတွေနဲ့ကြီးပွားနေတဲ့ လူမိုက်တွေကို ခြေရာခံမိခဲ့ပါတယ်လူမိုက်တွေရဲ့ အနိုင်ကျင့်မှုကြောင့် တစ်ချို့မိန်းကလေးတွေ sucideလုပ်တဲ့အထိဖြစ်လာခဲ့ပါတယ် လူမိုက်တွေထဲမှာ သူချစ်ရတဲ့ညီလေးတစ်ယောက်လည်းပါနေတာကြောင့် ညီလေးကို ကယ်တင်နိုင်ဖို့ သူဘယ်လိုတွေစုံစမ်းပြီးထုတ်ဖော်မလဲ စုံစမ်းရင်းနဲ့ ဘယ်လိုမထင်မှတ်ထားတာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုလို့ရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyawt ပဲ ဖြစ်ပါတယ်။ Filesize : 1.1 GB / 667 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Fight Against Evil Ⅱ (2023)

2023
Big Project ( 2024 ) 5.7
Big Project ( 2024 ) CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသရသမြောက်တဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ရုပ်ရှင်တွေကို ဖြစ်ကတတ်ဆန်း ရိုက်ကူးလာတဲ့ခေတ်ကြီးထဲမှာ အစ်ကိုဝမ်နဲ့ ဒါရိုက်တာဟွမ်တို့က ဆန်းသစ်တီထွင်မှုတွေနဲ့ ရိုက်ကူးချင်ကြသော်လည်း စမ်းသပ်ကြည့်ဖို့ ဘက်ဂျက်ကရှိမနေပြန်ပါဘူး အဲ့လိုနဲ့တစ်နေ့မှာပရောဂျက်ကြီး တစ်ခုကို ရိုက်ကူးဖို့ နမူနာကို ထုတ်လုပ်သူထံပို့ပေးဖို့ သွားရောက်ရိုက်ကူးချိန်မှာတော့ ရတနာပုလဲကို ခိုးယူထားပြီး လူကိုပြန်ပေးဆွဲလာတဲ့ ဓါးပြနဲ့ဆုံပါလေရော ဖြစ်ချင်တော့ သူတို့ရိုက်ကူးမယ့်ကားကလည်း ပြန်ပေးဆွဲငွေညှစ်တဲ့ကား‌ဖြစ်နေပြန်ရော ယွမ်သိန်း100 တန်ဖိုးရှိတဲ့ပုလဲကို သူတို့လည်း ဘက်ဂျက်ရတယ်ဆိုပြီး အဲ့ဒီဓါးပြနဲ့ဝင်ရောလိုက်ပါတော့တယ်အဲ့တော့ နောက်ပိုင်းဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဟာသအနှောလေးနဲ့ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ဖို့ စိတ်အပန်း‌ဖြေကြည့်ရှုချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော် Filesize : 1.07 GB / 565 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Crime , Comedy , Mystery Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Big Project ( 2024 )

Hypnotic Duel ( 2024 ) 5.8
Hypnotic Duel ( 2024 ) CM ရဲ့ ပရိသတ်တို့အတွက် အိပ်ငွေ့ချခြင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာရုပ်ရှင်လေးဖြစ်တဲ့ Hypnotic Duel ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-စိတ်ကျန်းမာရေးလောကမှာ အိပ်ငွေချခြင်းပညာနဲ့ နာမည်ကြီးတဲ့ ပါမောက္ခယဲ့ယွမ်တုန်းဟာ ရုပ်ရှင်မင်းသမီးအန်းယာရဲ့ အကူအညီတောင်းမှုကြောင့် ရုပ်ရှင်အဖွဲ့ကို ဇာတ်ညွှန်းပြင်ပေးဖို့လက်ခံလိုက်ပါတယ်။ လက်ထောက်ဖြစ်သူ လျိုစွမ်းနဲ့အတူ ဝေးလံလှတဲ့ တောင်ပေါ်က အပန်းဖြေစံအိမ်တစ်ခုကို ရောက်သွားခဲ့ပါတယ်။ဇာတ်ညွှန်းဆွေးနွေးဖို့လာရောက်ကြတဲ့ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီး ပိုပြီးတော့ အံ့အားသင့်စေတာက ရုပ်ရှင်ထဲက ဇာတ်ကောင်ဟာ ယဲ့ယွမ်တုန်းနဲ့ တစ်ထပ်တည်းကျနေပါသတဲ့။ အပေါ်ယံမှာတော့ အားနာနာပြောဆိုနေကြပေမဲ့ အားလုံးက အတိတ်က အကြောင်းတွေကို ဖော်နေသလို ဖြစ်နေပါတယ်။ဒီလို အကွက်ချစီစဉ်မှုရဲ့ နောက်ကွယ်က အဖြစ်မှန်က ဘာတွေဖြစ်မလဲ...... ဘယ်သူကရော အိပ်ငွေ့ချပညာနဲ့ ဒီအရာတွေကို ထိန်းချုပ်နေတာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery  Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Hypnotic Duel ( 2024 )

Fights Break Sphere 3 (2024) 5.9
Fights Break Sphere 3 (2024) CM ရဲ့ ပရိသတ်တွေအတွက် Anime ဇာတ်လမ်းကို Live Action ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ Fight Break Sphere 3 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့မှာ ၂ ကားရှိပြီး CM ကနေတင်ဆက်ပီးသားပဲဖြစ်ပါတယ်အရှေ့ ၂ကားကိုဒီမှာကြည့်ပါဇာတ်လမ်းအကျဉ်းလေးကတော့ရှောင်းယန်ဟာ ဆေးဆရာကြီးနဲ့အတူ မြွေမျိုးနွယ်နဲ့ လူသားမျိုးနွယ်တို့တိုက်ပွဲကို ဖြေရှင်းပေးပြီးနောက် ချင်းလင်နဲ့ လော်ပုနဲ့အတူ ခရီးနှင်ခဲ့ပါတယ်။ လမ်းတစ်လျှောက် ကျင့်ကြံပြီး အစွမ်းမြင့်တင်ဖို့ လုပ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ယွင်လန်ဂိုဏ်း တပည့်ကြီးရဲ့ ၃ နှစ်တာ ကတိပြုချက်ကို ရရှိခဲ့ပါတယ်။ထာကာအာကန္တာရကို ရောက်တဲ့အချိန်မှာတော့ ချင်းလင် အဖမ်းခံလိုက်ရပါတယ်။ ချင်းလင်ကို ရှာဖို့အတွက် ရှောင်းယန်တို့အဖွဲ့ဟာ အရင်က နာမည်ကြီးခဲ့သူ ရေခဲဘုရင် ဟိုင်ပေါတုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ချစ်ယန်မြို့ကို သွားခဲ့ပါတယ်။ရှုပ်ထွေးနေတဲ့ စည်ကားလှတဲ့ မြို့ထဲမှာ နောက်ကွယ်က လက်မည်းကြီးတစ်စုံဟာ တစ်ဖြည်းဖြည်းပေါ်ထွက်လာပြီး သူတို့ကို ဖမ်းဆီးတိုက်ခိုက်ဖို့ စောင့်နေပါတယ်။ ရှောင်းယန်ဟာလည်း ငယ်စဉ်က အမေ့ရဲ့သေဆုံးခြင်းအမှန်တရားကို ရှာတွေ့သွားပါတော့တယ်။ရှောင်းယန်တို့အဖွဲ့ ချင်းလင်ကို ကယ်တင်နိုင်ပါ့မလား ...... နောက်ကွယ်က လက်မည်းကြီးတစ်စုံက ဘယ်သူဖြစ်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။ Quality : ...
movie

Fights Break Sphere 3 (2024)

Battle Front: Duel of the Peaks ( 2020 ) 5.9
Battle Front: Duel of the Peaks ( 2020 ) အက်ရှင်ကား ကြမ်းကြမ်းလေးတွေ ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်လေးကို အကြိုက်တွေ့မှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တရုတ်နိုင်ငံက သိပ္ပံလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ ပင်လယ်ရေကို ရေချိုအဖြစ်ပြောင်းလဲဖို့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပြီး အဲ့ဒီနည်းလမ်းကို နိုင်ငံတကာ သိပ္ပံဒုစရိုက်အဖွဲ့က လုယူဖို့ ကြိုးစားနေပါတယ်။ ကျန့်ဖုန်းဟာ သိပ္ပံအဖွဲ့ရဲ့ ဆရာခေါင်းဆောင်ဖြစ်တဲ့ သိုက်ရှင်းကော်ရဲ့ သားမက်လောင်းဖြစ်ပါတယ်။ နည်းပညာနဲ့ သူ့ရဲ့ ဇနီးလောင်းကို ကာကွယ်ပေးဖို့အတွက် ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီး အတိတ်မေ့သွားခဲ့ပါတယ်။အတိတ်မေ့သွားတဲ့ ကျန့်ဖုန်းကို နျဲ့လင်ဖုန်းက ကယ်ပေးခဲ့ပြီး သူ့အိမ်မှာ ခေါ်ထားခဲ့ပါတယ်။ နျဲ့လင်ဖုန်းဟာ သိုက်ရှင်းကော်ရဲ့ တပည့်အရင်းဖြစ်ပေမဲ့ အောင်မြင်မှု မရတဲ့အတွက် သူ့ဆရာကို မုန်းတီးနေသူ တစ်ယောက်ဖြစ်ပါတယ်။ နည်းပညာအချက်အလက်တွေကို ရှာဖို့အတွက် တူမလေး ရှီးယင်းကို ကျန့်ဖုန်းရဲ့ ဇနီးလောင်းအဖြစ် ဟန်ဆောင်စေခဲ့ပါတယ်။ကျန့်ဖုန်းတစ်ယောက် အတိတ်က အကြောင်းတွေကို ပြန်သတိရနိုင်မလား...... နည်းပညာ အချက်အလက်တွေက နောက်ဆုံးမှာ ဘယ်သူ့လက်ထဲကို ရောက်သွားလိမ့်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action ...
movie

Battle Front: Duel of the Peaks ( 2020 )

Raging Fire ( 2023 ) 5.9
Raging Fire ( 2023 ) ယခုတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မူးယစ်နှိမ်နင်းရေးကားလေး တစ်ကားကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့ -ပင်းဟိုင်မြို့ မူးယစ်တပ်ဖွဲ့ကို မူးယစ်ရောင်းဝယ်နေတယ်ဆိုပြီး တိုင်ကြားလာတဲ့အခါ အဖွဲ့ခေါင်းဆောင်ချီဝေပင်းက အဖွဲ့ဝင် ၆ ယောက်နဲ့အတူ စစ်ဆေးစုံစမ်းမှုတွေ လုပ်ပါတော့တယ်။ အစပိုင်း အစီအစဉ်တကျ ဖြစ်ခဲ့ပေမဲ့ ပြဿနာတစ်စုံတစ်ရာဖြစ်ပြီး ချီဝေပင်းက မူးယစ်ဂိုဏ်းထဲကို တစ်ယောက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။တပ်ကူတွေ ရောက်လာပြီးမှ မူးယစ်ထုတ်လုပ်တဲ့ နေရာကို အပြတ်ရှင်းခဲ့ပါတယ်။ သို့သော် အဓိက ခေါင်းဆောင် တွမ့်မျိုးနွယ် ညီအစ်ကို နှစ်ယောက်ကတော့ လွှတ်သွားခဲ့ပြီး သူတို့က ကလဲ့စားချေရန် စတင် ကြံစည်ကြပါတော့တယ်။ထိုညီအစ်ကို နှစ်ယောက်က ရာဇဝတ်မှုတွေကို ဘယ်လို ရက်စက်စွာ ကျူးလွန်ကြမလဲ...... ချီဝေပင်းတို့ အဖွဲ့ကရော ရာဇဝတ်သားတွေကို ဖမ်းဆီးဖို့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ရမလဲ...... ဆိုတာတွေကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားလိုက်ဦးနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format ...
movie

Raging Fire ( 2023 )

Mountain Porter ( 2022 ) 6.1
Mountain Porter ( 2022 ) လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်လောက်က သင်္ချိုင်းတူးဖော်ရင်း သေဆုံးသွားခဲ့တဲ့ဖခင်ဖြစ်ဖြစ်သူရဲ့ အမှန်တရားကို ရှာဖွေဖို့ ကြိုးစားနေသူ မျိုးနွယ်စုခေါင်းဆောင်လဲဖြစ်တဲ့ အမျိုးသားတစ်ဦး?မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ နှစ်ထောင်ချီကြာမြင့်နေပြီဖြစ်တဲ့ ကျိန်စာကို ချိုးဖြတ်ပြီး သေသောသူကို ပြန်ရှင်စေနိုင်ပြီး မသေမျိုးအဖြစ်ပြောင်းလဲစေနိုင်သော မုချန်ပုလဲ ကိုရှာဖွေဖို့ စွန့်စားရေးခရီးစဥ်ကို ထွက်ခဲ့ပါတော့တယ်လမ်းတစ်လျှောက်လုံး သင်္ချိုင်းမြေကိုဖြတ်ကျော်ခဲ့ပြီး မြူအလွှာလွှာကို ဖြတ်ကျော်ခဲ့ကာ အရိုးမျိုးနွယ်စုရဲ့ မြေအောက်မှာ ​မြှုပ်နှံထားတဲ့ မြေအောက်နန်းတော်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို တစ်ဖြည်းဖြည်းချင်း ရှာဖွေတွေ့ရှိလာတဲ့ အခါမှာတော့ ....?❏ ခန်းနားကြီးကျယ်လှတဲ့ အရိုးမျိုးနွယ်စုရဲ့ လျှိူ့ဝှက်ချက်တွေက ဘာတွေများဖြစ်မလဲ? ❏ နှစ်ထောင်ပေါင်းများစွာ ရှာဖွေခဲ့ကြတဲ့ မုချန်ပုလဲကိုရော သူတို့တွေ ရှာဖွေနိုင်ပါ့မလား? ❏ ဒီလိုမျိုး အန္တရာယ်တွေများလှတဲ့ စွန့်စားမှုတစ်ခုကို ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာ ? ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ရှင် ဆန်းကြယ်မှုပေါင်းများစွာပြည့်နှက်နေတဲ့ကားလေးမို့ လက်မလွှတ်သင့်ပါဘူးနော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Thriller Runtime : 1h ...
movie

Mountain Porter ( 2022 )

Tibetan Raiders ( 2022 ) 6
Tibetan Raiders ( 2022 ) CM ချစ် တရုတ်ကားဖန်လေးတွေအတွက် ဒီတစ်ခေါက် Tibetan Rider ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် ကယ်ဆာဘုရင်ရဲ့ ကောင်းကင်ဓားကို လေ့လာစူးစမ်းသူ ရှီးရှီးဟာဆိုရင် ငယ်ငယ်တည်းက သူ့အဖေပရော်ဖက်ဆာရဲ့ စကားတွေကြောင့် ကယ်ဆာဘုရင်နဲ့ ကောင်ကင်ဓားအပေါ်စွဲလန်းနေတဲ့အပြင်မှာမှ ဖခင်ဖြစ်သူကလည်း ဒီလေ့လာမှုကြောင့် သေဆုံးခဲ့ရတာကြောင့် မပြီးဆုံးတဲ့တာဝန်တစ်ခုလို သတ်မှတ်ပြီး အဆုံးထိ လေ့လာနေသူတစ်ဦးပေါ့.. . ဒီလိုနဲ့ သူဟာ သဲလွန်စတွေအတိုင်း ရှီချွီကို သွားဖို့လုပ်ရာနေ မာချန်ဆိုသူနဲ့ ကားငှားရင်ဆုံးခဲ့တာပါ... မာချန်နဲ့ အစပိုင်းမှာ မသင့်မြတ်ပေမယ့် တဖြည်းဖြည်း အဆင်ပြေလာရာကနေ ရှီးရှီး လေ့လာမှုမှာ တစ်နေရာက ပါဝင်ကူညီတဲ့အဆင့်ထိဖြစ်လာခဲ့တာပေါ့... တစ်ဖက်မှာလည်း ရှီးရှီးနောက်ကို ရှေးဟောင်းသုတေသီတို့ရဲ့ အဖျက်သမားအဖွဲ့ကလိုက်နှောင့်ယှက်တဲ့ဒဏ်လည်းရှိနေသေးတာမို့...ရှီးရှီးတို့ အဆုံးသတ်မှာ လေ့လာမှုအောင်မြင်ပါ့မလား... တမ်းတနေတဲ့ ကောင်းကင်ဓားရော ရှာတွေ့ပါ့မလား... နောက်ပြီး ရှီးရှီးအဖေကရော ဘာကြောင့်သေသွားရတယ်ဆိုတာ ဒီဇာတ်ကားလေး ဒေါင်းကြည့်ပြီး ခံစားကြည့်လိုက်ကြပါ... [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h ...
movie

Tibetan Raiders ( 2022 )